Channel Myanmar

2018

Dear Nathan: Hello Salma (2018) 7.1
Dear Nathan: Hello Salma (2018) Dear Nathan Hello Salma (2018)IMDb 7.1 လူငယ်သဘာဝကိုမှပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိရောက်အောင်ဆွဲဆောင်နိုင်မယ့် ဇာတ်ကားမျိုးရှာနေပါသလား ဆယ်ကျော်သက် vibe အထူးသဖြင့် ဆယ်တန်းကျောင်းသားဘဝကိုပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးနော်..မိန်းကလေးတွေကိုမလေးမစားပြောဆိုရင် အရမ်းမုန်းတဲ့ နသန်က ရန်ပွဲတိုင်းသူမပါမဖြစ်..သူ့ရည်းစားဆိုတာက တစ်ကျောင်းလုံးရဲ့ အဆင့်တစ်ဆယ်လ်မာ ဒီနှစ်ယောက်ကနားလည်မှုတွေနဲ့လက်တွဲခဲ့ကြတဲ့ချစ်သူတွေဒါပေမယ့် ပြဿနာတိုင်းကိုရန်ဖြစ်ပြီးဖြေရှင်းတတ်တဲ့ နသန့်အကျင့်ကိုတော့ | ဆယ်လ်ကနည်းနည်းလေးမှသဘောမကျဘူး ဒီလိုနဲ့ ရာထူးကြီးလူရဲ့သားက မိန်းကလေးတွေနဲ့ပတ်သက်ရင် အထိမခံရွှေပန်းကန် နသန်ကိုမှ သူ့ရည်းစားဆယ်လ်အကြောင်း သွားပုပ်လေလွင့်အပုပ်ချရာက ရန်ထဖြစ်ကြပါလေရော ဆရာက နသန်မမှားမှန်းသိပေမယ့်သူ့ရာထူးနဲ့ အကြပ်ကိုင်လာလေတော့ ခြေချုပ်မိနေတဲ့ဆရာတစ်ယောက် နသန့်ကိုကျောင်းနားခိုင်းပါတော့တယ်ဒီကိစ္စနဲ့ကတောက်ကဆဖြစ်ခဲ့ပြီး အတ္တကိုယ်စီရှေ့တန်းတင်ခဲ့ကြတဲ့ နသန်နဲ့ ဆယ်လ်တို့ရဲ့ ခံစားချက်အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် ကျီစယ်တတ်တဲ့ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ကြားထဲဘယ်သူဝင်လာမလဲ ဘယ်ရထားမှာလွဲခဲ့လဲမသိတဲ့သူတို့နှစ်ယောက် တစ်ဘူတာတည်းမှာပြန်ဆုံနိုင်ကြမှာလား ကျောင်းခန်းထဲမှာ ရည်းစားထားခဲ့ဖူးကြရင်တော့ ဒီကားလေးက အဲဒီခုနှစ်တွေဆီပြန်ရောက်အောင်ဆွဲခေါ်သွားမှာအမှန်ပါပဲ File size…1.5GB / 700MB Quality…1080p WEB DL / 720p  Format..mp4 Duration….1h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Dear Nathan: Hello Salma (2018)

2018
Ang Pambansang Third Wheel (2018) 6.7
Ang Pambansang Third Wheel (2018) Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie

Ang Pambansang Third Wheel (2018)

2018
Three Husbands (2018)
Three Husbands (2018) (18+)Three Husbands (2018)အင်တာပရိသတ်တွေကို ပိုအားထားလာတဲ့ Wong Kar Wai, Peter Chan ,Stanley Kwon, ဟောင်ကောင် Second New Wave ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Fruit Chanဟာ ဟောင်ကောင်အလုပ်သမားလူတန်းစားရဲ့ လူနေမှုဘ၀ကိုလည်း ထင်ဟပ် အပြင်းစားလည်းဆန်တဲ့ ရုပ်ရှင်တွေကို အရိုက်များတဲ့လူပါ။ 1997 Trilogy နဲ့ Prostitute Trilogy ဆိုပြီး Trilogy နှစ်ခုရိုက်ခဲ့ပြီး Three Husbands ကတော့ Prostitute Trilogyရဲ့ နောက်ဆုံးကားပါပဲ။Fruit Chanဟာ ၆၀ပြည့်နှစ်တွေက Nagisa Oshimaလို ဂျပန်ဒါရိုက်တာတွေရဲ့ လွှမ်းမိုးမှုခံရတဲ့ ဒါရိုက်တာဖြစ်ပြီး သူတို့ကို သဘောကျရတဲ့အကြောင်းရင်းက လှုမှုရေးပြဿနာတွေအကြောင်း သဘာ၀အကျဆုံး ရုပ်ရှင်တွေကို ရိုက်ပြခဲ့လို့လို့ဆိုပါတယ်။ သူ့ဟန်မှာလည်း ဒီအငွေ့အသက်ပါနေတာပါပဲ။Three Husbandsရဲ့ ဇာတ်လိုက်က boar peopleအနေနဲ့ ရှင်သန်ရင်း ပြည့်တန်ဆာလုပ်စားနေတဲ့ မိန်းကလေးတစ်ယောက်။ ပုံမှန် ပြည့်တန်ဆာကားတွေမှာတော့ ပြည့်တန်ဆာရဲ့အဖြစ်ကို သနားစရာကောင်းအောင် ရိုက်ပြကြတာများပေမဲ့ Three Husbandsမှာတော့ ...
movie

Three Husbands (2018)

2018
The Bad Seed (2018) 6.5
The Bad Seed (2018) Rating 6.1 ရှိတဲ့ Horror ဆန်ဆန်ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်....ဒေးဗစ်ဂရိုစ့်မန်းဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမ မရှိတော့ဘဲနဲ့သူ့သမီးလေးဖြစ်သူ အမ်မာဂရိုစ့်မန်းကိုစောင့်ရှောက်ပြီးနေထိုင်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့မှာတော့ အမ်မာ့ရဲ့ကျောင်းမှာကောင်လေးတစ်ယောက်ရေနစ်ပြီး သေဆုံးသွားခဲ့ပါတယ်...ထိုအဖြစ်အပျက်ကြောင့် ဒေးဗစ်ဟာ အမ်မာဝမ်းနည်းပူဆွေးနေမှာကိုစိုးရိမ်နေမိသော်လည်း အမ်မာမှာ သူထင်ထားသလိုမဟုတ်ဘဲနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေပါတယ်...ချောမောပြီးချစ်စဖွယ်ကောင်းလှတဲ့ အမ်မာဟာ တကယ်တော့ ဘယ်လိုလူမျိုးလဲ...သူ့ရဲ့အကျင့်စရိုက်အမှန်က ဘာလဲဆိုတာကိုဒီကားထဲမှာဆက်ပြီးကြည့်ရှုလိုက်ကြပါဦး.... File Size : (787 MB) and (226 MB) Quality : Wed DL 720p Running Time : 1hr 27 min Format : Mp4 Genre : Drama , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Pone Thone Encoded by Moe Myint Lwin 
movie

The Bad Seed (2018)

2018
The Predator (2018) 5.9
The Predator (2018) အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie

The Predator (2018)

2018
4K HEVC
Doraemon: Nobita’s Treasure Island (2018) 6.5
Doraemon: Nobita’s Treasure Island (2018) Doraemon: Nobita's Treasure Island (2018) ------------------------------------------------------------------- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Treasure Island (2018)

2018
Damascus Time 5.3
Damascus Time Damascus Time (2018)5 Wins & 5 Nominations၀၁၈မှာ ထွက်ရှိခဲ့ပြီး ဆု၃ဆုနဲ့ စကာတင် ၈နေရာအထိ ရခဲ့တဲ့ ပရိသတ်အကြိုက်တွေ့မယ့် အီရန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Sanction ရှိတဲ့နိုင်ငံဖြစ်တာကြောင့် Criticတွေ သိပ်အလေးပေးတာ မခံခဲ့ရပေမယ့် ပြည်တွင်းမှာတော့ အတော်လေးအောင်မြင်ခဲ့သလို အနုပညာတန်းလည်း မနိမ့်လှတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။၂၀၁၁ခုနှစ် ISISပြဿနာ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ကာလကို ဇာတ်အိမ်တည်ထားတာပဲ ဖြစ်ပါတယ်။ ISISတွေရဲ့ ကြီးစိုးမှုကြောင့် ဆီးရီးယားတစ်နိုင်ငံလုံး အကျပ်အတည်းကြုံတွေ့ကာ အကူအညီလိုအပ်နေချိန် အီရန်နိုင်ငံသားပိုင်းလော့ ၂ယောက်ဟာ Palmyra မြို့တွင်း ပိတ်မိနေတဲ့ ဆီးရီးယားပြည်သူတွေကို လေယာဉ်ဖြင့် ကယ်ထုတ်ဖို့ အကြောင်းဖန်လာပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ Palmyraမြို့တွင်းက ပျံထွက်လာချိန်အထိ အဆင်ပြေခဲ့ပေမယ့် ခရီးသည်တွေထဲမှာ မလိုလားအပ်တဲ့ဧည့်သည်တွေ ပါလာရာ...ဒီရုပ်ရှင်ဟာ အက်ရှင်ကားလို့ နာမည်တပ်ရပေမယ့် ဘာသာရေးဆိုင်ရာ အယူအဆတွေနဲ့ ယုံကြည်မှုတွေအကြောင်း အတော်လေးထည့်သွင်းထားသလို ကိုးကွယ်ရာခြင်းတူရင်တောင် ယုံကြည်မှုလွန်ကဲတဲ့ ပြဿနာက ဘယ်လောက်ထိ ဒုက္ခပေးနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ဘာသာရေးဆိုင်ရာ အသုံးတွေများပြီး မူရင်းအင်္ဂလိပ်စာဖိုင်မှာ လိုအပ်ချက်တချို့ ပါတာဖြစ်လို့ အတတ်နိုင်ဆုံး ...
movie

Damascus Time

2018
Johnny English Strikes Again (2018) 6.2
Johnny English Strikes Again (2018) IMDb Rating (6.2)ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ....။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo
movie

Johnny English Strikes Again (2018)

2018
4K HEVC BluRay
My Little Monster (2018) 5.9
My Little Monster (2018) My Little Monster (2018)~ MyDramaList - 7.8/10 ~ဂျပန်ပရိသတ်တွေ အတော်ရင်းနှီးလောက်မယ့် မင်းသား၊ မင်းသမီးတွေ ခေါင်းဆောင်ပါဝင်ထားတဲ့ ဂျပန်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Shizuku ဆိုတဲ့ကောင်မလေးရှိတယ်။ စာအရမ်းတော်တယ်။ အတန်းထဲမှာလည်း ထိပ်ဆုံး။ သူဟာ ပန်းခေတ်က လမင်းလေးပေါ့။ ကြယ်မြင်လမြင် လောကဓံတွေကိုလည်းမသိဘူး။ စာကလွဲ ဘာမှမသိတဲ့ သူ့ကမ္ဘာလေးဟာ ကျဉ်းကျဉ်းလေးပေါ့။ ‌သူ့ရဲ့ နေ့ရက်အချိန်အခါတွေကို ကျက်စရာ စာတွေကပဲ ကြီးစိုးထားခဲ့တယ်။ ဒီလိုနဲ့ တစ်ခုသောနေ့ကို ရောက်လာခဲ့တယ်။အဲဒီနေ့မှာ Shizuku ဟာ Haru လို့ခေါ်တဲ့ ပင်လယ်တစ်၀က် တောင်တန်းတစ်၀က် လူပေလူတေလေးနဲ့ ကံကြမ္မာမိုး‌မည်းတွေရွာနေတုန်း ချစ်ခြင်းတရားမှတ်တိုင်ကလေးမှာ အတူတူထိုင်ပြီး မိုးအတူခို မိုးအတူစိုခဲ့ရတယ်။ စစချင်းတော့ သူတို့ဇာတ်လမ်းဟာ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးနဲ့ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းပေါ့။ Haru ဟာ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်ကို ရေးရင်း ...
movie

My Little Monster (2018)

2018
Level 16 (2018) 6.1
Level 16 (2018) Level 16 (2018)~ IMDb - 6.1/10, Rotten Tomatoes - 83% ~၂၀၁၈ တုန်းကထွက်ရှိထားတဲ့ Level 16 ဆိုတဲ့ရုပ်ရှင်ကားလေးဟာ Thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တော့ အံအကိုက်ဆုံးပါပဲ။ တစ်ကားလုံးမှာ ဘာဆက်ဖြစ်မလဲ... ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကြိ စောင့်ကြည့်နေရမယ့် ကားမျိုးပေါ့။ဇာတ်လမ်းလေးကတော့ ကျောင်းတစ်ခုကနေ စထားပါတယ်။ ကျောင်းရဲ့ ထူးခြားချက်က မိန်းကလေးတွေပဲ ရှိတဲ့အပြင် တစ်ခန်းမှာ ဆယ်ယောက်ဝန်းကျင်သာရှိတယ် သူတို့ကို သင်ကြားပေးတာကတော့ မိန်းမကောင်းတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ ရှောင်ကျဥ်ရမယ့် ဒုစရိုက်တွေရယ်ပဲ။ အချိန်မှန်နိုးထ အချိန်မှန် စာသင်ကြရတယ်။ အချိန်မှန် အားဆေးသောက်ကြရတယ်၊ အချိန်မှန်အိပ်ရတယ်။ ကျောင်းသူတွေကို အထပ် သို့ အဆင့်သတ်မှတ်ချက်နဲ့ ခွဲထားတယ်။အဆင့် ၁၆မှာနေရတဲ့ကျောင်းသူတွေက စီနီယာအကျဆုံးပေါ့...သူတို့က ကျောင်းပြင်ပကိုလုံးဝထွက်ခွင့်မရကြပါဘူး။ ပြင်ပလေထုက သူတို့အတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ သူတို့ဟာ ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို အတိအကျလိုက်နာရတဲ့အပြင် အနည်းငယ်တိမ်းစောင်းတာနဲ့ ...
movie

Level 16 (2018)

2018
Maari 2 (2018) 5.6
Maari 2 (2018) Maari 2 (2018) မြန်မာစာတန်းထိုးဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.....လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး....နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ဖိုက်တင်ဆိုရင် လေပေါ်ကို ...
movie

Maari 2 (2018)

2018
The Trouble with You (2018) 6.2
The Trouble with You (2018) The Trouble with You (2018) ===================== IMDb Rating - 6.2/10ဒီတစ်ခေါက်မှာတော့ ၂၀၁၈ က ထွက်ရှိထားတဲ့ comedy drama ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျင်းန် ဆိုတာကတော့ မြို့ရဲ့ အထူးချွန်ဆုံးရဲအရာရှိတစ်ဦးဖြစ်ပြီး ပြစ်မှုတွေကို ဖြေရှင်းရင်း အသက်ပေးလိုက်ရတဲ့ သူတစ်ဦးပါ။ သူ့မှာ အီဗန်ဆိုတဲ့ ဇနီးဖြစ်သူ တစ်ဖြစ်လဲ ရဲ၀န်ထမ်းမ တစ်ဦးနဲ့ သားကလေး တစ်ဦး ကျန်ရှိနေခဲ့တယ်။အီဗန်ဟာ သူတို့ရဲ့ သားလေးကို သူ့အဖေရဲ့ စွန့်စားခန်းတွေကို ညစဉ် အိပ်ယာ၀င်ပုံပြင်အဖြစ် ပြောပြရင်း ဖြတ်သန်းနေတာပေါ့။ တိုက်ဆိုင် ချင်တော့ တစ်နေ့မှာ သူ့ခင်ပွန်းရဲ့ သူရဲကောင်းဘွဲ့ ချီးမြှင့်ပြီး အပြန်မှာ အမှုတစ်ခုနဲ့တိုးပြီး ခင်ပွန်း ဂျင်းန်ဟာ သူထင်ထားသလို ဖြောင့်မတ် မှန်ကန်တဲ့ရဲ မဟုတ်ဘဲ တကယ့် ‌ငပွေဂျပိုး ရဲ တစ်ယောက်ဖြစ်နေမှန်း အီဗန်တစ်ယောက် သိလိုက်ရပါတယ်။တစ်သက်လုံးသိလာရတဲ့ အရာတစ်ခုဟာ အမှန်တရားမဟုတ်တဲ့အတွက် အီဗန်တစ်ယောက် ဆောက်တည်ရာမရဖြစ်ပြီး ဓါးပြမှုတစ်ခုကနေ သူ့ခင်ပွန်း မတရားထောင်ချခဲ့တဲ့ အန်တွမ်ဆိုတဲ့ သူနဲ့ သွားတွေ့ဖို့ ကြိုးစားရင်း ပြဿနာတွေ တောက်လျှောက်တက်လာတဲ့အကြောင်းကို ...
movie

The Trouble with You (2018)

2018
Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie

Mission: Impossible – Fallout (2018)

2018
4K HEVC IMAX
Zombies (2018) 6.5
Zombies (2018) Zombies(2018)IMDb...6.5ဒီဇာတ်ကားလေးကတော့ Disneyက 2018မှာ အသစ်ထွက်ရှိထားတဲ့ကားလေးပါ  .....ဇွန်ဘီ(zombie)ဇာတ်ကားဆိုပေမယ့် စိုးရိမ်ထိတ်လန့်သွေးပျက်စရာအခန်းတွေနဲ့ကားမျိုးတော့မဟုတ်ပါဘူး....မတော်တဆမှုတစ်ခုကနေ လူသားမျိုးနွယ်အတော်များများဟာ ဇွန်ဘီတွေဖြစ်ကုန်ကြတယ်...အစိုးရကနေ ဇွန်ဘီတွေနဲ့ လူသားစင်စစ်တွေကြားမှာ တံတိုင်းကြီးခတ်လိုက်တယ်...နောက်ပိုင်းတိုးတက်လာတဲ့ခေတ်ကြီးမှာ ဇွန်ဘီတွေဟာ ထိန်းချုပ်စရာ ကိရိယာတွေတီထွင်ပြီး ပုံမှန်လူသားတစ်ဦးလိုနေထိုင်လာကြတယ်...ဇွန်ဘီတွေဟာ သာမန်လူတွေလို ပညာတွေသင်ကြတယ်..အလုပ်တွေလုပ်ကြတယ်...သီချင်းတွေဆိုကြတယ်...သို့ပေမယ့်လည်း ဇွန်ဘီတွေဟာ ပုံမှန်လူသားတွေအတွက် ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်ရှိနေဆဲပါ...ဒီလိုအခြေအနေမျိုးမှာ ဇွန်ဘီ ကောင်လေးတစ်ယောက်ကို လူသားကောင်မလေးတစ်ယောက်က ကြွေသွားတယ်.. Disneyဇာတ်ကားလေးတွေအတိုင်း ကျောင်းသားကျောင်းသူတွေနဲ့ဇာတ်အိမ်တည်ပြီး သီချင်းလေးတွေမြိုင်ဆိုင်နဲ့ သက်ဝင်လှုပ်ရှားစွာရိုက်ပြထားပါတယ်...ကိုင်း ဖြေဖျော်ရေးဆန်ဆန် ပျော်ပျော်ပါးပါးကားမျိုးလေးတွေမှ သဘောကျနှစ်ခြိုက်တဲ့ သူတွေအတွက်အချစ်ဇာတ်လမ်းကောင်းလေးအဖြစ်ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Inzali Than Htike ဖြစ်ပါတယ်...File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:34:00 Genre : Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Inzali Than Htike Encoded by Phyo Pyae
movie

Zombies (2018)

2018
The Witch: Part 1. The Subversion ( 2018 ) 7.1
The Witch: Part 1. The Subversion ( 2018 ) The Witch: Part 1. The Subversion ( 2018 )**************************************ဒီဇာတ်ကားက ကျွန်တော်တို့ထင်မထားလောက်အောင် ကြမ်းပြီးကောင်းတဲ့ကားထဲမှာပါတယ်...BOX OFFICE လည်းဝင်ခဲ့သလို ဆန်းပြားတဲ့ဇာတ်အိမ်နဲ့အက်ရှင်ခန်းအမိုက်စားတွေကြောင့်ကျားပရိတ်သတ်ရော မပရိတ်သတ်ပါ အတော်လေးနှစ်ခြိုက်ခဲ့ကြပြီးPart 2 ကို မျှော်နေကြသလို များမကြမှီလည်း ရုံတင်တော့မှာပါ...ဒါ့ကြောင့် Part 2 လေးမထွက်ခင် BLU-RAY1080P5.1CH လေးနဲ့ပြန်လည် တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ စမ်းသပ်မှုတစ်ခုကနေထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကိုကလေးဆုံးရှုံးထားတဲ့ လင်မယားက ခေါ်ယူမွေးစားလိုက်ပါတယ်။ကောင်မလေးကလည်း အတိတ်မေ့နေတဲ့အတွက် အရင်ကအကြောင်းတွေမမှတ်မိပါဘူး။ ကောင်မလေး အရွယ်ရောက်လာတဲ့အချိန်မှာသူတို့ရဲ့ စီးပွားရေးအဆင်မပြေတဲ့အတွက် ဆုကြေးငွေ အများကြီးရနိုင်တဲ့သီချင်းဆိုပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခဲ့ပါတယ်။ပြီးတော့ သူ့ရဲ့ထူးခြားချက်တစ်ခုကိုပြရာမှာ အများအံ့အားသင့်စရာဖြစ်လာပါတယ်။အဲဒါနဲ့ သူ့ရဲ့ အကြောင်းကိုလူတွေသိသွားပြီးအတိတ်က အရိပ်ဆိုးက ပြန်လိုက်လာတဲ့အခါမှာ....File Size : (1.7GB)(721 MB)&( Quality :BLU-RAY1080P5.1CH,720p Format…mp4 Duration…02:06:00 Genre :Crime, Sci-Fi & Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by ...
movie

The Witch: Part 1. The Subversion ( 2018 )

2018
Rangasthalam (2018) 8.2
Rangasthalam (2018) Rangasthalam (2018)IMDb Rating(8.2) / Rotten Tomatoes (100%)Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်...ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး..ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး ...
movie

Rangasthalam (2018)

2018
1080p HEVC
Dongeng Mistis (2018) 6.7
Dongeng Mistis (2018) Dongeng Mistis (2018) .............................................ကလေးဘဝတုန်းက မီးမလာတဲ့ညတွေဆိုရင် လမ်းထဲကကလေးတစ်သိုက် ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့ လူကြီးတွေဆီသွားပြီး သရဲအကြောင်းပြောပြပါလို့ ပူဆာခဲ့ဖူးလား။အိမ်ကမသိအောင် စာအုပ်အငှားဆိုင်တွေကနေ ခိုးဖတ်ရတဲ့ သရဲဝတ္ထုတွေ၊ ရိုးရာတစ္ဆေသရဲပုံပြင်တွေနဲ့တင်အားမရဘဲ သူများကိုယ်တွေ့သရဲခြောက်ခံရတာမျိုးဆို တရွရွနားထောင်ချင်သေးတာမလား။အပြောများကြတဲ့ နာမည်ကြီးယုံတမ်းသရဲတွေဆို မှတ်မိသလောက်တော့ ကျောပေါက်ကြီးတို့၊ ခြေကလိန်မတို့၊ ကိုယ့်ကိုဝိုင်းပြီး ၇ ပတ်ပတ်ခံရရင် သေတယ်ဆိုတဲ့ မှင်စာတွေရော မီးစားစုန်းဘာညာအစုံပါပဲ။ဒါပေမယ့်လည်း ပြောပြတဲ့လူမတူရင် ဇာတ်လမ်းကလည်းကွာသွားတော့ ဘယ်နှစ်ခါနားထောင်ထောင် အရသာကိုရှိနေတော့တာပဲ။ပြောတဲ့သူက မှင်ကောင်းကောင်းနဲ့ ပြောနိုင်လေလေ နားထောင်ရတဲ့သူက ကျောထဲစိမ့် ကြက်သီးတွေထပြီး နောက်မှာပဲ တစ်ခုခုရောက်လာသလိုလို ခံစားရတဲ့အချိန်မှာ... သောက်ကျင့်ယုတ်တဲ့ ငနဲတစ်ကောင်ကများ "ဟေး" ခနဲထအော်လို့ကတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖိနပ်တောင်မစီးဘဲ တန်းနေအောင်ပြေးကြတော့တာပဲ။အခုဒီကားဆိုရင်လည်း အင်ဒိုနီးရှား ရိုးရာသရဲပုံပြင်အတိုလေး ၆ ပုဒ်ကိုစုထားတာဖြစ်ပြီး သရဲကားဆိုတာထက် ငယ်ငယ်ကလူကြီးတွေပြောပြတဲ့ သရဲပုံပြင်တွေနားထောင်နေရသလို ခံစားချက်မျိုးရလို့ ညဘက်ရောက်မှ တစ်ယောက်တည်းနားကြပ်လေးတပ်ပြီး သရဲအခန်းလာတော့မယ်ဆိုရင် သတ္တိရှိရှိနဲ့လက်ကြားထဲကနေ ချောင်းကြည့်လိုက်ကြပါဦးလို့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File ...
movie

Dongeng Mistis (2018)

2018
Nini Thowok (2018) 7.8
Nini Thowok (2018) Nini Thowok (2018)CM ပရိတ်သတ်ကြီးအတွက် 2018 က ထွက်ခဲ့တဲ့ အင်ဒိုနီးရှား သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။"Nini Thowok" ဇာတ်ကားဟာ အနောက်ဂျာဗားရှိတဲ့ "ဆိုလို"ဆိုတဲ့ မြို့လေးမှာ အဖွားရဲ့အမွေဖြစ်တဲ့ မီခါဂျီဝူ ဟိုတယ်ကို မရောင်းခိုင်းဘဲ အတင်းအကျပ် ဖွင့်ဖို့စေခိုင်းခံရတဲ့ ညီမနာရာ (Nicole Rossi) နဲ့ သူမရဲ့အစ်မ နာဒင်း (Natasha Wilona) တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။Nini Thowok ဆိုတာ လူသားကဲ့သို့ လှုပ်ရှားနိုင်တဲ့ အရုပ်လို့ အဓိပ္ပါယ်ရပြီး ဝိညာဉ်တွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ အသုံးပြုတဲ့ အရုပ်လို့လည်း လူသိများကြပါတယ် ။ အဖွားဖြစ်သူ သေဆုံးပြီးတဲ့နောက် ညီအစ်မနှစ်ဦးဟာ အမွေရခဲ့တဲ့ ဟိုတယ်က သော့ခတ်ထားတဲ့ တားမြစ်အခန်းအတွင်းကို ဝင်ရောက်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်မှုကို ရှာတွေ့ရာမှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။နာရာနဲ့ နာဒင်းတို့ ညီမနှစ်ယောက် ဟိုတယ်အတွင်းက လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ...
movie

Nini Thowok (2018)

2018
K.G.F: Chapter 1 (2018) 8.9
K.G.F: Chapter 1 (2018) K.G.F: Chapter 1 (2018)အညွှန်း******************************IMDb rating - 8.7/10 Google Users - 95%၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ "El Dorado- အယ်လ်ဒိုရာဒို"စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။"ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု..."ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် - ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီးနောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို အပိုင်စီးလိုက်တာပဲ...။ အဲ့ဒီနောက်မှာ ဒီနေရာကို တပ်မက်နေတဲ့သူတွေလက်ကနေ ကာကွယ်ဖို့ ၉၉နှစ်တာ ...
movie

K.G.F: Chapter 1 (2018)

2018
HEVC 1080p 5.1