Channel Myanmar

2018

City of Lies(2018) 6.6
City of Lies(2018) City of Lies(2018)Who Shot Biggie???ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲ့ဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ... အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်...ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်...မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်...1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ...ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ ...
movie

City of Lies(2018)

2018
Gloria Bell (2019) 6.5
Gloria Bell (2019) ဂလိုရီယာဆိုတဲ့ အမျိုုးသမီးတစ်ယောက်ရှိတယ်။ မျက်မှန်လေးနဲ့ အသက်ကြီးလဲ မပျက်စီးသေးတဲ့ အလှမျိုးနဲ့မိန်းမတစ်ယောက်။ ယောကျာ်းနဲ့ကွာရှင်းထားပြီးတော့ သားသမီးနှစ်ယောက်ကလဲ အတောင်စုံလို့ ပျံထွက်သွားကြတဲ့အချိန်မှာ ဂလိုရီယာတစ်ယောက် ဘဝကိုနေချင်သလို လှလှလေးနေထိုင်ရင်းနဲ့ အချစ်တစ်ခုကိုရရှိခဲ့ပါတယ်။ သူတွေ့ခဲ့ရတဲ့ သူ့ရဲ့လေးဆယ်ကျော်အချစ်ကအာနိုးလ်တန်နာလို့ခေါ်တဲ့ ကစားကွင်းပိုင်ရှင်တစ်ယောက်။ သူလဲပဲ မိန်းမနဲ့ကွာရှင်းထားတဲ့သူပဲ ဒါပေမယ့် သူ့အနေအထားကဂလိုရီယာ့လိုမပေါ့ပါးပဲ သားသမီးတွေကြောင့် အမြဲစိတ်ရှုပ်နေရတတ်တဲ့သူ။ သူတို့ကြားမှာဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာကို သူတို့ဘယ်လိုရင်ဆိုင်မလဲ ဆုံးဖြတ်မလဲဆိုတာကို ရိုက်ကူးထားတာပါ။ (ဒီကားလေးကို အသက်ကြီးတဲ့စုံတွဲတွေလို့ မတွေးပဲ အချစ်မှာအသက်အပိုင်းအခြားတွေဆိုတာ မရှိဘူးလို့တွေးကြည့်ပြီးတော့ကြည့်ကြပါ။ အထူးသဖြင့် အခုတစ်ယောက်နဲ့လဲ မရှင်းမရှင်းနဲ့ နောက်တစ်ယောက်ဆီကိုမေးလေးထောက်ပြီးတော့ ချစ်ခွင့်ပန်နေကြတဲ့ ချစ်ဖို့ကြိုးူစားနေတဲ့သူတွေကိုမှ သဘောကျနေမိတဲ့ တချို့သူတွေကြည့်သင့်ပါတယ် ဘယ်လောက်အာရုံနောက်ရတယ်ဆိုတာ ) File Size : (1.43 GB,) Quality : Blu-ray 1080p,720p Running Time : 1h 42min Format : Mp4 Genre : Drama,Comedy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Charm Encoded by sithu
movie

Gloria Bell (2019)

2018
Nuts ( 2018 ) 7.8
Nuts ( 2018 ) ဒီကား​လေးမှာဟွမ်​ကျန်​့ဆိုတဲ့ဉာဏ်​ကြီးရှင်​ဟာရူပ​ဗေဒပညာရပ်​မှာထူးချွန်​လွန်​း​ပေမယ်​့ ​ကျောင်​းမှာဘယ်​သူနဲ့မှသဟဇာတမဖြစ်​သူပါ....သူနဲ့အပြိုင်​ရွှီ​ကျေချုံးက​တော့ရုပ်​​ချောချမ်​းသာကြွယ်​ဝပြီး လူအများရဲ့သ​ဘောကျနှစ်​သက်​မှုကိုခံရပါတယ်​...ဒီလိုနဲ့သူတို့နှစ်​​ယောက်​ဟာ MITကိုအပြိုင်​​လျှောက်​ကြရာက​နေအာရှက​ကျောင်​းသားတစ်​​ယောက်​ပဲလက်​ခံမယ်​လို့သိလိုက်​ရတဲ့အခါ....ဟွမ်​ကျန်​့ဟာပညာ​တော်​​ပေမယ်​့ ​ကျောင်​းစာပြင်​ပ အဖွဲ့တစ်​ခုခုမှ ပါဝင်​နိုင်​မှMITကိုဝင်​ခွင်​့ရနိုင်​မယ်​လို့ ​ပြောလိုက်​တဲ့အတွက်​ သူဝင်​ခွင်​့ရနိုင်​ဖို့အတွက်​ဟွမ်​ကျန်​့တစ်​​ယောက်​ ​ကျောဝင်​းတွင်​့အဖ​ွဲ့​ပေါင်​းစုံမှာဝင်​ပါဖို့ကြိုးစားရာက​နေဘဲရုပ်ဆိုး ေ​လးလို့​ခေါ်ခံရတဲ့မိန်​းက​လေးအဖွဲ့တစ်​ဖွဲ့မှာဝင်​ပါဖို့ဖြစ်​လာတဲ့အခါသတင်​း​ထောက်​မ​လေးကျူးကျူး တစ်​​ယောက်​ ​ကျောင်​းသား​​ကျောင်​းသူ​တွေရဲ့ရယ်​စရာဟာသအဖြစ်​အပျက်​ကို​ရေးဖို့​ရောက်​လာရင်​း​ဘဲရုပ်​ဆိုးမ​လေးအဖွဲ့မှာ ဝင်​ပါရင်​း...ဟွမ်​ကျန်​နဲ့ ရင်​းနှီးဖို့ဖြစ်​လာတဲ့အခါ...​အတ္တကြီးတဲ့ ဟွမ်​ကျန်​့တစ်​​ယောက်​​ပြောင်​းလဲသွားမှာလား...ကျူကျူနဲ့ဟွမ်​ကျန်​ကြားကအချစ်​​တွေဘယ်​လို​ပေါက်​ဖွားလာမှာလဲ...ဇာတ်​ကားတစ်​ခုလုံးကို စိတ်​ဝင်​စားဖွယ်​ကြည်​့ရှုရမှာပါ Translated & Review By Phyo ZawEncoded By LK
movie

Nuts ( 2018 )

2018
Sunny: Our Hearts Beat Together ( 2018 ) 6.8
Sunny: Our Hearts Beat Together ( 2018 ) IMDb Rate 6.8 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်တစ်ချိန်က ညီအစ်မအရင်းတွေလို ညီအစ်ကို အရင်းတွေလို ချစ်ကြခင်ကြပြီး...အခုတော့ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေ ရှိကြလား..ရှိတယ်ဆိုရင်တော့ ဒီကားလေးကြည့်ပြီးတာနဲ့ ချက်ချင်း ဆက်သွယ်မိကြမယ်ထင်ပါရဲ့အာဘဲ နာမိဆိုတဲ့ အမျိုးသမီးတစ်ယောက် မိခင်ကြီးဆေးရုံတက်လူနာသတင်းမေးရင်း အနှစ် ၂၀ လောက် အဆက်အသွယ်ပြတ်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကို ကင်ဆာဝေဒနာသည်အဖြစ်မြင်တွေ့လိုက်ရပြီးနောက်... မိတ်တွေဟောင်းတွေကို ရှာဖို့ ဖြစ်လာပါတော့တယ်...ဒီလိုနဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ကိုရှာနေတဲ့ အာဘဲ နာမိ သူငယ်ချင်းတွေအကုန်လုံးကို ရှာတွေ့ပါ့မလား..မတွေ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ ဘာတွေပြောင်းလဲကုန်ကြပြီလဲ...ဘယ်လိုရသတွေ ပေးနိုင်မယ်ဆိုတဲ့ အဖြေကို ဇာတ်ကားလေးထဲမှာ ရှာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... Translated & Review By Chu ChuEncoded By LK
movie

Sunny: Our Hearts Beat Together ( 2018 )

2018
Homestay (2018) 7.7
Homestay (2018) Homestay (2018) တဲ့ ထိုင်းကားလေး။ပုံမှန်ထိုင်းကားဆိုကြည့်မရတတ်တဲ့ ကျွန်တော် ဒီကားကိုကြည့်ပြီး တော်တော်ကြွေသွားမိတယ်။ဒီကားလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ၂ နာရီကြာတယ်ဆိုပေမဲ့ ပျင်းစရာမရှိတဲ့ ဇာတ်ကားပါ။Draman, Fantasy , Thriller ဆိုတဲ့ ဇာတ်ကားအမျိုးအစားဆိုတဲ့အတိုင်း Drama လိုရိုပြီး Fantasy လို ထူးခြားတာတွေလည်းတွေ့ရပြီး Thriller ဆိုတဲ့အတိုင်း တစ်ချက်တစ်ချက် ရင်တုန်စရာလေးတွေပါ ထည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ဆောင်ဖြစ်သူက လတ်တလော ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ မင်ဆိုတဲ့ အထက်တန်းကျောင်းသားလေးရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာပါတယ်။သူ့ကို ကိုယ်စောင့်နတ် ဆိုတဲ့သူက ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ မင် ဘာလို့ကိုယ့်ကိုကိုယ် သတ်သေခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ရက်တစ်ရာအတွင်းမှာ ရှာခိုင်းပါတယ်။ရှာလို့တွေ့ခဲ့ရင် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာဖြစ်ပြီး မရှာနိုင်ရင်တော့ ဘယ်လိုမှပြန်ဝင်စားလို့မရတဲ့ဘဝကို ရောက်သွားမှာပါလို့ပြောပါတယ်။မင်ရဲ့ ခန္ဓာကိုယ်ကို ရထားတဲ့သူ မင်ဘာလို့ ကိုယ့်ကိုကိုယ်သတ်သေရလဲဆိုတာကို ...
movie

Homestay (2018)

2018
The Tale(2018) 7.3
The Tale(2018)  The Tale (2018)IMDb....7.3ဒီတစ်ခေါက်တော့Rating မြင့်မြင့်ဇာတ်လမ်းကောင်းလေးတွေကိုကြည့်ရှုချင်ကြတဲ့Channel Myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်တာကတော့The Tale (2018) ကားလေးပါ။Imdb Rating 7.3/10 Rotten Tomatoes 99% တောင်ရရှိထားတာပါ။HBO filmsကနေထုတ်လုပ်ရိုက်ကူးခထားတဲ့ဒီကားလေးဟာဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံထားပါတယ်။Nominations တွေလဲအများကြီးဝင်ထားတာမလို့အထွေအထူးမညွှန်းတော့ပဲဇာတ်လမ်းကိုပဲညွှန်းပါတော့မယ်။အသက်၄၈နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဂျနီဖာဖောက်စ်ဟာအောင်မြင်တဲ့သတင်းသမား၊ပါမောက္ခတစ်ဦးဖြစ်သလိုချစ်ရတဲ့ချစ်သူနဲ့အတူတူဘဝကိုအောင်မြင်ပျော်ရွှင်စွာဖြတ်သန်းနေတဲ့အမျိုးသမီးတစ်ဦးပါ။တစ်နေ့မှာတော့မိခင်ဖြစ်သူဆီကမထင်မှတ်ပဲရောက်လာတဲ့ဖုန်းမက်ဆေ့တွေကနေဒီဇာတ်လမ်းဟာစတင်ခဲ့ပါတယ်။ဂျနီဖာအသက်၁၃နှစ်ကရေးထားခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုအမေဖြစ်သူကတွေ့ရှိသွားတာပါ။အဲဒီစာမှာပါတဲ့အကြောင်းအရာတွေအရငယ်စဉ်ကသူရင်းနှီးကျွမ်းဝင်ခဲ့တဲ့မစ္စဂျီနဲ့ဘီလ်ကိုပြန်ရှာဖွေဖို့အကြောင်းဖန်လာပါတော့တယ်။၁၃နှစ်အရွယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာသူမသိလိုက်ခင်မှာပဲသူ့အပေါ်ကိုသက်ရောက်ရင်းအသက်၄၈အရွယ်ရောက်ချိန်မှာတော့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါပြီ။ရှာဖွေရင်းနဲ့မှသူကိုယ်တိုင်မေ့လျော့ထားခဲ့တဲ့ဇာတ်လမ်းတွေကိုမှတ်မိသိရှိလာချိန်မှာတော့သူမဘာဆက်လုပ်မယ်။ဘယ်လိုဖြေရှင်းမယ်ဆိုတာစိတ်ဝင်စားစရာပါ။ဒီကားကိုဘာကားရယ်လို့ခေါင်းစဉ်တပ်လိုက်မှာစိုးရိမ်မိတာကြောင့်အညွှန်းတောင်မရေးချင်ခဲ့ပါဘူး။မဖြစ်မနေရေးလာရတော့လဲအတတ်နိုင်ဆုံးအကျဉ်းချုံးထားတဲ့အတွက်အကျယ်တဝင့်ကိုတော့ဇာတ်လမ်းထဲမှာသာကြည့်ရှုခံစားဖို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းနာမည်ကတော့The Tale (2018)ပါ။Channel Myanmarမှတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...File Size : (1.1 GB) and (429 MB) Quality : Blu-Ray 720p, Format…mp4 Duration…01:54:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie

The Tale(2018)

2018
Two Tails (2018) 5.5
Two Tails (2018) ဒီကာတွန်းကားလေးကတော့ ဂြိုဟ်သားတစ်စု ကမ္ဘာမြေပေါ်ကို စွမ်းအင်အရင်းအမြစ်တစ်ခုရှာဖွေဖို့ ရောက်လာရင်း ကိစ္စပေါင်းစုံ ကြုံရတဲ့အကြောင်းကိုချစ်စဖွယ်ရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်မက်စ်ဆိုတဲ့ကြောင်လေးက အင်မတန်မှကို နာမည်ကြီးချင်တဲ့ကြောင်လေးပါအဆိုကိုလည်းအင်မတန်ဝါသနာပါပါသေးတယ်ဒါပေမယ့်လည်း သူသီချင်းဆိုရင် ကားပေါ်က ကန်ချတဲ့သူက ကန်ချ၊နားပိတ်ထားတဲ့သူကပိတ်ထား ထွက်ပြေးတဲ့သူကပြေး ဖြစ်ရလောက်တဲ့အထိသီချင်းဆိုကောင်းသူပါ ဘော့ကတော့ သူ့သူငယ်ချင်းဖျံလေးပါတောအုပ်ထဲမှာအလုပ်အကြိုးစားဆုံးဖျံလေးပါပဲသူတို့နှစ်ယောက်အေးရာအေးကြောင်း နေလာရင်းနဲ့ တစ်ရက်မှာတော့သူတို့နားကို ပန်းကန်ပြားပျံကြီး ပျက်ကျလာပါတော့တယ်ဂြိုဟ်သားလေးတွေက ခင်မင်နှစ်လိုဖွယ်ရှိပေမယ့်သူတို့နောက်ကိုလိုက်လာတဲ့ တစ်ဖွဲ့ကတော့ ရန်လိုတာမှ အတိုင်းထက်အလွန်ပါ.ရောက်လာတာနဲ့အကုန်လျှောက်ဖမ်းရင်း မက်စ်နဲ့သူငယ်ချင်းတွေပါပါသွားတဲ့အခါမှာတော့ မက်စ်ခမျာ ပြန်လည်ကယ်တင်ဖို့လုပ်ရပါတော့တယ်ဒီကြားထဲမှာ ဂြိုဟ်သားတွေကိုဖမ်းချင်နေတဲ့ညီအစ်ကိုနှစ်ယောက်ကိုလည်း ရှောင်ရပါသေးတယ်နောက်ဆုံး မက်စ်ဘယ်လိုဖြေရှင်းလိုက်နိုင်မလဲဆိုတာ ပိတ်ကားထက်မှာဆက်လက်ကြည့်ရှုကြပါစို့ မတူညီပေမယ့် ကွာခြားပေမယ့်သူငယ်ချင်းတွေအဖြစ်ရပ်တည်နိုင်ပြီး သူငယ်ချင်းအတွက်ဆိုအသက်ပဲပေးရ ပေးရ ဆိုတဲ့ သံယောဇဉ်တွေကိုလည်းဒီဇာတ်ကားလေးထဲမှာ ...
movie

Two Tails (2018)

2018
Kamen Rider Heisei Generations FOREVER (2018) 7.5
Kamen Rider Heisei Generations FOREVER (2018) Rating 7.5 ရရှိထားတဲ့ ကားဖြစ်ပါတယ်...Kamen Rider : Heisei Generation Foreverဟေးဆေး'ဂျင်း'နရေးရှင်း ဖော်အဲဗား ရီဗျုးလုပ်ရမယ်ဆိုရင်ဖြင့်ဇာတ်လမ်းကဒီလို Tid ဆိုတဲ့ Time jacker ဘဲကြီးက Kuuga ကနေစပြီးဟေးဆေးရိုက်ဒါတွေရဲ့သမိုင်းကိုဖျောက်ဖို့ကြိုးစားတယ်။အဲ့ဒီတော့ ခါမန်းလိုက်ဒါတွေဆိုတာက အခုလောကမှာလို တိုကုအစီအစဉ်သက်သက်ဖြစ်ကုန်တယ်။ဒါပေမဲ့ အဲ့ဒါကို ပြန်ဖြေနိုင်မယ့်ကလေးတယောက်ရှိတယ်...အဲဒီကလေးကို ရှင်ဂိုလို့ခေါ်တယ်...သူက ရိယောတာ့ရိုး(Ryotarou)လိုပဲ ဗဟိုမှတ်(Singular point) ..အဲ့ကလေးမှတ်ဉာဏ်ထဲမှာ ခါမန်းလိုက်ဒါတွေကိုမှတ်မိနေရင် Tid က သမိုင်းဖျောက်လို့မရဘူး။ဘာလို့ဆိုတော့ ဗဟိုမှတ် ကောင်ဆိုးလေးဒွေက အချိန်စက်ဝန်းရိုက်ခတ်မှုထဲကလွတ်နေကြလို့။ဒီတော့ဘာလုပ်သလဲ... Kuuga မပေါ်လာခင်အချိန်ကိုပြန်သွားပြီး အဲ့ကလေးကိုဖမ်းသွားတယ်...ခူးဂါကိုမမြင်ဖူးလိုက်အောင်။ဒါပေမဲ့ မပြီးသေးဘူး..သမိုင်းပြောင်းသွားပြီး ခါမန်းလိုက်ဒါဆိုတာ တိုကုအစီအစဉ်အဖြစ်ပြောင်းသွားတဲ့နောက်Ataru ဆိုတဲ့ တိုကုအိုတဘဲလေးတကောင်ရှိလာတယ်။အဲ့ကောင်လေးဆီကို အီမာဂျင်တကောင်ရောက်လာပြီး ဆုတခုတောင်းခိုင်းတယ်......
movie

Kamen Rider Heisei Generations FOREVER (2018)

2018
The Hummingbird Project (2018) 6.5
The Hummingbird Project (2018) ငှက်ပိတုန်းတစ်ကောင်ရဲ့ အတောင်ပံ တစ်ချက်ခတ်ဖို့အချိန်က ၁ စက္ကန့်ရဲ့ ၁၀၀၀ ပုံ ၁၆ ပုံဖြစ်တဲ့ ၁၆ မီလီစက္ကန့်ပဲကြာပါတယ်။ဒီအချိန်လေးက လူတစ်ယောက်ရဲ့ ဘဝဖြစ်ခဲ့တယ်လို့ ပြောရင် ခင်ဗျားတို့ယုံကြမလား။ရေပိုင်ပြင်သူ တစ်ဖြစ်လဲ စတော့ရှယ်ယာ ရောင်းဝယ်တဲ့ ကုမ္ပဏီတစ်ခုက ဝန်ထမ်းလေး Vincent Zaleski ရဲ့ ဘဝကတော့ ဒီအချိန် ၁၆ မီလီစက္ကန့်လေးပေါ်မူတည်နေပါတယ်။သူအလုပ်လုပ်နေတဲ့ကုမ္ပဏီက နာနိုစက္ကန့်စီးပွားရေးလို့ခေါ်တဲ့ အမြန်နှုန်းကို အဓိကထားပြီး စတော့တွေကို ရောင်းဝယ်နေတဲ့ ကုမ္ပဏီတစ်ခုပါ။Stock Exchange နှစ်ခုကြားက အချက်အလက်တွေကို အမြန်ဆုံးရယူပြီး Stock တွေကို အမြတ်ရအောင် ရောင်းဝယ်နေတဲ့ သူတို့လုပ်ငန်းမှာ အချက်အလက်ကူးပြောင်းနှုန်းက အရေးအကြီးဆုံးဖြစ်ပါတယ်။တစ်မီလီစက္ကန့်ဆိုရင်တောင်မှပေါ့။တစ်နေ့မှာ Vincent က အလုပ်ကထွက်ပြီး အစ်ကိုတဝမ်းကွဲဖြစ်သူ ဥာဏ်ကြီးရှင် Anton Zaleski ရဲ့အကူအညီနဲ့ အမြန်ဆုံး လိုင်းတစ်ခုဆွဲဖို့စီစဉ်ကြပါတယ်။...
movie

The Hummingbird Project (2018)

2018
Tholi Prema (2018) 7.3
Tholi Prema (2018) Tholi Prema (2018) IMDb Rating - 7.3/10________Google Users - 94 %  ဒီတစ်ပတ်မှာတော့ တေလဂူး အချစ်ကားလေးတွေ ကြည့်ပြီး ရိုချင်ကြတယ်ဆိုတဲ့ တေလဂူးပရိသတ်တွေအတွက် အချစ်ဟာသ ဖန်စီကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၈ လောက်ကတည်းက အကြည်တက်ခဲ့ပေမဲ့ စာတန်းထိုးဖိုင် မပါခဲ့ဘဲ ခု တမီးလ်ဗားရှင်းတက်တော့မှ စာဖိုင်မှန် ရခဲ့ပါတယ်။ ခု ကျွန်တော်တို့ တင်ပေးလိုက်တာကတော့ မူရင်း အသံဖြစ်တဲ့ တေလဂူးအသံနဲ့ပါ။ မင်းသားကတော့ တောင်ပိုင်းပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ မင်းသားချော ဗာရွန် ပါ။ မင်းသမီးကတော့ ကျွန်တော့်ရည်းစားသစ် ရာရှီခန်းနားပါ။ ရိုမန့်စ်ကားတွေ ကြည့်ရင် မင်းသားမင်းသမီးချောဖို့လည်း လိုသေးတယ်မလား။ ဇာတ်လမ်းအကျဉ်း ----------- -------------- ဇာတ်ကားနာမည်က မြန်မာလို 'အချစ်ဦး'ပါတဲ့ဗျာ။ အချစ်ဦးဆိုတာကလည်း... ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။ ယောကျ်ားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။ သူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ...
movie

Tholi Prema (2018)

2018
The Cold Blue (2019) 8.1
The Cold Blue (2019) မှတ်တမ်းရုပ်ရှင် ပရိတ်သတ်တွေအတွက် ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ကူးထားတဲ့ ကားတွေက မရှားပါဘူး။ ဒါပေမဲ့ The Cold Blue ကတော့ထူးခြားမှုတွေ ရှိနေပါတယ်။ သူက နာမည်ကြီး မှတ်တမ်းရုပ်ရှင် The Memphis Belle ကို ပြန်လည်ပြင်ဆင် တည်းဖြတ်ထားတာ ဖြစ်ပါတယ်။ ဟောလိဝုလောကမှာ လေးစားရတဲ့ ဒါရိုက်တာ ဟောင်းကြီး Willian Wyler ဟာ ၁၉၄၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ လေတပ်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်တိုင်လိုက်ပါသွားပြီးတော့ မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ ကံဆိုးစွားနဲ့ ရိုက်ကူးရေး အဖွဲ့ဝင် သုံးယောက်ထဲ့က တစ်ယောက်က လေယာဉ်ပျက်ကျတဲ့ အထဲမှာ ပါသွားပါတယ်။ အဲ့ဒီလို အသက်စွန့်ပြီး ရိုက်ကူးခဲ့တဲ့အတွက် ရှားပါးပြီး မြင်ရခဲတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ကို The Memphus Belle လို့ခေါ်ပါတယ်။ ဒုတိယကမ္ဘာစစ်အကြောင်း ပြောကြတဲ့ အခါ မြေပြင်ပေါ်က စစ်သားတွေအကြောင်းသာ အပြောများကြပါတယ်။ ဗုံးကျဲလေယာဉ်မှူးတွေ အကြောင်းကို ကျနော်တို့ သိပ်မသိကြပါဘူး။ The Cold Blue ထဲမှာတော့ အဲ့ဒါတွေကို မြင်ရကြားရမှာ ဖြစ်တဲ့အတွက် လူတိုင်းကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Htet Wai ...
movie

The Cold Blue (2019)

2018
The Blizzard ( 2018 ) 4.9
The Blizzard ( 2018 ) အက်ရှင်ဇာတ်လမ်းတွေကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက်ဇာတ်ကားကောင်းလေးတခုကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်​လမ်းအကျဉ်းကစုန့်​​ချောင်​နဲ့ ဟိုင်​ယန်​နဲ့မာထျန်းချိန်​တို့ဟာရဲသင်​တန်း​ကျောင်းမှာအရမ်းချစ်​ကြတဲ့​ဘော်​ဒါ​တွေပါတစ်​​နေ့မှာဟိုင်​ယန်​ကသူ့ရဲ့အ​ဖေသတ်​ခံရတဲ့​နေရာမှာစုန့်​​ချောင်​ကို​တွေ့လိုက်​ပြီးလွတ်​​မြောက်​သွားတဲ့အချိန်​မှာ သူ့အ​ဖေကိုသတ်​သွားတဲ့သူအဖြစ်​မုန်းတီး​နေပါ​တော့တယ်​...ဒါ​တွေအားလုံးကိုကြိုးကိုင်​​နေတဲ့ဟွမ့်​ယွီလုပ်​ငန်းစုရဲ့ပြစ်​မှု​တွေကိုဆက်​ပြီး​ဖော်​ထုတ်​နိုင်​ပါ့မလား..ဘယ်​လိုလှည့်​ကွက်​မျိုး​တွေရှိ​နေတာလဲ..ဆက်​လက်​ခံစားကြည့်​ရှုပါ....အက်​ရှင်​ခန်း​တွေလည်းပါတာမလို့အက်​ရှင်​ကြိုက်​သူ​တွေအတွက်​​တော့ကြည့်​​ကောင်းမဲ့ဇာတ်​ကားတစ်​ပုဒ်​ပါပဲ Translated & Review By Phyo Zaw
movie

The Blizzard ( 2018 )

2018
The Head Hunter (2018) 5.1
The Head Hunter (2018) ဒီရုပ်ရှင်ကားက နည်းနည်းတော့ ဆန်းတယ် တစ်ကားလုံးမှာ သရုပ်ဆောင် ၂ ယောက်ပဲ ပါတယ် ဟုတ်ပါတယ် .... ပြီးတော့ တစ်ကားလုံး မှာ စကားပြောတဲ့အကြိမ် ၅၀ ၀န်းကျင်လောက်ပဲ ရှိပါတယ်... ဒါအမှန်တရားပါ... ရုပ်ရှင်တစ်ကား ဘယ်လိုဖြစ်လာပါလိမ့်.... ဇတ်လမ်းအစမှာတော့ တိုင်းပြည် တစ်ခုရဲ့ နောက်ဆုံး ကျန်ခဲ့တဲ့ သူရဲကောင်းဟာ သူ့ သမီးလေးကို ကြောက်မက်ဖွယ်ကောင်းတဲ့ အကောင်ကြီး တစ်ကောင် ရန်ကနေ ကာကွယ်တာ စပါတယ်... အဲ့ဒီနောက်မှာလဲ တောထဲက မသေနိုင်တဲ့ အကောင်ကြီးကို ရင်ဆိုင်တိုက်ခိုက်ဖို့ သူ့မှာ အမြဲ ပြင်ဆင်နေရပါတယ်... အရမ်းကို လိုတိုရှင်းတဲ့ ရုပ်ရှင်ကားပါ သည်းထိတ်ရင်ဖိုလို့လဲ ပြောလို့ရတယ် သရဲကားလို့လဲ ပြောလို့ရတယ်... သိချင်ရင်တော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ ရုပ်ရှင်ကားကို ညို့မျက်ဝန်း က ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့်မှ တင်ဆက်ထားပါတယ်
movie

The Head Hunter (2018)

2018
Happy as Lazzaro(2019) 7.7
Happy as Lazzaro(2019) Happy as Lazzaro(2019) IMDb.....7.7,,,,,,,Rotten...89% ရိုးလွန်းတော့ အ တယ်လို့ပြောလို့ရတဲ့ လာ ဇာရိုရဲ့ အကြောင်းကိုကိုပြထားတဲ့ ၂၀၁၈ ထွက် အီတလီ Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါ။ အန်ဗျူလတ်တာလို့ ခေါ် တဲ့ ရွာလေးမှာ ဆေးရွက်ကြီးစိုက်ပြီး အေးအေးချမ်းချမ်းနေကြတဲ့သူတွေရှိ ပါတယ်။ သူတို့ရဲ့နေရာက ခေါင်လွန်းလို့ အချိန်တော်တော်ကြာကြာ အပြင်လူတွေနဲ့မထိတွေ့ဖြ စ်ကြပါဘူး။ သူတို့တွေ တစ်နှစ်ပတ်လုံးအလုပ်လုပ်နေကြပေမဲ့ လုပ်ခလစာ တစ်ပြားတစ်ချပ်မှမရပါ ဘူး။ မြို့စားလောက် အဆင့်ရှိတဲ့ မာကီးရာထူးကို ရရှိထားတဲ့ မာကီးကတော်ကို အကြွေးဆပ်နေရ ပါတယ်။ လာဇာရိုကတော့ အဲဒီရွာက ကိုပေါလို့ ပြောလို့ရတဲ့ ခပ်တုံးတုံး ခပ်ရိုးရိုး ကောင်လေးတစ်ေ ယာက်ဖြစ်ပါတယ်။ ခိုင်းသမျှကို မငြီးမငြူလုပ်တတ်ပြီး သူ့ဆိုရင် ခွဲခြား ဆက်ဆံတတ်ြ ကပေမဲ့ သူ့ကို ခွဲခြားဆက်ဆံနေတယ်လို့ မခံစားတတ်တဲ့သူလည်းဖြ စ်ပါတယ်။ အဲဒီလိုခွဲခြားဆက်ဆံတယ်ဆိုတာလည်း သိပုံမပေါ်ပါဘူး။ တစ်နေ့မှာ မာကီးကတော် ရဲ့သား မာကီးလောင်းလျာလေး တန်ခရေဒီ က အန်ဗျူလတ်တာကိုရောက်လာပါတယ်။ သူနဲ့ လာဇာရိုနဲ့ သိကျွမ်းသွားပါတယ်။ တန်ခရေဒီက ပြန်ပေးဆွဲခံရသလိုလုပ်ဇာတ်ဖန်တီးလိုက်တဲ့ အချိန်မှာ အစိုးရိမ်လွန်နေတဲ့ တန်ခရေဒီရဲ့ ဇနီးလောင်း ...
movie

Happy as Lazzaro(2019)

2018
The Rope Curse ( 2018 ) 5.2
The Rope Curse ( 2018 ) ဒီကားလေးဟာimdb5.4ရရှိထားတဲ့ ခြောက်ခြားဖွယ်သရဲဇာတ်ကားကောင်းလေးဖြစ်ပါတယ်..ဒီကားမှာ အကြောင်းအရင်းမသိရပဲ မင်္ဂလာဆောင်ခါနီးသတို့သမီးတစ်ယောက်ကြိုးဆွဲချသတ်သေသွားသွားပါတယ်..ဒီလိုမျိုးဖြစ်ရပ်မှာကျန်ရစ်ခဲ့တဲ့ကြိုးမှာကျိန်စာအဖြစ်ကျန်ရစ်ပြီး နတ်ဆိုးဝိညာဉ်အဖြစ်စွမ်းအားကြီးလာနိုင်တဲ့အတွက်ဖုကျန်းဒေသမှာ ကြိုးအစီအရင်အခမ်းအနားကိုမှော်ဆရာဦးဆောင်ပြီးကျင်းပလေ့ရှိပါတယ်..ဒီအခမ်းအနားအကြောင်းကိုရိုက်ကူးပြီး liveထုတ်လွှင့်ဖို့သွားတဲ့ကျားဝေနဲ့အားကွေ့တို့တွေ ဘယ်လိုထိတ်လန့်ခြောက်ခြားဖွယ်တွေကြုံရမလဲ...သူတို့ခေါ်ထားတဲ့အစီအစဉ်မှူးမိန်းကလေးကလည်းကြိုးဆွဲချသတ်သေသွားပြန်တဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ...ကျားဝေရဲ့ရည်းစားစူးရီပါရောက်လာပြီး ဒီကြိုးဆွဲချသေသွားတဲ့သူတွေကသူ့အထက်တန်းကျောင်းကဘော်ဒါတွေမှန်းသိသွားတဲ့အခါ ...ဒီအဖြစ်အပျက်တွေက သူမနဲ့ဘယ်လိုဆက်နွယ်မှုတွေရှိနေတာလဲ.......ဇာတ်လမ်းတစ်ခုလုံးကိုခြောက်ခြားဖွယ် စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ် Quality : WEB-DL 720pFormat : mp4During : 106 minSubtitle : Myanmar Subtitle ( hardsub )Translated  By Phyo ZawEncoded By LK
movie

The Rope Curse ( 2018 )

2018
Starfish (2018) 5.2
Starfish (2018) အော်ဘရေဆိုတဲ့ကောင်မလေးဟာ ကျောင်းမှာရော မိသားစုမှာပါမထင်မရှားကောင်မလေးတစ်ယောက်ဖြစ်ပါတယ်သူ့နေ့စဉ်ဘ၀တွေကို ရိုးရိုးရှင်းရှင်းဖြတ်သန်းလာရင်းနဲ့သူငယ်ချင်းဖြစ်သူ ဂရေ့စ် ဆုံးပါးသွားပြီတဲ့နောက်မှာတော့ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်နေ့စဉ်နေထိုင်မှုမှာအသုံးပြုနေတဲ့ အသံလှိုင်းတွေ ရေဒီယိုလှိုင်းတွေကြားထဲမှာမြှုပ်နှံထည့်သွင်းထားတဲ့ အချက်ပြမှုတစ်ခုနောက်ကိုသူသူ့ငယ်ချင်းဖြစ်သူတစ်သိုက်ကလိုက်နေခဲ့ကြတာပါကမ္ဘာကြီးရဲ့ပျက်ကပ် နီးကပ်လာပြီးဒီလိုတွေဖြစ်ရတဲ့ အကြောင်းအရင်း ဗဟိုချက်မှာ သူ့ကိုယ်သူ ရောက်မှန်းမသိရောက်ရှိနေကြောင်း သူအံ့အားတသင့်နဲ့ သိရှိလိုက်ရပါတယ်သူ့မှာရှိတာဆိုလို့ ဝေါ်ကီတော်ကီတစ်ခုနဲ့ တစ်ဖက်ကဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ပါပဲတဖက်ကခိုင်းတာတွေကို လိုက်လုပ်နေရင်းနဲ့ အချက်ပြမှုတွေကိုချိတ်ဆက်နိုင်စွမ်းရှိတဲ့လူက သူတစ်ယောက်တည်းပဲ ရှိတယ်ဆိုတာသူသဘောပေါက်သွားပါတယ်သူအကုန်ချိတ်ဆက်နိုင်ပါ့မလားနောက်ကွယ်က အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ပါ့မလားကမ္ဘာကြီးကိုကယ်တင်နိုင်ပါ့မလား စီစဉ်ထားသလိုတွေ ဖြစ်လာပါ့မလား ဆိုတာဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ် File Size : (940 MB) and (305 MB) Quality : WebDL 720p , 360p Running Time : ...
movie

Starfish (2018)

2018
Stockholm (2018) 6.3
Stockholm (2018) Stockholm Syndrom ဆိုတာဟာ ကိုယ့်ကိုဖမ်းချုပ်ထားတဲ့သူကို ခင်မင်ယုံကြည်လာပြီးသဘောကျလာမိတာမျိုးကိုခေါ်ပါတယ်များသောအားဖြင့်သော ပြန်ပေးဆွဲခံရသူများနဲ့ ပြန်ပေးဆွဲသူတို့အကြားမှာ ဖြစ်တတ်ပါတယ်ပြန်ပေးဆွဲခံရတဲ့သူတွေက ပြန်ပေးဆွဲတဲ့သူက သူတို့အပေါ်ကိုနည်းနည်းလေးကောင်းတာလေးလုပ်ပေးလိုက်ရင်သူတို့ရဲ့ကျေးဇူးရှင်ကြီးအလားသတ်မှတ်မိပြီး အကောင်းမြင်လာကြပါတော့တယ်ဒီ "Stockholm" ဆိုတဲ့ဇာတ်ကားကို Stockholm Syndrom အစပျိုးစေခဲ့တဲ့၁၉၇၃ခုနှစ်က Stockholm မြို့မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြတိုက်သည့်ဖြစ်ရပ်ကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းထဲမှာ လားစ်ဟာ ဘဏ်ကိုဓားပြ၀င်တိုက်လိုက်ပြီးလူအချို့ကိုရဲတွေနဲ့ညှိနှိုင်းရာမှာအသုံးချဖို့အတွက် ဓားစာခံတွေအဖြစ်ဖမ်းထားခဲ့ပါတယ်အဲ့လိုနဲ့ပဲ Stockholm Syndrom ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာနဲ့အဲ့ Syndrom ကဘယ်လိုဘယ်ပုံဆိုတာကို ဒီဇာတ်ကားလေးကြည့်ရှုရင်းနဲ့ပဲ... File Size : (859 MB) and (314 MB) Quality : WebDL 720p , 480p Running Time : 1hr 32min Format : Mp4 Genre : Comedy , Crime ...
movie

Stockholm (2018)

2018
Laplace’s Witch (2018) 5.4
Laplace’s Witch (2018) ရေပူစမ်းမြို့လေးရဲ့တစ်နေရာမှာ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ်ငွေ့ကြောင့်ထူးဆန်းစွာ သေဆုံးနေတဲ့သူတစ်ယောက်ကို စစ်ဆေးရာမှ လူသတ်မှုလား..မတော်တဆမှုလား ဝေခွဲနေကြချိန်.. နောက်တစ်နေရာမှာလည်းအလားတူသေဆုံးမှုတစ်ခုကြောင့် စိတ်ဝင်စားစရာဇာတ်လမ်းတစ်ခုဖြစ်ခဲ့တယ်…တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်တဲ့ ပရော်ဖက်ဆာအာဝါအိရဲ့ထင်မြင်ချက်အရ လူတစ်ယောက်ကိုသတ်ဖို့အတွက်ဓာတ်ငွေ့ကိုမြေအနေအထားမကောင်းတဲ့ဆီကိုလူသတ်ဖို့ရည်ရွယ်ချက်တစ်ခုနဲ့ ယူဆောင်သွားဖို့မှာမဖြစ်နိုင်ဘူးကောက်ချက်ချထားတယ်ဒါကိုလက်မခံနိုင်တဲ့စုံထောက်ကြီးက တစ်ယောက်နဲ့တစ်ယောက်မသိတဲ့မတူညီတဲ့နေရာကတူညီတဲ့သေဆုံးပုံနဲ့လူနှစ်ယောက်ရဲ့သမိုင်းကို ပြန်လှန်နောက်ကြောင်းလိုက်ရာမှ....H2S ကြောင့်ပျက်စီးခဲ့ရတဲ့မိသားစုတစ်စုအကြောင်းကိုအစကောက်မိတယ်...တစ်ဖက်မှာလဲပရော်ဖက်ဆာအာဝါအိလည်း ကိုယ့်ကိုယ်ကို Laplace (သင်္ချာပညာရှင်) ရဲ့ စုန်းမအဖြစ်ခံယူထားတဲ့ သဘာဝတရားကိုကြိုတင်ခန့်မှန်းနိုင်စွမ်းရှိတဲ့မာဒိုကာဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံနေပါတယ်..ပရော်ဖက်ဆာနဲ့တွေ့ဆုံနေတဲ့မာဒိုကာအမည်တွင်တဲ့မိန်းကလေးနဲ စုံထောက်ကြီးအစရထားတဲ့မိသားစုထဲကရှင်ကျန်ရစ်သူခန်တိုတို့မှာ တူညီတဲ့စွမ်းအင်ရှိနေတဲ့အခါ....မာဒိုကာကခန်တို့ကိုကူညီချင်တဲ့စေတနာနဲ့ဘာကြောင့်ပရော်ဖက်ဆာအကူအညီကိုတောင်းပြီးလိုက်လံရှာဖွေနေတာလဲဆိုတာတွေကိုသိရဖို့အတွက်...ဒီဇာတ်ကားလေးထဲမှာသူတို့နဲ့အတူလိုက်ပါခံစားကြည့်ကြစို့နော်.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Htoo Htoo Ka Joe ပါ) File Size : (950 MB) and (450 MB) Quality : Blu-Ray 720p Running Time : 1h 35min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-WiK Translated by Htoo Htoo Ka ...
movie

Laplace’s Witch (2018)

2018
Sauvage(2018) 7.0
Sauvage(2018) Sauvage(2018)IMDb....7.0ဒီကားက Gay တစ်ယောက်ရဲ့ ညဥ့်နက်ချိန်တွေဖြတ်သန်းရတဲ့ အကြောင်းကို အဓိကရိုက်ပြထားပါတယ်...... ပြောရရင် ညဥ့်ငှက် Gay ကောင်လေးတစ်ယောက်ဆိုပါတော့..... ဒါဆိုရင်တော့ သူလှုပ်ရှားနေတဲ့ ပုံရိပ်တွေကို ရိပ်မိကြမယ်ထင်ပါရဲ့...... သူပျံသန်းတဲ့ ပတ်ဝန်းကျင်ဟာ လူတန်းစားအစုံပါပဲ... သူတို့ တဏှာစိတ်ပြေတာနဲ့ အမှိုက်တစ်စလိုလွှင့်ပစ်တတ်ကြသလို တစ်ခါတစ်ရံ လူသားမဆန်စွာ နှိပ်စက်တတ်ကြပါသေးတယ်.... ပေးဆပ်ရတာနဲ့မတန်တဲ့ ငွေအကြွေတစ်ချို့ကို မျက်ရည်သုတ်ပြီး ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ကျောခင်းစရာလိုက်ရှာရတဲ့ သူ့အဖြစ်က တကယ့်ကိုသနားစရာပါပဲ.... ကိုင်းခံစားကြည့်လိုက်ပါဦး.... ဒီကားက 18+ အမျိုးအစားဖြစ်လို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်းပြောကြားပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်...      File Size : (900 MB) and (380 MB) Quality : WEB-DL 720p, Format…mp4 Duration…01:39:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
movie

Sauvage(2018)

2018