Channel Myanmar

2022

My Mom Made Me Do It (2022) 5.1
My Mom Made Me Do It (2022) My Mom Made Me Do It [Deadly Secrets] (2022) ===================================ဂျိတ်ဆိုတဲ့ထူးချွန်သူအထက်တန်းကျောင်းသူလေးဟာ သူ့အမေ ဖရီဒါနဲ့အတူ ဆွိမဲဒေါလ်ဆိုတဲ့နေရာကိုပြောင်းလာတာမကြာသေး ပါဘူး။ အမေတစ်ခုသမီးတစ်ခုဆိုပေမယ့် ဖရီဒါက နာမည်ကျော် စာရေးဆရာမဖြစ်တာကြောင့် ဂျိတ်တစ်ယောက် ငွေကြေးကိစ္စတွေ ပူပန်စရာမလိုဘဲနဲ့ အမေ့ဆီကအချစ်တွေအကုန်ရပြီး ဘဝကိုပျော် ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းခဲ့ရပါတယ်။ဖော်ရွေသဘောကောင်းသူလေးဖြစ်တာကြောင့် ဂျိတ်ဟာ ကျောင်း သစ်မှာလည်း သူငယ်ချင်းသစ်တွေ ချက်ချင်းကိုပဲရလာခဲ့ပါတယ်။ ဒါပေမယ့် ဂျိတ်ပျော်ရွှင်မှုတွေဟာကြာရှည်မခံပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တစ်နေ့မှာ ဂျိတ်သူငယ်ချင်းသစ်ဖြစ်သူ ထီအန်းတစ်ယောက် အသတ်ခံခဲ့ရပါတယ်။ ဖရီဒါကလည်း ဂျိတ်ထင်ထားသလို ပြီးပြည့်စုံ သာယာနေတာမဟုတ်ဘဲနဲ့ အခက်အခဲပြဿနာတချို့နဲ့ရင်ဆိုင်နေရာကို မထင်မှတ်ဘဲသိခဲ့ရအပြီးမှာ ဂျိတ်တစ်ယောက် အမေကိုကူချင်ပေးချင် စိတ်နဲ့အန္တရာယ်များတဲ့အလုပ်တစ်ခုကိုလက်ခံလုပ်ခဲ့မိလိုက်တယ်။ဒီတော့ အဲဒီအလုပ်ကဘာဖြစ်မလဲ၊ အဲဒီအလုပ်လုပ်မိရာကနေ ဂျိတ်နဲ့ ဖရီဒါတို့ဘဝလေး ဘာဆက်ဖြစ်သွားမလဲ၊ ထီအန်းကိုသတ်တဲ့သူကရော ဘယ်သူဖြစ်နေမလဲ၊ ဂျိတ်တို့ပါအန္တရာယ်ရှိလာနိုင်မလားဆိုတာကိုတော့ ဒီ "My Mom Made Me Do It" ဇာတ်ကားလေးကိုဆက်ကြည့်ပြီးအဖြေ ရှာကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.44 GB) / (477 MB) / (300 MB) Quality............WEB-RIP 1080p / 720p ...
movie

My Mom Made Me Do It (2022)

2022
Soo (2022) 6
Soo (2022) Soo(2022)တောမတ်စ်ဆိုတဲ့ ပန်းချီဆရာ အမျိုးကောင်းသားလေးဟာ ပြစ်သစ်နိုင်ငံ ပဲရစ်စ် ရွှေမြို့တော်ကြီးကနေ မွေးရပ်ဌာနေဖြစ်တဲ့ အက်စတိုးနီးယားက ဆိုရူးရွာကို ပြန်လည်ရောက်ရှိလာပါတယ်။သူပြန်ရောက်လာတဲ့အချိန်မှာ အစ်ကိုဖြစ်သူ ယိုဟန်နာ့စ်က မိဘဘိုးဘွားပိုင်ခြံကို ရောင်းပစ်ပြီး ခြံအသစ်မှာ လီစ်ဆိုတဲ့ ဇနီးချောလေးနဲ့ အခြေကျနေပါတယ်။တစ်နေ့တော့ ဆိုရူးရွာစပ်က နွံတွေထူထပ်တဲ့ စိမ့်တောထဲမှာ ပန်းချီဆွဲဖို့ ကုန်ကြမ်းရှာရင်း တောမတ်စ်တစ်ယောက် ဟီလ်ဒါဆိုတဲ့ ကောင်မလေးနဲ့ ဆုံစည်းမိသွားပါတယ်။ဟီလ်ဒါက အရက်သမားအဖေရဲ့ကောင်းမှုကြောင့် လူရမ်းကား မာဂျာ့ခ်နဲ့ အလိုမတူဘဲ လက်ထပ်ရတော့မလို ဖြစ်နေပြီး ခိုကိုးရာမဲ့နေသူပါ။ အဲဒီမှာ မေတ္တာတရားကြီးမားလှတဲ့ တောမတ်စ်က ကောင်မလေးအတွက် လူစွမ်းကောင်း လုပ်ပေးဖို့ ကြိုးစားတဲ့အခါမှာတော့…ပထမကမ္ဘာစစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ အက်စတိုးနီးယား ဇာတ်ကားဖြစ်ပြီးတော့ IMDb rating 6.1 ရရှိထားပါတယ်။ သည်းထိတ်ရင်ဖို ရိုမန့်ဆန်တာမျိုးကို ကြိုက်ရင်တော့ ကြည့်ပျော်တဲ့ ဇာတ်ကားမျိုးပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance, Thriller Quality…. 1080p | 720p | 480p File ...
movie

Soo (2022)

2022
Ranah 3 Warna (2022) 6.5
Ranah 3 Warna (2022) Ranah 3 Warna (2022)ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကို ကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားက သူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.81GB | 1GB | 490MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier Zy Encoder ..... August
movie

Ranah 3 Warna (2022)

2022
Never Alone (2022) 6.3
Never Alone (2022) Never Alone (2022)ဒီကားလေးကတော့ 2022 မှာထွက်ထားတဲ့ High School Drama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားလေးက Covid စဖြစ်တဲ့ 2020 ကာလမှာ Based ထားပြီး ဒီ Covid ကာလကို ဆယ်ကျော်သက်လူငယ်တွေ ဘယ်လိုဖြတ်ကျော်ခဲ့ရတယ်ဆိုတာကို သီချင်းကောင်းလေးတွေနဲ့ Musical ဆန်ဆန်လေး ထိထိမိမိရိုက်ကူးထားပါတယ်။IMDbမှာလည်း 6.3/10 တောင်ရရှိထားပြီး ရုပ်ရှင်ဆု ၉ ဆု ရရှိထားပါတယ်။ ဇာတ်လမ်း​လေးကတော့ နိတ်ဆိုတဲ့ကောင်လေးက သူ့ရဲ့သူငယ်ချင်းအုပ်စုထဲက အေမီဆိုတဲ့ကောင်မလေးကို ကြိတ်သဘောကျနေပါတယ်။ တစ်နေ့မှာတော့ သွားဖွင့်ပြောလိုက်ပြီး အေမီကလည်း ကျောင်းပြန်ဖွင့်တဲ့နေ့ကျရင် အဖြေပေးမယ်လို့ပြောလိုက်ပါတယ်။ ဒါပေမယ့် ကျောင်းပြန်ဖွင့်မယ့်နေ့ ကျောင်းရှေ့ရောက်ကာမှ Covid ပြဿနာတွေကြောင့် ကျောင်းကိုခေတ္တပိတ်ထားလိုက်ပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီကစလို့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအပြင်ကို အခြားFriendship ကိစ္စတွေပါ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို သီချင်းကောင်းများစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Drama, Musical Quality…. 1080p | 720p ...
movie

Never Alone (2022)

2022
The Tiger’s Nest (2022) 5.7
The Tiger’s Nest (2022) The Tiger's Nest (2022)ကလေးတစ်ယောက်နဲ့ တိလေးတစ်ကောင်ဇာတ်လမ်းဆိုတာမျိုးက ရုပ်ရှင်ချစ်သူတွေငယ်ငယ်က ပထမဆုံးထိတွေ့ခဲ့တဲ့ရုပ်ရှင်တွေထဲမှာပါဝင်ပြီး ဘယ်အသက်အရွယ်ရွယ်ပဲရောက်ရောက် စိတ်အပန်းပြေမှုတွေပေးနိုင်တဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေးတွေပါ။ဒီဇာတ်လမ်းမှာတော့ ငလျင်ဘေးကြောင့်မိဘမဲ့ဖြစ်ခဲ့တဲ့ ဘလ်မနီဆိုတဲ့ကလေးရယ် ကျားလေးတစ်ကောင်ရယ်ဇာတ်လမ်းပါ။ ဘလ်မနီက ကျားကလေးကိုမှောင်ခိုသမားတွေလက်ကနေ ကယ်ပေးခဲ့တာပါ။ ဒီကျားလေးကို အန္တရာယ်ကင်းဖို့ဘယ်နေရာပို့မလဲစဥ်းစားရင်း အမေ့ကိုလဲလွမ်းနေတဲ့ဘလ်မနီက အမေပြောပြဖူးတဲ့ဒဏ္ဍာရီကိုသတိရသွားပါတယ်။ ဟိမလေရာတောင်တန်းပေါ်မှာ ကျားသိုက်လို့ခေါ်တဲ့ဘုန်းကြီးကျောင်းရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဟိုးအရင်ကဂုရုကြီးတစ်ပါးဟာ ကျားပျံကြီးကိုစီးပြီးအဲ့ဒီကိုသွားခဲ့ပါတယ်။ နောက်တော့အဲ့ဒီနေရာက ဘုန်းကြီးကျောင်းဖြစ်လာခဲ့တယ်ပေါ့။ အဲ့ဒီကျားသိုက်ကို ခရီးနှင်မယ့်ကောင်လေးနဲ့ကျားတစ်ကောင်ရယ် သူတို့ကြုံရမယ့်အခက်အခဲတွေရယ်ကိုကြည့်ရှုရဦးမှာပါ။ဇာတ်လမ်းလေးကကောင်းတဲ့အပြင် နီပေါ ဘူတန် ဟိမလေရာတောင်တန်းတွေရဲ့ အလှအပရှုခင်းတွေ ရိုးရာဓလေ့တွေပါမြင်ရမှာဆိုတော့ ကြည့်ဖို့သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Adventure Quality…. 1080p | 720p | 480p File size… 1.43GB | 792MB | 377MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August
movie

The Tiger’s Nest (2022)

2022
To Be Killed by a High School Girl (2022) 5.5
To Be Killed by a High School Girl (2022) To be killed by a High School Girl (2022)ဒီဂျပန်ကားက တော်တော်လေးစားတယ်။ ဇာတ်အိမ်တည်ထားက သူ့နာမည်အတိုင်းပဲ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ ဒါပေမဲ့ သူက စိတ်ပညာနဲ့ သဘာဝလွန်ကို သမပြီး မှုခင်းဒရာမာလိုလို ပြသွားတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်က အထက်တန်းကျောင်းတစ်ကျောင်းက သမိုင်းဆရာ။ သူက သမိုင်းဆရာဆိုပေမဲ့ အစက စိတ်ပညာသင်ယူနေရင်းကနေ အကြောင်းတစ်ခုကြောင့် အထက်တန်းကျောင်းမှာ ဆရာဝန်လုပ်တဲ့လူ။ဆန်းတာက သူ့ရဲ့ စိတ္တဇပဲ။ ထူးထူးဆန်းဆန်းပဲ သူက သူ့ကို သတ်တာခံချင်တဲ့ရောဂါရှိနေတယ်။ ဒါပေမဲ့ တွေ့ကရာလူသတ်တာခံချင်တာမျိုးတော့မဟုတ်ဘူး။ အတိအကျဆို ၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး သတ်တာ ခံချင်တာ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီလိုသတ်တာမှာ ပလိန်းကြီးသတ်တာလည်းမခံချင်ဘူး။ သူက ပြန်ရုန်းကန် ပြန်လွတ်အောင်လုပ်ဦးမယ်။ ဒါကိုမှ ဟိုကမရမကသတ်ရမယ့် အခြေအနေကို လိုချင်တာ။ သူ့လို လူကြီးကို ကလေးမလေးက သတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ သူရွေးထားတဲ့ပစ်မှတ်က Personality တွေ ကွဲနေတဲ့ အထက်တန်းကျောင်းသူလေး။ သူ့ချည်းဆိုရင်တော့ ဒီကောင်မလေးက ...
movie

To Be Killed by a High School Girl (2022)

2022
Fairy (2022) 5
Fairy (2022) Fairy (2022)တစ်ရပ်ကွက်တည်း နေထိုင်တဲ့ အိုချောနဲ့ ယောန်နန်တို့ လက်ထပ်ဖြစ်ခဲ့ကြတယ် ကိုယ်ပိုင်ကော်ဖီဆိုင်အသီးသီးဖွင့်ထားကြတဲ့ လင်မယား၂ယောက် စီးပွားရေးအဆင်မပြေတာကြောင့် အိမ်တွင်းရေးအဆင်မပြေဖြစ်နေတဲ့ကြားကတစ်ရက်မှာ အရက်မူးပြီးကားမောင်းရင်း ကောင်လေးတစ်ယောက်ကို တိုက်မိခဲ့တယ် အဖမ်းခံရမှာကြောက်တာကြောင့် အမည်မသိကောင်လေးကို အိမ်ခေါ်တင်ထားခဲ့တယ် မထင်မှတ်ဘဲဆုံခဲ့တဲ့ 'ဆော့' ဆိုတဲ့ကောင်လေးက အိုချောဆိုင်မှာဝိုင်းလုပ်ပေးရင်း အိုချောရဲ့စီးပွားရေးက တဖြည်းဖြည်း အဆင်ပြေလာခဲ့တယ်ဒါကို ယောန်နန်ကလည်း ရိပ်မိလာပြီး ဆော့လေးကို သူ့ဆီမှာ အလုပ်ခေါ်ခိုင်းဖို့ကြိုးစားလာတယ် နောက်ပိုင်း အိုချောကပါ ယောန်နန်ရဲ့ အကြံတွေကိုသိလာပြီး သူတို့ လင်မယား၂ယောက်ကြားမှာ ဘယ်လိုပြဿနာတွေ၊ ထူးဆန်းတဲ့အဖြစ်အပျက်တွေရှိလာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပါFairy ဆိုတဲ့ နာမည်လေးအတိုင်း ကောင်လေးရဲ့ သရုပ်အမှန်ကကော ဘာဖြစ်မလဲ? ဒီဇာတ်လမ်းထဲမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် Ryoo Hyoun Kyoung, Kim Jo Hun, Kim ShinBi တို့က ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Hsu Wai Wai Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File ...
movie

Fairy (2022)

2022
Drown (2022)
Drown (2022) Drown (2022)ဒီတစ်ခေါက်တင်ဆက်ပေးမှာတော့ horror, thriller ကိုမှစိတ္တဇဆန်ဆန် ရုပ်ရှင်ပဲဖြစ်ပါတယ် မိဘတွေရဲ့အမွေကိုဆက်ခံပြီး မိုတယ်ဖွင့်ထားတဲ့ဒိုအူဟာ သူငယ်ပြန်နေတဲ့အမေကြီးကို စောင့်ရှောက်နေတဲ့သူဖြစ်ပါတယ်တစ်ရက်မှာအမေဖြစ်သူဟာ ရုတ်တရက်ပျောက်ဆုံးပြီးတော့ ရက်အတော်ကြာတဲ့အထိ ရှာမရဖြစ်နေပါတယ် ရပ်ကွက်ထဲမှာလည်း သူ့အမေကို သူသတ်တာပါဆိုပြီး သတင်းတွေပြန့်နေပါတယ်ရပ်ကွက်မှား လူသတ်မှုတစ်ခုဖြစ်ပေါ်တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့မိုတယ်ကို ပဟေဠိဆန်တဲ့ လူငယ်တစ်ယောက်လာတည်းပါတယ် အဲလူငယ်ဟာ လူသတ်မှုနဲ့ပတ်သက်နေမလား ဒိုအူရဲ့အမေပျောက်ဆုံးတာနဲ့ ပတ်သက်နေမလားဒိုအူကရော တကယ်ပဲ အမေဖြစ်သူကိုသတ်လိုက်တာလား၊ သူ့စိတ်ကိုရော သူနားလည်သွားမလားဆိုတာကို ဒီရုပ်ရှင်မှာကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 459MB | 235MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
movie

Drown (2022)

2022
Possessed (2022) 5.3
Possessed (2022) Rasuk or Possessed (2022)IMDb 5.3 ရထားတဲ့ အင်ဒိုနီးရှား Horror ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖုန်းလိုင်းသိပ်မမိတဲ့ ကျောင်းတစ်ကျောင်းမှာ စာသင်နှစ်ဝက်ကျောင်းပိတ်ရက်ရောက်တော့ အိမ်မပြန်ဘဲ အဆောင်မှာနေခဲ့တဲ့ ကျောင်းသားတွေရှိပါတယ်။ ဆရာ Nazmi ကတော့ အိမ်မပြန်တဲ့ကျောင်းသားတွေကို စောင့်ရှောက်ပေးဖို့ ခွင့်ယူထားရာကနေ အဆောင်ကိုပြန်လာရပါတယ်။ အဲဒီထဲက ကျောင်းသားအဖွဲ့တစ်ဖွဲ့က မြစ်ကမ်းဘေးကို ပျော်ပွဲစားထွက်ရာကနေ အဖွဲ့ထဲက Wari ဆိုတဲ့ ကျောင်းသားက ထူးဆန်းတဲ့ပုလင်းလေးကို ဖွင့်မိသွားလို့ သရဲဝင်ပူးခံရပြီး Zombie လို ဖြစ်သွားပါတယ်။ Wari က တခြားကျောင်းသားတွေကို လိုက်တိုက်ခိုက်တော့ တခြားသူတွေပါ ကူးစက်ခံရပြီး သူ့လိုဖြစ်ကုန်ပါတယ်။ အဆောင်မှာ ဖုန်းလိုင်းမမိတဲ့အပြင် ညဘက် မီးပါပျက်သွားတော့ ဆရာ Nazmi နဲ့ကျောင်းသားတွေ အသက်ရှင်အောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Action, Horror, Thriller Quality…. 1080p | 720p | 480p File ...
movie

Possessed (2022)

2022
Gandhada Gudi (2023) 9.2
Gandhada Gudi (2023) Gandhada Gudi 2022 IMDb 9.2/10 Documentary /Dramaအိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူ အာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကို ခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့‌ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့ မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။ File size…2.06GB/ 937MB Quality…1080p TRUE  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~ Yunni
movie

Gandhada Gudi (2023)

2022
Kompromat (2022) 6.3
Kompromat (2022) Kompromat (2022) =============== IMDb Rating - 6.3/10တာဝန်ဝတ္တရားတွေကို စိတ်ခံစားချက်တွေနဲ့ ရောထွေးပစ်ပြီး ကိုယ်လုပ်ချင်ရာလုပ်လိုက်တယ်ဆိုတာ လုပ်လို့ရနေတယ်ဆိုတဲ့ အသိနဲ့ကြောင့်မို့ လုပ်ချင်ရာလုပ်နေကြတာ။ ဒီလိုလူတွေဟာ စနစ်တစ်ခု ယန္တရားကြီးတစ်ခုလုံးကို အပြစ်ဖြစ်စေနေတတ်တာမျိုး ငါးခုံးမတ​​စ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားတာမျိုးပေါ့။ လူတွေဟာ အသစ်အဆန်းတစ်ခုခုတွေ့ရင် စမ်းသပ်ချင်တာမျိုး လေ့လာချင်တာမျိုး သိချင်တာမျိုးတွေဖြစ်ကြတယ်။ဒီလိုစိတ်တွေကြောင့်ပဲ လူသားတွေဟာ ဆင့်ကဲဆင့်ကဲ တိုးတက် လာကြတယ်ဆိုပြီး လက်ခံထားကြတယ်။ အချစ်မှာရော ငြီးငွေ့ ခြင်းက ထွက်ပြေးလိုစိတ်၊ toxic rsကနေ ရုန်းထွက်လိုစိတ်တွေဟာ ဆုံတွေ့မိသွားရင် အချင်းချင်းလက်တွဲရင်း ထွက်ပြေးချင်စိတ်ကို အဖော်ပြုပေးကြရင်း ဘောင်တွေကို ကျော်လွန်တဲ့ အသစ်အဆန်း နယ်ပယ်တစ်ခုကို အတူတူ စူးစမ်းကြတယ်ဆိုရင် အပြစ်ဖြစ်ပါ အုံးမလား။ ချစ်ခြင်းတွေ လှည့်ကွက်တွေ ချောက်ချအကွက်ဆင် တာတွေကို လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံးချပြထားတဲ့ ဇာတ်လမ်းမျိုး ကြည့်ချင်ပါတယ်ဆိုရင်တော့ ဒီကားလေးက လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ခုပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(1.5 GB) / (560 MB) / (300 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........2Hrs 07Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Paul Encoder..........SWM
movie

Kompromat (2022)

2022
BluRay 1080p 5.1CH
Alex/October (2022) 7.2
Alex/October (2022) Alex/October (2022)~ IMDb rating - 7.2/10 ~ဒီဇာတ်လမ်းဟာ ကြေကွဲနေတဲ့ လူကြီးတစ်ယောက်နဲ့ လောကကြီးကို ငြီးငွေ့စိတ်ကုန်နေတဲ့ ကောင်မလေးတစ်ယောက်ကြားက ဇာတ်လမ်း။အဲလက်စ်ဆိုတာကတော့ အသက် ၄၀ ကျော်အရွယ် အရက်ဖြတ်ထားရသူ တစ်ဦး။ ငြီးငွေ့ဖွယ်အလုပ်တစ်ခု၊ ဖြေမဆည်နိုင်စရာအတိတ်တစ်ခု၊ ကွာရှင်းထားတဲ့ အိမ်ထောင်တစ်ခု... အဲ့ဒါတွေအားလုံးထက်ပိုပြီး ခုထိ မအောင်မြင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းတစ်ခုနဲ့ ဘဝရဲ့ အဆုံးစွန်ကိုရောက်နေတဲ့ သက်လတ်ပိုင်းအကျပ်အတည်းထဲက လူ။အောက်တိုဘာကတော့ ၂၀ ကျော်ကျော် အနုပညာကျောင်း နှစ်ဝက်နဲ့ နားထားတဲ့သူ။ အပေါင်းအသင်းတွေနဲ့ ဆိုးသွမ်းလိုက်၊ ကလပ်လေးတက်လိုက်၊ အလုပ်လေးထွက်လိုက်နဲ့ ဒါပေမဲ့ ဘဝမှာ နေထိုင်ရမယ့်အကြောင်းအရင်း တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးရင်း အနာဂတ်ကို ရှာမတွေ့သူလေး။အဲလက်စ်က တစ်ရက်မှာ သူ့ကို သတ်ပေးဖို့ လူငှားတဲ့ ပို့စ်တစ်ခု လိုင်းပေါ်တင်ခဲ့ပြီး အောက်တိုဘာလေးက စူးစမ်းလိုစိတ်နဲ့ အလုပ်လက်ခံခဲ့တဲ့အခါမှာတော့ သူတို့ ကိုယ်ပိုင်ဘဝတွေမှာ အံဝင်ခွင်ကျမှုကို ရှာမတွေ့နိုင်ကြတဲ့ ...
movie

Alex/October (2022)

2022
Next Sohee (2022) 7.4
Next Sohee (2022) Next Sohee (2023)Bae Doo Na ရဲ့ Comeback Movie လို့ ပြောလို့ ရပါတယ်။ ပျောက်နေတာ အတော်ကြီး ကြာပြီးမှ ပြန်လာသလို ပြန်လာတဲ့ကားကလည်း အတော့်ကို ကောင်းတဲ့ကားပါ။ "ထပ်တိုး ဆိုဟီး" ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ ပြန်လာခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကားက ဘယ်လို အကြောင်းအရာများ ဖြစ်မလဲ? တစ်ချက် ကြည့်လိုက်ရအောင်ပါ။လူဟာ အိပ်မက်နဲ့ရှင်သန်ကြတယ်ဆိုပေမဲ့ အိပ်မက်တွေက တစ်ခါတလေတော့လည်း အိပ်မက်ဆန်လွန်းတယ်။ ဒီလိုနိုင်ငံမျိုးမှာတော့ ဖြစ်ချင်တာတွေနောက်လိုက်ဖို့ မဖြစ်ချင်တာတွေလုပ်ရတဲ့ အခြေအနေမျိုးကို အားလုံးကျော်ဖြတ်ခဲ့ဖူးကြမှာပဲ။ ဖြစ်ချင်တာတွေဟာ ဘယ်တော့မှဖြစ်မလာတော့တဲ့ဘဝတွေလည်း ရှိကောင်းရှိကြမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီလိုဘဝမျိုးတွေအကြောင်းပဲ။အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ...
movie

Next Sohee (2022)

2022
Naked Truth (2023) 5.6
Naked Truth (2023) Naked Truth (2022)ကန်၊ ကွင်လန်၊ လင်ဒန်နဲ့ ကမ်မီတို့ဟာ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြပြီး တစ်ယောက်အတွက်တစ်ယောက် အမြဲရှိပေးကြတဲ့သူငယ်ချင်းလေးယောက်အုပ်စုပါ။ ကမ်မီကတော့ အိမ်ထောင်ကျပြီးသားသူ၊ ကျန်တဲ့သုံးယောက်‌ကတော့ လူလွတ်တွေပေါ့။ဒီလိုနဲ့နေလာရင်းက တစ်နေ့မှာ သူငယ်ချင်းလေးယောက်သား ပြဿနာတက်ဖို့ကြုံလာပါတော့တယ်။ အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားကြရင်းက လေးယောက်သား အသက်အန္တရာယ်တွေထိ ထိလိုက်ဖို့ဖြစ်လာပါတယ်။သူငယ်ချင်းအချစ်နဲ့အိမ်ထောင်ရေးကြားပြဿနာတွေကို ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb ratingကလည်း 5.8ထိရှိတာမလို့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားအဖြစ်ညွှန်းပေးရင်း တင်ဆက်ပေးလိုက်ရပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Zaw Pyae Sone Hein ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1GB | 535MB | 250MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Zaw Pyae Sone Hein Encoder ..... August
movie

Naked Truth (2023)

2022
Lara Ati (2022) 6.7
Lara Ati (2022) Lara Ati (2023)ကျွန်တော်တို့မှာ ပြန်တွေးလိုက်တိုင်း ရင်ထဲကိုနွေးသွားစေတဲ့ မပိုင်ဆိုင်ခဲ့ကြရတဲ့ငယ်ချစ်ဦးဆိုတာ ရှိကြတယ်နော် ငယ်ချစ်ဦးနဲ့ပဲ ပြန်ဆုံတွေ့ကြပြီး သူတို့တွေကကျွန်တော်တို့နဲ့အကြောင်းပါကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ အဲဒါအပြင် ကျွန်တော်တို့တွေ အိမ်ကလုပ်ခိုင်းလို့ အဖေကြောင့် အမေကြောင့် ဘာကြောင့်ညာကြောင့်အမျိုးမျိုးကြောင့် ကိုယ်တိုင်မလုပ်ချင်တဲ့အလုပ်တွေ မတက်ချင်တဲ့ကျောင်းတွေကိုတက်ရတဲ့အချိန်တွေရှိကြပါတယ် အဲလိုသူများကြောင့်လုပ်ရတဲ့အချိန်တွေကနေရုန်းထွက်ပြီး ကိုယ်ဝါသနာပါရာနောက်ကို ကောက်ကောက်ပါအောင်လိုက်ဖို့ဆိုတာက လက်တွေ့မှာတော့ မလွယ်ကူဘူးဗျ ဇာတ်လမ်းအကျဉ်းလေးကတော့ ရည်းစားဟောင်းတွေက ဘာကြောင့်မှန်းမသိပဲနဲ့ ဖြတ်သွားပြီး မိဘတွေကြောင့်ဘဏ်တစ်ခုမှာလစာကောင်းကောင်းနဲ့ အလုပ်လုပ်နေတဲ့ဂျိုကိုဆိုတဲ့ကောင်လေးက သူ့ရဲ့ကောင်မလေးဖာရက်က တခြားတစ်ယောက်နဲ့စေ့စပ်သွားလို့ အသည်းကွဲသွားတဲ့အချိန်မှာ ဂျိုကိုရဲ့ငယ်သူငယ်ချင်းအာယူနဲ့ ပြန်တွေ့ကြတဲ့အချိန်မှာ အသည်းခွဲသွားတဲ့ဖာရက်နဲ့ပဲပြန်အဆင်ပြေကြမလား ငယ်သူငယ်ချင်းဖြစ်တဲ့အာယူနဲ့ပဲရည်ငံသွားကြမလားဆိုတာကို ဒီအင်ဒိုနီးရှားRomance ဇာတ်ကားလေးမှာ ဂျိုကိုတစ်ယောက်မိဘလောင်းရိပ်အောက်ကနေရုန်းထွက်ပုံတွေ ဝါသနာပါရာအလုပ်ကိုရွေးသွားပုံတွေကို ဇာတ်ကားတစ်ခုလုံးပြုံးပြုံးကြီးနဲ့ ကြည်နူးစရာကောင်းကောင်းလေးကြည့်ရမယ်ဆိုတာတစ်ခုတော့ အာမခံပါတယ်ဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ Soe Htun Htun Aung ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.5GB | 816MB | 400MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Lara Ati (2022)

2022
Not My Type (2022) 5.9
Not My Type (2022) Not My Type (2022)ကျွန်တော်တို့ မြန်မာနာမည်ကြီးတေးသံရှင် မနောကို ဥပမာပြုရရင် မနောဟာလည်းတစ်ချိန်က Rock ‌တွေဆိုခဲ့တဲ့ ပုဂ္ဂိုလ်ပဲလေ။ သူ့ရဲ့မြန်မာသံ တောဓလေ့သီချင်းတွေဟာ ပရိသတ်ရင်ကိုရောက်သွားတဲ့အခါ သူဟာ Rock ကိုပစ်ခါခဲ့သလိုပဲပေါ့။ Musician တစ်ယောက်ဟာ လူတွေအကြိုက်ကိုမလိုက်ပဲ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ရင် ဒီ Musician ဟာ အောင်မြင်ပါ့မလား။ပြင်သစ်လူငယ်အဆိုတော်မလေး Marcia ဟာ ပြင်သစ် Classical တွေ Ballad သီချင်းတွေကို သီဆိုသူ ကြိုက်နှစ်သက်သူတစ်ယောက်ပေါ့။ အောင်မြင်သော မအောင်မြင်သော သူဟာ နေစရာမရှိလို့ မြစ်ထဲမှာ Houseboat နဲ့ နေရသူလေးလေ...အဲဒီလိုပါပဲ... ဒါဟေဂျန်း (Daredjane) ဆိုတဲ့ 70s အဆိုတော်တစ်ယောက် ဟာ 2021 မှာ အဘွားကြီးဖြစ်နေပြီပေါ့။ လူတွေလည်း သူ့ကိုမသိကြသလောက်ဖြစ်နေပါပြီ။ တစ်ခေတ်တစ်ခါက အဆိုတော်ဆိုပေမယ့် ကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့တဲ့ Musician ဖြစ်ပေတာကိုး။ ဒါပေမယ့် ...
movie

Not My Type (2022)

2022
Blue Jean (2022) 7.3
Blue Jean (2022) Blue Jean (2022)~ IMDb - 7.3/10, Rotten Tomatoes - 95% ~(18+ ​လေးဖြစ်တာမို့လို့ အသက်ပြည့်ပြီးမှ ကြည့်ကြဖို့တော့ သတိပေးပါရ​စေ)2022 မှာထွက်ရှိထားပြီး Rating လည်း​ကောင်း၊ Awards ​တွေဆိုရင်လည်း ၁၂ ဆု​တောင်ရရှိထားတဲ့ Independent Film တစ်ခုလည်းဖြစ်ပြီး LGBT ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ Blue Jean ​လေးဟာ ​အခုလို ပွင့်လင်းမြင်သာမှုမရှိ​သေးတဲ့ အရင်​ခေတ်ကြီးက LGBT တွေ ရင်ဆိုင်​​နေရတဲ့ ဘဝ​လေးကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~​ခေတ်ကိုအရင်​ပြောရမယ်ဆိုရင်​တော့ LGBT ​တွေအတွက် ​နေရာမရှိတဲ့​ခေတ်၊ LGBT ဆိုတာနဲ့ လူဆိုးလိုလို မ​ကောင်းဆိုးဝါးလိုကြည့်ခံရတဲ့​ခေတ်၊ LGBT ဘဝကို သာမန်ဘဝလို့ မသတ်မှတ်ထားတဲ့​ခေတ်၊ မာဂရက်သက်ချာအစိုးရက Gay ​တွေ Lesbian ​တွေအတွက် တန်းတူအခွင့်အ​ရေးရဖို့ ကြိုးစား​ပေး​နေဆဲကာလဖြစ်တဲ့ ၁၉၈၈ ခုနှစ် ...
movie

Blue Jean (2022)

2022
Middle Class Love (2022) 6.4
Middle Class Love (2022) Middle Class Love (2023) IMDb 6.4/10မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့် Comedy/Drama/Romantic ဇာတ်ကားမျိုးပါလူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ် File size…2.5GB / 1.1GB Quality…1080p Zee5 WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai Thu Rein~Thaik San
movie

Middle Class Love (2022)

2022
Tori and Lokita (2022) 7
Tori and Lokita (2022) Tori and Lokita (2022)~ IMDb - 7/10, RT - 89%, Meta - 75% ~Dardenne brothers လို့လည်း လူသိများတဲ့ ဒီကားရဲ့ Writer/Director Jean-Pierre နဲ့ Luc တို့ ညီအစ်ကို၂ယောက်ဦးရဲ့ ၂၀၂၂ ထွက် လက်ရာပါ။ သူတို့ ညီနောင် ၂ဦးဟာဖြင့် အခု Tori and Lokita အပါအဝင်ဆိုရင် Cannes ရဲ့ အမြင့်ဆုံးဆု Palme d’Or ကို ၂ကြိမ်တောင် ရထားကြတဲ့သူတွေပါ။ဇာတ်လမ်းအကြောင်းလေး စလိုက်ပါမယ်။ လိုကီတာဆိုတဲ့ မြှီးကောင်ပေါက်ဆယ်ကျော်သက်မလေးနဲ့ တိုရီဆိုတဲ့ ၁၁နှစ်သာသာ ကောင်လေးတစ်ယောက် ဘလ်ဂျီယံနိုင်ငံမှာ ခိုလှုံဖို့ရောက်ခဲ့ပါတယ်။ တိုရီလေးဟာတော့ ချက်ချင်းလက်ခံခဲ့ရပေမယ့် လိုကီတာကတော့ မေးမြန်းခံရခြင်းတွေအဆင့်ဆင့်ကို ရင်ဆိုင်ရင်း တရားဝင်နေထိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းမခံရရှာပါဘူး။ ၂ယောက်သားဟာ မောင်နှမတွေလို့ ...
movie

Tori and Lokita (2022)

2022
Mommy’s Little Star (2022) 4.6
Mommy’s Little Star (2022) Mommy's Little Star (2022) ====================မိသားစုအတူတူ ဒါမှမဟုတ် မေမေနဲ့အတူကြည့်လို့ကောင်းမယ့် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller လို့ဆိုပေမဲ့ တကယ်တမ်းတော့ ဒီတိုင်းအပျော်လေး ကြည့်လို့ကောင်းမယ့်ကားမျိုးပါ။အော်လီဗီယာဆိုတဲ့ ၁၂ နှစ်အရွယ်ကောင်မလေးဟာ မိဘတွေကွာရှင်း ထားတာကြောင့် အဖေနဲ့ပဲ နေရသူပါ။ အမေနဲ့လည်းနေချင်ပေမဲ့ သူ့အမေရဲ့ အခြေအနေတချို့ကြောင့် နေခွင့်မရသေးပါဘူး။ တစ်နေ့ တော့ သူ့အမေနဲ့အချိန်များများနေခွင့်ရဖို့ သူအမေဆီက ချီကျူးခံရဖို့ ကိုမျှော်လင့်ပြီး ဆိုရှယ်မီဒီယာကနေတဆင့် နာမည်ကြီးလုပ်ဖို့ စဉ်းစား မိသွားပါတယ်။အဲဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ influencer ဖြစ်ခွင့်ရမယ့် ပြိုင်ပွဲတစ်ခုကို ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲဟာ ထင်သလောက် မရိုးရှင်းခဲ့ပါဘူး။ အော်လီဗီယာ့ပြိုင်ပွဲကို ကိုယ်ကျိုးရှာတဲ့မသမာသူတွေ ‌ ၀င်နှောင့်ယှက်တာခံနေရမှန်း မိခင်ဖြစ်သူလော်ရင်းန် ရိပ်မိသွားတဲ့အခါမှာ တော့ အော်လီဗီယာတစ်ယောက် အကြီးအကျယ်မျှော်လင့်ထားခဲ့သလို ပြိုင်ပွဲမှာ အနိုင်ရပါ့မလား၊ သူတို့မိသားစု ဘယ်လိုအခက်အခဲတွေ အန္တရာယ် တွေကို ရင်ဆိုင်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.72 GB) / (620 MB) / (383 MB) Quality............WEB-RIP 1080p / 720p ...
movie

Mommy’s Little Star (2022)

2022