Channel Myanmar
2020
Enola Holmes (2020) 8.0
Enola Holmes (2020) ဒီကားလေးကို မျှော်နေတဲ့သူတွေ များမယ်ထင်ပါတယ်။ Stranger Things က အားလုံးရဲ့ အချစ်တော်လေးက ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ သူ့ရဲ့ ဇာတ်ကောင်နာမည်ကတော့ အန်နိုလာ ဟုမ်းစ် ပါပဲ။ မိုက်ခရော့ ဟုမ်းစ် နဲ့ ရှားလော့ဟုမ်းစ်တို့ရဲ့ ညီမဖြစ်ပါတယ်။ အင်နိုလာ နဲ့ သူ့ရဲ့ အမေဟာ အင်နိုလာရဲ့ အဖေသေဆုံးပြီး ညီအစ်ကိုနှစ်ယောက်လည်း မရှိတော့ချိန်မှာ အိမ်ကြီးတစ်ခုထဲမှာ နှစ်ယောက်ထဲနေထိုင်ပြီး အမေဖြစ်တဲ့ ယူဒိုရီရာဟုမ်းစ်က အင်နိုလာကို ပညာအစုံ သင်ပေးခဲ့ပါတယ်။ အင်နိုလာ ၁၆ နှစ်ပြည့်တဲ့နေ့မှာတော့ ယူဒိုရီရာဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ဟုမ်းစ်ညီအစ်ကို နှစ်ယောက်ပြန်ရောက်လာပြီး ရှားလော့က သူ့အမေကို ရှာဖို့ မိုက်ခရော့က အင်နိုလာကို ဘော်ဒါကျောင်းတစ်ခုကို ပို့ဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် အင်နိုလာက ထွက်ပြေးလာပြီး သူ့အမေကို ကိုယ်တိုင်ရှာဖို့ စွန့်စားခန်းတွေ ဖွင့်တဲ့အခါမှာ….    File Size -  1.74 gb Quality - web-dl 1080p Subtitle -   burmese Translator - Little Neo Encoder - Thit San Khant
movie
Enola Holmes (2020)
2020
Three Christs (2020) 5.9
Three Christs (2020) Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie
Three Christs (2020)
2020
The Surrogate (2020) 5.4
The Surrogate (2020) The Surrogate (2020)================IMDb Rating - 5.4/10#Unicodeဂျက်စ်ဆိုတဲ့ကောင်မလေးတစ်ယောက်က NGOတစ်ခုမှာ အလုပ်လုပ်နေပြီး တစ်နေ့ကျတော့သူ့အချစ်ဆုံးသူငယ်ချင်း၂ယောက်အတွက် အငှားကိုယ်ဝန်ဆောင်ပေးဖြစ်သွားပါတယ်......နောက်ပိုင်း ဆေးစစ်ကြည့်တဲ့အခါမှာတော့ ဗိုက်ထဲကကလေးလေးမှာ မွေးရာပါ ရောဂါရှိနေနိုင်တာသိလိုက်ရတဲ့အချိန် သူ့သူငယ်ချင်း၂ယောက်က မမွေးဖို့ဆုံးဖြတ်လိုက်ပြီး ဂျက်စ်ကို ကိုယ်ဝန်ဖျက်ချဖို့ပြောပါတော့တယ်...... အဲ့ဒီအချိန် ဂျက်စ်အနေနဲ့ ဘယ်လိုတုန့်ပြန်အဖြေပေးမလဲ.....သူကိုယ်တိုင်ကကောအဲ့ကလေးကို လိုချင်ရဲ့လား..... အဲ့ကလေးကိုကောမွေးဖြစ်မှာလား.....ပတ်ဝန်းကျင်ကကော ဘယ်လိုဖိအားပေးကြလဲ...... အစရှိတဲ့ မေးခွန်းတွေရဲ့အဖြေကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ပြီးအဖြေရှာလိုက်ရအောင်.... ဒီဇာတ်ကားလေးက မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ကြုံနေကျအရာတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ၊ ဖိအားပေးခံရတာတွေ၊ အမြင်မတူမှုတွေကို အကောင်းဆုံးမီးမောင်းထိုးပြထားပြီး မိခင်မေတ္တာကို အကောင်းဆုံးဖော်ကျူးထားတဲ့ ကားလေးတစ်ကားဖြစ်တဲ့အတွက် ကြည့်သင့်သော ရုပ်ရှင်ကားတွေထဲမှ တစ်ကားဖြစ်ပါတယ်...........(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။)#Zawgyiဂျက်စ်ဆိုတဲ့ကောင်မလေးတစ်ယောက်က NGOတစ်ခုမှာ အလုပ်လုပ်နေပြီး တစ်နေ့ကျတော့သူ့အချစ်ဆုံးသူငယ်ချင်း၂ယောက်အတွက် အငှားကိုယ်ဝန်ဆောင်ပေးဖြစ်သွားပါတယ်......နောက်ပိုင်း ဆေးစစ်ကြည့်တဲ့အခါမှာတော့ ဗိုက်ထဲကကလေးလေးမှာ မွေးရာပါ ရောဂါရှိနေနိုင်တာသိလိုက်ရတဲ့အချိန် သူ့သူငယ်ချင်း၂ယောက်က မမွေးဖို့ဆုံးဖြတ်လိုက်ပြီး ဂျက်စ်ကို ကိုယ်ဝန်ဖျက်ချဖို့ပြောပါတော့တယ်...... အဲ့ဒီအချိန် ဂျက်စ်အနေနဲ့ ဘယ်လိုတုန့်ပြန်အဖြေပေးမလဲ.....သူကိုယ်တိုင်ကကောအဲ့ကလေးကို လိုချင်ရဲ့လား..... အဲ့ကလေးကိုကောမွေးဖြစ်မှာလား.....ပတ်ဝန်းကျင်ကကော ...
movie
The Surrogate (2020)
2020
Whipped (2020) 7.8
Whipped (2020) CMပရိသတ်ကြီးကို အင်ဒိုနီးရှားromcom ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ် အန်ဒိုမာ၊ တွမ်မီ၊ ချန်ဒရာနဲ့ ဂျိုး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ escape roomဆိုတဲ့ လွတ်မြောက်ခန်းတစ်ခုထဲမှာ ကြိုးတုပ်လျက်သားနိုးလာပါတယ် တကယ်တော့ အဲ့ဒီလွတ်မြောက်ခန်းက သူတို့တက်နေတဲ့ အချစ်နွံမနစ်နည်းသင်တန်းတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုပါ သူငယ်ချင်းလေးယောက်မှာ ချန်ဒရာတစ်ယောက်ကလွဲပြီး အားလုံးမှာကောင်မလေးကိုယ်စီရှိကြပါတယ် ကောင်မလေးတွေကလည်း အကျင့်ကတစ်ယောက်တစ်မျိုးစီ... တချို့က ကောင်လေးအ​ပေါ်အရမ်းနိုင်တယ်... တချို့ကျတော့လည်း ကောင်လေးအပေါ်အရမ်းသည်းခံတယ် ကောင်မလေးကကိုယ့်အပေါ်နိုင်ပါများလာတော့ရော ရေရှည်ဆက်ပြီးသည်းခံနိုင်မလား ကိုယ့်အပေါ်ကောင်းတဲ့ကောင်မလေးနဲ့ရော ရာသက်ပန်ရွှေလက်တွဲခိုင်မြဲနိုင်မလား ဒီအချစ်နွံမနစ်နည်းသင်တန်းက သူငယ်ချင်းလေးယောက်ရဲ့ဘဝတွေကို ဘယ်လိုသက်ရောက်လာမှာလဲဆိုတာတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုကြရမှာပါ RSတွေကြားထဲမှာ FAကြီးတစ်ယောက်ကန့်လန့်ကန့်လန့်နဲ့ တကယ်လည်းရယ်ရသလို ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် Romcomဆိုပေမဲ့လို့ အဆုံးသတ်မှာ thriller နည်းနည်းဆန်ဆန်လေးနဲ့ ဇာတ်သိမ်းထားတာမို့လို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - MTA Encoder - Thit San Khant
movie
Whipped (2020)
2020
Alone (2020) 6.2
Alone (2020) ထွက်ရှိထားတာမကြာသေးတဲ့ Thrillerဇာတ်ကားကောင်းတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဂျက်စီဆိုတဲ့ကောင်မလေးဟာ အတိတ်တုန်းကဖြစ်ပျက်ခဲ့တဲ့ဆိုးရွားတဲ့ကိစ္စတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက်ပါ ဒါပေမယ့် အရာအားလုံးကိုမေ့ဖျောက်ပစ်လိုက်ဖို့အတွက် သူမနေတဲ့မြို့ကနေတစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ် သူမခရီးထွက်နေရင်းလမ်းမှာလူတစ်ယောက်နဲ့အမှတ်မထင်ဆုံခဲ့ရပါတယ် သို့ပေမယ့် မကြာခင်မှာပဲ အဲ့ဒီလူကသူ့ကိုနောက်ယောင်ခံလိုက်နေတယ်ဆိုတာကို သတိထားမိလိုက်တဲ့အခါမှာတော့……… လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုကို Spoil မိသွားမှာစိုးလို့ ဒီလောက်နဲ့ပဲအညွှန်းကိုရပ်လိုက်ချင်ပါတယ် သေချာတာကတော့ Thriller ဇာတ်ကားတစ်ကားအနေနဲ့ သူ့ရဲ့ ရသကို အပြည့်အဝပေးစွမ်းနိုင်တယ်ဆိုတာပါပဲ ကြည့်နေရတဲ့သူတောင်မွန်းကြပ်ပြီး ဇာတ်လမ်းထဲ ကိုယ်တိုင်ပါဝင်နေရသလို ခံစားရစေမှာပါ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါFile Size - 1 gb Quality - web-dl 1080p Subtitle - burmese Translator - Thet Hnin Su Encoder - Thit San Khant
movie
Alone (2020)
2020
Unpregnant (2020) 6.1
movie
Unpregnant (2020)
2020
Odd Man Rush (2020) 5.9
Odd Man Rush (2020) Odd Man Rush (2020)=================IMDb Rating - 5.9/10#Unicodeဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ IMDb Rating 5.9/10 ရရှိထားပြီး Sportဝါသနာပါတဲ့လူတွေ အကြိုက်တွေ့မယ့် Odd Man Rush လို့ခေါ်တဲ့ Ice Hockey ကားဖြစ်ပါတယ်။ငယ်ငယ်လေးတည်းက ရေခဲပြင်ဟော်ကီကို တအားရူးသွပ်ပြီး NHLမှာ ဆော့ဖို့အိပ်မက်မက်ထားနေတဲ့ ဘော့ဘီဆန်ဒါစ်က အမေရိကက အသင်းငယ်လေးတွေမှာပဲ ကစားနေရပြီး အဆင်မပြေမှုတွေနဲ့ကြုံရပါတယ်။ ဒီလိုနဲ့ ဆွီဒင်က အသင်းလေးတစ်ခုကို ပြောင်းရွှေ့ခံရတဲ့အချိန် အီလင်ဆိုတဲ့ဆွီဒင်နိုင်ငံသူလေးနဲ့တွေ့ပြီး သူ့ရဲ့ NHL အိပ်မက်က တစ်ဖန်ပြန်ပေါ်ပေါက်လာပြီး အိပ်မက်ကိုလက်တွေ့ဖန်တီးဖို့ တွန်းအားတွေရလာပါတာကို တွေ့မြင်ရပါမယ်။ ဒီဇာတ်ကားလေး ကြည့်ရတာဟာ စိတ်ကိုလွတ်လပ်ပေါ့ပါးစေပြီး စိတ်ကူးအိမ်မက်ဆိုတာ တစ်နေ့ဖြစ်လာနိုင်ပါလားဆိုတာကိုလည်း တွေးပြီးရင်ခုန်နိုင်စေမယ်လို့ မျှော်လင့်မိပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)#Zawgyiဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ IMDb Rating 5.9/10 ရရှိထားပြီး Sportဝါသနာပါတဲ့လူတွေ အကြိုက်တွေ့မယ့် Odd Man ...
movie
Odd Man Rush (2020)
2020
The Paramedic (2020) 7.8
The Paramedic (2020) အရေးပေါ်ကျန်းမာရေးဝန်ထမ်း အန်ဟယ်ရဲ့ဘဝဟာ သူ့ကောင်မလေးဖြစ်သူ ပြင်သစ်သူလေးဗီနာနဲ့အတူ အ​ခြေကျနေတာပါ သူစီးလာတဲ့လူနာတင်ကား အက်ဆီးဒင့်မဖြစ်ခင်အချိန်ထိပေါ့ ကားအက်ဆီးဒင့်ကြောင့် အန်ဟယ်တစ်ယောက် အောက်ပိုင်းသေသွားတဲ့အခါမှာ အလုပ်လည်းပြုတ်ပြီး စိတ်တိုစိတ်ဆတ်လွယ်တဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ် သူ့ကောင်မလေးဗီနာ့အပေါ်လည်း မယုံသင်္ကာတွေဖြစ်၊ အိမ်နီးချင်းဗီဆင်တီနဲ့သူ့ခွေးကိုလည်း အမြင်ကတ်ပြီးရင်းကတ်၊ သူအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ လူနာတင်ကားကိုမောင်းခဲ့တဲ့သူ သူ့လုပ်ဖော်ကိုင်ဖက် ရီကာဒိုကိုလည်း အမုန်းကြီးမုန်းလာပါ​တော့တယ် အဆိုးဆုံးကတော့ တက္ကသိုလ်တက်ပြီး အလုပ်သင်ဆင်းနေတဲ့ သူ့ကောင်မလေးဗီနာနဲ့မပြေမလည်တွေဖြစ်ပြီး ​ ဗီနာအိမ်ပေါ်ကဆင်းသွားပြီးတဲ့နောက်မှာ ကြောက်စရာကောင်းတဲ့ အန်ဟယ်ရဲ့ evil side တွေကို ဒီစပိန် thrillerဇာတ်ကားမှာ ကြည့်ရှုလိုက်ကြပါဦး    File Size -  1gb Quality - web-dl 1080p Subtitle -  burrmese Translator - MTA Encoder - Thit San Khant
movie
The Paramedic (2020)
2020
The Babysitter: Killer Queen (2020) 7.8
The Babysitter: Killer Queen (2020) Babysitter : Killer Queen ကတော့ 2017 ကထွက်ရှိခဲ့တဲ့ Babysitter ရဲ့အဆက် ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင်တော့ အဓိကဇာတ်ကောင် ကိုးလ် ဟာ အထက်တန်းကျောင်းသား ဖြစ်နေပါပြီ  ဒါပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်က အဖြစ်ဆိုးကြီးကို လူတိုင်းကို ပြောပြလိုက်မိတာကြောင့် ကျောင်းမှာရော အိမ်မှာရော  စိတ်ရောဂါရှိတဲ့ငကြောင်တစ်ကောင်လို သတ်မှတ်ခံနေရပြီး  စိတ်ငြိမ်ဆေးတွေသောက်နေရပါတယ် ဒီလိုနဲ့ တစ်နေ့ ကိုးလ်တစ်ယောက် သူ့ရဲ့ ခရက်ရှ်လေး  မယ်လန်နီနဲ့အတူ ကန်ပါတီကိုသွားဖို့အကြောင်းဖန်လာခဲ့ချိန်မှာတော့ ယခင် ၂ နှစ်က သူ့ရဲ့ အိပ်မက်ဆိုးကြီးကို ပြန်လည်ရင်ဆိုင်ရပါတော့တယ်File Size -  1.1 gb Quality - Web-dl 1080p Subtitle -  burmese Translator - Chuck Chuck Encoder - Thit San Khant
movie
The Babysitter: Killer Queen (2020)
2020
Witches in the Woods (2019) 4.2
Witches in the Woods (2019) Witches in the Woods (2019)======================IMDb Rating - 4.2/10#Unicodeဒီဇာတ်လမ်းလေးကတော့ ၂၀၁၉ ကထွက်ရှိထားတဲ့ Horror/Thriller/ Mystery ဆန်ဆန် ဇာတ်ကား လေးပါ။ ဇာတ်လမ်းကတော့ အပျော်ခရီး ထွက်လာကြတဲ့ သူငယ်ချင်းတစ်သိုက်တောလမ်းတစ်နေရာမှာ လမ်းပျောက်နေကြတယ်။ သူတို့လမ်းပျောက်နေတဲ့နေရာက စုန်းနဲ့ ပတ်သက်ပြီးဇာတ်လမ်းလေးရှိခဲ့တဲ့နေရာ။ ရာသီဉတုကလည်း နှင်းတွေကျပြီး အပူချိန်ကလည်း အနှုတ်ပြနေတယ်။ ဒီတော့ ဒီသူငယ်ချင်းတစ်သိုက် ဆိုးဝါးတဲ့ရာသီဉတုအောက်မှာ စုန်းဇာတ်လမ်း ရှိတဲ့တောထဲဘယ်လိုရှင်သန်ကြမလဲ။ စုန်းကဝေကားတွေထဲကလိုမျိုး တောထဲမှာ စုန်းကဝေတွေနဲ့ တွေ့ပြီး ဖိုက်တင်ချကြမှာလား။ ဒါမှမဟုတ် စွန့်စားခန်းတွေဖွင့်ပြီး လမ်းရှာကြမှာလား။ သေချာတာကတော့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ အဖြေကိုတော့ဇာတ်လမ်းကိုကြည့်မှပဲသိရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။)Quality –  720p BluRayDuration - 1hr 32minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, ...
movie
Witches in the Woods (2019)
2020
Tom of Your Life (2020) 6.8
Tom of Your Life (2020) Tom of Your Life (2020)=================IMDb Rating 6.8/10#Unicode2020 ခုနစ်ထွက် ဒရမ်မာအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ် ထူးထူးခြားခြားနဲ့ ဖွဲ့တည်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျက်စ်က ဆေးရုံတစ်ခုက သူနာပြုတစ်ယောက်ပါ... တစ်ရက်မှာတော့ မနက် ၄ နာရီ ၄၄ မိနစ်တိတိမှာ ကလေးလေးတစ်ယောက် မွေးဖွားလာခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီကလေးလေးက တစ်နာရီပြည့်တိုင်း အသက် ၄ နှစ်ကြီးသွားတာပါပဲ။ အမည်မသိ ထူးခြားရောဂါရှိနေတဲ့ကလေးကို စမ်းသပ်ခံဖြစ်သွားမှာစိုးတဲ့ ဂျက်စ်ဟာ ကလေးခိုးပြီး ဆေးရုံကနေ ထွက်ပြေးပါတော့တယ်။ သူတို့ နှစ်ယောက်လုံးကို အာဏာပိုင်တွေ မမိသွားခင် သူတို့ ဘာတွေကြုံတွေ့ရမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ ခင်ဗျားတို့ရော လောကကြီးမှာ တစ်ရက်ပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင် ဘာတွေလုပ်ဖြစ်ကြမယ်ထင်လဲ။ဒီဇာတ်ကားလေးရဲ့ ဇာတ်အိမ်ဟာ အထူးကောင်းမွန်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality –  ...
movie
Tom of Your Life (2020)
2020
Still Here (2020) 5.5
Still Here (2020) Still Here (2020)=============IMDb Rating - 5.5/10#Unicodeဇာတ်လမ်းက ဆင်းရဲသား လူမည်းရပ်ကွက်က မော်နီ၀က်ဆန်ဆိုတဲ့ ကောင်မလေးပျောက်တာကနေစတယ် ။လူမည်းလည်းဖြစ် ဆင်းရဲသားရပ်ကွက်က အပေအတေတွေလည်းဖြစ်နေတော့ရဲတွေက အဖက်လုပ်ပြီး စုံစမ်းစစ်‌ေဆးတာတွေ မလုပ်ပေးခဲ့ပါဘူး ။ ဒါကိုသိတဲ့ခရစ်စတင် ဘိတ်ကာဆိုတဲ့ ဂျာနယ်လစ်က စွန့်စွန့်စာစားနဲ့ လူမည်းရပ်ကွက်ကိုသွားပြီး သတင်းရေးပါတော့တယ်။ သူရေးတဲ့သတင်းတွေ ကြောင့် ပြည်သူလူထုနဲ့ရဲအရာရှိတွေ ပိုပြီး သတိထားမိလာခဲ့ပြီး အပူတပြင်းပြန်လည်ရှာဖွေစုံစမ်းပါတော့တယ် ။ တရားခံက ဘယ်သူဖြစ်မလဲ ..? မော်နီ၀က်ဆန်ကိုရော အသက်ရှင်လျက်ပြန်တွေ့နိုင်ပါ့မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ ။ ဒီကားကလက်ရှိမှာဖြစ်ပျက်နေတဲ့ ကလေးသူငယ်ပျောက်ဆုံးမှုတွေကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာIMDb Rating 5.5/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်။)#Zawgyiဇာတ်လမ်းက ဆင်းရဲသား လူမည်းရပ်ကွက်က မော်နီဝက်ဆန်ဆိုတဲ့ ကောင်မလေးပျောက်တာကနေစတယ် ။လူမည်းလည်းဖြစ် ဆင်းရဲသားရပ်ကွက်က အပေအတေတွေလည်းဖြစ်နေတော့ရဲတွေက အဖက်လုပ်ပြီး စုံစမ်းစစ်‌ဆေးတာတွေ ...
movie
Still Here (2020)
2020
Centigrade (2020) 4.3
Centigrade (2020) Centigrade (2020)==============IMDb Rating - 4.3/10#Unicode2020 ထွက်ပါ Drama/ Thriller အမျိုးအစားဖြစ်ပြီး ထူးခြားတာကတစ်ကားလုံး cast ၂ ယောက်ပဲပါပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ စာရေးဆရာမ နာအိုမီနဲ့ သူ့ယောက်ျားဟာစာအုပ်လက်မှတ်ထိုးပွဲအတွက် နော်ဝေးနိုင်ငံသို့သွားရင်း နှင်းမုန်တိုင်းတစ်ခုကြောင့် ကားထဲမှာ ပိတ်မိသွားပါတော့တယ်...ပိုဆိုးတာက နာအိုမီမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ပါတစ်ရက်ပြီးတစ်ရက် ကုန်လွန်ပြီး ပါလာတဲ့စားစရာတွေ ကုန်ခါနီးလာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားပေးကြပါဦး။ ဒီဇာတ်ကားဟာ အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီး အတော်ကြည့်လို့ကောင်းပါတယ် . Silent Movies အမျိုးအစားလို့လည်း ပြောလို့ရမယ်ထင်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyi2020 ထွက်ပါ Drama/ Thriller အမျိုးအစားဖြစ်ပြီး ထူးခြားတာကတစ်ကားလုံး cast ၂ ယောက်ပဲပါပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ စာရေးဆရာမ နာအိုမီနဲ့ သူ့ယောက်ျားဟာစာအုပ်လက်မှတ်ထိုးပွဲအတွက် နော်ဝေးနိုင်ငံသို့သွားရင်း နှင်းမုန်တိုင်းတစ်ခုကြောင့် ကားထဲမှာ ပိတ်မိသွားပါတော့တယ်...ပိုဆိုးတာက နာအိုမီမှာ ကိုယ်လေးလက်ဝန်ကြီးနဲ့ပါတစ်ရက်ပြီးတစ်ရက် ကုန်လွန်ပြီး ပါလာတဲ့စားစရာတွေ ကုန်ခါနီးလာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားပေးကြပါဦး။ ...
movie
Centigrade (2020)
2020
Love the Way U Lie (2020) 7.2
Love the Way U Lie (2020) လေးလပိုင်းလောက်ကရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Netflix ကလည်းပြန်ဝယ်ပြီးပြသခဲ့တဲ့ရုပ်ရှင်ပါ Summary- ယော်ျားကို ဝမ်းမနည်းပဲရှေ့ဆက်စေချင်တဲ့ ဆာရာဆိုတဲ့ ဝိညာဥ်က သူ့ယော်ျားကိုဆက်သွယ်လို့ မရပါဘူး။ တစ်မြို့လုံးက ဆာရာ့အသံမကြားရဘူး။ ကွီရာပိုမှာ စတေစီဆိုတော့အကြားအမြင် ဆရာမတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ စတေစီကပဲ ဆာရာ့အသံကိုကြားရပါတယ်။ ကြားရတာလည်း သူတို့နှစ်​ယောက်ကြားမှာ အကြောင်းအရာလေးတွေရှိလို့ပါ ယော်ျားကို တစ်ယောက်တည်းအထီးကျန်ကျန်မနေတော့ဘဲ ရှေ့ဆက်စေချင်တဲ့ ဆာရာ၊ နေသန်ကို အချစ်သစ်တွေ့စေချင်တဲ့ဆာရာ။ ဆာရာ့ယော်ျားနေသန်ကို ရှေ့ဆက်နိုင်ဖို့ကူညီရင်း စတေစီနဲ့နေသန်ကြားက အချစ်ဇာတ်လမ်းလေးကိုတွေ့ရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းပါတယ် ဇာတ်အိမ်အပြောင်းအလဲတွေမရှိပါဘဲ ဒီအတိုင်းရုပ်ရှင်တစ်ကားကို စီးမျောပြီးကြည့်နေရင်း သဘောကျမိတဲ့ဇာတ်ကားတစ်ပါးပါ။ သူတို့တွေကြားက အချစ်ကအတော်soft ဖြစ်ပါတယ်။ ဖိလစ်ပိုင်က မနီလာမြို့ရဲ့ ကွီရာပိုတံထားနဲ့ အဆောက်အအုံတွေ၊ လှပတဲ့နေရာလေးတွေ ဒီရုပ်ရှင်မှာမြင်ရမှာပါ   File Size - 1gb Quality - web-rip 1080p Subtitle -  burmese Translator - DoDo Encoder - Thit San Khant
movie
Love the Way U Lie (2020)
2020
Downhill (2020) 4.8
movie
Downhill (2020)
2020
Killer in Suburbia (2020) 5.4
movie
2020
Edge of Extinction (2020) 7.2
Edge of Extinction (2020) တတိယကမ္ဘာစစ်အပြီး ၁၅ နှစ်အကြာမှာ နျူကလီးယားဆောင်းရာသီကုန်ဆုံးသွားပေမယ့် လူသားများဟာ မျိုးသုဉ်းလုနီးပါးဖြစ်နေပြီး လူ့ယဉ်ကျေးမှုမရှိတော့ပါဘူး အစားအစာရှားပါးလွန်းလို့ အများစုသည်ခိုးယူသတ်ဖြတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါတယ် ဗြိတိန်တောင်ပိုင်းu လူခြေတိတ်တဲ့ ကျေးလက်ဒေသတွင်နေထိုင်တဲ့ ကောင်လေးတစ်ယောက်ဟာ အခြားလူများနှင့် ဝေးဝေးနေပြီး ရှင်သန်ရပ်တည်နေရပါတယ် သို့ပေမယ့် တခြားသောအဖွဲ့များ အန္တရာယ်တွင်းသို့ကျရောက်ပြီး အကူအညီလိုအပ်တဲ့ အခါမှာတော့ အသားစားတဲ့လူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူသားစားအဖွဲ့ဝင်တွေနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာ ဇာတ်ကားလေနဲ့အတူ ရင်သပ်ရှုမောကြည့်ရှုလိုက်ပါနော်   File Size - 1.5 gb Quality - web-dl 1080p Subtitle -  burmese Translator - Htoo Htoo Ka Joe Encoder - Thit San Khant
movie
Edge of Extinction (2020)
2020
Baba Yaga: Terror of the Dark Forest (2020) 6.2
Baba Yaga: Terror of the Dark Forest (2020) 2020ထွက် Horror/Supernatural ဇာတ်ကားကောင်းလေးပါ. ဇာတ်လမ်းလေးက ရှရှားရိုးရားပုံပြင်တပုဒ်ကို အခြေခံထားတာပါ။ လူ့လောကရဲ့ နယ်စပ်ဖြစ်တဲ့ သေခြင်းနဲ့ရှင်ခြင်းနယ်မြေကြားမှာ ကလေးတွေရဲ့ ဝိညာဉ်ကို စားသုံးတဲ့ စုန်းမတစ်ကောင် ရှိပါတယ်. အဲ့ဒီစုန်းမဟာ ကလေးတွေကို Navsလို့ ငှက်တပိုင်းလူတပိုင်း သတ္တဝါကို စေလွှတ်ပြီး ကလေးတွေကို ဖမ်းခိုင်းခဲ့ပါတယ်. တနေ့မှာတော့ သူဖမ်းတဲ့ကလေးထဲမှာ တောက်ပတဲ့ဝိညာဉ်ကလေး တစ်ယောက်ပါလာပြီး အဲ့ဒီကလေးကပဲ သူ့ကို သေခြင်းနယ်မြေမှာ အကျဉ်းချထားခဲ့ပါတယ်. အချိန်တွေကြာလာတာနဲ့ အမျှ လူတွေဟာ ပုံပြင်ကို မေ့လာခဲ့ကြပေမယ့် တနေ့မှာတော့ အီဂေါဆိုတဲ့ ကောင်လေးဟာ သူ့ညီမပျောက်သွားတာကို သတိထားမိပေမယ့် မိဘတွေရော တခြားလူတွေကပါ သူ့ညီမရှိတာကို မေ့ကုန်ကြတာပေ့ါ ရှာဖွေဖော်ထုတ်ရင်း ဒဏ္ဋာရီထဲက အရာတွေ အမှန်ရှိပြီး ဘယ်လို လှည့်ကွက်တွေ ဘယ်လို ဒုက္ခပေါင်းစုံကို ရိုက်ပြထားပြီး background soundတွေကလဲ တကယ့်ကိုထိတ်လန့်စိတ်၀င်စားဖွယ်အသံတွေကို ထည့်ထားတာကြောင့် horrorချစ်သူတို့ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါ‌ရစေ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - YK Encoder - Thit San Khant
movie
Baba Yaga: Terror of the Dark Forest (2020)
2020