Channel Myanmar

2019

Booksmart (2019) 7.5
Booksmart (2019) သင်ဟာ ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်သူလားသင်ဟာ ကျောင်းသားဟာသကားလေးတွေ ကြိုက်နှစ်သက်သူလား …သင့်မှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ရှိပါသလား …သင်ဟာ အထက်တန်းကျောင်းလောလောလတ်လတ် ပြီးစီးထားသူလား ...ဒါဆိုရင် ၂၀၁၉ ထွက်ထားတဲ့ Booksmart ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် …ဇာတ်ကားအမျိုးအစားလေးကတော့ Comedy/Coming of age fiction ဖြစ်ပြီး Rating တွေမအနေနဲ့ IMDb – 7.5 /10 ရရှိထားပြီး RT – 97%တောင် ရရှိထားပါတယ်ကျောင်းမှာ စာအတော်ဆုံး အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ အေမီနဲ့ မော်လီတို့ရဲ့ အထက်တန်းပြီးမယ့် နောက်ဆုံးနေ့ကို ရောက်ရှိလာပါတယ် …သူတို့ကစာအတော်ဆုံးဖြစ်ပြီး တခြားကျန်တဲ့သူတွေကို ငတုံးတွေလို့ အထင်ရောက်နေကြတဲ့ နှစ်ယောက်ပေါ့…အတန်းထဲက တခြားသူတွေက အထက်တန်းပြီးလို့ ကောလိပ်တက်ချိန်ရောက်တဲ့အခါ သူတို့နှစ်ယောက်ကပဲ ဟားဗက်တို့လို ယေးလ် တို့လို တက္ကသိုလ်ကောင်းကောင်းတွေ ...
movie

Booksmart (2019)

2019
Lucifer (2019) 7.9
Lucifer (2019) ၂၀၁၉ ထွက်India ဇာတ်ကား Lucifer နဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားက Box Office မှာ အောင်မြင်မှု အတော်ရထားတဲ့ ဇာတ်ကားလေးပါ။Original Songtrack အလန်းစားတွေလည်းပါပါတယ်။ဇာတ်လမ်းကတော့ Kerala ဆိုတဲ့ ပြည်နယ်ဝန်ကြီးချုပ် P.K.Ramdas သေဆုံးသွားတာကစပါတယ်။သူတို့စကားအတိုင်းပြောရမယ်ဆိုရင် အဲဒီနယ်ရဲ့ ဘုရားသခင်ပေါ့။အဲဒီ ဘုရားသခင်မှာ သားသမီးနှစ်ယောက်ရှိတယ်။စစ်တပ်တစ်တပ်ရှိတယ်။သူ့ရဲ့ ဂုဏ်ကိုမြှင့်ပေးမယ့် တမာန်တော်တွေလည်းရှိတာပေါ့။ဘုရားသခင်ရဲ့ နိုင်ငံက ကြီးလွန်းတော့ သူခိုးတွေက တမာန်တော်ဟန်ဆောင်ပြီး ဝင်လာကြတယ်။တစ်နေ့မှာတော့ အဲဒီ ဘုရားသခင်သေဆုံးသွားခဲ့ပါတယ်။အဲဒီအချိန်မှာ တမာန်တော်ဟန်ဆောင်နေတဲ့ သူခိုးတွေက နိုင်ငံကိုသိမ်းပိုက်ဖို့ ကြိုးစားကြပါတော့တယ်။အဲဒီလို ဝရုန်းသုန်းကားဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းနိုင်တဲ့သူကတော့ တစ်ယောက်ပဲရှိပါတယ်။သူ့ကို ဟိန္ဒူမှာဆို မဟီရာဝဏ၊ အစ္စလာမ်မှာဆိုရင်တော့ အစ်ဘလီ၊ ခရစ်ယာန်မှာဆိုရင် Lucifer လို့ တင်စားပြောလို့ရတဲ့ Stephen ...
movie

Lucifer (2019)

2019
The Mustang (2019) 7.4
The Mustang (2019) Rating 7.1 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်...မိမိလက်နဲ့ထိန်းကျောင်းပြီး ပြုစုစောင့်ရှောက်ရတဲ့ သတ္တဝါလေးတွေကိုမခင်တွယ်မိသူ ဘယ်သူရှိမှာပါလဲဒီကားလေးမှာတော့ ရိုမန်ကိုးမန်းဆိုတဲ့ အကျဉ်းသားနဲ့ သူရဲ့ မာစတန်မြင်းလေးမာကွီးစ် တို့အကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်ရိုမန်ကိုးမန်းက ဇနီးသည်ကို အပြင်းအထန်နာကျင်စေမှုနဲ့ထောင်ကျခံနေရသူတစ်ဦးဖြစ်ပါတယ်။သူဟာ အကျဉ်းထောင်ထဲမှာ ပြဿနာမရှာတတ်သူဖြစ်တာကြောင့်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရပြီး မြင်းရိုင်းတွေကိုလေ့ကျင့်သင်ကြားပေးသူ ဖြစ်လာပါတော့တယ်စစချင်းမှာတော့ မာစတန်မြင်းရိုင်းလေးဟာ ဘယ်သူ့ကိုမှလည်းအကပ်မခံ ဘယ်သူ့ကိုမှလည်း အကိုင်မခံတဲ့ မာန်ကြီးတဲ့မြင်းရိုင်းတစ်ကောင်ပါရိုမန်အနေနဲ့လည်းဘယ်လိုပဲကြိုးစားကြိုးစား မာစတန်မြင်းလေးကပျော့ပြောင်းမလာခဲ့ပါဘူးသူအစွမ်းကုန် ကြိုးစားနေရင်း အချင်းချင်း ဆက်နွယ်မှုလေးနဲ့သဟဇာတဖြစ်ဖြစ် အတွဲညီလာတဲ့အချိန်မှာပဲလေ့ကျင့်ထားတဲ့ မြင်းရိုင်းတွေကို လေလံတင်ပစ်တဲ့အချိန်ရောက်လာပါတော့တယ်ရိုမန်အနေနဲ့မာစတန့်ကို ကာကွယ်နိုင်ပါ့မလား။သူတို့နှစ်ဦး အတူတူရှိနေနိုင်ပါ့မလား။ထောင်သားတစ်ယောက်ဖြစ်တဲ့ ရိုမန့်အနေနဲ့ ဘယ်လောက်ထိများသူ့မြင်းလေးကို ကာကွယ်ပေးနိုင်မှာလဲဆိုတာ ကြည့်ရှုရမှာပါချစ်ခြင်းမေတ္တာရဲ့အစွမ်းဟာ မာန်ကြီးလှတဲ့ မူစတန်မြင်းရိုင်းကိုတောင်ပျော့ပြောင်းလာစေတာကို ...
movie

The Mustang (2019)

2019
A Madea Family Funeral (2019) 4.3
A Madea Family Funeral (2019) ဟာသကားကြိုက်တဲ့သူတွေအတွက်ရယ်စေ မယ့်ကားကောင်းလေးတစ်ကားပါမိသားစုတစ်စုရဲ့အိမ်ထောင်ဦးစီးတစ်ယောက်ရုတ်တရက်ဟိုတယ်မှာဖေါက်ပြန်နေရင်းသေသွားတဲ့အခါ...အဖေဖြစ်သူသေသွားတဲ့အချိန်မှာ သားဖြစ်သူကလည်းဟိုတယ်မှာရှိနေတဲ့အချိန်ဆွေမျိုးတွေကလည်းအလည်လာရင်းဟိုတယ်မှာတည်းတဲ့အချိန်....အသုဘချဖို့ပြင်ဆင်ရင်းတလွဲတွေဖြစ်ကျမယ့်မိသားစု မိခင်ဖြစ်သူသိမှာစိုးလို့ဖုံးထားရင်းဆွေမျိုးတွေကဝင်နှောင်တဲ့အခါမှာရော...ဘာတွေဆက်ဖြစ်ကျမလဲ နာရေးကောအဆင်ပြေပြေနဲ့ပြီးဆုံးသွားမလားဘာလျှို့ဝှက်ချက်တွေရောထပ်ပေါ်လာမလည်းဆိုတာရယ်မောရင်းနဲ့ကြည့်ရမယ့်ဟာသကားလေးတစ်ကားပါ File Size : (1 GB) and (314 MB) Quality : WebDL 720p , 480p Running Time : 1hr 49min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encode by Moe Myint Lwin
movie

A Madea Family Funeral (2019)

2019
Autumn Fairy Tale ( 2019 ) 5.6
Autumn Fairy Tale ( 2019 ) ဒီတစ်ခေါက်မှာတော့ ဆောင်းဦးရွက်ကြွေချစ်သက်သေကိုးရီးယားဇာတ်လမ်းတွဲကိုပြန်ရိုက်ထားတဲ့chinese movieကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာတော့အဓိကသရုပ်ဆောင်အဖြစ်Jiao Rui (Jun Xi)၊Zhao LuSi (En Xi)(ချစ်သောမင်းကြီး)နဲ့Xu Kai (Han Tai)(Story of Yanxi Palace)တို့ကအဓိကပါဝင်သွားမှာဖြစ်ပါတယ်ရင်ကျွင့်ရှီးငယ်ငယ်ကဆေးရုံမှာညီမလေးကိုသွားကြည့်ရင်းသတိမထားမိပဲအန်းရှီးနဲ့ရှင်းအိုက်မွေးကင်းစကလေးနှစ်ယောက်ရဲ့ချိတ်ထားတဲ့နာမည်ကတ်ပြားတွေကိုပြုတ်ကျအောင်လုပ်မိပြီးသူနာပြုဆရာမတွေ့သွားတဲ့အခါနာမည်ကတ်ပြားကိုမှားယွင်းပြီးပြန်ချိတ်မိသွားပါတယ်။သာယာချမ်းမြေ့တဲ့မိသားစုမှာကြီးပြင်းလာကြတဲ့ရင်ကျွင့်ရှီးနဲ့ရင်အန်းရှီးတို့မောင်နှမနှစ်ယောက်ကြားကိုကားတိုက်မှုတစ်ခုဝင်လာပြီးနောက်အရာအားလုံးကပြောင်းလဲခဲ့ရပါတယ်။ကားတိုက်မှုကြောင့်အန်းရှီးသွေးအမျိုးအစားကိုမိဘတွေစစ်ဆေးကြည့်မိတဲ့အခါမှာတော့အန်းရှီးနဲ့ပတ်သက်တဲ့အဖြစ်မှန်ကိုသိသွားပြီး တစ်ညထဲနဲ့ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးအဖြစ်အမေအရင်းဆီကိုပြန်ရောက်သွားပြီးကျွင့်ရှီးကအဖေအမေ ညီမလေးရှင်းအိုက်တို့နဲ့အတူအမေရိကန်ကိုပြောင်းသွားခဲ့ရပါတော့တယ်။အချိန်တွေကြာပြီးနောက် အန်းရှီးနဲ့အတူပိုင်ဆိုင်ခဲ့ဖူးတဲ့လှပတဲ့အမှတ်တရတွေရှိနေတဲ့မွေးရပ်မြေကိုကျွင့်ရှီးနောက်တစ်ခါပြန်ရောက်လာပြီးအန်းရှီးကိုပြန်လာရှာခဲ့ကာနောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုကြပါလို့တိုက်တွန်းလိုက်ပါတယ်နော် Translated & Review By XiaoEncoded By LK
movie

Autumn Fairy Tale ( 2019 )

2019
The Least of These(2019) 6.6
The Least of These(2019) The Least of These(2019)IMDb.....6.6ကျွန်တော်တို့အာရှနိုင်ငံတော်တော်များများဟာ အနာကြီးရောဂါသည်တွေကို ရွံစရာလူတွေအဖြစ် သတ်မှတ်ပြီး လူ့အဖွဲ့အစည်းကနေ ကျဉ်ထားလေ့ရှိပါတယ်..... အဲဒီထဲမှာ အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်ပြီး ဒီဇာတ်ကားအခြေခံထားတဲ့ ၁၉၉၀ ပြည့်လွန်နှစ်လို အခြေအနေမှာဆို ကုသပျောက်ကင်းပြီးတာတောင် စက်ဆုတ်စရာလူတန်းစားလို့ သတ်မှတ်ထားကြပုံရပါတယ်...ပြီးတော့ အိန္ဒိယဟာ ရှေးရိုးစွဲနိုင်ငံတနိုင်ငံလည်းဖြစ်တာနဲ့အညီ ဒီနိုင်ငံမှာ ခရစ်ယန်သာသနာလာပြုဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့အနေအထားပါဒီလို အခြေအနေမှာ ဩစတေးလျနိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဂရေဟမ်းစတိန်းဆိုတဲ့ အမျိုးသားဟာ အိန္ဒိယမှာရှိတဲ့ ရောဂါသည်တွေကို လာပြုစုကုသပေးနေတာ ၃၅ နှစ်ကြာခဲ့ပါပြီအဲဒီအချိန်မှာ News Orrisa သတင်းစာတိုက်က သတင်းထောက် မန်နေ့ ဟာ စားဝတ်နေရေးအတွက် သတင်းတပုဒ်ရဖို့ သတင်းစုဆောင်းရတဲ့အခါ ဂရေဟမ်စတိန်းဟာ ဒီသတင်းစာတိုက်ရဲ့ သားကောင်ဖြစ်လာပါတော့တယ်အဲဒီနောက်မှာတော့ သတင်းမုဆိုးရဲ့သားကောင်ဖြစ်လာတဲ့ ဂရေဟမ်စတိန်းနဲ့ သတင်းထောက် မန်နေ့တို့ရဲ့ ဆက်နွယ်မှုတွေ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ ဒီ The least of these မှာ ကြည့်ရှုခံစားပေးကြပါခင်ဗျာဒီဇာတ်ကားကို ဒါရိုက်တာ Aneesh Daniel က ရိုက်ကူးထားပြီး ယခုနှစ်မှ ထွက်ရှိထားတဲ့ ကားတကားဖြစ်ပါတယ်အဓိက ...
movie

The Least of These(2019)

2019
Luka Chuppi(2019) 6.4
Luka Chuppi(2019) Luka Chuppi(2019)IMDb...6.4ယခုနှစ် မတ်လကမှ ထွက်ရှိထားတဲ့ဒီဟင်ဒီစကားပြော Romance Comedy ကားလေးဟာ ရုံစတင်တင်ချင်း ရက်မှာပဲ ရူပီး ရှစ်ကုဋေကျော် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုံ ဖွင့်ဖွင့်ချင်း ၀င်ငွေအများဆုံး နံပါတ်လေးနေရာကို ချိတ်ခဲ့ပါတယ်ကြော်ငြာခအပါအ၀င် စုစုပေါင်း ၂၅ ကုဋေခန့်သာ ကုန်ကျခဲ့တဲ့ ဒီဇာတ်ကား လေးဟာဝင်ငွေ စုစုပေါင်း ၁၂၆ ကုဋေကျော် ပြန်လည်ရရှိထားတာမို့လို့ ၀င်ငွေအ ရတော့ အောင်မြင်မှုရတဲ့ကားတကားလို့ ဆိုရမှာပဲ ဖြစ်ပါတယ်အိန္ဒိယဆိုတာ ဇာတ်နိမ့်ဇာတ်မြင့်ယဉ်ကျေးမှုတွေ နဲ့ ဘာသာတရားမျိုးစုံရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာမြင့်မားတဲ့နိုင်ငံတခုပါဒီလိုနိုင်ငံမျိုးမှာ သတင်းထောက်အလုပ်လုပ် လုပ် နေကြတဲ့ ခေတ်ပညာတတ် လူငယ် ချစ်သူနှစ်ဦး ရှိကြတယ်.... ခေတ်လူငယ်တွေပီပီ သူတို့ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ခပ်ဆန်းဆန်း ပုံစံတစ်ခုလုပ်ရင်း ရှေ့ဆက်ကြဖို့ စီစဉ်ကြတယ်... သူတို့အစီအစဉ်က ဘယ်လိုမျိုးလဲ.... ဒီလိုလုပ်လို့ရော အဆင်ပြေကြမှာလား..... ဘယ်လို အလွဲတွေနဲ့ ကြုံကြမလဲ... ပတ်ဝန်းကျင်ကရော သူတို့ကိုဘယ်လိုမြင်ကြမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့ အချစ် ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး..ဒီရုပ်ရှင်ကားလေးကိုတော့Dear Zindagi ရဲ့ Cinematographer ဖြစ်တဲ့Laxman Utekar က ပုံေ ဖ်ာရိုက်ကူးထားပြီးKartik ...
movie

Luka Chuppi(2019)

2019
Svaha: The Sixth Finger (2019) N/A
Svaha: The Sixth Finger (2019) Svaha the sixth finger ဒီရုပ်ရှင်ကတော့ နက်ဖလစ် ရဲ့ ကိုရီးယား ဇာတ်ကားအသစ်ပါပဲ။ Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ။ ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်။ သူလိုက်နေတဲ့အမှုတစ်ခုဟာ လူသတ်မှုတွေနဲ့ ပတ်သတ်လာခဲ့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။ မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး။ ဘာသာပြန်သူကိုယ်တိုင်လည်း အပြည့်အဝနားမလည်ပါဘူး။ နားလည်နိုင်မှုကတော့ ကြည့်တဲ့သူတွေရဲ့ အတွေးနဲ့ သိထားတဲ့ ဗဟုသုတတွေအပေါ် နည်းနည်းတော့ အခြေခံမှာပါ။ ကြည့်ကြည့်လိုက်ကြပါ။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်။
movie

Svaha: The Sixth Finger (2019)

2019
The Beach Bum (2019) 6.1
The Beach Bum (2019) Rebellious Stoner ကဗျာဆရာကြီးတစ်ယောက်ရဲ့ ကွဲပြဲကြီးလုပ်ချင်ရာတွေလုပ် လောကကြီးကိုကိုယ့်စိတ်ကူးအတိုင်းကိုယ့်ခံယူချက်အတိုင်းဖြတ်သန်းပြီး ပျော်တတ်တဲ့သူကြီးအဖြစ် ဒီမှာ Matthew McConaughey ကိုတွေ့မြင်ရမှာဖြစ်ပြီးနာမည်ကြီးအဆိုတော် Snoop Dogg နဲ့တွဲဖက်ပြီး ပြဲကြမူးကြပျော်ကြပါးကြပုံကိုတွေ့မြင်ရမှာပါ။လောကကြီးမှာ ဘယ်သူကဘယ်လိုပဲပြုပြင်ဖို့လာကြိုးစားကြိုးစား ကိုယ့်ပုံစံအတိုင်းကိုယ်တွေးခေါ်တဲ့အတိုင်းပဲလုပ်ချင်ရာတွေလုပ်ရတာတစ်ခါတစ်လေပျော်ဖို့သိပ်ကောင်းမှာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့ အမြဲပျော်ချင်ပြီး မူးပြဲနေတတ်တဲ့ ကဗျာဆရာတစ်ယောက် သူအရမ်းချစ်ရတဲ့မိန်းမဆုံးသွားတော့မိန်းမထားခဲ့တဲ့သေတမ်းစာကို ဘယ်လိုတွေလုပ်ပြီးဖြည့်ဆည်းမယ်ဆိုတာတွေ့ရမှာပါ။Snoop Dogg ကြီးရဲ့အားပေးအားမြောက်မှုနဲ့ ကဗျာဆရာကြီးဘယ်လိုတွေမူးပြဲပြီးစခန်းသွားမလဲဆိုတာကြည့်ချင်သူများ ကြည့်လိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1h 35min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-SHITBOX Translated by Thura ...
movie

The Beach Bum (2019)

2019
I Am Mother (2019) 6.3
I Am Mother (2019) Netflix က ရိုက်ပြီး IMDb 6.8 ရထားတဲ့ SciFi ကားလေးပါကမ္ဘာကြီးပျက်ပြီး လူသားမျိုးနွယ် မျိုးတုန်းလုဖြစ်နေတဲ့ အချိန်မှာ Mother လို့အမည်ရတဲ့ စက်ရုပ်တစ်ရုပ်က လူသားမျိုးစိတ် သန္ဓေသားလောင်းလေးတွေထဲကနေတစ်ခုကိုယူပြီး သမီးလေးတစ်ယောက်ကို အရာရာတတ်မြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ်အပြင်မှာ ရောဂါပိုးတွေ အန္တရာယ်ကြောင့်ဆိုပြီး မိန်းကလေးကို အပြင်ထွက်ခွင့်လုံးဝမပေးခဲ့ဘူးမိန်းကလေးဟာ ဆယ်ကျော်သက်အရွယ်ကောင်မလေးဖြစ်တဲ့အထိအပြင်ကိုထွက်ခွင့်မရခဲ့သလို တခြားလူသားတစ်ယောက်မှလဲမမြင်ခဲ့ရပါဘူးတစ်နေ့သူတို့ရဲ့ အဆောက်အအုံရှေ့ကို အမျိုးသမီးတစ်ယောက်သေနတ်ဒဏ်ရာနဲ့ အကူအညီလာတောင်းလို့ တံခါးဖွင့်ပေးခဲ့မိတာကစလို့Mother စက်ရုပ်ပြောတာနဲ့ အမျိုးသမီးပြောတဲ့စကားတွေဟာ မကိုက်ညီဘူးဖြစ်နေတာတွေ့ရတယ်မိန်းကလေးဟာ အမျိုးသမီးစကားကိုယုံပြီး အပြင်ကိုလိုက်သွားခဲ့တဲ့အခါဘယ်လိုအခက်အခဲတွေကြုံမလဲဘယ်သူ့စကားဟာ အမှန်ဖြစ်မလဲအပြင်မှာ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှူရမှာပါ (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size : (1.80 GB) , (900 MB) and (450 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : ...
movie

I Am Mother (2019)

2019
Suzzanna: Buried Alive (2019) 6.1
Suzzanna: Buried Alive (2019) Suzzanna Buried Alive ဆိုတဲ့ ၂၀၁၈ ထွက် Indo ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။Drama, Thriller အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 6.5 ရရှိထားပါတယ်။အင်ဒိုနီးရှား တစ္ဆေပုံပြင်တွေထဲမှာပါပါနေတဲ့ Sundel bolong ဆိုတဲ့ ကိုယ်ဝန်ဆောင် သရဲအကြောင်း ဇာတ်လမ်းတစ်ပုဒ်ပါ။ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိစ္စနဲ့ ခင်ပွန်းဖြစ်သူ အဝေးရောက်နေချိန်မှာ Suzzanna တစ်ယောက် သူ့အိမ်ကို ဝင်ခိုးတဲ့သူတွေနဲ့ တွေ့မိပြီးဝင်ခိုးတဲ့သူတွေက မတော်တဆ သတ်မိရာက Sundel bolong တစ်ကောင်ဖြစ်လာပြီး သူ့နဲ့ သူ့ရဲ့ကလေးကို အသက်ဆုံးရှုံးစေခဲ့တဲ့သူတွေကို ပြန်ပြီးလက်စားချေတာပါ။သူ့ကိုသတ်မိတဲ့သူတွေကလည်း ပယောဂဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကိုတားဆီးဖို့ ကြိုးစားကြပါတယ်။Suzzanna ရဲ့ခင်ပွန်းဖြစ်သူလည်း ခရီးကပြန်လာပြီး ဇနီးသည်နဲ့တွေ့တဲ့အခါမှာ အရင်လိုမဟုတ်တော့တဲ့ ဇနီးသည်နဲ့ ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့ ကြည့်လိုက်ပါတော့ဗျာ။ (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (950 MB) and (450 MB) Quality : NF ...
movie

Suzzanna: Buried Alive (2019)

2019
Polaroid (2019) 5.2
Polaroid (2019) ဓာတ်ပုံရိုက်ပြီးအချိန်ခနလေးအတွင်းမှာပုံထွက်လာတဲ့ပိုလာရွိုက်ကင်မရာလေးတွေကိုမိန်းကလေးတွေတော်တော်သဘောကျပြီးလိုချင်ကြမှာပါ...ဒါပေမယ့် ဓာတ်ပုံရိုက်ပြီးတာနဲ့ သိပ်မကြာခင်မှာသေသွားနိုင်လောက်တဲ့ပိုလာရွိုက်ကင်မရာဆိုရင်ရောလိုချင်ကြဦးမှာလား...ဒီ Polaroid ဆိုတဲ့ရုပ်ရှင်ကတော့ ၂၀၁၅ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ နာမည်တူPolaroid ဆိုတဲ့ဇာတ်လမ်းတိုလေးကိုပဲပြန်ရိုက်ထားတာပါဘတ်ဒ်လို့ခေါ်တဲ့ တစ်ယောက်တည်းနေရတာကိုသဘောကျတဲ့ကောင်မလေးတစ်ယောက်သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ကေစီရဲ့မဲဆွယ်မှုနဲ့ပါတီပွဲတစ်ခုကိုရောက်သွားရာကနေသူအလုပ်လုပ်နေတဲ့ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကနေရလာခဲ့တဲ့ပိုလာရွိုက်ကင်မရာလေးနဲ့ သူ့ရဲ့သူငယ်ချင်းတွေကိုအုပ်စုလိုက်ဓာတ်ပုံတစ်ပုံရိုက်ပေးခဲ့မိတယ်...အဲ့နောက်မှာ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာဘတ်ဒ်တစ်ယောက် ကင်မရာနဲ့ပတ်သတ်ပြီး ထူးဆန်းတာကိုသတိထားလာမိခဲ့တယ်...ဘာကြောင့် အဲ့ကင်မရာနဲ့ရိုက်ပြီး သေဆုံးသွားကြရတာလဲသူ့ရဲ့ကျန်ရှိနေသေးတဲ့သူငယ်ချင်းတွေကို ဘယ်လိုကယ်တင်မှာလဲ...ဒီကားထဲမှာ စိတ်လှူပ်ရှားစွာနဲ့ကြည့်လိုက်ရအောင်လား.. File Size : (822 MB) and (300 MB) Quality : WebDL 720p , 480p Running Time : 1hr 28 min Format : Mp4 Genre : Drama , Horror , Thriller Subtitle : Myanmar Subtitle (Hard ...
movie

Polaroid (2019)

2019
Wonder Park (2019) 5.7
Wonder Park (2019) ဒီကာတွန်းကားလေးကတော့ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ၀မ်းဒါးလန်းဆိုတဲ့ပန်းခြံလေးအကြောင်း တင်ဆက်ထားတာပဲဖြစ်ပါတယ်ဂျွန်ဘယ်လီဆိုတဲ့ကလေးမလေးက စိတ်ကူးပုံဖော်တဲ့နေရာမှာအရမ်းကို ဥာဏ်ကောင်းပြီး အိုင်ဒီယာအသစ်အဆန်းတွေထွက်တတ်ပါတယ်သူ့အမေရယ် သူ့မျောက်ကလေး ပီးနပ်ရယ်နဲ့ ကစားကွင်းကြီးဖန်တီးတိုင်း တူတူဆော့နေကြပါပဲကစားကွင်းပုံစံငယ်လေးတောင် အိမ်မှာဆောက်ထားတဲ့အထိ ခိုင်ခိုင်မာမာစွဲနစ်ဆော့ခဲ့တာပါဒါပေမယ့်တစ်နေ့မှာတော့ သူ့မိခင်နေမကောင်းတဲ့အတွက် အဝေးမှာ ဆေးကုသမှုခံယူရပါတော့တယ်အဲဒီအခါမှာပဲ သူ့အမေကိုဆုံးရှုံးရမှာကြောက်စိတ်နဲ့ ပန်းခြံကိုလည်းဂရုမစိုက်နိုင်မဆော့နိုင်ဘဲ ပစ်ထားလိုက်မိပါတော့တယ်စိတ်ကူးထဲကကစားကွင်းလေးဆိုပေမယ့် အမှတ်မထင် အဲဒီကစားကွင်းက အပြင်မှာရှိနေခဲ့မှန်း..သူ့အရုပ်လေးတွေ အသက်ရှိနေခဲ့မှန်းကို သူသိသွားခဲ့ရပြီး ကစားကွင်းကြီးပျက်စီးတော့မယ့်ကိန်းသူ့အရုပ်လေးတွေ သေရတော့မယ့်ကိန်း ဆိုက်နေတာကိုလည်း သူမြင်တွေ့လိုက်ရပါတော့မယ်ဘာတွေဖြစ်နေမှန်းမသိဘဲ ဒီကစားကွင်းကြီးတစ်ခုလုံးကိုသူ့အနေနဲ့ ပြန်လည်ကယ်တင်ရပုံကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ကာတွန်းကားဆိုပေမယ့် အချိတ်အဆက်မိမိနဲ့ သူငယ်ချင်းသံယောဇဉ်တွေယုံကြည်မှုတွေ ချစ်ခြင်းမေတ္တာတွေကိုပါ ထည့်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် File Size : (864 MB) and (417 MB) Quality : WebDL 720p ...
movie

Wonder Park (2019)

2019
The Kid(2019) 6.2
The Kid(2019) The Kid(2019)IMDb....6.2မိဘဆိုတာ တုနှိုင်းမဲ့တဲ့မေတ္တာတရားရှိကြလို့ အနွေးထွေးဆုံးသောအရိပ်အဖြစ်တင်စားကြတယ်.... သို့ပေမယ့် နေရာတိုင်းမှာ ချွင်းချက်ဆိုတာရှိသလို အချို့သောမိဘတွေကြတော့လည်း အထူးသဖြင့် ဖခင်ဖြစ်သူဟာ မိန်းမကိုအားတိုင်းနှိပ်စက် သားသမားတွေကို ညှင်းပန်းတတ်ကြတဲ့ လူသားမဆန်လွန်းတဲ့သူမျိုးတွေရှိကြတယ်.... ဒီလိုဖခင်မျိုးရှိတဲ့မိသားစုအဖို့တော့ တကယ့်လောကငရဲပါပဲ..... ရီယိုတို့မောင်နှမ (၂)ယောက်လုံးအတွက်လည်း အထက်ကပြောသလို ဖခင်မျိုးပိုင်ဆိုင်ထားရလေတော့ နေ့စဉ်အမျှတကယ့်ငရဲခန်းပါပဲ.... တစ်နေ့တော့ မိခင်ကို နှိပ်စက်လွန်းတဲ့ဖခင်ကိုမမျှော်လင့်ဘဲ ရီယိုဟာ သတ်မိသွားတယ်..... ဒီလိုနဲ့ ဒီမောင်နှမ (၂)ယောက်ဟာ အိမ်ကနေထွက်ပြေးခဲ့တယ်.... ဖခင်ရဲ့ညီဖြစ်သူကလည်း အမဲလိုက်သလို သူတို့ မောင်နှမ(၂)ယောက်နောက်ကိုလိုက်ပါတော့တယ်.... ဒီမောင်နှမ (၂)ယောက် လွတ်မြောက်မလား ...ထွက်ပြေးစဉ်အတွင်း ဘယ်လိုအခက်အခဲတွေကြုံရမလဲ.... ရာဇ၀တ်သားတွေပေါ်လွန်းတဲ့ခေတ်ဖြစ်တဲ့အပြင် ပြသနာတစ်ခုကြုံတိုင်း သေနတ်ဖောက်ပြီးဖြေရှင်းတဲ့ခေတ်မို့ သူတို့ဘယ်လိုကြုံရမလဲ..... တခြားကောင်းဘွိုင် ဂိုဏ်းအဖွဲ့တွေနဲ့ရော ကြုံရမှာလား...ခံစားကြည့်လိုက်ပါဦး...File Size : (0.98GB) and (456MB) Quality : Blu-Ray 720p Format…mp4 Duration…01:40:00 Genre : Biography, Drama, Western Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
movie

The Kid(2019)

2019
Notebook (2019) 6.1
Notebook (2019) IMDb Rating - 6.1/10Google User - 92% Genere - Dramaရေပြင်ပေါ်က ကျောင်းအိုလေးတစ်ကျောင်းမှာ ဆရာရယ်၊ဆရာမရယ်၊ ကျောင်းသားအနည်းငယ်ရယ်နဲ့ ထွေလာတစ်ခုကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ခုချိန်မှာတော့ အကြည်တက်တက်ချင်းအမြန်ဆုံးလေး တင်ဆက်ပေးလိုက်ပါပြီ။အညွန်းလေး ရေးပြရမယ်ဆိုရင် ခံစားချက် တစ်ချို့ ထည့်ရေးပါရစေ။ -----------------------------------------------ကျောင်းဆရာ၊ ကျောင်းဆရာမ တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရတဲ့အခါဝါသနာအရင်းခံပြီး စွန့်လွှတ်စရာတွေများစွာုကြုံလာတဲ့အခါ ရင်ဆိုင်ရဲပါ့မလား။တပည့်လေးတွေက ကိုယ့်စကားကို နားမထောင်ကြတဲ့အခါ၊ အရင်ဆရာမနဲ့ပဲ ပြန်သင်ချင်ပါတယ်လို့ ကိုယ့်ရှေ့မှာ ညည်းညူတဲ့အခါ ကိုယ်ဘယ်လို ခံစားရမလဲ။ဆရာ၊ဆရာမတစ်ယောက် လိုချင်တာကကိုယ့်အိမ်နဲ့ အနီးဆုံးမှာ တာဝန်ထမ်းဆောင်ဖို့၊ရာထူးကြီးကြီးမားမား တစ်ခုရဖို့ပဲလား။ ဒီထက် ပိုကောင်းတဲ့ ကလေးတွေအတွက်ရည်ရွယ်ချက်တွေ ဆရာ၊ဆရာမတို့ရဲ့ ရင်ထဲမှာ ရှိတယ်ဆိုရင် ယုံမလား။ ကလေးတွေအတွက်ဆိုပြီး စွန့်လွှတ်ခဲ့ရတဲ့အထဲချစ်သူရည်းစားလည်း ပါမယ်ဆိုရင် မလွဲလောက်ပါဘူး ဆိုတာ လက်ခံပါရဲ့လား။မဖွံ့ဖြိုးတဲ့ ဒေသတစ်ခု၊ ဝေးလံခေါင်သီတဲ့ ဒေသတစ်ခုကိုတာဝန်ထမ်းဆောင်ဖို့ သွားရတဲ့အခါ ကိုယ့်ပညာအစွမ်းတွေကို မြို့ပြကျောင်းတွေမှာထက်ပို ဒီလိုနေရာမျိုးမှာ ပိုပြီး ထုတ်ပြခွင့်ရတယ်ဆိုရင် လက်ခံမလား။ လှပြီးသား ပန်းခင်းကိုပေါင်းသင်မြက်နှုတ်ရုံလောက်နဲ့ ဥယျာဉ်မှူးဘွဲ့ခံယူတတ်တာဆရာ ဆရာမတွေရဲ့ စရိုက်မဟုတ်ဘူးလေ။ဒါတွေဟာ ...
movie

Notebook (2019)

2019
Captive State (2019) 7.0
Captive State (2019) Rating 7 ရရှိထားတဲ့ ကားဖြစ်ပါတယ်.....​ခေတ်​လွန်​အ​မေရိကန်​ ​တော်​လှန်​​ရေးကားဆိုလည်းမမှားပါဘူး....အညွှန်​းက​တော့ အနာဂတ်​မှာ အ​မေရိကန်​နိုင်​ငံအပါအဝင်​ကမ္ဘာ​ပေါ်ကမြို့ကြီး​တော်​​တော်​များများကို ဂြိုလ်​သားများနှင်​့ဥပ​ဒေပြုသူများဆိုတဲ့ အဖွဲ့အစည်​းတစ်​ခုက သိမ်​းပိုက်​ထားတာကိုပြည်​သူ​တွေက ပြန်​လည်​တွန်​းလှန်​ကြတဲ့အ​ကြောင်​းကို ဇာတ်​အိမ်​ဖွဲ့ရိုက်​ကူးထားတာ ဖြစ်​ပါတယ်​။အနာဂတ်​မှာ ဖြစ်​လာနိုင်​တဲ့ စနစ်​အသစ်​​တွေကိုလည်​းစိတ်​ဝင်​စားဖွယ်​ ထည်​့သွင်​းရိုက်​ကူးထားတဲ့ ကားတစ်​ကားလည်​းဖြစ်​တာမို့ အား​ပေးကြပါဦး..File Size : (1 GB) & ( 285 MB)Quality : BluRay 720pRunning Time : 1 hr 49 minFormat : Mp4Genre :  Sci-Fi , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie

Captive State (2019)

2019
Avengement (2019) 6.8
Avengement (2019) Action ကားကောင်းကြိုက်သူတွေအတွက် 2019 ထွက် Action ကားအသစ်စက်စက်ကြမ်းကြမ်းရမ်းရမ်းဇာတ်ကားလေးတစ်ခုပါ။ဇာတ်လမ်းအစမှာတစ်မျိုးပေမဲ့ ဇာတ်လမ်းကဆွဲခေါ်သွားပုံလေးကစိတ်ဝင်စားစရာကောင်းပါတယ်။ကိန်းဆိုတဲ့ထောင်သားတစ်ယောက် ဆေးရုံကအမေဖြစ်သူကို အစောင့်အရှောက်တွေနဲ့ လာတွေ့တာကနေစပါတယ်။ဆေးရုံအဝင်ဝမှာပဲ မိခင်ဖြစ်သူဆုံးသွားပြီဆိုတာ သိလိုက်ရတော့ မိခင်ရဲ့နောက်ဆုံးအချိန်ကိုမမှီလိုက်သူတစ်ယောက်အနေနဲ့မျှော်လင့်ထားတဲ့အတိုင်း လုံခြုံရေးတွေကိုလှဲသိပ်ပြီး ပြေးပါလေရော။ဒီထိမထူးခြားပေမဲ့ ကိန်းဆိုသူရဲ့နောက်ကြောင်းကို ဖြေးဖြေးစီ ထိုးပြလာတဲ့အခါမှာတော့ကိန်းဟာဘယ်လိုလူမျိုးဆိုတာ သိလာရပြီး ဇာတ်ရည်လည်လာသလို ဘာကြောင့်လဲဆိုတဲ့အဖြေတွေကိုဖြေးဖြေးချင်းတွေ့ရမှာပါ။တိုက်ခိုက်ပုံအကြမ်းစားအလန်းစားတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။Rating ကလည်း 6.7 နဲ့ ဇာတ်ဆောင်မင်းသားကလည်း လူသိများပြီး မင်းသားပဲဖြစ်တဲ့အတွက် အကြောင်းသိပရိသတ်တွေကျေနပ်စေမဲ့ကားပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Thura Zarni Aung ပါ)File Size : (1.50 GB) , (750 MB) and (380 MB) Quality : WEB-DL (1080p 5.1,720p,480p) Running Time : 1hr 30min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle (Hard ...
movie

Avengement (2019)

2019
Rim of the World (2019) 5.1
Rim of the World (2019) ၂၀၁၉ ထွက် Science-Fiction, Avdenture ဇာတ်ကားသစ်လေး Rim of the World နဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားလေးက IMDB Rating 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ လောကမှာ အရာတိုင်းကို ကြောက်နေတတ်လို့ အိမ်တွင်းအောင်းနေတဲ့ ဉာဏ်ကြီးရှင်လေး အဲလက် ကိုသူ့အမေက အပြောင်းအလဲ ဖြစ်အောင် နွေရာသီစခန်းတစ်ခုကိုသွားပို့ခဲ့ပါတယ်။အဲဒီစခန်းမှာ အိမ်ပြေးကောင်မလေး ဇန်ဇန်၊သူဌေးသား ငကြွားလေး ဒဲရီးရက်ရှ်နဲ့ လူငယ်ပြုပြင်ရေး စခန်းကနေ ထွက်ပြေးလာခဲ့တဲ့ ဂေဘရီရယ်တို့နဲ့ ဆုံတွေ့ခဲ့ပြီးသူ့ဘဝကိုအပြောင်းအလဲဖြစ်စေမယ့် အပြောင်းအလဲတွေနဲ့ကြုံတွေ့ခဲ့ပါတယ်။ကမ္ဘာကြီးကို ဂြိုလ်သားတိုက်ခိုက်မှုတွေနဲ့ ကြုံနေစဉ်မှာ ကမ္ဘာကိုကယ်တင်ဖို့သော့ချက်ဖြစ်တဲ့ သော့တစ်ချောင်းကိုသူတို့လေးယောက်ရခဲ့ပြီးတော့ ကမ္ဘာကိုဘယ်လိုကယ်တင်သွားလဲ ကြည့်ကြရမှာပါ။မိသားစုအတူကြည့်ပျော်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ May Tharaphi Lwin ပါ) File Size : (1.60 GB) , (800 MB) and (400 MB) Quality : WEB (1080p ...
movie

Rim of the World (2019)

2019
Cold Pursuit (2019) 6.5
Cold Pursuit (2019) ဒီတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။နာမည်ကျော်မင်းသားကြီး Liam Neeson ကအဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ်သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်းအေးဆေးစွာနေထိုင်လာခဲ့သူပါ။ကီးဟိုးမြို့ရဲ ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာအများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့်တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့်သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်းသူဘာတွေသိလာခဲ့ရသလဲ?သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ?ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက်ဒီကားလေးက အကြိုက်တွေ့စေမှာအမှှန်ပါပဲ...File Size : (974 MB) & ( 355 MB)Quality : 1080p HC HDRIPRunning Time : 1 hr 59 minFormat ...
movie

Cold Pursuit (2019)

2019