Channel Myanmar

2018

Vice(2018) 7.2
Vice(2018) Vice(2018) IMDb....7.2,,,,Rotten....66% ((Blu-Ray 10805.1ch နဲ့ 720pတို့ဖြင့်ပြန်လည် Updateပေးထားပါသည်..))ဒီဇာတ်ကားက  Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို   ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ဝင်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်...၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်....D ick Cheney ဟာ ငယ်ဘဝက ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ...သို့ပေမယ့် အဲ့ဒီဘဝကနေ  အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်..သူဘယ်လိုတွေကြိုးစားခဲ့လဲ?ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်... ဒါ့အပြင်  အမေရိကန်သမိုင်းကို   သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ… ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ… ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်… Dick Cheney အဖြစ် ...
movie

Vice(2018)

2018
Snatch Up (2018) 6.3
Snatch Up (2018) IMDb - 6.3/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာသူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီးတိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်ကဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက်ရန်ပုံငွေပေးရမှာပါ။သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့လူသတ်သမားငှားပါတယ်။တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲကလောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာသူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီမှားရောက်သွားရာကနေ ပြဿနာတွေပိုရှုပ်လာပါတော့တယ်။ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကိုဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့အသည်းအသန်ကြိုးစားရှာပါတယ်။တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေလုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက်ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့အတော်လေးမိုက်ပါတယ်။နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းကဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ File size…  1.79 GB /  890 MB Quality… WEB Rip 1080p / 720p Format… ...
movie

Snatch Up (2018)

2018
Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie

Mission: Impossible – Fallout (2018)

2018
4K HEVC IMAX
Where Hands Touch (2018) 6.6
Where Hands Touch (2018) Where Hands Touch (2018) ==================== IMDb Rating - 6.6/10ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ဂျာမနီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Layna ဟာ ဂျာမန်လူဖြူအမေနဲ့ ပြင်သစ်လူမည်း အဖေတို့ ပေါင်းစပ်ပြီး မွေးလာတဲ့ (၁၆)နှစ်အရွယ် ကလေးမလေးပါ။ Rhineland မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေက Leyna လို သွေး နှောလူမည်း ကလေးတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာကြောင့် ဘာ လင်မှာများ အန္တရာယ်ကင်းနိုင်မလားဆိုပြီး Leyna ရဲ့ အမေ Kerstin တစ်ယောက် သားနဲ့သမီးကို လက်ဆွဲပြီး ဘာလင်ကို ထွက်လာခဲ့ပါတယ်။ပိုကောင်းတဲ့ ဘဝတစ်ခု ရနိုင်ဖို့ Leyna ကို ကျောင်းပို့ပြီး စာသင်ပေးခဲ့ပေမဲ့ နီဂရိုးတစ်ယောက် စာသင်ဖို့ မလိုဘူးဆိုပြီး ကျောင်းကနေဆွဲထုတ်ပြီး စက်ရုံ မှာ အလုပ်လုပ်ဖို့ ပို့လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ Leyna တစ်ယောက် ထင်ရှားတဲ့ SSအရာရှိတစ်ဦးရဲ့ သားဖြစ်ပြီး ကိုယ်တိုင်လည်း လူငယ်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lutz နဲ့ ...
movie

Where Hands Touch (2018)

2018
The Wrong Son (2018) 5.6
The Wrong Son (2018) The Wrong Son (2018) =================ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Nick Everhart ရိုက်ကူး ထားတဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိတ် နဲ့ ဆာရာ တို့မိသားစုဟာ တစ်ခု ကမ်းခြေမှာပျော်ပွဲစားထွက်လာခဲ့ပါတယ်။ သူတို့ရဲ့သားနှစ်ယောက် ဖြစ်တဲ့ အီအာ နဲ့ မတ် တို့ညီအစ်ကိုဟာ ရေထဲမှာကစားနေရင်း ရုတ်တရက် မတ် ကပျောက်သွားပါတော့တယ်။ နောက်ဆယ်နှစ် အကြာမှာတော့ ယာဉ်မတော်တဆမှုကြောင့် ဂျိတ် ဆုံးသွားပြီး အမွေခွဲနေတဲ့အချိန်မှာ မတ် ကတိုက်တိုက်ဆိုင်ဆိုင်ပြန်ပေါ်လာ ပါတယ်။ အဲဒီလိုနဲ့ မိသားစုကြားမှာ သဘောထားကွဲလွဲမှုတွေရှိ လာပြီး မတ်ကိုသံသယတွေစ၀င်လာပါတော့တယ်။အဲဒီနောက် ဆယ်နှစ်အကြာမှပြန်ပေါ်လာတဲ့ မတ် က ဆာရာ တို့ရဲ့သားအစစ်လား၊ ဂျိတ် ရဲ့ယာဉ်တိုက်မှုကရော တကယ်ပဲမတော် တဆမှုဟုတ်ရဲ့လားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Thriller ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.9 GB) / (616 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo Kat Encoder..........SWM
movie

The Wrong Son (2018)

2018
Bird Box (2018) 6.4
Bird Box (2018) ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ Kingmans:The Secret Serviceထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည်မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါသူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူကအသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းကတော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာတယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ် စိတ်တွေ လွတ်ထွက်ကုန်တယ်တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ်အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူတွေရှိတာပေါ့ ဒီတော့ဇာတ်လမ်းက survivalဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါဆိုတော့တာ ဒီကားလေးက rating သိပ်မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ်နာမည်လေးကလဲBird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်းနဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်ထူးထူးခြားခြားကြီးမရှိဘူး ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ ...
movie

Bird Box (2018)

2018
Scooby-Doo! and the Gourmet Ghost (2018) 6.5
Scooby-Doo! and the Gourmet Ghost (2018) Scooby-Doo! and the Gourmet Ghost (2018)~ IMDb - 6.5/10, Rotten Tomatoes - 63% ~စကူဘီဒူးပရိသတ်တွေအတွက် 2018 က ထွက်ခဲ့တဲ့ မူလလက်ရာ ကားကောင်းတစ်ကားပါ။ ဒီတစ်ခါမှာတော့ စားဖိုမှူးနဲ့ပတ်သက်တဲ့ သဘာ၀လွန်ဖြစ်ရပ်ကို စုံစမ်းကြတာဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဖရက်ရဲ့ ဦးလေးဘော်ဘီက သူတို့မွေးရပ်မှာ ချက်ပြုတ်ရေးအပန်းဖြေစခန်းဖွင့်တာကို သူတို့အုပ်စုသွားကြရင်း Mystery Case နဲ့ကြုံရတာပါ။ ဖရက်တို့ရဲ့ ဘိုးဘေးဖြစ်သူ နာမည်ကျော်စားဖိုမှူးအက်၀ပ်ဒူဖလေက တော်လှန်ရေးစစ်ပွဲအတွင်းမှာ မြို့ရဲ့သူရဲကောင်း လေးစားခံရတဲ့သူပါ။ ပါဆယ်စနစ်ကို စတီထွင်ခဲ့တဲ့သူပါတဲ့။ တစ်ရက်မှာ သူ့အင်းကနေ သရဲနီကြီးလို့ အော်ရင်း ပျောက်သွားပါလေရော။ အဲဒီချိန်ကစပြီး အင်းမှာ သရဲနီကြီး ခြောက်နေတယ်ဆိုတဲ့ ဇာတ်လမ်းတွေ ဒီနေ့ထိ ရှိနေပါတယ်။ဖရက်ဦးလေးဘော်ဘီက ဒီအင်းကို ခေတ်မီနည်းပညာနဲ့ပြန်လည်ဆန်းသစ်ပြီး ဧည့်သည်တွေကို ဆွဲဆောင်ဖို့ ချက်ပြုတ်တဲ့ အစီအစဉ် လုပ်တဲ့အခါမှာ သရဲနီကြီး ...
movie

Scooby-Doo! and the Gourmet Ghost (2018)

2018
Bumblebee (2018) Transformers 6 7.3
Bumblebee (2018) Transformers 6 အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ်အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးအခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီးစောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကိုချေမှုန်းမယ့် အကြံနဲ့ပါ...ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံးစက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်...အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ်ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ်တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ်သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီးသူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါတစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို စတွေ့ခဲ့ပြီးနောက်သူမ ဘဝထဲကို အချစ်ရဆုံးသူအဖြစ် ...
movie

Bumblebee (2018) Transformers 6

2018
4K HEVC
Sicario: Day of the Soldado (2018) 7.3
Sicario: Day of the Soldado (2018)  Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကိုကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်းရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာလုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာကပထမကားက Denis Villeneuve မဟုတ်တော့ပဲ StefanoSollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေJosh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး ...
movie

Sicario: Day of the Soldado (2018)

2018
4K HEVC
The Meg (2018) 6.1
The Meg (2018) The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးက ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်း ပုံစံကတော့... မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ ရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီး မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်.... အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့ အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာ လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ်အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေး ဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာ သူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲ ဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်...ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲ မမြင်ရတဲ့ ...
movie

The Meg (2018)

2018
4K HEVC
Finale (2018) 4.7
Finale (2018) Finale (2018) ===========လူတိုင်းရဲ့စိတ်ခံစားချက်တွေက တစ်ယောက်နဲ့တစ်ယောက်ကွဲပြား နေတတ်ပါတယ်။ တဖက်လူရဲ့ပျော်ရွှင်မှုကြောင့် ပီတိဖြစ်ရတဲ့လူတွေ ရှိသလို တဖက်လူရဲ့နာကျင်ခံစားရမှုကြောင့် ဝမ်းသာနေကြတဲ့သူတွေ လည်း တစ်ပုံကြီးပါပဲ။ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးက စိတ္တဇဆန်တဲ့ဇာတ် လမ်းလို့ပြောရမလား ဓာတ်ဆီဆိုင်မှာ ညဆိုင်းဆင်းနေကြတဲ့ မိန်းက လေးနှစ်ယောက်ကို အသာပေးရိုက်ကူးထားပြီး လူသားတို့ရဲ့စိတ်ချောက် ချားမှုတွေ၊ အကြောက်တရားနဲ့ကြုံတွေ့လာတဲ့အခါ ဖြစ်‌ပေါ်လာတဲ့ ခံစားချက်တွေ၊ တဖက်သားနာကျင်မှုကို ‌‌ပျော်မွေ့နေတတ်တဲ့သူတွေ စတဲ့ အမျိုးမျိုးသောစိတ်ခံစားချက်တွေကို ကြည့်ရှုရမှာပါ။ ဇာတ် ကောင်တွေအများကြီးသုံးထားတာမျိုးမရှိဘဲ လူတွေရဲ့မကောင်းတဲ့ ဗီဇစိတ်ကို ပေါ််လွင်အောင်ရိုက်ပြထားတာဖြစ်လို့ Horror ဆန်ဆန် Mystery ဆန်ဆန်ကြိုက်တဲ့ဘော်ဒါတို့အတွက် ကြည့်ကောင်းမယ့် ဇာတ်လမ်းလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.45 GB) / (590 MB) / (329 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery Translator.......ZWT Encoder..........SWM
movie

Finale (2018)

2018
A Father’s Nightmare (2018) 5.5
A Father’s Nightmare (2018) A Father's Nightmare (2018) =====================လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ် သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။ သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင် မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက် လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ် တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများ တယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ် ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့ သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင် လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ် ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာ ရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ် သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့ စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေး ပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရ တယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစား စရာလေးဖြစ်နေပြီ။လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာက သူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အ ဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို ...
movie

A Father’s Nightmare (2018)

2018
Detective Dee: The Four Heavenly Kings (2018) 6.4
Detective Dee: The Four Heavenly Kings (2018) Detective Dee: The Four Heavenly Kings (2018)IMDb Rating (6.4) / Rotten Tomatoes (60%)ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး ...
movie

Detective Dee: The Four Heavenly Kings (2018)

2018
1080p HEVC
Open City (2018) 6.2
Open City (2018) Open City (2018)တို့မမကြီး Son Ye Jin ကြမ်းခဲ့ရမ်းခဲ့တဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် သားတစ်ယောက်အမေမမရဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာပါဂျပန်ရောကိုရီးယားမှာရော ခါးပိုက်နှိုက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ဘဲ့ဂျန်မီ အမေခါးပိုက်နှိုက် ကိုယ်လည်း ငယ်ငယ်ထဲက အမေနဲ့အတူခါးပိုက်နှိုက်ပဲလုပ်စားလာခဲ့ရင်း ရဲတွေအလိုရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်အိုဆာကာမှာ ပြသနာတက်ခဲ့လို့ရှောင်ပြေးလာရာက ကိုရီးယားရောက်တဲ့အခါ ဂိုဏ်းပေါင်းစုံကြားဘာတွေကြုံတွေ့ရမလဲ? ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ?အရမ်းတော်တဲ့စစ်ဆေးရေးမှူးရဲသားတစ်ယောက်ပေမဲ့ ခါးပိုက်နှိုက်မှုတွေဆိုရင် လုံးဝကို မလိုက်တဲ့ ဂျိုဒယ်ယောင်း သူကရောဘာကြောင့် ခါးပိုက်နှိုက်အမှုတွေမလိုက်တာလဲ? အတိတ်မှာရော ဘယ်လိုတွေဖြစ်ခဲ့လို့လဲ? ဘဲ့ဂျန်မီနဲ့ဂျိုဒယ်ယောင်းက ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့တာလဲ? ကဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p | 480p File size… 2.3GB | 1.1GB | 524MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... KongHou Encoder ..... Aaron
movie

Open City (2018)

2018
The Pension (2018) 6.2
The Pension (2018) The Pension (2018)ဘယ်သူမဆို တပ်မက်တဲ့ ဒီနေရာလေးမှာ ဖုံးကွယ်ထားချင်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးနဲ့ ခံစားချက်တွေ ပေါက်ကြားကုန်တယ် !!!ဘယ်သူမဆို ထူးခြားတဲ့ အဖြစ်အပျက်တွေကြုံရမဲ့ ဒီ Pension ဆိုတဲ့ နေရာကို ရောက်လာကြတဲ့ လူတိုင်း ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ သူစိမ်းတွေနဲ့ ပတ်သက်ဖို့ဖြစ်လာပြီးတော့ ဖြစ်တည်လာတဲ့ အကြောင်းအရာ ၄ပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ဇာတ်ကားထဲမှာ မတူညီတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၄ပိုင်းပါဝင်တာကြောင့် မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်မှာပါ။ “လရောင်” ဆိုတဲ့ Pension လေး မှာ လာတည်းတဲ့ ဧည်သည်တွေမှာလည်း “လ”နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားဖွယ် ကြည့်ရူ့နိုင်မှာပါ။အဓိက ဇာတ်ဆောင်တွေကတော့ Jo Jaeyoon, Park Hyo Joo, Jo hanchul, Lee Yi Kyung, Hwang sun hee တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

The Pension (2018)

2018
60 Days of Summer (2018) 6.4
60 Days of Summer (2018) 60 Days of Summer (2018)လီဂျယ်ဟွန်းဆိုတဲ့ ကောင်လေးက ၁၈ နှစ်ပြည့်ပေမဲ့ အနိုင်ကျင့်ခံရလို့ဆိုပြီး ကျောင်းထွက်ထားတဲ့လူငယ်တစ်ယောက်ပါ။ စားလိုက်၊ အိပ်လိုက်၊ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက်၊ အိမ်ကိုနောက်ကျမှပြန်လာလိုက်နဲ့ အကျင့်ဆိုးတွေနဲ့ကောင်လေးပေါ့။တစ်နေ့မှာ သူ့အဖေက နောက်မိန်းမယူဖို့ဆိုပြီး လင်းယုန်တိုင်းပြည်ကို နှစ်လလောက်ထွက်သွားမယ်လုပ်ပါလေရော။ အဖေ နှစ်လလောက်ထွက်သွားတာ ဂျယ်ဟွန်းအတွက်မထူးဆန်းပေမဲ့ သူ့အဖေနဲ့ရော သူနဲ့ပါမတည့်တဲ့ လူ့ဂွစာအဘိုးဖြစ်သူဆီမှာ ရက်ပေါင်း ၆၀ နေရဖို့ဖြစ်လာလေတော့... ဂျယ်ဟွန်းတစ်ယောက် အဘိုးဖြစ်သူကြည်ဖြူအောင် ဘယ်လိုနေထိုင်မလဲ...တစ်ဖက်မှာလည်း သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထား လုယက်တဲ့ကိစ္စတွေ မကြာခဏကြုံလာရတဲ့အခါ မြေးအဘိုးနှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ... ရက်ပေါင်း ၆၀ အတွင်း မတည့်အတူနေ မြေးအဘိုးနှစ်ယောက်ရဲ့ နှောင်ကြိုးလေးခိုင်မြဲလာမလား ပြတ်တောက်သွားမလား ဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီးကြည့်ရှုရမယ့် IMDb 6.4/10 ရထားတဲ့ မိသားစုဒရာမာရုပ်ရှင်လေးပါ။Generation မတူတဲ့ လီမျိုးရိုး မြေးအဘိုးကြားက ကတောက်ကဆလေးတွေကိုကြည့်ပြီး ရင်ထဲမှာ ကြည်နူးမှုတစ်စုံတစ်ရာခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။Genre.....Drama Quality…. 1080p | ...
movie

60 Days of Summer (2018)

2018
How About Adolf? (2018) 7
How About Adolf? (2018) How About Adolf? (2018)ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating - 7/10 ရရှိထားတဲ့ ဂျာမန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။တစ်ညမှာ စတက်ဖန်နဲ့ အဲလိဇဘက်လင်မယားတို့ ဘွန်းမြို့ကသူတို့အိမ်မှာ မိသားစုညစာစားပွဲလေးတစ်ခုလုပ်ဖို့ အဲလိဇဘက်ရဲ့မွေးစားအစ်ကို၊ သူ့မောင်နဲ့ သူ့မောင်ရည်းစား ကိုယ်ဝန်သည်ကောင်မလေးတို့ကိုဖိတ်ထားကြတယ်။ ဇာတ်လမ်းအစမှာ‌တော့ အလယ်တန်းပြဆရာမ အဲလိဇဘက်တစ်ယောက် ညစာစားပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး အခြားမြို့မှာနေနေတဲ့ သူမရဲ့မိခင် ဒေါ်ရိုသီယာနဲ့ ဖုန်းပြောနေတာကို အစချီရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။အဲ့နေ့ညမှာပဲ ကလေးအဖေဖြစ်တော့မယ့် အဲ့လိဇဘက်ရဲ့မောင် သောမက်စ်က သူ့သားလေးကိုပေးထားတဲ့နာမည်ကြောင့် မိသားစုတွေငြင်းခုန်ရာကနေ ယောက်ဖနှစ်ယောက် ကတောက်ကဆတ်တွေဖြစ်နေချိန်မှာ သောမက်စ်ရဲ့‌ကိုယ်ဝန်နဲ့ကောင်မလေးက လူရွေးပွဲကနေညစာစားပွဲကိုရောက်လာပြီး စကားဝိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါတော့တယ်။ စနောက်၊ ငြင်းခုံ၊ စကားနိုင်လုမှုတွေကနေအစပြုပြီး တစ်ယောက်ချင်းစီရဲ့လျှို့ဝှက်ချက်‌၊ မကျေနပ်ချက်တွေ တစ်စပြီးတစ်စထွက်လာတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie

How About Adolf? (2018)

2018
Creed II (2018) 7.7
Creed II (2018) Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင်ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်...၁၉၇၆ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့လက်ဝှေ့ကားတွေဟာ ဆယ်စုနှစ်များစွာကြာညောင်းခဲ့ပေမဲ့ အခုချိန်ထိအောင်မြင်စွာရှင်သန်နေဆဲပါပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကြောင့်ဇာတ်ကားတိုင်းဟာလည်း rating မြင့်မားလှပါတယ်၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်ကို မိတ်ဆက်ပေးခဲ့ပါတယ်အဲဒီဇာတ်ကားလေးကလည်း ဆုတံဆိပ်များစွာနဲ့အတူပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်၂၀၁၈ခုနှစ်မှာတော့ Creed 2 ကို ပရိတ်သတ်တွေဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ်အရင်ကားတွေအတိုင်းပါပဲ စွဲဆောင်မှုရှိရှိနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ရွှေခါးပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူသလိုထိန်းသိမ်းဖို့ဆိုတာလည်း သိပ်ကိုခက်ခဲပါတယ်ဒီဇာတ်ကားထဲမှာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိသွားအောင် ရိုက်ပြထားပါတယ်ဝါသနာကြောင့် လုပ်နေပေမယ့် နာကျင်မှုကို လူတိုင်း ကြောက်ပါတယ်ဒါ့အပြင် အချိန်မရွေး ကြိုးဝိုင်းထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပါသေးတယ်လက်ဝှေ့ရဲ့သဘောတရားကိုက သူတစ်ပါးကိုနာကျင်အောင်လုပ်ရတာပါသူတစ်ပါးကို နာကျင်စေချင်ရင်တော့ ကိုယ်ကိုတိုင်လည်းနာကျင်မှုကိုကြောက်နေလို့မဖြစ်ပါဘူးနာကျင်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့သူက ရေရှည်မှာ ပိုပြီးအနိုင်ရဖို့များပါတယ်အောင်မြင်မှုရဲ့ အရသာဟာ နာကျင်မှုတွေကိုစက္ကန့်ပိုင်းအတွင်းပျောက်အောင်ကုစားနိုင်တယ်ဆိုတဲ့ရသကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ကြည့်လို့ကောင်းမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်... File Size : ( 1 GB) Quality : WEB-DL 720pRunning Time ...
movie

Creed II (2018)

2018
[+18]Call Boy(2018) 6.6
[+18]Call Boy(2018) [+18]Call Boy(2018) IMDb....6.4 ဖန်းဆင်းခဲ့ပြီးသော မိန်းမသားများ၏  ဖြစ်တည်ခဲ့သော သဘာဝတရားများသည်ယောင်္ကျားသားများနှင့်ယှဉ်လျှင် အနည်းငယ် ဒုက္ခရောက်ရသော ကိစ္စများရှိလေသည်...ထို့ကြောင့်ပင် အားနွဲ့သောမိန်းမသားလို့ သုံးနှုံးကြလေသည်.......ထို့ကြောင့်  မိန်းမသားများသည်မိမိတို့၏ အားနည်းချက်များကို ဖုံးကွယ်ရန်အလို့ငှါ ဉာဏ်ကိုတတ်နိုင်သမျှ သုံးကြလေသည်...ထိုဉာဏ်ကို မာယာဟု တစ်ချို့သောသူတွေက ခေါ်ဆိုကြပြန်သည်...ဒီကားလေးကတော့ မာယာနတ္ထိနဲ့မိန်းမသားအချို့အကြောင်းကိုခပ်လှလှလေးရိုက်ပြထားတာပါ...ဒီဂျပန်ကားလေးမှာတော့ အချို့သောအမျိုးသမီးများသည် လိင်မှုကိစ္စများနှင့်အခြားမွန်းကြတ်နေသောကိစ္စများကိုဖြေဖျောက်ရန် အခကြေးငွေးပေးကာ  တိတ်တဆိတ်ခေါ်ယူရနိုင်သည့် ကောင်လေးများနှင့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်...ဒီကားကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ ကွယ်ဝှက်ထားသော အလွှာများကိုမြင်တွေ့နိုင်သည်....ပြီးတော့ ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ခမ်းခမ်းနားနားလှလှပပလေးကိုရိုက်ပြထားတာ...နောက်ခံသီးချင်းသံကအစ Lighting အဆုံး....လူတွေကိုစနစ်တကျလေးရွေးချယ်ထားတာရော...တော်တော်ကိုမိုက်တယ်...(18+ အခန်းပေါင်းများစွာ ပါဝင်သဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ....) File Size : (2.02GB) and (635MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wild Race Encoded by SD
movie

[+18]Call Boy(2018)

2018