Channel Myanmar
2020
English Medium (2020) 7.6
English Medium (2020) IMDb 7.7/10Rotten 50%ဘောလီဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့နောက်ဆုံးထွက် ကားသစ်ကားကောင်းတစ်ကားကို တင်ဆင်ပေးလိုက်ပါတယ်မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦးဇာတ်လမ်းကတော့အိန္ဒိမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကိုဘယ်လိုအကောင်အထည်ဖေါ်ပေးမလဲဆိုတာ ဆက်လက်ကြည့်ရှု့လိုက်ပါဦးဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. File Size : (950 MB) and (450 MB) Quality : WEB-DL 720p Running Time : 2hr 25min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p ...
movie
English Medium (2020)
2020
The Nightmare (2020) 7.0
The Nightmare (2020) တွေးရတာ ကြောက်လန့်ရတာ ကြိုက်တဲ့ သူတွေအတွက် ဒီရုပ်ရှင်က သင့်တော်ပါတယ် လီယွန်ဝူး ဆိုတဲ့ လူငယ်ဒါရိုက်တာ တစ်ယောက်ဟာ ငွေကြေးထက် ဝါသနာကို အရင်းခံတဲ့ အနုပညာရှင်တစ်ယောက်ပါ သူ့မှာ ချစ်ရတဲ့ ဇနီး ရယ် အရမ်းချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ရှိတယ် ဒါပေမဲ့ သူ့ရဲ့ မာန ကြောင့် ရုပ်ရှင်လောက မှာဝင်တိုးဖို့ ခက်နေပြီး အတော်လေး ကြိုးစားရုန်းကန်နေရတဲ့ ကာလ တစ်ခုပေါ့ တစ်နေ့တစ်နေ့ အလုပ်က မိန်းမကို ရုံးလိုက်ပို့လိုက် သမီးလေးကို ကျောင်းပို့ ကျောင်းကြို လုပ်လိုက် အားရင် အိမ်မှာ ဇတ်ညွန်းထိုင်ရေး နေတက်တဲ့သူ.... သမီးလေး ဖြစ်သူကတော့ သူ့ကို နိုင်ငံခြားက ကစားကွင်းတွေ သွားချင်တယ်လို့ ခနခန ပူဆာခဲ့ပေမဲ့ သူ့အလုပ် မအောင်မြင်သေးတော့ သမီးဖြစ်သူကို လိုက်ပို့ပါမယ်လို့ပဲ ကတိပေးခဲ့ရတယ်.... အဲ့လို ကတိပေးပြီး နောက်တစ်နေ့မှာပဲ သမီးဖြစ်သူ ရုတ်တရက် အက်ဆီးဒင့် တစ်ခုဖြင့် သေဆုံးသွားခဲ့သောအခါ..... ဒီရုပ်ရှင်ကားကို Duli Lay က ဘာသာပြန်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်
movie
The Nightmare (2020)
2020
Bully Bad Guys (2020) 7.3
Bully Bad Guys (2020) Bully Bad Guys Synopsis  ဒီဇာတ်ကားလေးမှာတော့ ဂျပန်ကျောင်းသားလူမိုက်အဖွဲ့က ကိုရီးယားအထက်တန်းကျောင်းသားတွေအပေါ် အနိုင်ကျင့်ဖိနှိပ်မှုတွေ လူမျိုးခွဲခြားဆက်ဆံမှုတွေကို အသည်းယားဖွယ်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဂျင်းမန်ဆိုတဲ့ ကျောင်းသားခေါင်ဆောင်ကောင်လေးက အမြဲ ဘော်ဒါစိတ်ဓါတ်အပြည့်နဲ့ ကိုယ့်သူငယ်ချင်းတွေကို အကာအကွယ်ပေးတတ်တဲ့အပြင် စိတ်သဘောထားလည်းကောင်းတဲ့အတွက် ကျောင်းသားတွေကြားမှာ ပေါ်ပြူလာဖြစ်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဂျပန်ကျောင်းသားလူဆိုးအဖွဲ့ရဲ့ အနိုင်ကျင့်ဗိုလ်ကျတာကို ခံလိုက်ရတဲ့ သူငယ်ချင်းတွေကိုကူညီဖို့ ဂျပန်ကျောင်းသားလူဆိုးအဖွဲ့နဲ့ ထိပ်တိုက်တွေ့လာပါတော့တယ်။           ကျောင်းသားလူငယ် ဇာတ်လမ်းဖြစ်တဲ့အတွက် လူငယ်အများစုအကြိုက်တွေ့စေမှာဖြစ်ပြီးတော့ အက်ရှင်ကြမ်းကြမ်းအပြင် ဟာသရသကိုလည်း တပြိုင်တည်းခံစားလို့ရမယ့် ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ သတ္တိနည်းပြီး စိတ်ဓါတ်ပျော့ညံ့တဲ့အတွက် ဂျပန်အနိုင်ကျင့်တာကို ခံရပြီးတော့ မျိုးချစ်စိတ်ထက်သန်ကြပေမယ့် နိုင်ငံသမိုင်းကြောင်းကို ဂဂဏဏမသိကြတဲ့ ခေတ်လူငယ်တွေအားနည်းချက်ကို မီးမောင်းထိုးပြထားပြီး ဒီလိုအခြေအနေတွေကနေ နိုးထဖို့ messageပေးချင်တဲ့ သဘောထားကိုလည်း မြင်တွေ့ရပါတယ်။ Translated By : Dulia Lay Encoded By : XCode
movie
Bully Bad Guys (2020)
2020
Giant Fish (2020) 6.1
Giant Fish (2020) အခုနောက်ပိုင်းတရုတ်ကားတော်တော်များများ အက်ရှင်ကားမဟုတ်ဘဲဒရာမာကားရိုက်ရင် ဇာတ်အိမ်ကောင်းကောင်းနဲ့အဆုံးမှာတခုခုကို ချပြသွားတာမျိုးတွေတွေ့လာရပါတယ် "Don't regret until we lost it, stop doing any harm to our nature, otherwise we will pay for it" ဒါစာတန်းကဇာတ်ကားအပြီးနောက်ဆုံးထိုးတဲ့စာတန်းပါ ခင်များတို့အတ္တကြီးကြီးနဲ့သူတပါးအပေါ်မကောင်းကြံဖို့စဉ်းစားမိရင် အကျိုးဆက်က ခင်များသို့မဟုတ် ခင်များချစ်ရတဲ့သူတွေအပေါ်ပြန်လည်သက်ရောက်မှာပါ ဒီဇာတ်လမ်းဟာ ငါးဖမ်းလုပ်သားတွေအသက်မွေးမှုပြုကြတဲ့ ကွေးကန်ဆိုတဲ့ဒေသကို ငါးကြီးကနေလူအဖြစ်ပြောင်းထားတဲ့ ကောင်မလေးတယောက်ရောက်လာရာကနေစပါတယ် အဲ့ဒီလိုငါးကြီးမျိုးနွယ်တွေနဲ့ ပေါင်းပြီး စီးပွားရှာနေတဲ့ခေါင်းဆောင်ဟာ လောဘမောဟတွေနဲ့ မကြံသင့်မ ကြံအပ်တာတွေကြံမိချိန်မှာတော့ ..... ဘာဆက်ဖြစ်မလဲ ကြည့်ပေးကြပါလို့ ဘာသာပြန်ပေးထားတာကတော့ Nay Chii ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်
movie
Giant Fish (2020)
2020
Gretel & Hansel (2020) 5.3
Gretel & Hansel (2020) Gretel & Hansel (2020) IMDb - 5.3/10_____Rotten - 65%  ၂၀၂၀ ခုနစ်ထွက် Fantasy/ Horror ဇာတ်ကားလေးဖြစ်ပါတယ်... ဂရင်းစ်ညီအစ်ကိုတွေရဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ တောအုပ်ထဲက လူသားစားတဲ့ စုန်းမကြီးအိမ်ကို ရောက်ရှိသွားတဲ့ ဟန်ဆယ်နဲ့ ဂရက်တယ်တို့မောင်နှမနှစ်ယောက်အကြောင်းကို အားလုံးကြားဖူးကြမယ်ထင်ပါတယ်... ဒီဇာတ်ကားလေးကလည်း အဲဒါကို အခြေတည်ပြီးရိုက်ကူးထားတာပါ... ဟန်ဆယ်နဲ့ ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာ မုဆိုးမ အမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေထိုင်ကြရပါတယ်... တစ်နေ့မှာတော့ သူတို့အမေက ကိုယ့်ဝမ်းကိုယ့်ကျောင်းဖို့ သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ စိတ်မနောကောင်းတဲ့ မုဆိုးတစ်ယောက်က တောထိန်းတွေဆီ သွားခိုလှုံဖို့ လမ်းညွှန်လိုက်ပါတယ်... ဒီလိုနဲ့ သွားရင်းနဲ့ တောထဲမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတဲ့ တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပါတော့တယ်... အိမ်ပိုင်ရှင်ကတော့ သဘောကောင်းပုံရတဲ့ အဖွားအိုတစ်ယောက်ပဲ... အဲဒီအဖွားအိုဟာ ပုံပြင်ထဲကအတိုင်း စုန်းမကြီးများလား... ဒီဇာတ်ကားမှာ မတူခြားနားတဲ့ မြှုပ်ကွက်တွေပါတာကြောင့် ဘာတွေလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး... IMDB 5.3/10 ရရှိထားပါတယ်   File Size : ( 817 MB , 240 MB) Quality : WEB-DL 720p Running Time : 1 hr 27 min Format ...
movie
Gretel & Hansel (2020)
2020
Transference (2020)
movie
Transference (2020)
2020
Underwater (2020) 5.9
movie
Underwater (2020)
2020
The Man Standing Next (2020) 7.3
The Man Standing Next (2020)  ဒီကားကတော့ ၂၀၂၀ခုနှစ်အစောပိုင်းကပဲ ထွက်ရှိထားတဲ့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ History/Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးဒီကားထဲမှာ တခြားဇာတ်ရုပ်တေနဲ့မတူပဲ တမူထူးခြားစွာ သရုပ်ဆောင်ထားတဲ့ လီဗြောင်ဟွန်းရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။IMDB 7.3 ထိရရှိထားပြီး MDL(My Drama List)မှာ 6.4ထိရရှိထားတဲ့ ကိုရီးယားနိုင်ငံရေးသရုပ်ဖော် ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းက တောင်ကိုရီးယားနိုင်ငံ ရဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးအရှုပ်တော်ပုံ၊နိုင်ငံအကြီးအကဲတွေရဲ့ လှည့်ကွက်တွေကိုအခြေခံထားပြီး ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအစမှာ အမေရိကန်နိုင်ငံ တရားခုံရုံးထက်မှာ KCIA(Korea Central Intelligence Agency)ရဲ့ ဦးစီးမှူးဟောင်းပတ်ယွန်းဂတ်ဆိုသူက တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးကို တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကတောင်ကိုရီးယားမှာဒီမိုကရေစီမရသေးချိန်ဖြစ်လို့ KCIA ကဦးစီးမှူးဟောင်းကတောင်ကိုရီးယားသမ္မတကို ပြည်သူတွေအပေါ် အာဏာရှင်စနစ်ကိုဆွဲကိုင်ထားခြင်းတခြားသော ငွေကြေးအရှုပ်များရှိနေခြင်းစတဲ့ပြစ်ချက်တွေနဲ့စွဲချက်တင်လိုက်ပါတယ်။ဒီလိုဖွင့်ဟထုတ်ဖော်ပြောလိုက်လို့လည်းအဲ့အချိန်ကစပြီးအဲ့ဒီလူကံဆိုးမိုးမှောင်စကျပါတော့တယ်။သူနောက်မှာ KCIA ရဲ့ဦးစီးမှူးအသစ် ဖြစ်လာသူ ကင်ဂူဖြောင်းကတော့ သမ္မကြီးအပေါ်သစ္စာရှိသူ၊ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ပါ။အဲ့ဒီအချိန်က KCIA ဆိုတာ ကိုရီးယားသမ္မတရဲ့အတွင်းရေးကိစ္စမှန်သမျှလုပ်ဆောင်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုပါ။ဒါပေမယ့် မထင်မှတ်ထားစရာတစ်ခုက အဲ့လိုသမ္မတလက်စွဲအဖွဲ့အစည်းထက်မှာ တခြားသောလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထပ်ရှိနေတယ်ဆိုတာပါပဲ။ဒီအဖွဲ့က သမ္မတကြီးက KCIAကိုတိုက်ရိုက် ခိုင်းစေဖို့မသင့်လျော်တဲ့ ...
movie
The Man Standing Next (2020)
2020
Holly Slept Over (2020)
movie
Holly Slept Over (2020)
2020
[18+] Mom & Daughter Sex Diet (2020) 7.3
[18+] Mom & Daughter Sex Diet (2020) ဒီတစ်ခါလဲ ကိုရီးယားကား 18 + ကားလေးပါပဲ။(function(f,b,n,j,x,e){})();ဇာတ်လမ်းလေးကတော့ တခြားကားတွေနဲ့မတူဖူး။ထူးခြားတယ်။ အလုပ်မရှိတဲ့ဒုန်ဟီးဆိုတဲ့လူတယောက် အရင်က ဝနေတဲ့သူက ဝိတ်တွေဘာတွေကျပြီး ငွေရွှင်နေတယ်။ ဒါကိုသတိထားမိတဲ့သူ့ သူငယ်ချင်းတွေက သားကြီး အဆင်ပြေလား ဘာညာ မေးရင်းနဲ့ ဒုန်ဟီး ပွပေါက်တိုးနေတယ်ဆိုတာသိသွားတယ်။ ဘာလဲဆိုတော့ ဘုရားလည်းဖူးလိပ်ဥလည်းတူး ဆိုသလို ဒုန်ဟီးတယောက် Gym သွားစရာမလိုပဲ ပိုက်ဆံရှာရင်း ဝိတ်တွေချနေတာ။ ဘယ်လိုလုပ်လဲသိချင်ရင်တော့ ဇာတ်ရှိန်တက်ရင်း Heat ယူရအောင် ဒေါင်းသာကြည့်ကြတော့။ ပွဲတိုင်းကျော်ဘဲကြီးတွေ ဝိုက်ချက် ဝိုက်ချက်ဆိုတာ လက်မလည်ဖူး။နည်းကောင်း လမ်းကောင်းလည်းသိချင်တယ် ဝိတ်လည်းကျချင်တယ်ဆိုတဲ့ဘဒိုတွေ ဒေါင်းလို့ကတော့အကျိုးမယုတ်ပါဖူး။ သိတဲ့အတိုင်းကိုရီးယားကားတွေ ထုံးစံအတိုင် း ဆော်တွေကတော့ဖြူဖြူဖွေးဖွေးရေဆေးငါးကြီးတွေ ရှယ်လန်းတယ်။ ဇာတ်လမ်းလေးကလည်း မြင်နေကျထက်ဆန်းတယ်။ အဲ့ဒါလေးနောက်ဆုံးပိတ် ကြော်ငြာဝင်ချင်တယ်။ ဘာသာပြန်ပေးထားတာကတော့ Fox ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်
movie
[18+] Mom & Daughter Sex Diet (2020)
2020
The Untamed: Fatal Journey (2020) 9.0
The Untamed: Fatal Journey (2020) CM Fan တွေ အတွက် သိုင်းကားကောင်းတစ်ခု ထပ်မံ တင်ဆက်ပေးလိုက်ပါတယ် ဓါးဝိဉာဏ် တွေကို စောင့်ရှောက်ရတဲ့ မိသားစု ရဲ့ နောက်ဆုံး မျိုးဆက် ညီအကို ၂ ယောက် ရဲ့ သိုင်း ဒရာမာ ဇတ်လမ်းလေးပါ ဒီဇာတ်လမ်းဟာဆိုရင်တော့ နျဲ့မိသားစုရဲ့ရှေးဘိုးဘွားတွေနဲ့ဆက်နွယ်နေတဲ့ ဓါးဝိဉာဏ်နဲ့ဆက်စပ်နေတဲ့ ဂူအပေါ် အခြေခံဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ဇာတ်ကားနာမည်လိုပဲအသွားသာရှိပြီးအပြန်မရှိတဲ့နေရာတခုပါ ညီအကိုနှစ်ယောက်ရဲ့ကြားကမေတ္တာတွေကိုမြင်တွေ့ရမှာဖြစ်သလို အထူးပြုလုပ်ချက်တွေဝေဝေဆာဆာနဲ့ တချို့နေရာတွေမှာoverဖြစ်သွားပေမယ့် သိုင်းကားကြည့်ချင်သူတွေအတွက်ကတော့ ကြည့်လို့အဆင်ပြေတဲ့ကားမျိုးပါပဲ ဘာသာပြန်ပေးထားတာကတော့ Nay Chii ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie
The Untamed: Fatal Journey (2020)
2020
The Hunt (2020) 6.4
The Hunt (2020) The Hunt (2020)==============IMDb Rating 6.4 / 10 ထိရရှိထားပါတယ်။#Unicodeဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . .လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီးအပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ  ....  တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံကလူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီးတစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင်ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ်လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို"လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား" နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည်အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့်IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ #Zawgyiဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . .လူကုံထံလူတစ်စုရဲ့ Group Chat ...
movie
The Hunt (2020)
2020
Jawaani Jaaneman (2020) 7.2
Jawaani Jaaneman (2020) ဟိုင်း အချောလေးတို့ အိမ်ထဲမှာ နေနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်ပြီဆိုတာ သိပြီးကြရောပေါ့။မပျင်းရအောင် အကျိုးဆောင်ပေးရရင် ရုပ်ရှင်ကားကောင်းလေးတွေနဲ့ တင်ဆက်ပေးမှာပါ။ခုတစ်ဖန် တင်ဆက်မှာကတော့... ဘောလိဝုဒ် မိသားစုဒရာမာကို ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။မင်းသားကြီးကလည်း လူတိုင်းသိပြီးသား ဖြစ်ပြီး မင်းသမီးချောလေးတွေလည်း ပါနေပါသေးတယ်နော်။ဇာတ်လမ်းအကျဉ်းကတော့... ဟိုးရှေးရှေးတုန်းက စော်ကြည်ဘဲ တစ်ယောက် ရှိသတဲ့ပေါ့။ခုခေတ်အခေါ် စားဘဲကြီးပေါ့။ စားဘဲကြီးဆိုတဲ့ ဂုဏ်ပုဒ်ကလည်း လွယ်လွယ်ရရိုးလား။မနက်ဆို ၁၂နာရီမှ အိပ်ယာထ၊ ရုံးကို ၃နာရီလာ၊ ညနေ ၅နာရီရုံးဆင်း၊ ညဘက်ဆို ကလပ်တက်၊ စော်တွေနဲ့ ဇာတ်လမ်းဖြစ်။သူ့အလုပ်ကတော့ အိမ်ခြံမြေအကျိူးဆောင် ပွဲစားပေါ့။ ဒီလိုနဲ့ သူ့အရွယ်က အိမ်ထောင်ပြုသင့်နေပြီလို့ မိသားစုက ဖျောင်းဖျကြတယ်။လောကမှာ ဘာအကြောက်ဆုံးလဲလို့ မေးရင် မိန်းမယူ၊ ကလေးမွေးပဲ။ သူ့ခံယူချက်က ရှိသေးတယ်။ ဘာတဲ့။အိမ်ထောင်ဘဝဆိုတာ ...
movie
Jawaani Jaaneman (2020)
2020
Underwater (2020) 6.1
movie
Underwater (2020)
2020
Disco Raja (2020) 6.9
Disco Raja (2020) Spoiler Alert!၀ူဟန်ကာကွယ်ဖို့အတွက် အိမ်မှာနေရင်းပျင်းနေကြတဲ့ အိန္ဒိယကားပရိတ်သတ်တွေအတွက် ယနေ့ တင်ဆက်ပေးလိုက်တဲ့ အသစ်စက်စက် ဇာတ်ကားလေးပါ။ဒီလထဲမှာထွက်ရှိတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ အကြိုက်တွေ့မိတဲ့ဇာတ်ကား နည်းနေပေမယ့် ပရိတ်သတ်ကြိုက်မယ်ထင်တဲ့ ဇာတ်ကားတွေကို ရွေးထုတ် တင်ဆက်ပေးနေတာမို့....ကောင်းသည် မကောင်းသည်ကို ယတိပြတ် မပြောလိုပါဘူး။ကိုယ့်အကြိုက်နဲ့ကိုက်ညီရင် ကောင်းပြီး ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် မကောင်းဘူးလို့ပဲ ဆိုရမှာပါ။ဒီဇာတ်ကားကတော့ တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အိုဗာအက်ရှင်တွေ ဘာတွေ ဖောဖောသီသီ ပါဝင်သလို နည်းနည်းလည်း စိတ်ကူးယဉ်လည်း ဆန်ပါတယ်။တစ်နေ့က ထွက်တဲ့ Bloodshot ဆိုတဲ့ ဟောလိ၀ုဒ်ဇာတ်ကားနဲ့တောင် အစပိုင်းမှာ ခပ်ဆင်ဆင် ရိုက်ကူးထားတာပါ။အကြမ်းဖျင်းအားဖြင့် ပြောရရင် မင်းသားဟာ ဇာတ်လမ်းစစချင်းမှာသေသွားတယ်။သိပ္ပံပညာရှင်တစ်စုက မင်းသားကို သိပ္ပံနည်းနဲ့ သေရွာကနေ ပြန်ခေါ်တယ်ပေါ့။ဒီနောက်တော့ သူဟာသူ့အတိတ်ကို လိုက်စုံစမ်းရင်း ရိုးရိုးသေတာ မဟုတ်ပဲအသတ်ခံလိုက်ရတယ်ဆိုတာကို ...
movie
Disco Raja (2020)
2020
Dolittle (2020) 5.5
Dolittle (2020) Dolittle 2020============#Unicodeအားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်... Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့... တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်... ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်... ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland,Rami Malek , John Cena, Selena Gomaz စတဲ့ ...
movie
Dolittle (2020)
2020
Panga (2020) 7.2
Panga (2020) (Unicode)IMDb 7.3/10 Rotten 93% အပေါ်က နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ရုံတင်နဲ့တင်ဒီဇာတ်ကားဟာ ကားကောင်းတစ်ကားဆိုတာ ထွေထွေထူးထူူး ညွှန်းဆိုဖို့လိုမယ်မထင်ပါဘူးဘောလီဝုဒ်မှာ ခပ်ပေါပါဇာတ်ကားတွေထွက်သလို ဒီလို ခံစားမှုပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတွေလည်း နှစ်စဉ်ထွက်လေ့ရှိပါတယ်အာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ၂၀၂၀ ခုနှစ်ထွက် ကားကောင်းတစ်ကားပါပဲပါဝင်သရုပ်ဆောင်ထားတာလည်း တခြားသူမဟုတ်ဘဲ Queen ဖြစ်တဲ့ Kangana Ranautဒါရိုက်တာကလည်း ဇာတ်လမ်းကောင်းတွေဖြစ်တဲ့ Nil Battey Sannata Bareilly Ki Barfi တို့၏ဒါရိုက်တာ Ashwiny Iyer Tiwari ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ... ကဘတ်ဒီအားကစားဘဝကနေ အနားယူလိုက်ရတဲ့ နိုင်ငံလက်ရွေးစင်ကစားသမား ဂျာယားနီဂမ်ဟာ အကြောင်းအမျိုးမျိုးကြောင့်တစ်ကျော့ပြန်ကစားဖို့ဖြစ်လာတဲ့အခါမှာတော့ အသက် ၃၂ နှစ်၊ ၇ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ အိမ်ရှင်မတစ်ယောက်ဟာ ကစားသမားဘဝနဲ့ အောင်မြင်မှုကိုနောက်တစ်ကြိမ် ပြန်လည်ဆွတ်ခူးတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိမလဲ ဘယ်သူတွေက ...
movie
Panga (2020)
2020
Bosomy Tae-hee (2020) 7.3
Bosomy Tae-hee (2020) Bosomy Tae-hee (2020) Dark Side အားပေးတဲ့ယောကျာ်းထုကြီးအပေါင်း မျှော်နေကြမယ်ထင်လို့ နောက်ထပ် ကိုရီးယား 18 အပေါင်း ကားလေးနဲ့ထပ်ပြီး မိတ်ဆက်ပေးပါအုန်းမယ်။ စာမေးပွဲအပြီး အိမ်တွင်းအောင်း ဂူအောင်းသိုင်းကျင့်မယ့် သိုင်းဆရာတို့ ရိက္ခာလေးတွေကြိုဒေါင်းထားကြပါ။ ဇာတ်လမ်းလေးကတော့ နှစ်အိမ့်တစ်အိမ် ဟင်းလဲစားတဲ့အကြောင်းပါပဲ။ အလုပ်တစ်ခုမှာအတူတူလုပ်ကြတဲ့ စီနီယာ၊ဂျုနီယာနှစ်ယောက် မိန်းမတွေကိုယ်စီရှိကြပေမယ့် တမျိုးတည်းကြာကြာဝါးရင် အရိုးညက်တယ်ဆိုသလို ကိုယ့်မိန်းမ၊သူမိန်းမ လဲစားဖို့ စုံတွဲနှစ်တွဲ ခရီးအတူတူထွက်ရင်း ကြံစည်ကြလေသတည်းပေါ့။ ဒီမှာပြောချင်တာက စီနီယာကတော့ ဂျပန်ကတုံးရုပ်မျိုးပေမယ့် သူမိန်းမလေးကတော့တော်တော် ချောတယ်ပြောရမယ်။ Baby Face ကိုမှပါးချိုင့်လေးနဲ့။ ဘရားသားတို့စိတ်ကူးယဉ်လို့ရမယ့် ဆိုဒ်မျိုး။ သူလေးက တခြားဆော်တွေလိုမဟုတ်ဖူး။ နူးနူးညံ့ညံ့ ငြင်ငြင်သာသာအထိအတွေ့လေးတွေကိုမှ ခိုက်တယ်။ သူဘဲကြီးကတော့အဲ့လိုမဟုတ်ဖူး။ ပညာလည်းစုံသလို ကြမ်းချင်တယ် ရမ်းချင်တယ်ပေါ့။ စီနီယာကြီးရဲ့ ဆော်နဲ့ဆန့်ကျင်ဖက် ဂျူနီယာရဲ့ဆော်ကြီးကတော့ကြမ်းကြမ်းတမ်းတမ်းမှကြိုက်တာ။ အဲ့ဆော်ကြီးကတော့ ရုပ်ကအရမ်းကြီးအချောကြီး မဟုတ်ပေမယ့် Technique ကတော့ကျွမ်းတယ်ပြောရမယ်။ ဆက်ပြောရရင် သိုင်းကားတွေထုံးစံအတိုင်းတယောက်တလဲစားကြမယ့် အစီအစဉ်ကို ဆော်ကြီးတွေကလည်းသိသိကြီးနဲ့မသိချင်ယောင်ဆောင်ကြလေသတည်းပေါ့။ စီနီယာကိုရီးယားကတုံးရဲ့ဆော်ကို ဖန်ရတာလွယ်ပေမယ့်ခက်နေတာက ဂျူနီယာရဲ့ဆော်။ ခရီးထွက်လာတဲ့ညမှာတင် အတွဲနှစ်တွဲသောက်ကြစားကြရင်း အဲ့ညမှာ ဂျူနီယာကတော့ စီနီယာဘဲရဲ့ဆော်ချောချောလေးကိုဖန်ပြီး စားသောက်ပြီးစီးသွားပေမယ့် စီနီယာဘဲကြီးတယောက်ကတော့ ဘယ်လို နည်းလမ်းတွေသုံးပြီး ဂျူနီယာဆော်ကို တီးရမလဲဆိုတာ ဂွကျနေတယ်။ဘာလို့လဲဆိုတော့ အဲ့ဂျူနီယာဘဲရဲ့ ဆော်ကြီးကအရက်မူးရင်သွေးဆိုးတယ်။ အဲ့မှာနည်းနည်းပြဿနာတက်နေတာ။ ဒါနဲ့ သူ့မိန်းမကိုအပူကပ်ပြီး အဲ့ဂျူနီယာရဲ့ဆော်ကြီးကို ဖြုတ်ဖို့ အကူအညီတောင်းတာပေါ့။ သူမိန်းမကလည်းသူယောကျာ်းကို ကြောက်ရတော့ကူညီပေးလိုက်တယ်ပေါ့။ အဲ့မှာ အဲ့ဘဲကြီးရဲ့ ရှယ်စားမယ့် စီမံကိန်းကြီးလည်းအောင်မြင်သွားပြန်တယ်။ဒါပေမယ့် အဲ့ဘဲကြီးမသိတာကသူတို့မိန်းမတွေကလည်း သူတို့ကိုလက်စားချေဖို့ကြံစည်နေတယ်ဆိုတာကိုပဲ။ ကဲ ဆက်ပြောရင်ဇာတ်လမ်းပေါ့မှာဆိုလို့ မပြောတော့ဖူး။ သိချင်ရင်ဒေါင်းသာကြည့်ကြ။အဲ့ထဲကစီနီယာဘဲကြီးရဲ့ဆော်လေးကတော့ နုနုထွတ်ထွတ်လေးနဲ့ ဂျပန်မလေးတွေဆိုဒ်မျိုး စကားပြောရင် မပွင့်တပွင့်လေးနဲ့ ရုပ်လေးကတော်တော်ချောတယ်ဆိုတာတော့ ညွှန်းလိုက်ပါရစေ။ အဲ့ဆော်နှစ်ယောက်ဘဲကြီးနှစ်ယောက်အပိုးကျိုးသွားအောင် ဘယ်လိုချေမယ်၊ဘယ်လိုပညာခန်းတွေသုံးမယ်ဆိုတာတော့ နားကြပ်တပ် ဂူအောင်းပြီး သိုင်းကျင့်ရင်းခံစားကြည့်လိုက်ကြပါ။ DarkSide အတွက် ...
movie
Bosomy Tae-hee (2020)
2020
The Thing About Harry (2020) 7.2
The Thing About Harry (2020) The Thing About Harry (2020) ======================IMDb Rating 7.2/10#Unicodeဒီကားလေးမှာတော့ Jake Borelli, Niko Terho, Britt Baron, Japhet Balaban တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ မကြာသေးခင်က ချစ်သူရဲ့ သစ္စာဖောက်ခံလိုက်ရတာ Samက အချစ်မှာစိတ်ပျက်သွားပြီး စိတ်အပြောင်းအလဲအနေနဲ့ သူ့ငယ်သူငယ်ချင်း kellyရဲ့ စေ့စပ်ပွဲရှိတာနဲ့ အိမ်ကိုပြန်ခဲ့တယ်။ အဲ့အသွားလမ်းမှာ အရင်က သူ့အပေါ်ဗိုလ်ကျခဲ့တဲ့ Harryနဲ့ကားအတူတူစီးရပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်း တစ်ယောက်အပေါ်ထားတဲ့ အမြင်တွေရှင်းသွားပြီးနောက်မှာ HarryကPansexual မှန်းသိသွားတဲ့အခါ Samတစ်ယောက် ဘယ်လိုမျိုးလေးတွေ ဖြစ်သွားမလဲ။ Harryကကော Samအပေါ်အရင်လိုဗိုလ်ကျမြဲကျပြီး ပုံမှန်သူငယ်ချင်းအဖြစ်ပဲ ဆက်နေသွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ ပုံမှန် LGBTဇာတ်ကားတွေလိုမဟုတ်ပဲ ဖြစ်တတ်တဲ့ အခက်အခဲတွေ အနှောင့်အယှက်လေးတွေကိုရင်ဆိုင်နားလည်ပြီး ရှေ့ဆက်လျှောက်ရတဲ့ လူသဘောကို ဖော်ထားတဲ့အတွက် တစ်မူထူးတဲ့ LGBTကားတစ်ကောင်းဖြစ်တာမို့အတူစီးမျှော်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။(Mature sceneနဲ့ ရိုင်းပြတဲ့ အသုံးအနှုန်းအချို့ပါဝင်ပါတယ်) #Zawgyiဒီကားေလးမွာေတာ့ Jake ...
movie
The Thing About Harry (2020)
2020
Mafia: Chapter 1 (2020) 6.4
Mafia: Chapter 1 (2020) (Unicode)ဒီကားက မြန်မာပြည်မှာတောင်မတ်လ ၁၃ရက်နေ့အထိ ရုံတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။တောင်ပိုင်းရုပ်ရှင်တွေနဲ့ အနည်းငယ်အဆက်ပြတ်နေတာကတစ်ကြောင်း ၊ဇာတ်လမ်းပုံစံနဲ့ ဒါရိုက်တာရဲ့ ရိုက်ကူးပုံကို ​ကြိုက်မိတာက တစ်ကြောင်းကြောင့်ဒီကားကို ဘာသာပြန် တင်ဆက်ပေးလိုက်တာပါ။ (Subtitle File မထွက်သေးပါဘူး၊generate လုပ်ထားတဲ့ စာဖိုင်နဲ့ အမြန်ဆုံး တင်ဆက်ပေးလိုက်တာပါ။)အညွှန်းမူးယစ်အထူးအဖွဲ့က အာရ်ယန်ဟာ ချန်နိုင်းက တိုးပွားလာတဲ့မူးယစ်ဆေးဝါးအမှုတွေအတွက် ခေါင်းစားနေချိန်မှာ. . .ချန်နိုင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းဆောင်က မပိုင်ပဲမလုပ်ဖို့ မသိသလိုနေဖို့ သူ့ကို ပြောလာခဲ့ပါတယ်။ဒီမူးယစ်အမှုတွေရဲ့နောက်ကွယ်ကလူဟာ အာဏာရှိတဲ့သူ ဖြစ်နေတဲ့အတွက်မပိုင်ပဲလုပ်ရင် ဒုက္ခရောက်နိုင်တယ်ဆိုပြီး အဖွဲ့ခေါင်းဆောင်က အာရ်ယန့်ကိုအသိပေးတာ ​ဖြစ်ပါတယ်။ဒီအတောအတွင်းမှာ အာရ်ယန်နဲ့ခင်တဲ့ ထောက်လှမ်းရေးအလုပ်ကို ခုံမင်တဲ့သူတစ်ယောက်ဟာ အရေးကြီးတဲ့သတင်းပေးစရာရှိတယ်လို့ချိန်းပြီး အာရ်ယန်နဲ့မတွေ့ခင် အသတ်ခံလိုက်ရတယ်။သူပေးချင်တဲ့သတင်းက ဘာလဲ?မူးယစ်ဆေးဝါးအမှု့တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာက ဘယ်သူတွေလ?အာရ်ယန်ကရော ဒီအဖွဲ့ကို ဘယ်လိုဖော်ထုတ်မှာလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ကြပါ။သေချာတာကတော့ ပျင်းစရာ ကောင်းမနေပဲ စိတ်၀င်စားစရာအပြည့်ပါတဲ့ဇာတ်ကားကောင်းတစ်ကားပါ။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Lwin Htoo Aung ...
movie
Mafia: Chapter 1 (2020)
2020