Channel Myanmar

2015

The Unfair (a.k.a) Minority Opinion (2015) 6.4
The Unfair (a.k.a) Minority Opinion (2015) The Unfair (a.k.a) Minority Opinion (2015)တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ 'YONGSAN TRAGEDY' ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ 'SoSooUiGyeong' ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ...မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ ...
movie

The Unfair (a.k.a) Minority Opinion (2015)

2015
Little Forest: Winter/Spring (2015) 7.6
Little Forest: Winter/Spring (2015) Little Forest: Winter/Spring (2015) ...................................တောအုပ်ငယ်လေးရဲ့ပထမကားဖြစ်တဲ့ (နွေ/ဆောင်းဦး)၂၀၁၄ ရဲ့အဆက်လာပါပြီ။ဒီဒုတိယကားမှာတော့ အိချိကို ကိုထားရစ်ခဲ့တဲ့ သူ့အမေအကြောင်းနဲ့ အစချီထားပြီးနောက်မြို့ပေါ်မှာအလုပ်လုပ်တုန်းက ကြုံခဲ့ရတာတွေ ခိုမိုရိကိုချစ်ပေမယ့် အခြေမချချင်တဲ့ အိချိကိုတစ်ယောက် သူ့အမေရဲ့စာကိုဖတ်ပြီး နောက်ဆုံးမှာ ဘယ်လိုရွေးချယ်မှုကို လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပါ။ဆိုတော့ကာ...Little Forest ရဲ့ထုံးစံအတိုင်း စိတ်ကြည်လင်စေတဲ့ရှုခင်းလေးတွေနဲ့၊ ချက်ပြုတ်စားသောက်ပြတာတွေကို ဆောင်း/နွေဦးအလှနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးလို့။(*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ)အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre.....Drama Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 598MB Format… mp4 Duration….2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August
movie

Little Forest: Winter/Spring (2015)

2015
The Corpse of Anna Fritz (2015) 5.9
The Corpse of Anna Fritz (2015) The Corpse of Anna Fritz (2015)ဒီတခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်ကားကတော့ 2015ခုနှစ်က ထွက်ရှိထားတဲ့ drama,thriller ဇာတ်လမ်းတပုဒ်ဖြစ်ပြီး ထိတ်လန့်ခြောက်ခြားဖွယ်ခံစားချက်ကို အပြည့်ဝရရှိစေမယ့် ဇာတ်လမ်းတပုဒ်ဆိုလဲ မမှားပါဘူးအန်နာဖရစ်ဆိုတာ နာမည်ကျော်မင်းသမီးတဦးဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားနဲ့ မျက်နှာလေးက ဆွဲဆောင်နိုင်လွန်းသူလေးပါ... တနေ့မှာတော့ သူမရဲ့အောင်မြင်မှုတွေ အလှအပတွေကို ကျောခိုင်းပြီး လူ့ဘဝကနေ အပြီးပိုင်ထွက်ခွာခဲ့ရပါတယ်.....ဒီလိုနဲ့သူ့မရဲ့ခန္ဓာကိုယ်ကို ရေခဲတိုက်မှာ ထားချိန် ရေခဲတိုက်ထဲခိုးဝင်လာတဲ့ လူငယ်သုံးယောက်က တွေ့ရှိသွားပြီး သူမရဲ့အလှအပကိုယစ်မူးကာ သွေးသားဆန္ဒအရမှားမိသွားပါတယ်....မထင်မှတ်ထားမိတာကတော့ အန်နာဟာ တကယ်ကိုသေဆုံးသွားတာမဟုတ်ပဲ ခဏတာမျောနေတာကြောင့် ပြန်လည်ရှင်သန်လာချိန်မှာတော့...... File size…1GB / 500MB Quality…1080p BR RIP / 720p Format…mp4  Duration….1h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nana Yuni
movie

The Corpse of Anna Fritz (2015)

2015
Massu Engira Maasilamani (2015) 5.9
Massu Engira Maasilamani (2015) Masss (2015)==============အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်း‌ဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…3.8GB  / 1.8GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Massu Engira Maasilamani (2015)

2015
(18+) Lethal Seduction (2015)
(18+) Lethal Seduction (2015) (18+) Lethal Seduction (2015)Imdb 5.1/10 Vudu 3.3/5Markဆိုတဲ့ ကောင်လေးက အခုမှ‌အထက်‌တန်းကျောင်းပြီးကာ ၁၈နှစ်ပြည့်ပြီးတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ် Markက ကျောင်းစာတွေဖိလုပ် ပညာရေးဘက်ပဲအားစိုက်ခဲ့တာကြောင့် Princeton University ပညာသင်ဆုဘာညာရပြီးကောလိပ်သွားတက်တော့မှာပါ မတက်ခင်နွေရာသီကျောင်းပိတ်ရက်မှာ တစ်ခါမှမထားဘူးတဲ့ ဆော်လေးဘာလေးထားပြီး လက်တည့်စမ်းချင်နေတဲ့ကျော်ကြီးအလောင်းအလျာလေး ဖြစ်ပါတယ်ဒီလိုနဲ့ Carissaဆိုတဲ့ ဝါရင့်သမာရင့်ပိုက်ဆံလည်းချမ်းသာတဲ့ မုဆိုးမအလန်းကြီးနဲ့ငြိသွားတဲ့အခါမှာတော့........... ဒါပေမဲ့တစ်ညမှာတော့ Carissaနဲ့ဒိတ်နေတုန်း လူတစ်ယောက်က မင်းအန္တရာယ်တွင်းထဲကကျ‌ရောက်နေတယ်ဆိုပြီး Carissaလက်က လွတ်အောင် အမြန်ဆုံးထွက်ပြေးဖို့လာသတိပေးသွားပါသေးတယ် တဖက်မှာလည်းမက်ကို အရိပ်တကြည့်ကြည့်နဲ့ချစ်တဲ့မက်အမေ Tanyaက သူ့သား စားဆော်ကြီးနဲ့ငြိနေတာကို သိပြီးနောက်မှာရော ဘာတွေဆက်ဖြစ်မလဲ... မိခင်မေတ္တာကြောင့် ဘယ်လိုဗျူဟာတွေသုံးပြီး သူ့ရဲ့သားကိုကယ်တင်မလဲဆိုတာ...Softcore 18+ အနည်းငယ်ပါဝင်တာကြောင့် ၁၈ယောက်စုကြည့်ချင်လည်း ကြည့်ကြပါ လူကြားသူကြားထဲတော့ မကြည့်ဖို့တော့ အကြုပြုလိုပါတယ်ခင်ဗျ ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Dark Knight ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.6Gb | 792MB | 425MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle ...
movie

(18+) Lethal Seduction (2015)

2015
Knight of Cups (2015) 5.6
Knight of Cups (2015) Knight of Cups (2015) =================Terrence Malickကို ကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ ဘယ်လိုရုပ်ရှင်ဆိုတာရှင်းပြစရာ မလိုပေမဲ့၊ ဒီရုပ်ရှင်ဟာ Fragmentation ဆန်ဆန် ဒိုင်ယာလော့တွေကို နာရေးတစ်ပြောပြီး ဘာမှမပြနေတာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ Christian Bale , Cate Blanchett, Natalie Portman, Ben Kingsley, Antonio Banderasတို့လို တန်းမြင့် သရုပ် ဆောင်တွေကို သုံးထားပါတယ်။Terrence Malickဟာ Tree of Lifeနဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပွဲတော် ဖြစ်တဲ့ ကိန်းမှာ Palme d'Orရခဲ့သလို The Thin Redline, A hidden Life, Days oF Heaven လို မာစတာပိစ်ကားတွေလည်း ရိုက်ခဲ့ပါတယ်။Knight of Cupsမှာတော့ အခန်း၈ခန်းကို နောက်ဆုံးခန်းကလွဲ တားရော့ကတ် (၇)ခုနာမည်သုံး ပုံဖော်သွားခဲ့ပြီး baleကိုတော့ Knight of cupsအနေနဲ့ ပုံဖော် ထားပါတယ်။ ဘေးလ်တစ်ယောက် စိတ်ဓာတ်ကျပြီး ...
movie

Knight of Cups (2015)

2015
Bruce Lee – The Fighter (2015) 5.5
Bruce Lee – The Fighter (2015) CM ပရိသတ်ကြီးတွေအတွက် Old But Gold ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တဲ့ Bruce Lee The Fighter ဆိုတဲ့ ဘိုင်ယာဘိုင်မင်းသားပါဝင်ထားတဲ့ ဇာတ်ကားတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ကာသစ်ဟာ သူ့ညီမလေးကို အရမ်းချစ်တဲ့သူဖြစ်ပြီး သူ့ညီမလေးအောင်မြင်ဖို့အတွက် သူ့ရဲ့ဘဝကိုတောင် အနစ်နာခံပြီး မတင်ပေးခဲ့သူပေါ့သူတို့မောင်နှမနှစ်ယောက်လုံးဟာ ဉာဏ်အရမ်းကောင်းလွန်းပေမယ့် မိသားစုက နှစ်ယောက်စာ ပိုက်ဆံမတတ်နိုင်လို့ အဖေဖြစ်သူက ကာသစ်ကိုပဲ ကျောင်းကောင်းမှာထားပြီး အခွန်မှူးဖြစ်အောင် လုပ်ပေးချင်တာပေါ့ဒါပေမယ့် ညီမလေးကလည်း အခွန်မှူးဖြစ်ချင်နေတော့ ကာသစ်က သူ့ကိုယ်သူ အရည်အချင်းမရှိတဲ့သူအဖြစ် ဟန်ဆောင်ပြီး သူ့ညီမလေးကိုပဲ အခွင့်အရေးပေးလိုက်ပါတယ်အဲဒီလိုနဲ့ ကြီးလာတော့လည်း မင်းသားနေရာမှာ အစားထိုးသရုပ်ဆောင်ရတဲ့ စတန့်မင်းသားဖြစ်လာခဲ့ပြီး အဖေဖြစ်သူရဲ့ အထင်သေးမှုတွေကိုပဲ အမြဲခံနေခဲ့ရတာပေါ့ဒါပေမယ့် သူကတော့ သူ့ညီမလေးအောင်မြင်ရင်ပဲ ကျေနပ်နေပြီး ဘဝကို ပျော်ပျော်ပဲဖြတ်သန်းပါတယ်တစ်နေ့ သူ ရဲဝတ်စုံဝတ်ပြီး သရုပ်ဆောင်နေတုန်း ရဲတွေကို အရမ်းကြွေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ အရည်အချင်းရှိတဲ့ ရဲပုံစံကို မြင်လိုက်ရပြီး သူ့ကိုတကယ့်ရဲထင်သွားကာ သူ့နောက်က တစ်ကောက်ကောက်လိုက်ပါတော့တယ်အဲဒီလိုနဲ့ ကောင်မလေးက လူဆိုးတစ်အုပ်နောက်လိုက်ရင်း ကာသစ်ကို တကယ့်ရဲအမှတ်နဲ့ အမြဲအကူအညီတောင်းလို့ ကူညီရင်းက လူဆိုးတွေက သူ့ကို ပစ်မှတ်ထားလာကြတဲ့အခါ..ကာသစ်တစ်ယောက် အဲဒီဒုစရိုက်သမားတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ သူ့ညီမအတွက်ရော ဘယ်လောက်တောင် အစ်ကိုကောင်းတစ်ယောက် ပီသမလဲဆိုတာ ဒီဇာတ်ကားထဲမှာ ...
movie

Bruce Lee – The Fighter (2015)

2015
Straight Outta Compton(2015) 7.8
Straight Outta Compton(2015) Straight Outta Compton Imdb- 7.2 Rotten Tomatoes-85%၁၉၈၆ ဝန်းကျင်ကာလကပေါ့ လူဖြူ လူမဲခွဲခြားမှုအသောမတတ်နိုင်သေးတဲ့ကာလ လူမဲတွေဟာ typical black people ထုံးစံအတိုင်း ဆေးရောင်းတာ ဂိုဏ်းဂဏ ဖွဲ့တာတွေ အလုပ်မပြတ်သလို လူဖြူတွေဖက်ကလဲ အထူးသဖြင့် အာဏာပိုင်တွေဖက်က လမ်းမှာလူမဲတွေအုပ်လိုက် လမ်းလျှောက်သွားတာတွေ့ရင်တောင် ဆွဲစိပီးပညာပေးတဲ့ ကာလပေါ့ဆူပွက်နေတဲ့ရေနွေးအိုးခရားကြီးလိုပဲ လူဖြူတွေနဲ့ လူမဲတွေကြား တကြပ်ကြပ် ထိုစဥ်ကာလက Rap ဂီတဆိုတာ တွင်တွင်ကြယ်ကြယ်တောင် မဖြစ်သေးပါဘူး စကားကုန်ပြောရရင် လူမဲတွေနဲ့ပတ်သတ်တဲ့ယဥ်ကျေးမှု ထုံးတမ်းစဥ်လာ culture တွေဟာ လူဖြူတွေကြားမှာ လက်ခံနိုင်စရာတရပ်အဖြစ် မဖြစ်နိုင်သေးတဲ့အချိန်တွေ ပေါ့အဲ့ထဲမှာ လူမဲတွေရဲ့ Rap ဂီတကလဲ တခုအပါဝင်ဖြစ်ခဲ့တယ် အဲ့လို အကြပ်တည်းကပ်ဆိုက်နေတဲ့ ကာလမှာ Gangsta Rap တွေကို လူသိများအောင် လုပ်ပေးနိုင်ခဲ့တဲ့ role model ၃ယောက်ထွက်ခဲ့ပါတယ်Rap သီချင်းတေကြိုက်တတ်တဲ့သူတိုင်း မသိသူမရှိ Rap God ကြီး Eminem ရဲ့ဆရာ Dr.Dre Gangsta Rap နဲ့အရမ်းအောင်မြင်လာခဲ့တဲ့ Eazy-E Friday တို့ 21 Jump ...
movie

Straight Outta Compton(2015)

2015
1080p Bluray 5.1CH
Haraamkhor (2015) 6.3
Haraamkhor (2015) Haraamkhor (2015)ဒီတစ်ခါမှာတော့ သဘာဝမင်းသားကြီးနဝါဇ်ရဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ စိတ်ကစားတဲ့အရွယ်မှာ မမှားသင့်တာ မမှားအောင် မီးမောင်းထိုးပြထားတဲ့ဇာတ်ကားလေးဆိုရင်လည်း မမှားပါဘူး....ဒီဇာတ်ကားမှာ နဝါဇ်က ကျောင်းဆရာကြောင်သူတော် စာဖားကြီးနေရာကနေသရုပ်ဆောင်ထားတယ်... အိမ်ထောင်လည်းရှိတယ်...စာမရတဲ့ကျောင်းသူလေးတွေဆို အိမ်အထိလိုက်ကြပ်မတ်ပေးတဲ့ စားဖားကြီးဆိုပါတော့.... တစ်ရက် ကျောင်းသူလေးတစ်ယောက်နဲ့ငြိရင်း.....။ အဲ့ဒီကျောင်းသူလေးကလည်း ရဲအရာရှိတစ်ယောက်ရဲ့သမီးဖြစ်နေတယ်.... မိန်းမကသိမှာလည်းစိုး....။ |ဆိုတော့ စိတ်လှုပ်ရှားစွာ အားပေးလို့ရပါပြီနော် File size…2.69GB / 900MB Quality…1080p NF WEBDL / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Haraamkhor (2015)

2015
The Lost Choices (2015) 6.2
The Lost Choices (2015) The Lost Choices (2015)ဂျီအွန်းက ငယ်စဉ်ဘဝက ယာဉ်မတော်တဆမှုမှာ မိဘတွေ ဆုံးပါးပြီးတဲ့နောက် စကားမပြောနိုင်ဘဲ ဆွံ့အခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့မသန်မစွမ်းဖြစ်မှုကို ရင်ဆိုင်ကျော်လွှားပြီး ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ကို သူ စိတ်ကူးယဉ်ထားခဲ့တာပါ။တစ်နေ့မှာတော့ သူရဲ့အိမ်အပြန်လမ်းမှာ လူစိမ်း ၃ ယောက်က ပြန်ပေးဆွဲပြီး အဓမ္မကျင့်တာ ခံလိုက်ရပါတယ်။ ရဲစခန်းမှာ ရဲတွေက သူ့ကို ကူညီပေးရမယ့်အစား သူ့ကိုပဲ နှိမ့်ချကြပါတယ်။ဒီတော့ ဂျီအွန်း တစ်ယောက် ဘယ်သူ့ကိုမှ မယုံတော့ဘဲ သူ့ကိုယ်သူ အားကိုးပြီး တိတ်တိတ်လေး လက်စားချေဖို့ ကြိုးစားတဲ့အခါမှာတော့ .....ဇာတ်လမ်းနာမည်အတိုင်းပါပဲ ..... ရွေးချယ်စရာတွေ ဆိတ်သုဉ်းပျောက်ကွယ်ပြီး ချောင်ပိတ်လာတဲ့အခါမှာ လူတစ်ယောက်ရဲ့ တုံ့ပြန်မှု အကြောင်းပါပဲ။မှုခင်း ဒရာမာ အမျိုးအစား ဖြစ်တဲ့အတွက် အသည်းတယားယာ ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။ဘာသာပြန်ကတော့ Hnyot Myet Wunn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB ...
movie

The Lost Choices (2015)

2015
By the Sea (2015) 5.3
By the Sea (2015) By the Sea ( 2015 ) =============== ချစ်ခင်စုံမက်၊နှစ်သက်ဖွယ်မှန်သမျှနဲ့ တစ်ချိန်မှာ ကွေကွင်းရမှာဘဲလို့ ငါဘုရား အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ အာနန္ဒာ၊ မြဲတယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ >> ပရိနိဗ္ဗူနသုတ် <<တစ်ချိန်ကသိပ်ချစ်ခဲ့ပြီး ကလေးပေါင်းများစွာအတူမွေးစားခဲ့ကြတဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့ လင်မယားလည်း မြဲတယ်ဆိုတာမရှိတဲ့ တရားအတိုင်းပဲ လိုက်သွားပါပြီ။ ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးပြိုကွဲ လုနီးနီးလင်မယားနေရာက သူတို့ကိုယ်တိုင် သရုပ်ဆောင်ခဲ့ဖူးတဲ့ရုပ်ရှင်ပါ။ အိန်ဂျလီနာဂျိုလီကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ မြုံနေလို့ ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့ လင်မယား နှစ်ယောက် ဆက်ဆံရေးပြေလည်အောင် သူ့နာမည်အတိုင်း ပင်လယ်ကြီးရဲ့ ဘေးက ဟိုတယ်တစ်ခုမှာ၊  ပြန်လည်အားထုတ်ကြတဲ့အကြောင်းပါ။ဂျိုလီဟာ နာမည်ကျော်သရုပ်ဆောင်ဖြစ်ရုံတင်မကဘဲ ဒါရိုက်တာလုပ်ရာမှာလည်း ကားနည်းနည်းပဲရှိသေးပေမဲ့ အကုန်နီးပါးကောင်းသလို သူ့ဒီကားကလည်း ကားကောင်းတစ်ကားပါပဲ။ မထီတထီနဲ့ ခန့်တဲ့ဘရက်ပစ်နဲ့ ဆက်စီကျလှတဲ့ ဂျိုလီကို တွဲမြင်ရမှာနဲ့တင် တန်နေပါပြီ။ ဂျိုလီရဲ့မပေါ့်တပေါ်အခန်းတစ်ချို့ ပါတာမို့ မိသားစုနဲ့ကြည့်လို့တော့ အဆင်မပြေပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်) File Size..........(1.74 GB) / (564 MB) / (384 MB) Quality............WebDL 1080p / 720p / 480p Duration.........2Hrs ...
movie

By the Sea (2015)

2015
The Admiral (2015) 7.0
The Admiral (2015) The Admiral (2015)==============IMDb Rating - 7.0/10ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ...
movie

The Admiral (2015)

2015
Poltergeist (2015) 6.1
Poltergeist (2015) ဒီတစ်ခါမှာတော့ CM Fan တွေ အတွက်ကြောက်စရာကောင်းတဲ့သရဲကားတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်1982 တုန်းက အောင်မြင်ခဲ့တဲ့ Poltergeist ဆိုတဲ့ရုပ်ရှင်ကားကို Remake ပြန်ရိုက်ထားတာ ဖြစ်ပါတယ်အဲရစ် နဲ့ အေမီ တို့ မိသားစု တစ်စုဟာ ဈေးသက်သာတဲ့ အိမ်ကိုရှာရင်းမထင်ထားလောက်အောင် တန်တဲ့ အိမ်ကြီး တစ်အိမ်ကိုရရှိခဲ့ပါတယ် လောလောလတ်လတ် အလုပ်ပြုတ်ထားတဲ့အဲရစ် အတွက်တော့ ဒီနေရာလေးကနေ ဘဝသစ်တစ်ခုပြန်စမယ် စိတ်ကူးထားတာပါဒါပေမဲ့ တစ်နေ့ထက် တစ်နေ့ အဲ့ဒီအိမ်ကြီးဟာထူးဆန်းစွာ အသံတွေ ပေးတာ ပစ္စည်းတွေ ရွေ့လျားတာမျိုးတွေဆက်တိုက်ဖြစ်လာပြီး မိသားစုကို ပါ ဒုက္ခပေးဖို့ ကြံရွယ်လာခဲ့သောအခါမှာတော့....  File size…2.87GB / 1.1GB / 623Mb Quality…4K HEVC /  1080p /  720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle ( Hard Sub) Encoder….Thit San Khant Translated by August
movie

Poltergeist (2015)

2015
4K HEVC Web-DL
Granny’s Got Talent (2015) 6.3
Granny’s Got Talent (2015) Granny's got Talent အညွှန်းဆဲမယ်ဗျို့ ..... ဆဲမယ် .... အဆဲပြိုင်ပွဲကြီး နွှဲကြမယ် .....ရသစုံရှိုးတွေလည်း CM မှာ တင်ဆက်ပေးနေတာ မနည်းပါဘူး။ ဒီဇာတ်ကားကလည်း ရသစုံရှိုးတစ်ခုကို အခြေတည်ပြီး ရိုက်ကူးထာတာပါ။ ဘယ်လိုရှိုးမျိုးလဲဆိုတော့ "အဆဲပြိုင်ပွဲ" ရှိုးပါပဲ။ဒီ show ရဲ့ထူးခြားချက်က အဆို၊အက၊ အတီး တခြား Talent ​တွေ တစ်ခုမှမလိုဘဲ ဆဲတတ်ရုံနဲ့ ဝင်ပြိုင်နိုင်မှာတဲ့ဗျား။​နေ့စဥ်ဘဝမှာဆဲရုံတင်အားမရတဲ့သူ​တွေကို ဆု​ကြေး​ငွေ​ပေးပြီး​တော့ကို အဆဲပြိုင်ပွဲ လုပ်​ပေးသွားတာပါ ဆဲတာကလည်း ရိုးရိုး​ဆဲတာမဟုတ်ဘဲ ဇာတ်ညွှန်းနဲ့ဆဲရမှာပါဇာတ်အလမ်းအကျဉ်းချုပ်ကတော့ ..... အီ​ဂျောင်ဆွန်းဆိုတဲ့အဘွားက ​ထောင်ကထွက်လာ​တာနဲ့ အဘွားရဲ့သာယာနာပျော်ဖွယ် ဆဲရေးသံလေးတွေကို နားထောင်ပြီး အစီအစဥ်ရဲ့ပီဒီက သ​ဘောကျသွားတာနဲ့ အဘွားလည်း ဝင်ပြိုင်ဖြစ်သွားတာပါအဘွားက ပြိုင်ပွဲတစ်​လျှောက်လုံး အဆဲစ​ကေး​တွေပြသွားမှာဖြစ်ပြီး ​နောက်ဆုံးဖိုင်နယ်ပွဲအထိ အနိုင်ရမသွားမလားဆိုတာကို ​စောင့်ကြည့်ရမှာပါComedy ဆို​ပေမယ့် ကိုရီးယားရဲ့ထုံးစံအတိုင်း ဒရာမာ​လေး​တော့ နည်းနည်းချိုးထားပါတယ်အဆဲပြိုင်ပွဲကြည့်ရင်း တစ်နည်းအားဖြင့်​တော့ စိတ်ဖိအား​တွေ​ပြေ​ပျောက်ဖို့ ​မျှော်လင့်ပါတယ် ကြည့်​ပေးကြပါဦး​နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ The Witch Part-2 နဲ့ The Roundup မှာ ကိုရီးယားကနေ ...
movie

Granny’s Got Talent (2015)

2015
Mission: Impossible – Rogue Nation (2015) 7.4

Mission: Impossible – Rogue Nation (2015)

2015
4K HEVC BluRay
The D Train (2015) 5.1
The D Train (2015) The D-Train (2015) ===================ဒန်နီရယ်ဟာ အထက်တန်းကျောင်းအောင်ပြီးကတည်းက ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလာတဲ့ ကလေးတစ်ယောက်အဖေပါ။ အကြံပေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ ဘာမှအပူအပင်လည်းမရှိပါဘူး။ကျောင်းသားဟောင်းကော်မတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သူအောင်ခဲ့တဲ့ ဂရန့်ဘာကလော့ချ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားနေပေမယ့် ကျောင်းသားဟောင်းတွေက ပွဲတက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ အဲဒီအချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အထက်တန်းကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ အိုလီဗာလောလက်စ်ဆိုတဲ့သူကို ပွဲတက်ဖို့ဖိတ်ကြားမယ့်အကြံပါပဲ။ ဒန်နီရယ်တစ်ယာက်မသိခဲ့တာကတော့ အဲဒီကိစ္စကနေစပြီး သူ့ဘဝရဲ့အချိုးအကွေ့ကို ကြုံရတော့မယ်ဆိုတာပါပဲ။ အဲဒီအချိုးအကွေ့ကတော့..... School of Rock နဲ့နာမည်ကြီးလာခဲ့တဲ့ မင်းသား Jack Black ရဲ့ ၂၀၁၅ခုနှစ်ထွက် ဒရမ်မာကားကောင်းလေးဖြစ်ပြီးတော့ မင်းသား James Marsdenကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အားလုံးပဲ ကြည့်ရှုလိုက်ကြပါဦးနော် File size….....1.06GB / 407MB Quality…......1080p BluRay AAC5.1CH / 720p Format…......mp4 Duration......1h 41m Subtitle….....Myanmar Subtitle (Hard Sub) Encoder…....YK Translated...Myo Myo Htet
movie

The D Train (2015)

2015
Jane Got a Gun (2015) 5.9
Jane Got a Gun (2015) Jane Got a Gun (2015)ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan ...
movie

Jane Got a Gun (2015)

2015
(18+)Hot Sex Talk (2015)
(18+)Hot Sex Talk (2015) အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးက live stream လွှင့်ပြီး ဘဝရပ်တည်ရေးကို ကြိုးစားနေတဲ့ ကိုရီးယားမလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ် သူက ပထွေးနဲ့မနေချင်တဲ့အဆုံး မြို့ပေါ်ကိုတက်လာပြီး streamer လုပ်နေသူလေးပါ ဒီနေရာမှာ သူ့ရဲ့ Live stream အကြောင်းနဲနဲပြောပြချင်ပါတယ် သူက ခန္ဓာကိုယ်ကို ပြပြီး viewer တွေခိုင်းတာ လုပ်ပြရတာဖြစ်ပါတယ် အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပြီး လူငယ်တွေရဲ့အချစ်ရေး မိဘနဲ့သားသမီးကြားက အဖုထစ်လေးတွေ ကို ဇာတ်လမ်းဇာတ်ကွက်ပီပြင်ပြီး Streamer အကိတ်လေးရဲ့ ပြကွက်ဆန်းတွေကို ခံစားဖို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်   File size…576MB Quality…720p HDRIP Format…mp4 Duration….74 Mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi  
movie

(18+)Hot Sex Talk (2015)

2015
Wild Card (2015) 5.6
Wild Card (2015) Wild Card (2015)2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ …ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : ...
movie

Wild Card (2015)

2015
The Shameless (2015) 6
The Shameless (2015) The Shameless (2015)“အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်” ဆိုသလို တစ်ချိန်ကတောက်ပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တဲ့ Kim Hye-Gyung ဟာ လူသတ်မှုကျူးလွန်ခဲ့တဲ့ သူ့ချစ်သူအတွက် သူ့ဘဝတစ်ခုလုံးကို စတေးထားခဲ့ရပါတယ်စုံထောက် Jung Jae-Gon ကတော့ ဘယ်လောက်ခက်ခဲတဲ့အမှုမျိုးကိုမဆို ရအောင်ဖော်ထုတ်နိုင်တဲ့ ထိပ်တန်းစုံထောက်တစ်ယောက်ပါလတ်တလောဖြစ်ပျက်သွားတဲ့ လူသတ်မှုတစ်ခုရဲ့ တရားခံဖြစ်တဲ့ Park Joon-Gil ကို ရှာဖွေဖမ်းဆီးနိုင်ဖို့ စုံထောက် Jung သုံးလိုက်တဲ့ နည်းဗျူဟာကတော့ Park Joon-Gil ရဲ့ ချစ်သူကို ချဉ်းကပ်ဖို့ပါပဲလူသတ်တရားခံကို ဖမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်တဲ့ တရားခံရဲ့ချစ်သူ Kim Hye-Gyung ကို ချဉ်းကပ်ရင်း သူ့ရဲ့ခံစားချက်တွေ အစစ်အမှန်ဖြစ်လာချိန်မှာတော့.....။ဘဝကြီးတစ်ခုလုံးကိုရင်းပြီး ချစ်သူ လူသတ်သမားကိုကယ်မယ့် ကောင်မလေးနဲ့ အဲဒီကောင်မလေး စိတ်ချမ်းသာဖို့ကို ဖန်တီးပေးချင်တဲ့ စုံထောက်တစ်ယောက် ။နောက်ဆုံးမှာ စုံထောက် Jung Jae-Gon တစ်ယောက် နှလုံးသားနောက်ကိုလိုက်သွားမလား ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ကိုပဲ လက်ခံမလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်Crime/ Drama Genre ဖြစ်ပြီး 18+ Nudity Scene တွေလည်းပါတာမို့ 18 ယောက်စုကြည့်ရမယ့် ...
movie

The Shameless (2015)

2015