Channel Myanmar
2020
DC Showcase: The Phantom Stranger (2020) 6.4
DC Showcase: The Phantom Stranger (2020) DC Showcase: The Phantom Stranger (2020)================================IMDb Rating 6.4/10#Unicodeလျှောက်သွားနေတဲ့ သူတိုင်းက လမ်းပျောက်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လျှောက်သွားနေတဲ့သူတော်တော်များများကတော့ လမ်းပျောက်နေကြပါတယ် တဲ့။ ဒီစာသားလေးက DC Showcase တွေထဲက The Phantom Stranger ရဲ့ အကြောင်းကို ပြထားတဲ့ ဇာတ်လမ်းတိုလေးရဲ့ အစမှာပါလာတာပါ။ ဒီဇာတ်လမ်းတိုလေးထဲမှာ အမှန်တရားကို ရှာဖွေရင်းလမ်းပျောက်နေတဲ့ ကောင်မလေးတစ်ယောက် Sebastian ဆိုတဲ့ ဝိညာဉ်တွေကို စုပ်ယူစားသောက်နေတဲ့ မကောင်းဆိုးရွားတစ်ကောင်ဆီကိုရောက်သွားခဲ့ပေမဲ့ လမ်းမှားကို ရွေးမိတဲ့ သူ့ကို Phantom Stranger က လမ်းမှန်ကို ရှာဖွေနိုင်တဲ့နည်းလမ်းပြပေးခဲ့ပါတယ်။ အမှန်တရားဆိုတာ လမ်းရဲ့အဆုံးမှာရှိနေတာမဟုတ်ပါဘူး။ လမ်းကိုလျှောက်နေတဲ့သူရဲ့ ရင်ထဲမှာရှိနေတာပါလို့ ပြောသွားပါတယ်။ Dialogue တွေကတော့ ကြွေချင်စရာတွေပါပဲဗျာ။မှော်စွမ်းအားကို ပိုင်ဆိုင်ထားပြီး Immortal တစ်ယောက်ဖြစ်တဲ့ Phantom Stranger အကြောင်းတစ်ချက်လောက် ရှိုးလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ...
movie
DC Showcase: The Phantom Stranger (2020)
2020
100% Wolf (2020) 6.0
movie
100% Wolf (2020)
2020
Shooting Heroin (2020) 7.2
Shooting Heroin (2020) Shooting Heroin (2020)=================IMDb Rating 7.2/10#Unicode2020 ခုနစ်ထွက် Action / Drama / Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDB 7.2/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ မြင့်တတ်လာပြီး . တစ်နေ့နဲ့တစ်နေ့ လူသေမှုနှုန်းဟာတစ်ဖြည်ဖြည်းမြင့်တတ်လာပြီး . နိုင်ငံအတွင်း တစ်ရက်ကိုလူသေနှုန်းဟာ ၁၀၀ ကျော်ထိရှိလာခဲ့ပါတယ်။ အစိုးရရဲ့ထိန်းချုပ်မှုဟာလည်း မနိုင်လောက်ဖြစ်လာခဲ့ပါတယ်။အဒမ်ဟာ မြို့ငယ်လေးတစ်မြိုက စစ်ပြန်တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ မွေးကင်းစသားလေးရယ်၊ သူ့ မိခင်ရယ် ၊ သူ့ ညီမလေးတစ်ဦးလည်းရှိပါတယ်။ တစ်နေ့မှာတော့ ဆေးဖြတ်ထားတဲ့ သူ့ညီမဖြစ်သူ ရှန်ယန်းတစ်ယောက် ဆေးပြန်သုံးနေတာကို သိလိုက်ရပါတယ်။အဲ့ဒါတင် မကသေးပဲ ရှန်ယန်းဟာ ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါမှာတော့ အဒမ်တစ်ယောက်မူးယစ်ဆေး နဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကို စိတ်နာတာကနေ ချေမှုန်းဖို့ဖြစ်လာပါတော့တယ်။အဓိက ဇာတ်ဝင်ခန်းတွေဟာ အဲ့အချိန်မှာစမှာပါ . အကြမ်းအရမ်း အတိုက်အခိုက်လေးတွေလည်းမြင်တွေ့ရမှာ သေချာပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie
Shooting Heroin (2020)
2020
Ponmagal Vandhal (2020) 7.1
Ponmagal Vandhal (2020) (မင်းသမီးလေး ရောက်လာပါပြီ)ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်...တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ...စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်...သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်...သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်...စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်...အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ...ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်...နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်...တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်...လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်...ဒီရှေ့နေမ ငွေလိုလို့လား...နာမည်ကြီးချင်လို့လားပေါ့...ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ... မစ္စစ်ဗန်ဘာ...ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း...အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု... လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်...ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ...
movie
Ponmagal Vandhal (2020)
2020
Axcellerator (2020) 5.7
Axcellerator (2020) Axcellerator (2020)===============IMDb Rating 5.7/10#Unicodeဘဝကို ကြုံရာကျပန်းနေထိုင်ပြီး အကြွေးတွေနဲ့ပိနေတဲ့ကောင်လေး "Dane". . .နိုင်ငံတော်အတွက် အလုပ်လုပ်ပေးနေတဲ့ သိပ္ပံပညာရှင် "Hawks" . . .တစ်နေ့မှာတော့ Dane ဟာ သူ့အဖေဈာပနအတွက် မိုင်ယာမီကို ရောက်လာပြီးတဲ့နောက်မှာHawks နဲ့ မတော်တဆဆုံခဲ့ပြီး သူတီထွင်ထားတဲ့ပစ္စည်းရဲ့အစွမ်းနဲ့ထူးဆန်းမှုကို စတင်ကြုံတွေ့ရပါတော့တယ်။ Device ဟာ အလန်းစား ဖြစ်ပြီးတော့ မသမာသူတွေသိရှိသွားခဲ့ပြီး သူတို့ရဲ့အနောက်ကိုတော်လျှောက်လိုက်လို့ ဒုက္ခပေးလိုက်လုတာကို ဇာတ်လမ်းဆင်ထားတာပါ။ ဒီ Device ကိုရရှိသူတွေအတွက်ကတော့ အလွန်အသုံးဝင်ပြီး . ကောင်းမှုရော မကောင်းမှုရော ကျူးလွန်နိင်တာမို့ပြေးရင်းလိုက်ရင်း လိုက်ရင်းပြေးရင်းနဲ့ အရှောင်အတိမ်းတွေနဲ့ ကြည့်ရမယ့်ကားမျိုးပါ။ဘယ်လို Device အမျိုးအစားလဲသိချင်ရင်တော့ မူဗီလေးသာ ဒေါင်းကြကုန် . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)#Zawgyiဘဝကို ကြုံရာကျပန်းနေထိုင်ပြီး အကြွေးတွေနဲ့ပိနေတဲ့ကောင်လေး "Dane". . .နိုင်ငံတော်အတွက် အလုပ်လုပ်ပေးနေတဲ့ သိပ္ပံပညာရှင် ...
movie
Axcellerator (2020)
2020
Joseon Fist (2020) 7.3
Joseon Fist (2020)                 ဒီဇာတ်ကားလေးကတော့ ကိုရီးယားကျောင်းသားတော်လှန်ရေးဇာတ်လမ်းလေးကိုရိုက်ကူးထားတာဖြစ်ပြီးတော့ Action ကြိုက်တဲ့လူတွေအတွက်တော့အမိုက်စား ဇာတ်လမ်းလေးဖြစ်လိမ့်မယ်ထင်ပါတယ်။          အစပိုင်းမှာတော့ ကျောင်းသားသစ်ချွဲဂန်းအီကို အားလုံးကဝိုင်းပြီးဆန့်ကျင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ချွဲဂန်းအီရဲ့တိုက်ရည်ခိုက်ရည်ကျွမ်းကျင်မှုနဲ့ဦးဆောင်နိုင်စွမ်းရှိမှုတွေကြောင့်ကျောင်းသားများကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။ဂျပန်ကျောင်းသားတွေနဲ့ တိုက်ခိုက်ပြီး ဘယ်လိုတွေ ဆက်ဖြစ်ပြီးဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ချွဲဂန်းအီရဲ့အတိုက်အခိုက်ကျွမ်းကျင်မှုကို ရင်သပ်ရှုမောခံစားရမှာဖြစ်ပြီးတော့လူငယ်အချစ်ဇာတ်လမ်းရသကိုပါ ပေးစွမ်းနိုင်တဲ့ လူငယ်ဆန်ဆန်ဇာတ်ကားကောင်းတစ်ခုဖြစ်တယ်လို့ ညွှန်းချင်ပါတယ်..    File Size - 1GB Quality - Web-Dl 1080P Subtitle - Burmese (Hardsub) Translator - Duli Lay Encoder - XCode
movie
Joseon Fist (2020)
2020
Trance (2020) 7.3
Trance (2020) Trance (2020)===========IMDb Rating - 7.3/10#Unicodeဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကိုလာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကိုသမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လိုတစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ ...
movie
Trance (2020)
2020
Seolhwa (2020) 7.2
Seolhwa (2020) Seolhwa 2019 ဘဝမှာအဆင်မပြေတာတွေများလာရင် ထွက်ပေါက်ရှာတတ်ကြတာမျိုးလူတိုင်း ကြုံဖူးကြမှာပါ။ ဒီကားက Psychopath ကားဖြစ်သလို တွေးပြီးတစ်စိမ့်စိမ့် ခံစားရတဲ့ကားမျိုးပါ။ ဆောဟွာဆိုတဲ့ မိန်းကလေးတစ်ယောက်။ လှတယ် ငယ်တယ် ချောတယ်။ သူဘဝမှာငယ်ငယ်တည်းကအမေကအိမ်ကထွက်သွားတယ်။ အဖေကအလုပ်မှာမတော်တဆမှုကြောင့်လက်တစ်ဖက်ပြတ်သွားပြီးနောက်ပိုင်း အမြဲစိတ်ဓါတ်ကျရန်လိုနေခဲ့တယ်။ မခံနိုင်တော့ဆောဟွာတစ်ယောက်အိမ်ပေါ်ကဆင်းပြီး အသိဦးလေးကြီးအိမ်မှာသွားနေတယ်။ ပိုက်ဆံရှာဖို့ ဘားမှာအလုပ်လုပ်တယ်။ အဲ့လိုနဲ့သူ့ဆီကိုအကြံအဖန်လုပ်မယ့်ယောကျာ်းတစ်ယောက် တည့်တည့်ကြီးရောက်လာခဲ့တယ်။ ဒီလိုအကြံအဖန်လုပ်ပြီးသူဘဝကိုဖျက်ဆီးမယ့် ဆောဟွာတစ်ယောက်လက်က လွတ်အောင် သူမဘယ်လိုရုန်းထွက်မလဲ။ သူအဖေလက်ကကော သူမ လွတ်အောင်ရုန်းထွက်နိုင်ခဲ့လား။ သူအမေကကော ဘယ်မှာလဲ။ အတူတူနေတဲ့ဦးလေးကြီးနဲ့ဆက်ဆံရေး၊ဘယ်လို နေကြလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲ။ မိန်းကလေးတစ်ယောက်ရဲ့အမုန်းနဲ့နာကျင်မှုတွေကို ဖော်ကျူးထားတဲ့ကားဆိုလည်းမမှားပါဖူး။ အားလုံးပဲခံစားကြည့်ရှုလိုက်ကြပါအုန်း။   File Size - 640.1 MB Quality - Web-Dl 720P Runtime - 102 Mins Subtitle -  Burmese (Hardsub) Translator - Moe Pwint Encoder - XCode
movie
Seolhwa (2020)
2020
Zombie Fighter (2020) 7.3
Zombie Fighter (2020) လွန်ခဲ့တဲ့ ၁၁နှစ်ခန့်က လူသားမျိုးနွယ်တွေကို ထိခိုက်စေခဲ့တဲ့ ဇွန်ဘီဗိုင်းရပ်စ်ကြောင့် မိသားစုတွေအားလုံး အပြိုပြိုအကွဲကွဲဖြစ်ခဲ့ရတယ် သိပ္ပံပညာရှင်များနဲ့ သုတေသနပညာရှင်တွေ ပူးပေါင်းပြီး ဆီရမ်တစ်ခုတီထွင်ကာ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားပြီးအောင်မြင်ခဲ့တယ် သို့ပေမယ့်လည်း လောဘလူသားတွေကြောင့် ဇွန်ဘီတွေဟာ အသုံးချခံဖြစ်လာခဲ့ပြီး ဖမ်းဆီးခံရကာ ဈေးကောင်းပေးဝယ်သူများလည်း များပြားလာခဲ့တယ် ဝယ်ယူသူတွေဟာ ဇွန်ဘီဖိုက်တာကလပ်ဆီလာရောက်ပြီး ဇွန်ဘီအချင်းချင်းတိုက်ခိုက်စေကာ စီးပွားရှာဖွေခဲ့ကြတယ် ဇွန်ဘီဖိုက်တာကလပ်ရဲ့ အတော်ဆုံးဇွန်ဘီဖြစ်သူ ဘိန်းရဲ့နောက်ကွယ်က အကြောင်းအရာတွေ ဇွန်ဘီအချင်းချင်း အနိုင်တိုက်ခိုက်နိုင်ရခြင်းရဲ့လျှို့ဝှက်ချက်တွေကို လောဘသားတွေ သိသွားတဲ့အခါ ဘယ်လိုဖြစ်တာမလဲ ဘိန်းလုံခြုံနိုင်ပါ့မလား ဘိန်းရဲ့မူလသရုပ်အမှန်ကရော ဘာလဲဆိုတာ ဒီဇာတ်ကားထဲမှာ မြင်တွေ့နိုင်ပါလိမ့်မယ်   File Size - 764.1 MB Quality - Web-Dl 1080P Runtime - 63 Mins Subtitle -  Burmese (Hardsub) Translator - Phu Nge Nge Thein Encoder - XCode
movie
Zombie Fighter (2020)
2020
Dumbheaded Duo (2020) 7.8
Dumbheaded Duo (2020) တွေးခေါ်နိုင်မှုနည်းပါးတဲ့ ဟွီနဲ့ဂန်မင်ဂူဆိုတဲ့ သူငယ်ချင်းနှစ်ယောက် သေသေကြေကြေတိုက်ခိုက်နိုင်တာကတော့ သူတို့ရဲ့အားသာချက်ပါတဲ့ ဒီလိုသူငယ်ချင်းနှစ်ယောက်နဲ့ ပေါင်းသင်းနေရတဲ့ ဂျောင်မန်ဟာ သူတို့၃ယောက် စားဝတ်နေရေးအတွက် ပိုက်ဆံရှာနိုင်ဖို့ လူသားသဲအိတ်အဖြစ် ဟွီ မင်ဂူတို့နဲ့အတူ အချိန်ပိုင်းအလုပ်လုပ်ပြီး နေ့စဉ်နေထိုင်ကြတယ် ဒီလိုလူသား၃ယောက်ဆီကို ငယ်သူငယ်ချင်း အင်ယူယောင်းဆိုတဲ့မိန်းကလေးတစ်ယောက် ရောက်လာခဲ့ပြီး သူ့အကြံဉာဏ်တွေနဲ့အတူ ပိုက်ဆံအများကြီးပိုရှာနိုင်ခဲ့တယ် ဒါပေမဲ့ ဆန်းကြယ်မှုတွေနဲ့အတူရောက်လာခဲ့တဲ့ ယူယောင်းနဲ့ပတ်သတ်နေတဲ့ နောက်ကွယ်က လောင်းကစားခန်းမှာ ဘယ်လိုဒုစရိုက်တွေရှိနေမလဲ စတင်ပြီးရင် အဆုံးသတ်မရှိတဲ့နေရာမှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားထဲမှာ တွေ့မြင်နိုင်ပါလိမ့်မယ်    File Size - 877.5 MB Quality - Web-Dl 1080P Runtime - 80 Mins Subtitle -  Burmese (Hardsub) Translator - Phu Nge Nge Thein Encoder - XCode
movie
Dumbheaded Duo (2020)
2020
Compatibility (2020) 9.0
Compatibility (2020) နောက်ထပ် stay home ကာလကိုအဖော်ပြုပေးမယ့် 18အကျော် 19အပေါင်း ကားလေးလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အလုပ်မရှိအကိုင်မရှိကောင်ဇိုးလေးတစ်ယောက် သူဆော်နဲ့အဆင်မပြေဖြစ်ရာကစပါတယ်။ သူအိမ်အပေါ်ထပ်မှာက မမတစ်ယောက်နေတယ်။ အဲ့မမကလည်းသူပါတနာနဲ့ လိုအင်ဆန္ဒမပြည့်ဝခဲ့တာကြာပြီပေါ့။ မမကစိတ်ကြီးသလောက် သူပါတနာက သုံးစက္ကန့်ကိုကိုဖြစ်နေတယ်။ ကောင်ဆိုးလေးကလည်းလက်ကြောသာမတင်းတာ ကျန်တဲ့နေရာတွေတင်းလွန်းတော့ သူဆော်လေးကတောင် လက်မြောက်အရှုံးပေးနေရတာပေါ့။ အဲ့လိုကောင်ဆိုးလေးနဲ့ သူဆော်လေးဘယ်လိုဆက်ဖြစ်မယ်။ ထန်လွန်းတဲ့ မမကြီးကကော သူဆန္ဒတွေပြည့်ဝဖို့ ဘယ်လိုကြိုးစားယူမယ်ဆိုတာ နည်းနာလေးယူလိုက်ကြပါအုန်း။ ၁၈ အပေါင်းဆိုပေမယ့် မပြတ်မသားဝါးတားတားလေးမှ တမျိုးဆွဲဆောင်မှုရှိတာမလား။ အဓိကကတော့ ဆန္ဒမပြည့်ဝရှာတဲ့ မမကြီးကလည်း တက်တူးတွေနဲ့ လန်းလွန်းသလို မခို့တရို့ဆော်လေးကလည်း ငယ်ငယ်နုနုထွတ်ထွတ်လေးဆိုတော့ ကြည့်ရတာအားရမှာပါ။ဆော်ကြီးရဲ့ သိုင်းကျမ်းဗြူဟာတွေကလန်းတယ်လို့ဆိုရမယ်။ မမကြီးတွေရဲ့သိုင်းကွက်တွေသိချင်ရင် ဒီမှာသာလေ့လာလိုက်တော့။ညီမလေးတွေကိုချုပ်မယ်ဆိုရင်လဲ ပညာယူလို့ရတယ်။တပ်ထွက်တွေလည်း အားငယ်စရာမလိုဖူး။ နည်းနာပိုင်ရင် ဆော်ချောချောလေးရနိုင်ပါသေးတယ်ဆိုတာလေး မိုတီထည့်ပေးထားတယ်။ ကဲ အပိုမပြောဖူး။ ဆော်တွေရှယ်မှကြိုက်ရင် မြန်မြန်သာဒေါင်းကြည့်လိုက်ကြပါတော့။    File Size - 768.0 MB Quality -  Web-Dl 1080P Runtime - 70 Mins Subtitle - Burmese (Hardsub) Translator - FOX Encoder - XCode
movie
Compatibility (2020)
2020
Scoob! (2020) 6.2
Scoob! (2020) Scoob! (2020)============IMDb Rating 6.1/10#Unicode2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေသူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ်လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲကဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့်စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို ...
movie
Scoob! (2020)
2020
Rich in Love (2020) 7.3
Rich in Love (2020) CM Fan တွေအတွက် ပေါ်တူဂီ ရုပ်ရှင်ကားသစ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ဘရာဇီးနိုင်ငံ ရီယို မြို့ ရဲ့ နောက်ခံ အလှ နဲ့ အရမ်းလှပတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုအကြောင်းပေါ့... အချစ်မှာ အကြောင်းပြချက်မရှိဘူးဆိုတာ ယုံလား ? တက်ကို ဆိုတဲ့ သူဌေးလေးဟာ သူ့အဖေက အရမ်းချမ်းသာလွန်းလို့ ဘော့ကျော့နေပြီး တစ်မြို့လုံးက ကောင်မလေးတွေ နဲ့ ပတ်ပြီး အိပ်နေတာပေါ့ ရီယို နဲ့ နီးတဲ့ တောင်ယာစိုက်ခင်းတွေ ရှိတဲ့ဘက်က ခရမ်းချဉ်သီးမင်းသားလေး လို့ နာမည် တွင်တယ် တစ်မြို့လုံးက အရွယ်ရောက်ပြီး ကောင်မလေးတိုင်း ဟာ တက်ကို လို နာမည်ကြီး ရုပ်ချော သူဌေးသားလေး နဲ့ စုံတွဲခုတ်ချင်ကြတာပါ အဲ့ဒီ တစ်ဖက်က ရီယိုမြို့မှာတော့ ဆေးကျောင်းသူလေး ပေါ်လာ ဟာ ဆရာဝန်ဖြစ်ခွင့်ရဖို့ အလုပ်သင်ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်ရင်း နဲ့ တစ်ရက်မှာ ပေါ်လာ ရဲ့ သူငယ်ချင်း မင်္ဂလာဆောင်အတွက် ခရမ်းချဉ်သီးမြို့ကို ရောက်လာပါတယ်... ကံဆိုးစွာပဲ အဲ့ဒီနေ့မှာ မတော်တဆ မှု တစ်ခုဖြစ်ပြီး သူဌေးသားလေး တက်ကို နဲ့ ဆရာဝန်လောင်းမလေး ပေါ်လာ တို့ ဆုံမိကြတာပဲ... ပေါ်လာ ကို မြင်မြင်ချင်း ချစ်သွားတဲ့ ...
movie
Rich in Love (2020)
2020
Malang (2020) 6.7
Malang (2020) ကဲ Bollywood ပရိသတ်ကြီးအတွက် စောင့်မျှော်နေကြတဲ့ ရုံတင်ကားကြီးဖြစ်တဲ့ Malang ကို တင်ဆက်ပေးလိုက်ပါပြီ2020 မှာ အတော်လေးအောင်မြင်လူကြိုက်များသွားတဲ့ကားဆိုလည်း မမှားပါဘူးမင်းသားချော အဒီသ်ယားနဲ့ မင်းသမီးချော ဒေရှားတို့ကိုကတော့ ဘောလီဝုဒ်ဖန်တိုင်းသိကြမှာပါသီချင်းတွေကလည်း စောက်လန်းတွေချည်းပါပဲRomance, Thriller ကားကောင်းတစ်ကားပီပီ ဇာတ်လမ်းကလည်း မြုပ်ကွက်တွေနဲ့ စလည်အဆုံးဆွဲခေါ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်ဒါကြောင့် စပွိုင်းအမိမခံပါနဲ့ (ကြည့်ပြီးသူများလည်း ဇာတ်ကြောင်းမပြောကြဖို့ မေတ္တာရပ်ခံပါရစေ)ဇာတ်လမ်းလေးကတော့"လူသတ်မှုတစ်ခု တိုင်ချက်ဖွင့်ချင်လို့ပါ ဆရာ""မင်းပတ်ဝန်းကျင်ဧရိယာက ရဲစခန်းမှာတိုင်လိုက်လေကွာ""မဖြစ်သေးပါဘူး ဆရာ အခုမှကျူးလွန်မှာမို့လို့ပါ" ဒီလိုဖုန်းကောလ်တစ်ခု စခန်းမှူး အာဂရှိစ်ထံဝင်လာခဲ့ပါတယ်အာဂရှိစ်ဆိုတာကလည်း ရာဇဝတ်သားမှန်သမျှ ရင်ဆိုင်တိုက်ပွဲတွေ့လို့ဆိုပြီး  အသေချည်းဆော်တဲ့ရဲတစ်ယောက်ပါ ဆေးချပြီး အမြဲကောင်းနေသူပေါ့တစ်ဖက်က သူ့ကို နောက်သလိုလို စိန်ခေါ်သလိုလိုနဲ့ ဝင်လာတဲ့ဖုန်းဆက်သမားနဲ့ အာဂရှိစ့်တို့ ထိပ်တိုက်တွေ့ကြလေသောအခါဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဇာတ်လမ်းအများကြီးမပြောတာ စပွိုင်းမိသွားမှာစိုးလို့ပါ နိုင်ငံတကာ ရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့IMDb 6.7/10 နဲ့Rotten 67% အထိရရှိထားတဲ့ ကားကောင်းတစ်ကားပါ(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File Size : (2.0 GB) , ...
movie
Malang (2020)
2020
The Wrong Missy (2020) 7.3
The Wrong Missy (2020) The wrong missy (2020) က Netflix ကနေအသစ်ထွက်လာတဲ့ romantic comedy ဇာတ်လမ်းလေးပါ။ ဘဝမှာ စိတ်ကူးနဲ့ လုပ်ချင်ပြီး မလုပ်ဖြစ်တာတွေ အများကြီး ကြုံဖူးကြမှာပါ။ မစ်စီကတော့ အဲဒီလိုလူမျိုး လုံးဝမဟုတ်ပါဘူး။ ပထမဆုံး တွေ့ဖူးတဲ့လူနဲ့ sex အကြောင်း ပြောဖို့ဝန်မလေးသလို တစ်ဖက်လူက ဘယ်လိုတွေးနေမလဲ စိတ်မပူတတ်တဲ့လူမျိုးပါ။ တစ်ခါမှ ရုပ်တည်ကြီးနဲ့ မနေသလို သူတန်ဖိုးထားတဲ့ လူတွေအတွက် စွန့်လွှတ်အနစ်နာခံဖို့လည်း အသင့်ပါပဲ။ သူ့ရဲ့စိတ်က လွတ်လပ်လွန်းလို့ လူတွေကသူ့ကို ရူးနေပြီ‌လို့တောင် ထင်ကြတဲ့အထိပါပဲ။ အမြဲတမ်း တစ်လွဲတွေ လုပ်ပေမယ့် တကယ်ရေးကြီးလာတဲ့အခါ အားလုံးကို ကယ်တင်ပေးမယ့် လူမျိုးပါ။ အိတ်ထဲမှာလည်း ဓားမကြီးတစ်လတ် အမြဲဆောင်ထားပြီး ဘွဲ့ ၅ ခုလောက်ယူထားတဲ့ master brain ပါ။ ရုပ်ဆိုးသလောက် ထက်မြတ်နဲ့ strong & independent woman လည်းဖြစ်ပါတယ်။ ဟာဝိုင်အီကမ်းခြေက ရှုခင်းတွေနဲ့ တစ်လွဲတွေ တောက်လျှောက်လုပ်တတ်တဲ့ မစ်စီက အိမ်ထဲမှာနေပြီး မွန်းကြပ်နေသူတွေ လိုအပ်နေတာနဲ့ ကွက်တိပဲလို့ ပြောချင်ပါတယ်။   File Size - 647.1 MB Quality - Web-Dl 720p Runtime -  1h 30min Translator ...
movie
The Wrong Missy (2020)
2020
LA Originals (2020) 7.3
LA Originals (2020) နယူးယောက်မှာ မစ္စတာ ကာတွန်းနဲ့ အက်စတီဗင် ဆိုတဲ့ မက္ကဆီကန်နွယ်ဖွား ဘဲနှစ်ယောက်ရှိတယ်မစ္စတာ ကာတွန်းက တက်တူးထိုးတယ် ပန်းချီဆွဲတယ် အက်စ်တီဗင်က ဓာတ်ပုံရိုက်တယ်Snoop Dogg တို့ Eminem တို့လို နာမည်ကြီးတွေကို တက်တူးထိုးပေးတဲ့ တက်တူးဆရာ သူကအစကကားဆေးမှုတ်တာကနေ ဒီဇိုင်းဆွဲတဲ့ဖက်ကနေ တက်တူးဖက်ရောက်လာတယ်သူတက်တူးထိုးတာတွေကို အက်စတီဗင်က မှတ်တမ်းတင်တယ်အက်စတီဗင်က ဓာတ်ပုံဆရာအပြင် Eminem တို့လိုနာမည်ကြီးတွေရဲ့ မြူးဇစ် ဗီဒီယိုတွေကိုလည်း ဒါရို်က်တာလုပ်တယ်Netflix က ပြတဲ့ ဒီ မှတ်တမ်းရုပ်ရှင်ဟာ သူတို့နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတာပါဒီထဲမှာ သူတို့ဟာ လော့အိန်ဂျယ်လိစ်က ဂရပ်ဖီတီ ယဉ်ကျေးမှုတွေလိုးရိုက်ဒါ ယဉ်ကျေးမှုတွေမှာ ဘယ်လိုပါဝင်ပတ်သက်ခဲ့ကြတယ်ဆိုတာတွေနဲ့ အယ်လ်အေက အောက်ခြေဘဝတွေ အထက်တန်းစားဘဝတွေဂိုဏ်းစတားလောကတွေ နဲ့ ဟစ်ဟော့ ယဉ်ကျေးမှုတွေကို မြင်ရမှာဖြစ်ပါတယ်တစ်ခုကျန်ခဲ့သေးတယ် ကားသူခိုးလို့သိကြတဲ့ GTA ဂိမ်းက သူတို့ ဒီဇိုင်းဆွဲထားတာပါIMDb - 7.3 နဲ့ Rotten tomatoes က ...
movie
LA Originals (2020)
2020
The Half of It (2020) 7.2
The Half of It (2020) The Half of It (2020)================#UnicodeIMDb Rating 7.2/10 ထိရရှိထားပြီး လူကြည့်များ လူကြိုက်များနေတဲ့  မေလ (၁)ရက်နေ့ကNetflix မှာ ပြသခဲ့တဲ့ ဇာတ်လမ်းအသစ်စက်စက်ကလေးပဲ ဖြစ်ပါတယ်။ယခုအချိန်မှာ ထရိုက်ဘီကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နောက်ခံစကားပြောဆုကို ရရှိထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ အရင်ကြားဖူးတဲ့ ပုံပြင်တွေလို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့တခြားအခြမ်းကို ရှာနေကြတာပါ။ ကိုယ့်ရဲ့တခြားအခြမ်းကို တွေ့တဲ့အချိန်မှာ မပြောဘဲနဲ့ နားလည်တဲ့ခံစားမှုမျိုး ရကြတာပါ။ ဒီဇာတ်လမ်းရဲ့ တခြားအခြမ်းကရော .....ဇာတ်လမ်းအကျဉ်းကတော့ ...... စကွေဟေမစ်ရှ်မြို့က အယ်လီချူး ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါပဲ။ သူက အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီးတော့ သူ့ဖခင်ကြီးကိုလည်း ပြုစုရ၊သူ့ကျောင်းစားရိတ်ကိုလည်း သူ ရှာနေရတာပါ။စာတော်တဲ့လူဖြစ်တာကြောင့် တခြားကျောင်းသားတွေအတွက် အက်ဆေးရေးပေးပြီး ပိုက်ဆံရှာရပါတယ်။ တစ်နေ့တော့ သူ့ကို ကောင်လေးတစ်ယောက်ကအကူအညီတောင်းလာပါတယ်။ရည်းစားစာ ရေးပေးဖို့ပါတဲ့။ သူ ရည်းစားစာ စရေးပေးလိုက်တဲ့အချိန်မှာတော့ .......IMDb Rating ကလည်း 7.2/10 ...
movie
The Half of It (2020)
2020
Ashfall (2019) 6.5
Ashfall (2019) ဒီကားကတော့ ရုံမှာကြည့်ဖူးတဲ့သူတွေ အတွက်ဘယ်လောက်ကောင်းတယ်ဆိုတာ အထူးညွှန်းဖို့တောင် လိုမယ်မထင်ဖူး။ IMDB 10 out of 6.5 နဲ့ Rotten Tomatoes 71% အထိရရှိထားတဲ့၂၀၁၉ ခုနှစ်ထွက် အမိုက်စား Action/Drama ရုံတင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ကြတဲ့သူတွေကလည်း အကုန်ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ ပရိတ်သတ်ရင်းနှီးပြီးသား Lee Byung Hun,Train to Busan ထဲကလူသန်ကြီး Ma Dong Seok,Along with the God ထဲက Ha Jung woo,The King ထဲက ဘုရင်ကြီးရဲ့အဆက်ဟောင်းလေး Bae Suzyအစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားတဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ Action ကားကောင်းလေးပါ။ ဇာတ်လမ်းဇာတ်ကွက်လေးလဲ ကောင်းသလို Action ခန်းတွေကလည် းတော်တော်အားရစရာကောင်းလို့ Action ကားကောင်းမျှော်နေတဲ့ ပရိတ်သတ်ကြီးနဲ့ကွက်တိကျမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့နည်းနည်းပဲပြောပြမယ်။ အရမ်းကောင်းလို့ကိုယ်တိုင်ကြည့်စေချင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာမျိုးက ကြိုတင်ခန့်မှန်းမရတဲ့အရာမျိုးပါ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုတာကလည်း မတည့်သာမတည့်တာ နိုင်ငံချင်းကျစပ်ဆက်နေတာပါ။ မြောက်မှာတစ်ခုခုဖြစ်ရင်အဲ့အကျိုးဆက်ကို တောင်ကိုရီးယားက ခံစားရမှာဖြစ်သလို တောင်ကိုရီးယားမှာ တစ်ခုခုဖြစ်ရင်လည်း မြောက်ကိုရီးယားကခံစားကြရမှာပါ။ နိုင်ငံချင်းအမုန်းတရားနဲ့ကွဲနေကြပေမယ့် တချိန်ကလူမျိုးတူနိုင်ငံတူဖြစ်လို့ စည်းလုံးသင့်တယ်ဆိုတဲ့ msgလေးကိုလဲ ထည့်ပေးထားပါတယ်။ မြောက်ကိုရီးယားမှာရှိတဲ့ ဘတ်ဒူမီးတောင်ပေါက်ကွဲမှုကိုအခြေခံ ရိုက်ကူးထားပြီးဒီသဘာဝဘေးအန္တရာယ်ဆိုးကြီးကို နယ်ပယ်အသီးသီးအလွှာစုံကလူတွေ ဘယ်လိုတွန်းလှန်ကြတယ် အရေးကြုံရင်ဘယ်လို စည်းလုံးကြတယ်ဆိုတာလေးကို တွေ့မြင်ရမှာပါ။ မင်းသားကြီး မာဒုန်ဆော့ကဒီကားမှာမီးတောင်လေ့လာသူ ပရောဖက်ဆာဂန်းဘုန်ရယ်အဖြစ် သရုပ်ဆောင်ထားပြီး Along with the God မင်းသား ဟာဂျန်ဝူးကတော့ လက်နက်လေ့လာရေးနဲ့ကျွမ်းကျင်တပ်ကြပ် ဂျိုအင်ချန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ ထူးချွန်မင်းသား လီဗြောင်ဟွန်းကတော့ မြောက်ကိုရီးယားအထူးလေ့ကျင့်တပ်သားလျှို့ဝှက်သူလျှို လီဂျွန်းဖြောင်းအဖြစ် ...
movie
Ashfall (2019)
2020
Baaghi 3 (2020) 1.8
Baaghi 3 (2020) မင်းသားချော တိုက်ဂါးရဲ့ ၂၀၂၀ထွက် အက်ရှင်ကြမ်းကြမ်းကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တိုက်ဂါးဆိုတာနဲ့ အက်ရှင်အလန်းတွေကို ပြေးမြင်ကြမှာ လူတိုင်းပါပဲ။မကြာသေးခင်ကလည်း War မှာ လင်ပွားမင်းသားနဲ့အတူ အလန်းတွေ ချပြထားခဲ့တယ်။Baaghi ဆိုတဲ့အတိုင်းပဲ လက်စားချေတဲ့ ဇာတ်လမ်းပေါ့။အရင် Baaghi 1,2 ကတော့ ဇာတ်လမ်းချင်းတူပေမဲ့ Baaghiမှာတော့ မတူပါဘူး။ဇာတ်လမ်းအကျဉ်းအရ ဖခင်ဆုံးပြီး နောက်ပိုင်း ညီအစ်ကို နှစ်ယောက် ကျန်နေခဲ့ပါတယ်။အစ်ကိုကတော့ နုံနုံအအ ကြောက်တတ်တဲ့ ဗစ်ကရမ်၊ ညီကတော့ အစ်ကိုကို ထိရင် ငြိမ်မနေတတ်တဲ့ ရွန်နီသူတို့အဖေ ၊သူတို့အဘိုးဟာ ရဲအရာရှိတွေ၊ စံပြရဲသားကြီးတွေ။ဒါကြောင့် အစ်ကိုဖြစ်သူ ဗစ်ကရမ်ကိုလည်း ညီဖြစ်တဲ့ ရွန်နီက ရဲအရာရှိလုပ်ခိုင်းခဲ့ပါတယ်။လူရှိန်အောင်သာ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာ၊ တကယ်တော့ သူက ရာဇဝတ်သားတွေကို ကြောက်တတ်သူ။ဒီလိုနဲ့ ရဲအရာရှိဖြစ်လာတော့ မြို့နယ်အတွင်း ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို ဝင်စီးရာကနေ ဗစ်ကရမ်ဟာ ပြန်ပေးဆွဲဂိုဏ်းရဲ့ ရန်သူဖြစ်လာပါတယ်။အဲ့ဒီဂိုဏ်းဟာလည်း နိုင်ငံခြားသား အစွန်းရောက်တစ်ဦးရဲ့ လက်ပါးစေ အိန္ဒိယဂိုဏ်း၊ ...
movie
Baaghi 3 (2020)
2020
Red Shoes and the Seven Dwarfs (2020) 6.2
Red Shoes and the Seven Dwarfs (2020) Red Shoes and the Seven Dwarfs (2020)==============================IMDb Rating 6.2/10 ထိရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် . . .#Unicodeအရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းက​နေတစ်မူကွဲထွက်​နေတဲ့ ကာတွန်း​ကား​ကောင်း​လေးတစ်ကားလို့​ပြောလို့ရပါတယ်။ဒီကားထဲမှာ ပါ​လေရာသူရဲ​ကောင်း မင်းသားမာလင်နဲ့သူ့အ​ပေါင်းအပါ၆​ယောက်က ပါးစပ်သရမ်း​တော့ စုန်းမတစ်​ယောက်ရဲ့ကျိန်စာမိပြီး လူပု​တို​လေး၇​ယောက်ဖြစ်​နေပါတယ်။ သူတို့ကျိန်စာက​နေလွတ်ဖို့အတွက် ကမ္ဘာ​ပေါ်ကအလှဆုံး​သောမိန်းက​​လေးကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျ​တော့ တစ်မျိုး သူက ဘုတ်အီးမ​လေး သန်မာတယ် ချစ်ဖို့​ကောင်းတယ်။ သူ့မိ​ထွေးကစုန်းမသူ့အ​ဖေကလည်း သူ့မိ​ထွေးစုန်းမမှန်းသိ​တော့ စနိုးဝိုက်​လေးကို​ဘေးကင်းရာပို့ထားတယ်။ သူကိုယ်တိုင်လည်း​ပျောက်သွားတယ်။စနိုးဝိုက်​လေးက သူ့အ​ဖေကိုရှာဖို့ သူ့မိ​ထွေးဆီအသွား သူ့မိ​ထွေးရဲ့ ထာဝရလှပ​စေမယ့် ​မှော်ဖိနပ်​လေးကိုစီးမိပြီး တအားလှသွား​ရောသူစုန်းမလက်က​နေထွက်​ပြေးရင်း သူ့အ​ဖေမှာခဲ့တဲ့ သူရဲ​ကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအ​ချော်​ချော်​လေး​တွေနဲ့ အဆုံးထိကြည့်ချင်​အောင်ဆွဲ​ဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာ​မြောက် animation ကားကောင်း​လေးဖြစ်ပါတယ်။ အသံ​နောက်ခံ​တွေက​တော့ မင်းသား​ မာလင်​နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်​နေရာမှာက​တော့ ​ကော်ရီး​​တွေရဲ့အချစ်​တော်အကိတ်မ​လေး Chloë ...
movie
Red Shoes and the Seven Dwarfs (2020)
2020