Channel Myanmar

2018

Scorched Earth (2018) 5.4
Scorched Earth (2018)   အခုမိတ်​ဆက်​​ပေးချင်​တဲ့ဇာတ်​ကားက​တော့ Scorched earth ဆိုတဲ့ ၂၀၁၈ ထွက်​ အက်​ရှင်​ကား​လေးပါ ဒီကား​လေးကို​တော့ တခြားအက်​ရှင်​ကား​တွေနဲ့ မတူဘဲ တစ်​မူထူးခြားတဲ့ ဇာတ်​အိမ်​​လေးနဲ့ တည်​​ဆောက်​ထားပါတယ် တိမ်​ပြိုမှုလို့​ခေါ်တဲ့ သဘာဝဒဏ်​​ကြောင့်​ ​ဂေဟစနစ်​တစ်​ခုလုံး ပျက်​စီး​နေချိန်​ပါ အဲအချိန်​မှာ အသက်​ရှင်​ဖို့အတွက်​ လူ​တွေက ​လေနဲ့ ​ရေကို အပူတပြင်းလိုအပ်​​နေကြပါတယ်​ ပတ်​ဝန်းကျင်​​လေထုကလည်း အဆိပ်​သင့်​​နေတဲ့အတွက်​ ရှူလို့မရပါဘူး ​ငွေသတ္ထုနဲ့သန့်​စင်​လိုက်​မှ ရှူလို့ရပါတယ်​ ဒီအခါ ​လေ​ရေ ရှားပါးမှု​ကြောင့်​ ခိုးဆိုးလုယက်​မှု​တွေ များပြားတဲ့ကာလပါ အဲ လို အပြစ်​သား​တွေကို ဖမ်းဖို့ အစိုးရအာဏာပိုင်​​တွေက ဆု​ကြေး​ကြေငြာပြီး ဖမ်းကြပါတယ်​ ဒီလို​ဆု​ကြေးကို ရဖို့ အပြစ်​သားဖမ်းမုဆိုး​တွေ အလုအယက်​ကြိုးစားကြတဲ့အထဲမှာမှ ​ဂေ့ဆိုတဲ့ အမျိုးသမီးဟာ ထူးချွန်​တဲ့ မုဆိုးတစ်​​ယောက်​ပါ တစ်​​နေ့​တော့ တစ်​နယ်​ထူ​ထောင်​ပြီး မင်းမူ​သောင်းကျန်း​နေတဲ့ လူဆိုးတစ်​​ယောက်​ကိုဖမ်းဖို့ ​ဂေ့ကကြိုးစားပါ​တော့တယ်​ သူဘယ်​လိုကြိုးစားလဲဆိုတဲ့ လှည့်​ကွက်​​လေး​တွေနဲ့ အက်​ရှင်​အလန်းစား ပစ်​ခန်းခတ်​ခန်း​တွေကို​တော့ ပရိသတ်​ကြီး အား​ပေးကြည့်​ရှုကြပါဦးဗျာ​   Quality - ...
5.4
IMDB: 5.4/10 1,231 votes
movie

Scorched Earth (2018)

2018
Mute (2018) 5.5
Mute (2018) Mute ဇာတ်​ကားဟာ2018မှာ Netflix filmကထုတ်​​လုပ်​ခဲ့တဲ့ Sci-Fi - Drama ဇာတ်​ကားတစ်​ကားဖြစ်​ပါတယ်​။ Mute ဇာတ်​ကားကို Warcraft(2016) ကိုတာဝန်​ယူရိုက်​ကူးခဲ့တဲ့ Director Duncan Jonesကရိုက်​ကူးထားပြီး​တော့ IMDb rating-5.4/10 ရရှိထားတဲ့ ဇာတ်​ကားဖြစ်​ပါတယ်​။ ဇာတ်​လမ်းအကျဉ်းက​တော့ ငယ်​စဉ်​က အက်​စီးဒင့်​တစ်​ခု​ကြောင့်​စကားမ​ပြောနိုင်​​တော့တဲ့ Leo ဆိုတဲ့သူတစ်​​ယောက်​ သူ့ဘဝကိုနားလည်​​ပေးတဲ့တစ်​ဦးတည်း​သောချစ်​သူ Naadirah နဲ့အတူ ဘားတစ်​ခုမှာ အရက်​စပ်​တဲ့သူအဖြစ်​ လုပ်​ကိုင်​ရင်း ဘဝကို​ပျော်​ရွှင်​စွာနဲ့ ဖြတ်​သန်း​နေခဲ့ပါတယ်​။ သူ့ရဲ့ချစ်​သူ ​ထူးဆန်းစွာ ​ပျောက်​ဆုံးသွားချိန်​မှာ​တော့ Leo တစ်​​ယောက်​ သဲလွန်​စ​တွေ​လိုက်​ရှာပြီး သူ့ချစ်​သူကိုပြန်​​ရှာ​တွေ့ဖို့ကြိုးစားရင်​ ဂိုဏ်းဆန်​ဆန်​ အဖွဲ့​တွေနဲ့ ပက်​သက်​မိသွားတဲ့အချိန်​မှာ​တော့... ‌Mute ဇတ်​ကားက ဇာတ်​အိမ်​ကို 2052ခုနှစ်​ အနာဂါတ်​သိပ္ပံ​လောကကို အ​ခြေခံထားပြီး​တော့ ဂျာမဏီနိုင်​ငံ ဘာလင်​မြို့မှာ ဇာတ်​အိမ်​တည်​ထားပါတယ်​။ Sci-fi အမျိုးအစားဖြစ်​သည့်​အား​လျော်​စွာ​ခေတ်​လွန်​ နည်းပညာ အသုံးအ​ဆောင်​ပစ္စည်း​တွေနဲ့ ဖက်​ရှင်​​တွေက ကြည့်​ရူ့သူပုရိတ်​သတ်​ကို တမျိုးဆန်း​စေမှာပါ   File Size : (950 MB) and (400 MB) Quality ...
5.5
IMDB: 5.5/10 1,198 votes
movie

Mute (2018)

2018
720p WEBRip
Lego DC Comics Super Heroes: The Flash 7.2
Lego DC Comics Super Heroes: The Flash   Lego အရုပ်ကလေးတွေဆိုရင် အားလုံးနဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ပါဘူး... Lego အရုပ်လေးတွေဟာ စူပါဟီးရိုးတိုင်းရဲ့ပုံရိပ်တွေလိုပါပဲ မျိုးစုံထွက်ရှိခဲ့ပါတယ်... ဒီ Movie လေးကတော့ Super Hero တွေထဲကတစ်ဦးဖြစ်တဲ့ အမြန်ဆုံးလူသားလေး Flash အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဘယ်ရီဟာ အပြင်းထူဟီးရိုးလေးတစ်ယောက်ဖြစ်ပြီးတော့ Justic League အဖွဲ့မှာ အနောက်ပြောင်ဆုံးနဲ့ပျော်ပျော်နေတတ်တဲ့ လူစွမ်းကောင်းလေးတစ်ဦးပါ... Series ထဲမှာလည်း ဘယ်ရီရဲ့ အဓိကပြိုင်ဖက်တစ်ဦးဖြစ်တဲ့ Reverse Flash နဲ့ တစ်နေ့မှာဆုံတွေ့လာခဲ့ပါတယ်.... Reverse Flash ရဲ့ထူးခြားတဲ့ အမြန်နှုန်းကို ဘယ်ရီတစ်ယောက်လိုက်မမှီတဲ့အခါမှာ သူ့ရဲ့ အဖွဲ့ကနေ နှုတ်ထွက်ဖို့အခြေနေတွေဖြစ်လာပါတော့တယ်..... နောက်ဆုံးမှာ Reverse Flash ကြောင့်ပဲ သူ့ရဲ့အစွမ်းတွေပျောက်ဆုံးသွားခဲ့ပါတယ်... ဒါကြောင့် သူဟာ သူ့ရဲ့အမြန်နှုန်းတွေကိုပြန်လည်ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်းကိုရှာဖွေဖို့ အချိန်စက်ကွင်း အမြန်အားထဲကို ၀င်သွားခဲ့ပါတယ်.... နောက်ပိုင်းမှာဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်လား... ဒီ Lego Animation ဟာ စီးရီးထဲကလိုကောင်းမွန်ပြီးတော့ DC ရဲ့ Super Hero မျိုးစုံပါဝင်ပါတယ်.... Lego ရဲ့ထုံးစံအတိုင်း Animation အရုပ်လေးတွေကချစ်စရာကောင်းပြီးတော့ ဒီ Animation ကားလေးကိုကြည့်တဲ့လူတိုင်းလည်းရယ်စေရမှာပါ.... Lego Fan တွေအတွက်ကတော့ လက်မလွှတ်သင့်တဲ့ Animation Movie လေးလို့ ညွှန်းရင်း ကားကောင်းလေးကို ကြည့်လိုက်ရအောင်လား... File Size : (562 ...
7.2
IMDB: 7.2/10 93 votes
movie

Lego DC Comics Super Heroes: The Flash

2018
Bhaagamathie (2018) 7.5
Bhaagamathie (2018)   ၂၀၁၈ ခုနှစ်ထွက် အလန်းစား တမီလ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် နိုင်ငံရေး ဇာတ်ရှုပ်တွေ အရမ်းခေတ်စားတဲ့ ဘောလီးဝု၊ သောလီးဝု ဇာတ်ကားတွေထဲမှာ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး လုပ်စားကွက်တွေကို ဟော်ရာ(horror) ထည့်ရိုက်ထားတဲ့၊ နိုင်ငံရေးနဲ့ ဟော်ရာပေါင်းစပ်ရိုက်ကူးထားတဲ့၊ ဇာတ်ကားကောင်းတစ်ကားပါ... အခုခေတ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ကြားထဲမှာ အရင်ခေတ်က မိဘုရား တစ်ပါးက ဘယ်ကနေ ဘယ်လို ပါဝင်လာသလဲ? ဘုရင်တစ်ပါးရဲ့ အင်အားသုံးခုဖြစ်တဲ့ ငွေရယ်၊ လူထုထောက်ခံမှုရယ်၊ ဦးဏှောက်ရယ်ကို ဘယ်လိုမျိုး ကစားသွားသလဲ? စတာတွေကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်း တစ်ကားပါ ရိုက်ချက်ကောင်းကောင်း၊ ဇာတ်လမ်းကောင်းကောင်း ကြည့်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး India တောင်ပိုင်းဇာတ်ကားတွေက ဇာတ်လမ်းပိုင်းနဲ့ ပတ်သတ်ရင်တော့ ဆရာကြီးတွေပါ သူတို့ရဲ့ကားတိုင်းလိုလို double twist တွေနဲ့လာပါတယ် ဒါပေမဲ့ မင်းသားတွေက over action တွေကြောင့် ကြည့်ရတာနည်နည်း ဖီလင်အောက်သွားတတ်တာပါ ဒါကြောင့် ဒီဇာတ်ကားကိုလည်း အဲ့လိုဖီလင်အောင်မလားလို့ စိုးတထင့်ထင့်နဲ့ ဘာဟူဘာလီမင်းသမီးခေါင်းဆောင်ပါဝင်လို့ သွားကြည့်မိတာပါ မန်မာပရိသတ်တွေအကြိုက် နှစ်ဘဝကလဲ့စားမင်းသမီးပေါ့၊ ဒါရိုက်တာက ဒီဇာတ်လမ်းကို ဒီမင်းသမီးနဲ့ရိုက်ချင်လို့ ၄နှစ်စောင့်လိုက်ရပါတယ်၊ မင်းသမီးကရိုက်ရက်မအားလို့ပါတဲ့၊ ထူးထူးခြားခြား တောင်ပိုင်းဇာတ်ကားတွေထဲမှာမှ ...
7.5
IMDB: 7.5/10 597 votes
movie

Bhaagamathie (2018)

2018
1921 (2018) 4.5
1921 (2018)   2018 ခုနှစ်ထွက်ရှိထားပြီး အခုလောလောလတ်လတ် ရုံတင်နေဆဲဖြစ်တဲ့ ၁၉၂၁ ဆိုတဲ့ အိန္ဒိယ အချစ်သရဲ သဲထိပ်ရင်ဖိုကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ အတိုင်းပဲ အချစ်ကို ကိုးကွယ်မိရာမှ တဏှာ လွန်တော့ အရူးဖြစ်ပြီး သေပြီးတာတောင် စွဲလမ်းစိတ်ကြောင့် မကျွတ်လွတ်နိုင်ပဲ သရဲဘ၀ နဲ့ ချစ်ရသူကို တပါးသူ မိန်းကလေးလက်ထဲ မပါသွားအောင် လိုက်လံ နှောင့်ယှက်ပုံ တွေကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်း အကျဉ်းလေးကတော့ -  အိန္ဒိယမှ ထူးချွန်တဲ့ ပီယာနိုပညာရှင်လေး အာရွတ်ရှ်ကို သူ့ရဲ့သူဌေးက လန်ဒန်ကို ဂီတပညာသင်ဖို့စေလွှတ်ခံခဲ့ရတယ်။လန်ဒန်မှာရှိတဲ့ သူ့အိမ်ကိုလည်း စောင့်ရှောက်စေရင်းနဲ့ပေါ့။ ဒါပေမယ့် တစ်နေ့မှာ အာရွတ်ရှ်က အမှားတစ်ခုလုပ်မိသွားပါတယ်။ အဲ့ဒီအမှားကြောင့် သူနေနေတဲ့အိမ်ကြီးမှာ သရဲတစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းကို ခံရပါတော့တယ်။ သူတစ်ယောက်တည်းဒီပြဿနာတွေကြုံနေရင်းမှ တစ်နေ့သတင်းစာထဲမှာ ဝိဥာဉ်တွေနဲ့စကားပြောတတ်တဲ့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖတ်မိတဲ့အချိန်မှာ သူ့အတွက် မျှော်လင့်ချက်တွေရှိလာပါတယ်။ ဘောလိဝုဒ်ရဲ့ နာမည်ကြီးသရဲကားရိုက်တဲ့ဒါရိုက်တာ Vikram Bhatt ရိုက်ကူးထားတာပါ။ သရဲကားကြိုက်သူတွေအတွက် တကယ်ကိုထိန်လန့်မှုတွေပေးစွမ်းစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အသံချဲ့ပြီး အိမ်ထဲမှာ တစ်ယောက်တည်းကြည့်မယ်ဆိုရင် ပိုပြီးကြောက်စရာကောင်းမယ်ဆိုတာကြေငြာလိုက်ပါတယ်။   Qty - 720p HD-rip Duration - 2hr 22min Gern- Romance / ...
4.5
IMDB: 4.5/10 261 votes
movie

1921 (2018)

2018
Beast of Burden (2018) 5.5
Beast of Burden (2018) Beast of Burden ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၈ခုနှစ်မှ ပူပူနွေးနွေးဖြန့် ချိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Imdb Rating 5.5/10 ရရှိထားပြီးဇာတ်လမ်းကြာမြင့်ချိန်ကတော့ ၁နာရီခွဲပါ ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ ဟယ်ရီပေါ်တာမင်းသားချော Daniel Radcliffe.....Grace Gummer.....Pablo Schreiber တို့ ဖြစ်ကြပါတယ်...... ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်ဟာ မိန်းမဖြစ်သူရဲ့ ကင်ဆာရောဂါကို ကုသဖို့ အတွက် တရားမဝင်ပစ္စည်းများကို လေယာဉ်ပျံနဲ့ ပို့ ဆောင်ရင်း ရဲဘက်ဆိုင်ရာနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးမှာပါဝင်ကူညီပေးရပါတော့တယ်...... ဤကဲ့သို့ သောအခြေအနေမျိုးတွင် လူဆိုးများဘက်ကလည်း မသင်္ကာ..... ရဲဘက်ကလည်း စစ်ဆင်ရေးပြီးတာနဲ့  သူ့ ကိုအရေးယူမယ့်အခြေအနေ...... ဓားစာခံအဖြစ် မိန်းမဖြစ်သူဖမ်းခေါ်ခံရ........ စတဲ့အဖြစ်အပျက်တွေကြားမှာ ရှောင်တစ်ယောက် အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ပြီး မိန်းမဖြစ်သူကိုကယ်တင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အက်ရှင်ကားလေးဖြစ်ပါတယ်   File Size : (700 MB) and (295 MB) Quality : WEB-DL 720p Running Time : 1hr 29min Format : Mp4 Genre ...
5.5
IMDB: 5.5/10 1,198 votes
movie

Beast of Burden (2018)

2018
Ridge Runners (2018) 5.6
Ridge Runners (2018) ဒီကားလေးကတော့ စုံထောက်ကားလေးလဲဖြစ်သလို ပညာပေးကားလဲဖြစ်ပါတယ်။ မြို့ငယ်လေးတစ်မြို့မှာနေတဲ့ ဝီလိုဆိုတဲ့စုံထောက်တစ်ယောက် သူမအဖေဆုံးပါးသွားတဲ့အတွက် စိတ်ထိခိုက်နေပြီး တစ်နေ့မှာတော့ သူ့ဆီကို ၁၂နှစ်အရွယ် ကလေးမလေးတစ်ယောက် ပျောက်နေတဲ့အမှု ရောက်ချလာပါတယ်။ အဲ့အမှုကိုလိုက်စုံစမ်းရင်း သူ့ရဲ့မြို့မှာ မထင်မှတ်ထားတဲ့ ပြစ်မှုတွေ၊ လူကုန်ကူးမှုတွေဖြစ်ပျက်နေတာကို သိလာရပြီး လိုဝီတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ၊ ဒီအမှုတွေကိုရော သူ ထုတ်ဖော်နိုင်ပာ့မလားဆိုတာကို ပရိသတ်ကြီး ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြပါနော်။   File Size : (650 MB) and (270 MB) Quality : WEB-DL 720p Running Time : 1hr 21min Format : Mp4 Genre :Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Ann Mary Encoded by Thanhtike Zaw
5.6
IMDB: 5.6/10 1,198 votes
movie

Ridge Runners (2018)

2018
Looking Glass (2018) 5.4
Looking Glass (2018) ကျွန်တော်တို့ရဲ့မင်းသားကြီး Nicolas Cage ကတော့ဇာတ်ကားရိုက်ကူးတာတွေစိတ်လာပါတယ်။ ဒီတစ်ခါမှာတော့ သူ့ရဲ့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလထွက် Mystery/Thiller ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Nicolas Cage နဲ့ Prison Break ဇာတ်လမ်းတွဲမှာရင်းနှီးခဲ့တဲ့ မင်းသမီး Robin Tunney တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လျှပ်စစ်နည်းပညာရှင်တစ်ဦးဖြစ်သည့် Ray ( Nicolas Cage) ဟာသူ့ရဲ့အိမ်သူသက်ထား Maggie ( Robin Tunney) နဲ့အတူစီးပွားရေးတစ်ခုစလုပ်ကြည့်ဖို့အတွက် တိုင်ပင်ပြီးမိုတယ်ဟောင်းတစ်ခုကို ၀ယ်ယူလိုက်ပါတယ်။ မိုတယ်စတင်ဖွင့်လှစ်လည်ပတ်စဉ်မှာပဲ သူတို့မိုတယ်မှာထူးဆန်းတဲ့ အဖြစ်အပျက်တွေ၊ ဖြေရှင်းမရတဲ့ ကိစ္စတွေ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ ဖြစ်လာပါတော့တယ်။ ဒီလိုထူးဆန်းတဲ့ဖြစ်စဉ်တွေ ဘာကြောင့်ဖြစ်လာရတာလဲ။ ဒီမိုတယ်ရဲ့ သမိုင်းကြောင်းကရော ဘယ်လိုတွေလဲဆိုတာကိုအေးဆေးနေတတ်တဲ့ Ray တစ်ယောက် စုံစမ်းမေးမြန်း ဖော်ထုတ်ဖို့ကြိုးစားလာရတဲ့အခါမှာတော့….ဘယ်လိုတွေ တွေ့ကြုံရမလဲ။ ဘာတွေမြင်တွေ့ရမလဲ။ မိုတယ်ရဲ့ လျို့ဝှက်ချက်တွေကရောဘာတွေလဲ ဆိုတာကတော့ မင်းသားကြီး Nicolas Cage ရဲ့ပရိသတ်ကြီးတွေ ရင်တထိတ်ထိတ်နဲ့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါဦး။   File Size : (850 MB) and ...
5.4
IMDB: 5.4/10 102 votes
movie

Looking Glass (2018)

2018
When We First Met (2018) 6.5
When We First Met (2018) လူ့ဘဝမှာတစ်ခါလောက်တော့အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင်လို့တွေးမိဖူးကြမှာပါ။ အကယ်၍သာပြန်ပြင်ဆင်ခွင့်ရှိရင် ဘာတွေကိုပြင်ဆင်မှာလဲ ပြင်ဆင်လိုက်ရင်ရော ဘာဖြစ်မှာလဲ ဆိုတာလဲတွေးမိကြမှာပါ။ အဲ့လို့မေးခွန်းတွေနဲ့ စိတ်ညစ်ဖူးတဲ့ လူတွေအတွက် ဒီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးထဲက မင်းသားကတော့ပြင်ဆင်ခွင့်ရခဲ့သူတစ်ဦးပေါ့။ မေးစရာရှိတာက အဲ့ဒီအခွင့်အရေးဟာသူ့အတွက် ကံဆိုးတာလား ကံကောင်းတာလား ဆိုတာပါပဲ။ ပေါပေါ့ပါးပါးနဲ့ သူပေးချင်တဲ့မက်ဆေ့ကိုပေးနိုင်တဲ့ကားလေးမို့ ကားကောင်းလေးတစ်ကားလို့ပဲ ညွှန်းလိုက်ပါရစေ။ အချိန်ခရီးသွားကားတွေထဲကမှ ခွဲထွက်နေပြီး အဓိပ္ပါယ်ရှိတဲ့ကားလေးတစ်ကားပါ။ Ratingတွေ အနေနဲ့ကတော့ Imdb Rating6.5 နဲ့ Rotten tomatoes 4.2% ရရှိထားတဲ့ကားလေးပါ။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က အေးမွန်ကျော်ပါ)     File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre :Comedy Subtitle : Myanmar Subtitle (Hard Sub) Source :1080p.NF.WEBRip.DD5.1.x264-SiGMA Translated by Aye Mon Kyaw Encoded by Thanhtike Zaw
6.5
IMDB: 6.5/10 96,371 votes
movie

When We First Met (2018)

2018
Accident Man (2018) 6.0
Accident Man (2018) Accident Man ဆိုတာလူတစ်ယောက်ပေါ့။ ဘယ်လိုလူတစ်ယောက်လဲဆိုတော့ အခကြေးငွေယူပြီး လူသတ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့လူ။လူသတ်ကုန်သည်လို့လည်းခေါ်ကြတယ်။ သူတို့လောကမှာ အဲ့ဒီဈေးကွက်က တော်တော်ဖြစ်ထွန်းနေသလို ကိုယ့်အလုပ်ကိုကိုယ် ဂရုစိုက်ကြရတယ်။ အလုပ်အပ်တဲ့လူကပွဲစားကတစ်ဆင့် သတ်ရမယ့်လူရဲ့အချက်အလက်နဲ့ငွေကိုပေးတယ်။ ပွဲစားကနေပြီးတော့မှ သတ်ရမယ့်ပုံစံကိုလိုက်ပြီး လုတ်ကြံသတ်ဖြတ်သူတွေကို တာဝန်တွေပြန်ခွဲပေးတယ်။ သတ်ရမယ့်ပုံစံဆိုတာ အဆိပ်ခတ်သတ်ရမလား၊ လမ်းဘေးလူသတ်မှုပုံစံလား၊ မီးရှို့သတ်မလား၊ မတော်တဆပုံစံလားစသဖြင့်ပေါ့။ Accident Man ဆိုတာက မတော်တဆပုံစံသတ်ရတဲ့အခါ တာဝန်ယူပေးရတဲ့လူ။ ဇာတ်လမ်းကတော့ ပြောမပြတော့ဘူး။ အထိုးအကြိတ်အသတ်အပုတ်ကားကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ပဲပေါ့။ မင်းသားကလည်း ဘွိုင်ကာလက်ဝှေ့ကားထဲက နာမည်ကျော်ဆိုတော့ ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ဆရာဇွဲခန့်သွင်ပါ)   File Size : (850 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-NODLABS Translated by Zuel Khant Thwin Encoded by Thanhtike Zaw
6.0
IMDB: 6.0/10 1,198 votes
movie

Accident Man (2018)

2018
The Cloverfield Paradox (2018) 6.2
The Cloverfield Paradox (2018) Life (2017) ကဲ့သို့သောသည်းထိပ်ရင်ဖိုသိပ္ပံဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့ The Cloverfield Paradox နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်လေးကို အနာဂတ်ခေတ်တွင်ဇာတ်အိမ်တည်ထားပြီး ခေတ်သစ်စွမ်းအင်ရှားပါးလာသည့် ပြဿနာကိုဖြေရှင်းနိုင်ရန်တွက် နိုင်ငံတကာအာကာသစခန်းတွင် ရုရှား၊ ဂျာမနီ၊ တရုတ် စသည့်အင်အားကြီးနိုင်ငံမှာ သိပ္ပံပညာရှင်၊အာကာသယာဉ်မှူးတွေပူးပေါင်းပြီး Renewable Energy Source ထုတ်လုပ်နိုင်ရန် ပူးပေါင်းလုပ်ဆောင်နေကြတာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ သို့ပေမဲ့ စမ်းသပ်မှုလုပ်ဆောင်နေစဉ်မှာပဲ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့အတူ အဆိုပါပညာရှင်တစ်သိုက် အခြား Dimension ထဲကိုရောက်ရှိသွားနေပြီးနောက် အရာအားလုံးဟာ သည်းထိပ်ရင်ဖိုစရာတွေဖြစ်လာပါတယ်။ အဆိုပါ ပညာရှင်တစ်သိုက် အာကာသစခန်းယာဉ်ကြီးပေါ်တွင် ဘယ်လိုပူးပေါင်း အဖြေရှာကြမလဲ။ သူတို့ရဲ့ပုံမှန်ကမ္ဘာကြီးဆီပြန်သွားနိုင်ပါ့မလား။ ဘယ်လိုအနှောင့်အယှက်တွေ ကြုံတွေ့ရမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်ပါတယ်။ Scientific Fiction နဲ့ Horror တို့ပေါင်းစပ်ထားတဲ့တွက် စိတ်ဝင်စားဖို့ကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲတော့ Sci-Fi ပရိသတ်တွေရော Horror ပရိသတ်များအတွက်ပါ ကြည့်ရှုရကောင်းစေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။   File Size : (800 MB) and (326 MB) Quality : WEBRip ...
6.2
IMDB: 6.2/10 10,552 votes
movie

The Cloverfield Paradox (2018)

2018
The Thousand Faces of Dunjia (2018) 5.7
The Thousand Faces of Dunjia (2018) A thousand face of Dunjia (2017) – – – – – – – – – – – – – – – – – – – – 1000 faces of dunjia ကားလေးကတော့ Guardians of the Galaxy လိုကားမျိုးပါ၊အရမ်းမိုက်တဲ့အထူးပြုလုပ်ချက်တွေ၊ဟာသလေးတွေလဲပါတာမို့ရသမျိုးစုံပေးတဲ့ကားကောင်းလေးပါ 12th Asian Film Awards မှာ Best Action Film ၊ Best Costume Design ဆု၊ Best Visual Effects ဆုတွေအတွက် Nominate ဝင်ခဲ့တဲ့ကားလေးပါ လျို့ဝှက်စွာလူသားတွေကိုကာကွယ်စောင့်ရှောက်နေတဲ့ ဝုရင့်အဖွဲ့ဝင် ၇ ယောက်ဟာ တစ်နေ့မှာတော့ငါးမိစ္ဆာတစ်ကောင်ကိုဖမ်းလာရင်း သူ့ထက်စွမ်းအားကြီးသောမိစ္ဆာတစ်ကောင်လာနေတယ်ဆိုတာကိုသိခဲ့ရပါတယ် အဖွဲ့စခန်းချရာနေရာကိုပြောင်းရွှေ့ခဲ့ပြီး မိစ္ဆာဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာကိုစုံစမ်းရင်း အမှုလိုက် သောင်ရိချန်ရဲ့ကာကွယ်ပေးမှုကြောင့် ချင်းထင်တို့ ...
5.7
IMDB: 5.7/10 25 votes
movie

The Thousand Faces of Dunjia (2018)

2018
Death Race 4: Beyond Anarchy (2018) 5.4
Death Race 4: Beyond Anarchy (2018) Dead Race ဆိုတဲ့ Movie ကို အများကြီးညွှန်းစရာမလိုတော့ပါဘူး… Dead Race ပြိုင်ပွဲမှာထောင်ထဲမှာပြုလုပ်တဲ့ တရားဝင်ပြိုင်ပွဲဖြစ်ပြီးတော့ အဲပြိုင်ပွဲမှာဝင်ပြိုင်တဲ့ အကျဉ်းသားတွေအကုန်လုံးကလည်းထောင်ဒဏ်တသက်တကျွန်းကျထားပြီးတဲ့ သေမထူးနေ့မထူး အရက်စက်ဆုံး လူမဆန်ဆုံးနဲ့ လူသတ်သမားတွေ ရာဇ၀တ်သားတွေပဲဖြစ်ပါတယ်…. ဒီလိုအကျဉ်းသားတွေကို သူတို့လွတ်မြောက်ဖို့အတွက်အခွင့်ရေးတစ်ခုရောက်လာပါတယ်… အဲဒါကတော့ ထောင်ထဲမှာကားပြိုင်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သတ်ရတာပဲဖြစ်ပါတယ်… ဒီလိုပြိုင်ရင်းကနေ ပြိုင်ပွဲတိုင်းရဲ့ ဘုရင်တစ်ပါးပေါ်လာပါတယ်… သူကတော့ Frankenstein ပဲဖြစ်ပါတယ်… အခုတင်ဆက်ပေးမယ့် Dead Race 4 မှာကတော့ နိုင်ပွဲတွေဆက်လာနေတဲ့ Frank ကို အစိုးရကနေ ထောင်ထဲမှာပဲ ကားပြိုင်ရင် သုတ်သင်ရှင်းလင်းဖို့အတွက် လုပ်မယ့်အစီအစဉ်ဖြစ်ပါတယ်…… ဒါကြောင့် နိုင်ပွဲတွေဆက်နေတဲ့ ပြိုင်ပွဲတိုင်းရဲ့ဘုရင် Frank ကိုရှင်းနိုင်မလားဆိုတာ  စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်… ဒီ Dead Race ဆိုတဲ့ Movie အမျိုးစားဟာ ထောင်ထဲမှာစရိုက်ဆန်ဆန်နဲ့ရိုက်ထားတဲ့ Action Movie အမျိုးအစားဖြစ်ပြီး အရွယ်မရောက်သေးသူများနဲ့မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တဲ့ အခန်းအတော်များများပါဝင်ပါတယ်….. လူသတ်ကားဖြစ်ပြီးတော့ သွေးထွက်သံယိုတွေ ရက်ရက်စက်စက်သတ်ဖြတ်တဲ့အခန်းတွေလည်းအများဆုံးပါဝင်ပါတယ်…. ကြမ်းကြမ်းမှကြိုက်တယ်ဆိုတဲ့ပရိတ်သတ်တွေအတွက်အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်… File Size : (794 MB and 360 MB)  Quality : 720p HDRip Running Time : 1hr 51min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source : 720p HDRip Translated ...
5.4
IMDB: 5.4/10 1,198 votes
movie

Death Race 4: Beyond Anarchy (2018)

2018
Braven (2018) 6.7
Braven (2018) 2018, February 2ရက်​​နေ့ကထွက်​ရှိခဲ့တဲ့ နာမည်​ကြီးမင်းသား Jason Momoa ရိုက်​ကူးထားတဲ့ Braven ဇာတ်​ကားဟာ ထွက်​ရှိပြီးရက်​ပိုင်းအတွင်းမှာပဲ လူကြိုက်​အရမ်းများပြားခဲ့တဲ့ဇာတ်​ကား​ကောင်း​လေးဖြစ်​ပါတယ်​။ ဒီဇာတ်​လမ်း​လေးထဲမှာ​တော့ မင်းသား Jason Momoaက သစ်​လုပ်​ငန်းလုပ်​ကိုင်​တဲ့ Joeအဖြစ်​သရုပ်​​ဆောင်​ထားပါတယ်​။ Joe ဟာမှတ်​ဥာဏ်​မ​ကောင်း​တော့တဲ့ သူ့ရဲ့ဖခင်​ကြီးရယ်​၊ သူဇနီးနဲ့ သမီး​လေးတစ်​​ယောက်​တို့နဲ့ အတူ​တူ​အေးချမ်းတဲ့မိသားစုဘဝ​လေးကိုပိုင်​ဆိုင်​ထားသူပဲဖြစ်​​ပါတယ်​။ တ​နေ့မှာ​တော့ သူ့တပည့်​တစ်​​ယောက်​ဟာ သစ်​​တွေကိုတင်​ပို့ရင်း မူးယစ်​​ဆေးဝါး​တွေ ​မှောင်​ခိုတင်​ပို့ပါ​တော့တယ်​။ အဲ့လို​မှောင်​ခိုပို့ရင်းနဲ့ မ​မျှော်​လင့်​ပဲလမ်းခုလတ်​မှာ ကားမ​တော်​တဆဖြစ်​ပြီး၊ ရဲ​တွေ​ကာိး​တော်​တဆဖြစ်​တဲ့​နေရာကို​ရောက်​လာရင်​ မူးယစ်​​ဆေး​တွေမိသွားမှာစိုးတဲ့အတွက်​ Joeရဲ့ ပစ္စည်း​တွေထားတဲ့ သစ်​သားအိမ်​​လေးထဲမှာ သွားဖွက်​ထားလိုက်​ပါတယ်​။ အဲ့ဒီလိုနဲ့ Joeတစ်​​ယောက်​ ဘာမှမသိလိုက်​ရဘဲ မူးယစ်​​ဆေးဝါးဂိုဏ်း​တွေနဲ့ ပတ်​သက်​မိသွားပါ​တော့တယ်​။ ​နောက့်​​နေ့ အဲ့ဒီမူးယစ်​​ဆေး​တွေကို လာပြန်​ယူတဲ့အခါမှာ​တော့ အဲ့ဒီ မူးယစ်​​ဆေးဂိုဏ်းအဖွဲ့နဲ့ Joeရဲ့မိသားစုတို့ထိပ်​တိုက်​တိုးပါ​တော့တယ်​။ Joeတစ်​​ယောက်​ဟာ သူရဲ့မှတ်​ဥာဏ်​မ​ကောင်း​တော့တဲ့ ဖခင်​ကြီး၊ ချစ်​လှစွာ​သောဇနီးသည်​နဲ့ သမီးငယ်​​လေးတို့ကို အဲ့ဒီ ဂိုဏ်းသား​တွေနဲ့သူ့တို့လက်​ကလွတ်​​အောင်​ဘယ်​လို ကယ်​တင်​မလဲ၊ ဘယ်​လိုစွန့်​စားခန်း​တွေနဲ့ကြုံ​တွေ့မလဲ၊ ဘယ်​လို​ကြေကွဲစရာအဖြစ်​အပျက်​​တွေဖြစ်​မလဲဆိုတာကို​တော့ ဒီဇာတ်​လမ်း​လေးထဲမှာရှု့စားရမှာပဲဖစ်​ပါတယ်​။ Family/Drama/Action ဇာတ်​ကား​ကောင်း​လေးဖြစ်​တာ​ကြောင့်​ ပရိတ်​သတ်​​တွေအကြိုက်​​တွေ့​စေမယ့်​ဇာတ်​ကား​ကောင်း​လေးပဲဖြစ်​ပါတယ်​   File Size : (750 MB) and (300 MB) Quality : ...
6.7
IMDB: 6.7/10 7,495 votes
movie

Braven (2018)

2018
Voldemort: Origins of the Heir (2018) N/A
Voldemort: Origins of the Heir (2018) အခုတင်ဆက်ပေးရမယ့် movie လေးကတော့ ပရိသတ်တွေရဲ့ ကလေးဘဝကတည်းက ဇာတ်လိုက်ကျော် ဟယ်ရီပေါ်တာ ဖန်များအားလုံးသိကြမယ့် မှော်နက်ဂိုဏ်းချုပ်ကြီး Voldemort(ဗိုဒမော့)အကြောင်းကို ရိုက်ကူးထားတာပါ.. .ဒီမူဗီအတွက်official Teaser trailer ကို 2017 Juneမှာ FBမှာတင်ခဲ့တဲ့အခါ...၂ရက်အတွင်း ကြည့်ရှုသူ သန်းနှစ်ဆယ်ကျော်ခဲ့ပါတယ်... ဟယ်ရီပေါ်တာဖန်ကလည်း နည်းမှမနည်းပဲကိုး ... ဒီဇာတ်ကားလေးကိုရှုစားပြီးတော့ ဟယ်ရီနဲ့ပတ်သက်တဲ့ Facts တွေကို သေချာသိနိုင်မှာဖြစ်ပါတယ်... ဟယ်ရီပေါ်တာရဲ့ရန်သူတော်ကြီး ဗိုဒမော့ရဲ့ ငယ်ဘဝ တွန်ရစ်ဒယ် တစ်ယောက် ဒီလို မှော်နက် ဂိုဏ်းချုပ်ကြီးတစ်ယောက် ဖြစ်လာဖို့ လုပ်ဆောင်ခဲ့တဲ့ ငယ်ဘဝ ကြိုးပမ်းမှုတွေကို စိတ်ဝင်စားဖွယ် ဘယ်လိုတွေများတင်ဆက်ထားသလဲ.... ပရိသတ်တွေနဲ့ မစိမ်းတဲ့ စလေးသရင်း, ဂရစ်ဖင်းဒေါ, ဟက်ပ်ဖက် နဲ့ ရာဗင်ခလော ဆိုတဲ့ ဟော့ဂ်ဝက် မှော်ကျောင်းကြီးလေးကျောင်းရဲ့ ဆက်ခံသူတွေ ဒီဇာတ်ကားထဲမှာ ဘယ်လိုများပါဝင်ထားကြမလဲ ဆိုတာကို ဟယ်ရီပေါ်တာ ပရိတ်သတ်များအားလုံးလက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးလို့   File Size : (500 MB) Quality : ...
N/A
IMDB: N/A/10 N/A votes
movie

Voldemort: Origins of the Heir (2018)

2018
The Polka King (2018) 5.8
The Polka King (2018) ​ဟောလိဝုဒ်​နာမည်​​ကျော်​ သရုပ်​​ဆောင်​ Jack Black ပါဝင်​သရုပ်​​ဆောင်​ထားပြီး IMDb rating 5.9 ရရှိထား​သော The Polka King ရုပ်​ရှင်​သည်​Pennsylvania ပြည်​နယ်​မှ Polka ဂီတ​ဖျော်​​ဖြေသူအနုပညရှင်​တစ်​ဦးဖြစ်​တဲ့ ဂျန်​လီဝင်​ရဲ့ အခက်​အခဲများကြားမှ ကြိုးကြိုးစားစားဖြင့်​ခက်​ခဲစွာ​အောင်​မြင်​​ကျော်​ကြားသူတစ်​ဦးဖြစ်​လာခဲ့ပုံ သူ၏​ပေါင်းသင်းဆက်​ဆံမှုစွမ်းရည်​ ပါးနပ်​မှု ရည်​မှန်းချက်​ကြီးစွာကြိုးစားခဲ့သဖြင့်​​အောင်​မြင်​ခဲ့ပုံ ကျူးလွန်​ခဲ့​သောအမှားများ​ကြောင့်​ကျရှုံးခဲ့ပုံ၊ဘဝ၏အတက်​အကျ မိသားစု၏အ​ရေးပါပုံ၊ကြိုးစားအားထုတ်​မှု၏တန်​ဖိုးတို့ကိုရသ​ပေါင်းစုံ​အ​ဖြစ်​ခံစားကြည့်​ရှုရမဲ့ Biography / Documentary ဆန်​ဆန်​ရုပ်​ရှင်​ကား​ကောင်း​လေးဖြစ်​ပါတယ်​။   File Size : (800 MB) and (300 MB) Quality : WEBRip 720p Running Time : 1hr 35min Format : Mp4 Genre :Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : iNTERNAL.1080p.WEB.x264-STRiFE Translated by Htet Myet Encoded by Thanhtike Zaw
5.8
IMDB: 5.8/10 680 votes
movie

The Polka King (2018)

2018
Step Sisters (2018) 5.3
Step Sisters (2018) ဒီကားထဲမှာတော့ ဂျမဲလာဆိုတဲ့လူမဲမလေးဟာ အရမ်းတော်တဲ့သူ့ချစ်သူနဲ့အတူ ဟားဘက်ကိုတက်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အမြဲလိုလို ပြည့်စုံဖို့ကြိုးစားနေတဲ့ သူ့အမေက ဂျီပီအေ ၄.၀ ကျော်မှ သူ့ကို တက်ခွင့်ရအောင်ထောက်ခံပေးမယ်လို့ပြောလို့ အရမ်းစိတ်ညစ်ပြီး လူဖြူပါတီကိုသွားမိရာက ဇာတ်လမ်းလေးစခဲ့ပါတယ်။ လူဖြူမတွေကို လူမဲအက ကတတ်အောင်ကြိုးစားနိုင်ရင် ဟားဘက်တက္ကသိုလ်ကိုတက်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူဖြူအရိုင်းမလေးတွေကို အကသင်ပေးခဲ့ပါတယ်။ ဒီလိုအကသင်ပေးရင်း ကြုံရတဲ့အခက်အခဲတွေနဲ့ လူမျိုးရေးခွဲခြားတတ်တဲ့သူ့သူငယ်ချင်းတွေနဲ့ အမေကြား ဗျာများခဲ့ချိန်မှာ အကောင်းဆုံးလို့ထင်ထားတဲ့ သူ့ချစ်သူက သူ့ဘက်မှာမရှိဘဲ သူ့ကိုတကယ်မချစ်နိုင်မှန်းသိခဲ့ပါတယ်။ အဲဒီအချိန်မှာ ဟာသတွေပြောပြီး ကြင်နာတတ်တဲ့ လူမဲကောင်လေးနဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ပါတယ်။ ဒီလို လူငယ်တွေကြားဖြစ်တတ်တဲ့ ပြဿနာလေးတွေကို သင်ခန်းစာပြရိုက်ထားတဲ့ ဇာတ်မြူးဟာသကားလေးတစ်ကားပါ။ လူမဲအကကို အသားပေးရိုက်ထားတာဖြစ်တဲ့အတွက် အလန်းစားအကတွေအကြောင်းကတော့ ထည့်ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ နောက်ဆုံးမှာ လူမဲမလေး ဂျမဲလာတစ်ယောက် ဟားဘက်ကိုတက်ခွင့်ရရဲ့လား သူ့ချစ်သူအသစ်နဲ့ရော ဘယ်လို ရင်ခုန်စရာလေးတွေရှိခဲ့လဲဆိုတာတော့ ဒီကားလေးထဲမှာ ကြည့်လိုက်ကြပါဦး။ လုံးဝစိတ်မပျက်စေရမယ့် ကားကောင်းလေးဆိုတာ အာမခံလိုက်ပါရစေ။   File Size : (900 MB) and (366 MB) Quality : WEBRip ...
5.3
IMDB: 5.3/10 1,198 votes
movie

Step Sisters (2018)

2018
American Satan (2018) 6.0
American Satan (2018) Rockerကြီး​တွေအတွက်​ ဇာတ်​ကား​ကောင်း​လေးတစ်​ကားနဲ့မိတ်​ဆက်​​ပေးပါရ​စေ။ ဒီဇာတ်​ကား​လေးက​တော့ Rockဂီတကိုရူးသွပ်​တဲ့ ဂျွန်​နီတို့လူငယ်​တစ်​ဖွဲ့ဟာ တီးဝိုင်း​ထောင်​ပြီးအောင်​မြင်​မှုရ​အောင်​ကြိုးစားကြတဲ့ဇာတ်​လမ်း​လေးပါ။ တီးဝိုင်းအဖွဲ့​ထောင်​ပြီး​အောင်​မြင်​မှုက​အောင်​ကြိုးစား​နေချိန်​မှာပဲ ​စေတန်​နတ်​ဆိုးနဲ့​တွေပြီး လမ်းမှားကိုစတင်​လိုက်​မိပါ​တော့တယ်​။ ​စေတန်​နတ်​ဆိုးက သူတို့အဖွဲ့ကို​အောင်​မြင်​​အောင်​လုပ်​​ပေးမယ်​၊ သို့​ပေမယ့်​ အ​ပေးအယူအ​နေနဲ့လူသား​တွေကိုယစ်​ပူ​ဇော်​​ပေးရပါတယ်​။ အဲ့ဒါနဲ့​အောင်​မြင်​မှုကို​တောင့်​တကြတဲ့လူငယ်​အတွက်​ အမှား​တွေလုပ်​မိကြပါ​တော့တယ်​။ တီးဝိုင်းအဖွဲ့က​အောင်​မြင်​လာတာနဲလအမျှ အ​ပျော်​အပါး​တွေပါလာပြီး​နောက်​ဆုံးမှာ ​ဆေးစွဲသွားတဲ့အထိလမ်းမှားလိုက်​မိပါ​တော့တယ်​။ အဲ့လိုအခက်​အခဲ​တွေ၊ ပြင်​မရအမှား​တွေထဲက​နေ ဘယ်​လိုရုန်းထွက်​ကြမလဲဆိုတာ ဒီဇာတ်​လမ်းက​လေးမှာ ဆက်​လက်​ကြည့်​ရှု့ကမှာဖြစ်​ပါတယ်​။ ဇာတ်​ကားထဲမှာ သုံးထားတဲ့သီချင်း​တွေနဲ့ riffတီးကွက်​​တွေကအမိုက်​စား​တွေမို့လို့ Rockပရိတ်​သတ်​​တွေအတွက်​​တော့ သ​ဘောကျမှာအမှန်​ပါပဲ။Rockerကြီးများ လက်​လွတ်​မခံသင့်​တဲ့ဇာတ်​လမ်း​ကောင်း​လေးပါ။   File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre :Drama, Music, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.X264-AMIABLE Translated by Ye Yint Encoded by Thanhtike Zaw
6.0
IMDB: 6.0/10 592 votes
movie

American Satan (2018)

2018
The Open House (2018) 6.5
The Open House (2018) ဒီကားကတော့ Horror ဇာတ်ကားသစ်လေးပါ 13 reasons why ထဲက မင်းသားချောလေး Dylan Minnette ပါဝင်သရုပ်ဆောင်ထားပါတယ် မိသားစု အဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရချိန် အမျိုးသားဖြစ်သူ ရုတ်တရက်မတော်တဆမှုနဲ့ သေဆုံးသွားခဲ့တဲ့အတွက် ကြံရာမရဖြစ်ပြီး တောင်ပေါ်မြို့လေးကို ခေတ္တ ပြောင်းရွှေ့နေထိုင်ကြတဲ့ နာအိုမီ နဲ့ လိုဂန် တို့ သားအမိ.... သူတို့ပြောင်းသွားတဲ့မြို့လေးမှာ လူထူးလူဆန်းတွေနဲ့ တွေ့ဆုံရတဲ့အပြင်.... သူတို့ နေထိုင်နေတဲ့ အိမ်ကြီးက ထူးဆန်းတာတွေ ဆက်တိုက် ဖြစ်လာတဲ့အခါ...... အဲ့ဒိမြို့ပေါ်က လူတွေက ဘယ်သူတွေလဲ..... သူတို့အိမ်ကြီးထဲက ထူးခြားဖြစ်ရပ်တွေက ဘာကြောင့်ဖြစ်နေတာလဲ...... ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က တရားခံက ဘယ်သူလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ.....   File Size : (750 MB) and (330 MB) Quality : WEBRip 720p Running Time : 1hr 34min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle ...
6.5
IMDB: 6.5/10 51,000 votes
movie

The Open House (2018)

2018
Mom and Dad (2018) 6.4
Mom and Dad (2018) ၂၀၁၈ခုနှစ်ဇန်န၀ါရီကမှတရားဝင်ထုတ်လုပ်လိုက်တဲ့ မင်းသားကြီးနီကိုလတ်စ်ကေ့ခ်ျရဲ့ ကားသစ်လေးပါ။ ဒီဇာတ်ကားလေးဟာ တမူထူးခြားတဲ့အရသာလေးကိုပေးမှာပါ။ ဘာလို့လဲဆိုတော့ Horror-Comedy ဇာတ်ကားလေးဖြစ်နေလို့ပါပဲ။ ပိုစိတ်ဝင်စားကောင်းသွားပါပြီ။ ဇာတ်ကားနာမည်က အမေနဲ့အဖေဆိုတော့ မိဘမေတ္တာဘာညာဆိုပြီးထင်ကောင်းထင်နိုင်ပါတယ်။ ဒီကားလေးမှာတော့ လုံးဝဆန့်ကျင်ဖက်ပါပဲ။ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုက မိသားစုလေးတစ်စုကိုအခြေပြုဇာတ်အိမ်တည်ထားပါတယ်။ ဖခင်ဖြစ်သူဟာ တနေကုန်ကုန်းရုန်းအလုပ်လုပ် မိသားစုကိုထောက်ပံ့ ကလေးတွေကြောင့်စိတ်ပင်ပန်းနေရပြီး မိခင်ဖြစ်သူကလည်း ကလေးတွေကိုပြုစုပျိုးထောင်ဖို့ အလုပ်ကနေထွက်ထားရတယ်။ သားသမီးရယ်လို့ တနေကုန်ဖုန်းပွတ် မိဘတွေနဲ့ကွိုင်တတ်တဲ့ မြီးကောက်ပေါက်သမီးတစ်ယောက်၊ လုပ်ချင်ရာလုပ်စိတ်ထင်သလိုသောင်းကျန်းတဲ့ သားအငယ်ကောင်ဆိုပြီးနှစ်ယောက်မွေးထားကြတာပါ။ တစ်နေ့တစ်နေ့ မိဘနှစ်ပါးမှာ ဒီသားသမီးနှစ်ယောက်ကိုပြောရဆိုရ ထိန်းသိမ်းရနဲ့အတော် စိတ်အိုက်ကြမှာပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ ၂၄နာရီစာမိဘတွေပြန်သောင်းကျန်းခွင့်ရသွားစေတဲ့ဖြစ်ရပ်ဆန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ကျောင်းကြိုဖို့ မိဘတွေကျောင်းပြင်မှာစောင့်နေကြစဉ် ခေါင်းလောင်းအထိုးမှာပဲ မိဘတွေအားလုံးကိုယ့်သားသမီးကိုယ်ပြန်ရန်မူချင်စိတ်ပေါက်ပြီး Zombie သဖွယ်ဖြစ်ကုန်ကြပါတယ်။ တခြားဘယ်သူ့ကိုမှရန်မပြုဘဲ ကိုယ့်သားသမီးကိုပြန်လိုက်ရန်ရှာကြတော့တဲ့အခါ တစ်ကျောင်းလုံး ၀ရုန်းသုန်းကားဖြစ်ကုန်ပြီး အဲဒီမောင်နှမနှစ်ယောက်လည်းကြောက်ကြောက်နဲ့ အိမ်ပြန်ပြေးလာတဲ့အခါမှာတော့ အိမ်မှာမိန့်မိန့်ကြီးထိုင်စောင့်နေတဲ့မိဘနှစ်ပါးနဲ့တည့်တိုးကြကုန်တာပါပဲ။ ၂၄နာရီတိတိ အဲဒီမောင်နှမနှစ်ယောက်နဲ့ Nicolas Cage တို့လင်မယားနှစ်ယောက် လိုက်တမ်းပြေးတမ်းတစ်အိမ်လုံးပြောင်းဆန်အောင် သောင်းကျန်းကြတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမှာဖြစ်ပြီး ကြားထဲမှာလည်းဟာသဖောက်တတ်သေးတော့ အရသာနှစ်မျိုးခံစားရမှာပါ။ ဒါ့အပြင်ဒီဇာတ်ကားမှာ ...
6.4
IMDB: 6.4/10 349 votes
movie

Mom and Dad (2018)

2018