Channel Myanmar

2016

Barcelona: A Love Untold (2016) 6.3
Barcelona: A Love Untold (2016) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့...ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီကချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်....တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသားတွေ့ဆုံခဲ့ကြပါတယ်....မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်းချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်....ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်....တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲနာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။)Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/52  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။File size…(2.3 GB)/(860 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….02:11:45 Subtitle….Myanmar ...
movie

Barcelona: A Love Untold (2016)

2016
Web-DL 1080P
Steve-O: Guilty as Charged (2016) 6.2
Steve-O: Guilty as Charged (2016) Steve-O: Guilty as Charged (2016) ======================== IMDb Rating - 6.2/10လူတစ်ယောက်ရဲ့အကျင့်ကိုဖျောက်ဖို့ ဆိုတာ ဘေးကနေ မလုပ်နဲ့လို့ ပြောနေတာထက် ကိုယ်တိုင်အသိ၀င်ပြီးမှသာ ပြောင်းလဲလို့ရတာကို သိကြမှာပါ။ စတိဗ်-အိုရဲ့ ဒီ TV special မှာလည်း အဲဒီအချက်ကို အထင်းသားမြင်ရပါတယ်။ပေါက်ကရစတန့်လုပ်ထားတဲ့ ဟာသဗီဒီယိုတွေ၊ YouTube ဟာသ ဗီဒီယိုအကြည့်များတဲ့သူတွေကတော့ စတိဗ်-အိုကို သေချာပေါက် သိကြမှာပါ။ သူဟာ reality comedy series Jackass နဲ့ Jackass ရုပ်ရှင်တွေနဲ့ လူသိများတဲ့ နာမည်ကျော် အမေရိကန်ဟာသဖျော်ဖြေ ရေးသမား၊ စတန့်သရုပ်ဆောင်နဲ့ YouTuber တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဒီ TV special မှာတော့ စတိဗ်-အိုရဲ့ ဘ၀ဖြစ်စဉ်နဲ့ အပြောင်းအလဲတွေကို ရယ်ရွှင်ဖွယ်ရှုမြင်နားဆင်ကြရမှာပါ။ငယ်စဉ်ကတည်းက ပြဿနာအိုး‌၊ ဆေးသမားဖြစ်ခဲ့ပြီး တက္ကသိုလ်က ထုတ်ခံရတဲ့အထိ ဆိုးသွမ်းခဲ့သူပါ။ ဟာသဖျော်ဖြေရေးသမား၊ စတန့် သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေတဲ့ ကာလအတွင်း သူပေါက်ကရလုပ် ခဲ့တဲ့ အဖြစ်တွေ၊ သူ့ရဲ့ဆေးစွဲပြဿနာ၊ sex addict ...
movie

Steve-O: Guilty as Charged (2016)

2016
24 (2016) 7.9
24 (2016) 24 (2016) Action, Comedy, Drama IMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…3.2GB / 1.64GB Quality…1080p ...
movie

24 (2016)

2016
The Doll (2016) 5.1
The Doll (2016) The Doll (2016)2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Doll သရဲကားတွေရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဓားပြမှုတစ်ခုမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံရပြီးတဲ့နောက်မှာ ကလေးမလေးရဲ့ဝိညာဉ်ကတော့ မကျွတ်လွတ်ဘဲ သူပိုင်တဲ့ အရုပ်ကလေးမှာ စွဲကပ်နေပါတယ်။အဲဒီအနီးနားက လူတွေအားလုံးက ကလေးအရုပ်သရဲကို ကြောက်လန့်ပြီး သူနေဖို့ သစ်ပင်တစ်ပင်မှာ အရုပ်လေးကို ချိတ်ဆွဲပေးထားပါတယ်။ ဒန်နီရယ်နဲ့ အန်ယာတို့ လင်မယားကတော့ တခြားမြို့ကနေ သူ့ယောက်ျားရာထူးတိုးလို့ ပြောင်းလာကြတဲ့စုံတွဲပါ။ သရဲတစ္ဆေတွေကို အယုံအကြည်မရှိတဲ့ ဒန်နီရယ်က သူ့ရဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်က အရုပ်သရဲနေတဲ့ သစ်ပင်ကို လှဲခိုင်းလိုက်တဲ့အခါမှာတော့ ကလေးအရုပ်သရဲက သူတို့အိမ်ကို လိုက်လာပါတော့တယ်။ကလေးအရုပ်သရဲက သူ့အပင်ကို လှဲလိုက်လို့ လိုက်လာတာလား။ တခြားအကြောင်းရင်းတွေရော ရှိနေသေးလား။ သူတို့နှစ်ယောက် ကလေးအရုပ်သရဲလက်ကနေ လွတ်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horror, Thriller Quality…. 1080p | 720p | 480p File size…1.5GB | 703MB | 348MB Format… ...
movie

The Doll (2016)

2016
(18+)The Senior Class (2012) 5.7
(18+)The Senior Class (2012) အိပ်မက်တွေ တစ်လှေကြီး မျှော်လင့်ချက်တွေ တပုံကြီးနဲ့ ရှင်းဂျူဟီး သူမရဲ့ ပန်းတိုင်က နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်ဖြစ်ဖို့ အဲဒီဘွဲ့ကို ပဲရစ်မှာ သွားယူချင်နေတာ သူမရဲ့အိပ်မက်ပါပဲ သူရဲ့ အတန်းဖော်လေး ဂျောင်ဝူးက ဂျူဟီးကို ကြိတ်ပြီးခိုက်နေပါတယ်တစ်နေ့မှာတော့ ဂျောင်ဝူး အခွင့်ရေးရခဲ့ပေမဲ့ မတို့ရက်မထိရက်ချစ်သူလေး... တစ်ကယ်တော့ ဂျူဟီးက ငွေကြေးမပြည့်စုံသူတစ်ယောက်ပါ သူ့ရည်မှန်းချက်တွေအတွက်ငွေလိုတယ်လေ တစ်နေ့ ဂျောင်ဝူးတစ်ယောက် သူ့မိတ်ဆွေတွေနဲ့ အဆင့်မြင့် ကလပ်တစ်ခုကိုသွားရင်း မထင်မှတ်တဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသောအခါအလွမ်းအဆွေး အချစ်အကြင်နာ မိန်းကလေးတယောက်ရဲ့ မာယာ မိန်းကလေးတစ်ယောက်ရဲ့ ဆန္ဒတွေကို ၁၈ နှစ်အောက် ကလေးတွေမကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်လို့ DS Fans တွေအတွက်တင်ဆက်လိုက်ပါတယ် ဝင်္ကပါတစ်ခုရဲ့ ပိတ်လမ်းတွေကို ခဲခြစ်မှတ်ခဲ့မယ်ဆိုရင် ဘယ်သူက ခဲခြစ်ခံရမှာလဲ File size…742MB / 360MB Quality…1080p WEBRIP / 720p Format…mp4 Duration….1h 23m Subtitle….Myanmar Subtitle(Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+)The Senior Class (2012)

2016
(18+)The Receptionist (2016) 6.6
(18+)The Receptionist (2016) "လွယ်တာတွေ့ရင် ပိုခက်တဲ့တခြားဘဝတွေကို ငဲ့ကြည့်ပါဦး....." မြန်မာနိုင်ငံစကားနဲ့ပြောရရင်တော့ မာစွပ်ပေါ့ အညောင်းအညာလေးလဲ ပြေမယ်...ကိစ္စဝိစ္စလေးတွေလဲလျှော့လို့ရမယ်အားလုံးက ပျော်စရာတွေချည်းပါပဲ...အဆင်ပြေရင်မုန့်ဖိုးလေးဘာလေးပိုပေးလိုက်ပေါ့ ဒါပေမဲ့ အရာရာတိုင်းမှာ Dark Side ဆိုတာရှိသလို အနှိပ်ခန်းလောကမှာလဲ မမြင်နိုင်တဲ့ နာကျင်မှုတွေ ဝမ်းနည်းစရာတွေ ရှိနေမှာပါပဲ..ကျွန်တော်တို့သာမသိကြတာမလား ခုဇာတ်လမ်းထဲမှာတော့ လန်ဒန်က ထိုင်ဝမ်သူတွေရဲ့ မာဆတ်လောကပေါ့မာဆတ်လုပ်မယ်ဟဲ့ဆိုပြီး လန်ဒန်ရောက်လာတဲ့သူက ခပ်ရှားရှားပါ ချစ်သူကခေါ်လာလို့တို့...ဒီမှာလက်ထပ်ပြီး အခြေချဖို့တို့..အလုပ်ရှာဖို့တို့နဲ့ နောက်ဆုံးတော့ ငွေရလွယ်တဲ့ ဒီဘူတာမှာပဲ လာစိုက်ကြလေသည်ပေါ့မာဆတ်ကစော်လေးတွေရဲ့ ဒရာမာတွေက မရိုးရပါဘူးဆို မြေနိမ့်ရာလှံဝိုင်းစိုက်တဲ့ မဟာပုရိသ သခင်ကြီးများကလဲ မပါမဖြစ်ပါပဲ အားလုံးကငွေဆိုတာအတွက် မလုပ်ချင်လဲလုပ် လုပ်ချင်လဲလုပ်ကြပေါ့ တခါတလေတော့ အဲ့လိုလောဘတွေတက်မနေပဲ ကိုယ့်ရဲ့ရှင်သန်ရာနေရာလေးမှာပဲ ရသမျှနဲ့ရောင့်ရဲတင်းတိမ်ရင်း အေးချမ်းစွာဖြတ်သန်းလိုက်ချင်ပေမယ့် ဘဝဟာအဲ့လိုမလွယ်ကူနေကြောင်း ဒီဇာတ်လမ်းလေးနဲ့ စီးမြောခံစားကြည့်ကြတာပေါ့ File size…1.35GB / 617MB Quality…1080p WEBDL  / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+)The Receptionist (2016)

2016
Winter in Tokyo (2016) 7
Winter in Tokyo (2016) Winter in Tokyo ( 2016 ) IMDb 7/10============================== ဒီတခါတော့စီအမ် ပရိတ်သတ်တွေအတွက် 2016တုန်း ထွက်ရှိထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်Winter in Tokyoဆိုတဲ့အတိုင်း ဇာတ်အိမ်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အခြေပြုပါတယ် တိုကျိုမြို့ရဲ့ဆောင်းရာသီတစ်ခုမှာ ကဲကိုဆိုတဲ့ကောင်မလေးရဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းကို ကာဇူတိုဆိုတဲ့ ကောင်လေး ရောက်လာခဲ့ပါတယ် ကာဇူတိုက ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ပြီးတော့ ကဲကိုကတော့ စာကြည့်တိုက်မှာ အလုပ်လုပ်ပါတယ် ကာဇူတိုဟာ သူ့ရဲ့သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ကံမကောင်းခဲ့တာကြောင့် နယူးယောခ့်ကနေ တိုကျိုကိုပြန်လာခဲ့တာပါ အဲ့ဒီမှာကဲကိုနဲ့ဆုံပြီး ချစ်မိနေခဲ့ပါတယ် ကဲကိုကလည်း ချစ်မိနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဖွင့်မပြောကြပါဘူး သူငယ်ချင်းလိုပဲနေရင်း တစ်ယောက်ကြောင်းတစ်ယောက်အကုန်သိနေပြီး ကြည်နူးစရာအချိန်‌‌တွေပေါ့တစ်နေ့မှာတော့ ကဲကိုက သူငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ကောင်လေးကို အမှတ်မထင်ပြန်တွေ့ခဲ့တယ် အဲ့ဒီ့မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒီဇာတ်ကားက ကြည့်ရတာ အရမ်းကို ကြည်နူးစရာကောင်းသလို ပေါ့ပေါ့ပါးပါးနဲ့ ဒရာမာ ရိုမန့်ကားလေးလည်း ဖြစ်ပါတယ် ကြည့်လို့လည်း တော်တော် ကြည်နူးစရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်လို့ ညွုန်းပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Shan ပဲ ဖြစ်ပါတယ်။Genre..... Romance Quality…. 1080p | ...
movie

Winter in Tokyo (2016)

2016
Kills on Wheels (2016) 7.1
Kills on Wheels (2016) Kills on Wheels (2016) ================ IMDb Rating - 7.1/10၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟန်ဂေရီကားလေးဖြစ်ပါတယ်။ IMDb 7.1၊ Rotten Tomatoes 89% ရထားတာဆိုတဲ့ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ ဇာတ်လမ်းကတော့ action, drama, comedy အမျိုး အစားဖြစ်ပါတယ်။ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်နေတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦးဟာ ဝှီးချဲစီးပြီး လူလိုက်သတ်နေတဲ့ ကြေးစားလူသတ်သမားတစ်ယောက်နဲ့ ပတ်သတ်မိရာကနေ သူတို့ဘဝဟာ ဘယ်လိုတွေဖြစ်ကုန်ကြမလဲဆိုတာကို ဖိုက်တင်ခန်း ခပ်ကြမ်းကြမ်းတွေ၊ ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ကြားကမေတ္တာတရား၊ မသန်စွမ်းတစ်ယောက်ရဲ့ ဘဝကို ကြံကြံခံနေထိုင်ပုံကို ဂရုဏာဖြစ်ဖွယ်နဲ့ရော ရယ်စရာကောင်းအောင်ပါ ဖော်ပြထားပုံတို့နဲ့ ရသစုံစွာ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.68 GB) / (780 MB) / (480P) Quality............BluRay 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Drama Translator.......Zaw Myo Thu Encoder..........SWM
movie

Kills on Wheels (2016)

2016
BluRay 1080p 5.1CH
Sausage Party (2016) 6.7
Sausage Party (2016) ဇတ်လမ်း အစမှာတော့ စားစရာတွေ ရောင်းတဲ့ စူပါမားကတ် ကနေ စတင်ထားပါတယ်...စားစရာတွေဟာ လူသားတွေကို ဘုရားသခင် လို့ မှတ်ယူထားပါတယ် မားကတ် မှာ ပုတ်သိုးမယ့် အန္တရာယ် ကနေ ကယ်တင်မယ့် အရှင်သခင်တွေလို့ မှတ်ယူထားကြတာပါ...တစ်နေ့တာ စျေးဝယ်မှု မှာ ဝယ်သူ ရွေးချယ်ဖို့ သူ့ထက် ငါ အပြိုင်အဆိုင် ဆုတောင်းကြရတာပေါ့ မဟုတ်ခဲ့လို့ရှိရင် Out Of Date ဖြစ်သွားတဲ့အခါ သူတို့မသွားချင်ဆုံးနေရာက အမှိုက်ပုံးအိုကြီးရဲ့ မဲမှောင်နေသာတွင်းနက် ကြီးပါပဲ....ဒီဇတ်လမ်းမှာ မင်းသားကတော့ ဝက်အူချောင်း ပါပဲ ဟုတ်ပါတယ် ဝက်အူချောင်း ပါ.... ဖရန့် ၊ ကားလ် ၊ ဘယ်ရီ တို့ ဟာ ၆ ချောင်းပါတဲ့ ဝက်အူချောင်းပါကင်ထုပ်ထဲက သူငယ်ချင်းတွေပေါ့ သူတို့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး တွေ အဖွဲ့ ရှိနေပါတယ်ဘရန်ဒါ တို့ အုပ်စုပေါ့ သူတို့လဲ ပါမုန့်ချောင်း ၆ ခု တစ်ပါကင် ထုပ်ထဲကပါပဲ... အနီးကပ် နေရတဲ့ အခါ တစ်ဦးကို ...
movie

Sausage Party (2016)

2016
1080p Bluray 5.1CH
Don’t Knock Twice (2016) 5.1
Don’t Knock Twice (2016) Don't Knock Twice (2016)ဇာတ်ကားနာမည်ကိုက Don't Knock Twice ..ဒီတံခါးကို နှစ်ခါခေါက်လိုက်မိတာနဲ့ သူမကမင်းတို့နောက်ကို တောက်လျှောက်လိုက်လာလိမ့်မယ် တစ်ခါခေါက်ရင် သူမအိပ်ရာကနိုးထဖို့ နှိုးတာဖြစ်ပြီး နှစ်ခါခေါက်ရင်တော့ သေခြင်းကနှိုးလိုက်တာပဲ ...Horror ကြိုက်ကြည့်ရှူသူတွေအတွက် Old But Gold သရဲဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် IMDb 5.1 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ ကြောက်စရာလည်းကောင်းသလို မိဘမေတ္တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်...ဂျက်စ်ဆိုတာကတော့ ကျန်းမာရေးမကောင်းလို့ သမီးဖြစ်သူခလိုဝီကိုမိဘမဲ့ဂေဟာပို့ထားရတဲ့ မိခင်တစ်ယောက်.. သမီးကိုပြန်ခေါ်ဖို့ကြိုးစားပေမယ့် တားဆီးနေသူတွေကြောင့် ၉နှစ်လောက်အဆက်အသွယ်ပြတ်သွားခဲ့သူ။ ခလိုဝီကတော့ လိုအပ်ချိန်မှာရှိမနေခဲ့တဲ့အတွက် မိခင်ဖြစ်သူကိုနာကျည်းရင်းနေ့ရက်တွေကိုဖြတ်သန်းခဲ့ရသူပါ ဒီလိုနဲ့တစ်နေ့ မြို့စွန်ကအိမ်ပျက်ကြီးကို ခလိုဝီနဲ့ သူငယ်ချင်းဖြစ်သူဒန်နီတို့ သွားကြည့်ကြရင်း လူငယ်သဘာဝစူးစမ်းချင်တာကြောင့် တံခါးကိုနှစ်ခါခေါက်လိုက်မိတယ် အစပိုင်းမှာတော့ ကိစ္စတွေက အဆင်ပြေပြေရှိနေပေမယ့် သူတို့အိမ်ပြန်ရောက်ပြီးချိန်မှာတော့ ကြောက်မက်ဖွယ်ခြောက်လှန့်မှုတွေနဲ့ မိတ်ဆက်ခဲ့ရတာကြောင့် မိခင်အိမ်ကိုအားကိုးတကြီးသွားပြီး အကူအညီတောင်းခဲ့ပေမယ့် ခြောက်လှန့်မှုတွေကရပ်တန့်မသွားဘဲ ပိုဆိုးလာတဲ့အခါ...သူမမိခင်က သူမကိုဘယ်လိုကယ်တင်မလဲ ဒီခြောက်လှန့်မှုတွေကနေ သူမတို့လွတ်မြောက်ကြမှာလားဆိုတာ အသည်းယားစရာခြောက်လှန့်မှုတွေကြားထဲ စီးမြောလိုက်ကြပါဦးရှင် File size…845MB / 375MB Quality…1080p BluRay / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Don’t Knock Twice (2016)

2016
The Accountant (2016) 7.3
The Accountant (2016) Batman မင်းသား Ben Affleck ရဲ့ Action, Crime အမျိုးအစားရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးဘဝမှာ High Functioning Autism(ဉာဏ်ရည်မနိမ့်ကျသော အထီးကျန်စိတ်ဝေဒနာတစ်မျိုး) ခံစားနေရပြီး အထူးကျွမ်းကျင်သူ တစ်ဦးဆီမှာ ကုသရင်း နေထိုင်ခဲ့ရပါတယ်။ဒါပေမယ့် သူအရွယ်ရောက်လာချိန်မှာတော့ စာရင်းကိုင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သာမာန်စာရင်းကိုင်တွေ ၁နှစ်လောက်လုပ်ရမယ့် စာရင်းကို တစ်ညတည်းလုပ်နိုင်တဲ့သင်္ချာဉာဏ်ကြီးရှင်မျိုးဖြစ်လာပြီး လူဆိုးဂိုဏ်းတွေကြားထဲက အရှုပ်အရှင်းတွေ ငွေတွေကို စစ်ဆေးပေး၊ခဝါချပေးတဲ့အလုပ်ကို လုပ်ကိုင်လာပါတယ်။ သူ့ကိုကူညီနေတဲ့ ဖုန်းထဲက အသံပဲကြားရတဲ့ လျို့ဝှက်မိန်းကလေးတစ်ယောက်ရဲ့ အကူအညီနဲ့ပေါ့။လူဆိုးဂိုဏ်းတွေကြားမှာ အသက်ရှင်ရက်နေနိုင်ပြီး သူ့ကိုဘယ်သူဘယ်ဝါမှန်းပါ မသိအောင် နေနိုင်ခဲ့တဲ့အပြင် တိုက်ခိုက်ရေးပညာ နဲ့ လက်နက်မျိုးစုံလည်း ကျွမ်းကျင်ပါတယ် (ခြုံပြောရရင် Batman စီးပွားပျက်ပြီး စာရင်းကိုင်လုပ်စားသလိုပါပဲ :3 )။ ဒီဇာတ်လမ်းမှာတော့ သူဖော်ချလိုက်မိတဲ့ ငွေမသမာမှုတစ်ခုမှာ ပါနေတဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကြေးစားတွေလိုက်နှုတ်ပိတ်တာကို ကယ်တင်ရင်း သူစခဲ့တဲ့ ဇာတ်လမ်းကို အဆုံးထိပြန်လိုက်ရှင်းဖို့ကြိုးစားရတဲ့အခါမှာ....... File size…7.86GB / 1.7GB /  720MB Quality…4k HEVC AAC5.1CH /  1080p  / ...
movie

The Accountant (2016)

2016
4K HEVC BluRay
Warcraft: The Beginning (2016) 6.8
Warcraft: The Beginning (2016) Warcraft: The Beginning (2016)အညွှန်း ******************************** ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီးWOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာOrc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီးမှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီးမျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ......Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီးမှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ....Orc ...
movie

Warcraft: The Beginning (2016)

2016
4K HEVC
{21+}Double D Dude Ranch (2016) 5.8
{21+}Double D Dude Ranch (2016) တစ်ချိန်ကဆွဲဆောင်မှုအရှိဆုံး အလှပဂေးတွေ အပြိုင်ကြဲထားတဲ့ အရှုပ်တော်ပုံ လူကြီးကြည့်စရာဇာတ်ကားလေးဖြစ်ပါတယ်လောကမှာ သူများပစ္စည်း မတရားလိုချင်သူတွေ နောက်ဆုံးရသွားတဲ့ အရာတွေကဘာတွေဖြစ်မယ်ထင်လဲဒိုင်ယာနာဟာ သူ့မိသားစု အစဉ်အဆက်က ပိုင်ဆိုင်လာတဲ့ ဒါဘယ်ဒီ လို့ခေါ်တဲ့ အနားယူအပန်းဖြေ စံအိမ်ကို ဦးစီးနေသူတစ်ယောက်ပါ နေရာကလဲသန်ပြန့်ပြီး ကျယ်ဝန်းလှတာမို့ အနောက်ပိုင်းမှာ နာမည်ကောင်းနဲ့ကျော်ကြားနေတဲ့ အပန်းဖြေနေရာလေးဖြစ်ပါတယ် အဲဒီနေရာကို ဝိသမလောဘနဲ့ ငမ်းငမ်းတက်လိုချင်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိလာပါတယ်သူကကြိုက်ဈေးပေးပေမဲ့ ဒိုင်ယာနာက မရောင်းပါဘူး ဒါပေမဲ့ လူယုတ်မာတို့ထုံးစံအတိုင်း မရမကမကောင်းတဲ့စိတ်တွေနဲ့ရယူဖို့ဆုံးဖြတ်လိုက်ကြပါတယ် ဒီလို မတရားမှုတွေကို ဒိုင်ယာနာ နဲ့ လာလည်တဲ့ဧည့်သည်တွေဘယ်လိုစုပေါင်းပြီး ခုခံကြမလဲဆိုတာ စိတ်ဝင်စားဖွယ်အနု အလှ အကြွ အရွ တွေအစုံနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ File size…2.13GB / 990MB Quality…1080p WEB RIP AAC5.1CH / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki  Mu Chi    
movie

{21+}Double D Dude Ranch (2016)

2016
The Net (2016) 7.3
The Net (2016) The Net (2016)~ IMDb - 7.3/10, Rotten Tomatoes - 83% ~ကင်ကီဒွပ်ဟာ ကိုရီးယားဒါရိုက်တာတွေထဲ လူ့ဘောင်အပြင်ဘက်ကဘဝလို့ ပြောရမယ့် ဘဝအကြောင်းတွေကို တစ်မူထူးခြားစွာ ရိုက်တတ်တဲ့သူဖြစ်ပြီး သူ့ရုပ်ရှင်တွေဟာလည်း ကြည့်ရှုသူကို ဒီအခြေအနေ ဒီဘဝတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေတာမျိုးတွေ များပါတယ်။ ဒီတစ်ခါမှာတော့ ကင်ကီဒွပ်ဟာ မြောက်ကိုရီးယား တံငါသည်တစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်းပဲ ရိုက်ပြသွားတယ်။ တံငါသည်အကြောင်း ဒီရုပ်ရှင်ဟာ ပင်လယ်လိုပဲ ရိုးရှင်းသလိုထင်ရပေမဲ့ ကျယ်ပြန့်တဲ့ ရုပ်ရှင်ပါပဲ။မြောက်ကိုရီးယားက တံငါသည်တစ်ယောက် ငါးမျှားရင်း ပိုက်ကွန်ငြိလို့ မော်တာပျက်သွားပြီး တောင်ကိုရီးယားဘက်ထဲ မျောလာခဲ့တယ်။ တောင်ကိုရီးယားက အမျိုးသားထောက်လှမ်းရေးက သူ့ကို သူလျှိုဟုတ်မဟုတ် စစ်ဆေးတယ်။ သူကတော့ မြောက်ကိုရီးယားက သစ္စာဖောက်လို့ပြောမှာကြောက်လို့ တောင်ကိုရီးယားက မြင်ကွင်းတွေကို မကြည့်ဘဲ မျက်စိမှိတ်ပြီးပဲ လိုက်လာခဲ့တယ်။ ဒီလိုနဲ့ မြောက်ကိုရီးယားတွေကို သိပ်မုန်းတဲ့ တောင်ကိုရီးယား စစ်ဆေးရေးအရာရှိ ပယ်ပယ်နယ်နယ် ...
movie

The Net (2016)

2016
La La Land (2016) 8.4
La La Land (2016) (သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။)IMDb - (8/10) / Rotten Tomatoes (91%)၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို ...
movie

La La Land (2016)

2016
4K HEVC BluRay
The Darkness (2016) 4.5
The Darkness (2016) The Darkness (2016)ယခုတစ်ခါမှာတော့ 2016ခုနှစ်က ထွက်ရှိခဲ့တဲ့ horror ဇာတ်ကားလေးကို မိုးအေးအေးမှာ မီးမှိတ်ကြည့်ရှုရန် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်း အကျဥ်းကတော့ မိသားစု ၂စု နက်ရှိုင်းတဲ့ တောင်ကြားတွေဆီ စခန်းချ ခရီးထွက်ကြတယ်ပေါ့။ ပီတာနဲ့ ဘရွန်နီတို့မှာ စတက်ဖနီလို့ခေါ်တဲ့ သမီးလေးတစ်ယောက်နဲ့ အော်တစ်ဇင်ဖြစ်နေတဲ့ မိုက်ကယ်လ်ဆိုတဲ့သားလေးရှိပါတယ်။ ခရီးစဥ်မှာ မိုက်ကယ်လ်ဟာ မတော်တဆ တွင်းတစ်ခုထဲ ပြုတ်ကျသွားပြီး ကလေးတို့သဘာဝ စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်တုံးလေး ၅တုံးကို ယူလာခဲ့ပါတော့တယ်။ အိမ်ပြန်ကြပြီးမကြာမီ အိမ်ထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလိုဖြစ်လာပါတော့တယ်...စတက်ဖနီလည်း စိတ်ဝေဒနာသည်လိုလိုတွေဖြစ်၊ အော်တစ်ဇင် မိုက်ကယ်လ်ခမျာလည်း ပိုရူး ပိုကြောင်တဲ့ ကိစ္စတွေကို ခပ်စိပ်စိပ်လုပ်လာတဲ့အခါ အကြောင်းရင်းကို ရှာဖွေရပါတော့တယ်။ထိုအကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာတော့ CM ပရိသတ်တို့ ကြည့်ရှုခံစားရင်း ခန့်မှန်းအဖြေရှာဖို့ ခု The Darkness ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်းဆိုလိုက်ပါရစေ... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ...
movie

The Darkness (2016)

2016
Mechanic: Resurrection (2016) 5.7
Mechanic: Resurrection (2016) Mechanic: Resurrection (2016)_____IMDb - 5.7/10လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း ...
movie

Mechanic: Resurrection (2016)

2016
4K HEVC BluRay
American Pastoral (2016) 6.1
American Pastoral (2016) American Pastoral (2016) ================== IMDb Rating - 6.1/10၁၉၈၀၊ ၁၉၉၀ ဖွား‌တွေ အရမ်းသဘောကျခဲ့ကြရတဲ့ အလှဘုရင်မတစ်ပါး (သို့) ဂျန်နီဖာကော်နယ်လီ။ Star Wars ရုပ်ရှင်ကားတွေနဲ့ရုပ်ရှင်ကားပေါင်းများစွာအပြင် Harley Queen 2020 မှာပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောကြီး အီဝမ်မက် ဂရက်ဂေါ။ I am Sam 2001၊ Coraline 2009 ရုပ်ရှင်ကားတွေမှာပါဝင်ခဲ့၊ အသံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဒါကိုတာဖန်းနင်း။ ဒီတော့ အခုကားဟာ ဒီနာမည်ကျော်သုံးယောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပါ။အမေရိကန်/ ဗီယက်နမ်စစ်ပွဲခေတ်ကို အခြေတည်ထားပြီး အောက်ခြေအမေရိကန် ပြည်သူတွေကို အထက်ကလူတွေက ပြန်ငုံ့မကြည့်တဲ့အခါ အောက်ခြေက အမေ ရိကန်ပြည်သူတွေ ဘယ်လိုတွန်းကန်တော်လှန်ကြလဲဆိုတဲ့ အငွေ့အသက်တွေပါတဲ့ ရုပ်ရှင်ကားပေါ့။ ချောပေ့၊ ခန့်ပေ့ ပျိုတိုင်းကြိုက်ပါပေ့ဆိုတဲ့ ဆွိဒ်ဆိုတဲ့ကောင်လေးနဲ့ နယူးဂျာစီမယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ဒေါင်းလိုလှတဲ့ ဒေါင်းဆိုတဲ့အမျိုး သမီးလေး။ ဒီလိုနှစ်ယောက်က မွေးဖွားလာတဲ့ မယ်ရီဆိုတဲ့ကလေးမလေး။ ဒီတော့ ဇာတ်လမ်းဟာ ဘယ်လိုကနေ ဘယ်လို ဘယ်ကိုဇာတ်ကွေ့သွားမယ်၊ ဘာတွေဟာ ဇာတ်ရှိန်တတ်တာတေွ ဖြစ်လာမလဲ၊ ဇာတ်ရှုပ်ဇာတ်ထွေးတွေနဲ့ ကြုံတဲ့အခါ ...
movie

American Pastoral (2016)

2016
(18+) Hot Neighbor (2016) 7
(18+) Hot Neighbor (2016) အိမ်ထောင်ရေးတစ်ခုမှာ ဘာကအရေးကြီးဆုံးဆိုတာ တိတိကျကျပြောရခက်ပေမဲ့ အကြမ်းအားဖြင့် နားလည်မှုဆိုတာတော့ လူတိုင်းသိကြမယ်ထင်ပါတယ် နားလည်မှုမရှိတဲ့ အိမ်ထောင်ရေးဆိုရင် မသာယာကြပါဘူးဒီဇာတ်လမ်းလေးက နားလည်မှုအကြောင်းအခြေခံထားပြီး သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ် အိမ်နီးချင်း လင်မယားနှစ်တွဲအကြောင်း ပဲဖြစ်ပါတယ်တစ်တွဲက အမျိုးသားက နားလည်မှုမရှိသူဖြစ်ပြီး ကျန်တစ်တွဲက အမျိုးသမီးက နားလည်မှုမရှိသူဖြစ်နေပါတယ် ချစ်မိလို့ အိမ်ထောင်ပြုကြပေမဲ့ အချိန်ကြာလာတာနှင့်အမျှ ပြလာတဲ့ဇာတိ တွေကို ရိုးရိုးလေး ဖေါ်ပြထားတာဖြစ်ပါတယ်အိမ်ထောင်သည်တွေရဲ့ သဘောသဘာဝတွေကို ရိုးရိုးရှင်းရှင်း ရိုက်ကူးထားတာဖြစ်လို့ ၁၈ နှစ်မပြည့်သေးသူများ ကြည့်ဖို့မသင့်တော်ပါဘူးFile size…800MB / 400MB Quality…1080p / 720p Format…mp4 Duration….1h 4mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

(18+) Hot Neighbor (2016)

2016
Dhruva(2016) 7.9
Dhruva(2016) Dhruva (2016)အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှmedical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။"သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....."ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော......ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ...
movie

Dhruva(2016)

2016