Channel Myanmar

2022

All I Want for Christmas: The Magic Time Machine (2022) 5.7
All I Want for Christmas: The Magic Time Machine (2022) All I Want for Christmas: The Magic Time Machine (2022) ========================================လူစီယာက ခရစ္စမတ်ကျောင်းတော်မှာ စာသင်နေတဲ့ကျောင်းသူလေးပါ။ တစ်နေ့မှာ သူတို့ကျောင်းအုပ်ကြီးက သူ ဆန်တာကလော့စ်ဖြစ်ခဲ့တဲ့ အချိန် တုန်းက စိတ်ဒဏ်ရာကို သတိရသွားပြီး ခရစ္စမတ်ကို ဖျက်သိမ်းလိုက်ဖို့ အမိန့်ချလိုက်ပါတယ်။ တစ်သွေးတစ်သံ တစ်မိန့်လိုမျိုး ကျောင်းအုပ်ကြီး စကားကပဲ အတည်ဖြစ်နေတဲ့အချိန်မှာ လူစီယာက ခရစ္စမတ်ဖြစ်မြောက် ရေးအတွက် ကြိုးစားပါတော့တယ်။ကလေးတွေကိုဆို အရာမသွင်းချင်တဲ့ လူကြီးတွေ ဆပ်ကပ်အဖွဲ့တွေ အချိန် ခရီးသွားစက်တွေနဲ့ လူစီယာတစ်ယောက် ခရစ္စမတ်ကို ဘယ်လိုကယ်တင် မလဲ။ ကျောင်းအုပ်ကြီးရဲ့ စိတ်ဒဏ်ရာကရော ဘာများလဲဆိုတာ ဒီဇင်ဘာလမှာ ခရစ္စမတ်ကားလေးကြည့်ရင်း အပန်းဖြေလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.3 GB) / (518 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Family Translator.......EL Encoder..........SWM
movie

All I Want for Christmas: The Magic Time Machine (2022)

2022
Divorce Bait (2022) 4.4
Divorce Bait (2022) Divorce Bait (2022) ==============ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို trust issues ‌ခေါ် လူတွေကိုမယုံကြည်တဲ့ ကိစ္စတွေက ဖြစ်တတ်ပါတယ် အဲ့ထဲမှာ အလက်စစ်ဆိုတဲ့ သာယာတဲ့အိမ် ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်လည်း အပါအဝင် ပေါ့လေ။အလက်စစ်က ယောင်္ကျားဖြစ်သူအပေါ် ယုံကြည်မရှိ သင်္ကာမကင်းဖြစ်နေတဲ့ အတွက် ကွာရှင်းပြတ်စဲတော့မယ်ဆိုပြီး ဖေ့စ်ဘုတ်ပို့စ်အတုတင်လိုက်ရာကနေ ဇာတ်အိမ်စတည်ထားပါတယ်။ အကြောင်းအရင်းကတော့ သူ့ယောင်္ကျားဖြစ်သူ ကို ဘယ်မိန်းမက လာရှုပ်မလဲသိချင်တဲ့အတွက်ကြောင့်ပါပဲ။ ‌ဒါကြောင့် သူ့ယော င်္ကျားဖြစ်သူ တစ်ယောက် ဘယ်လိုတွေကျော်ဖြတ်မလဲ ဘယ်မိန်းမတွေက လာ ရှုပ်မလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရမဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.98 GB) / (770 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Khant Sett Naing Encoder..........SWM
movie

Divorce Bait (2022)

2022
I’ll Show You Mine (2022) 6.7
I’ll Show You Mine (2022) I'll Show You Mine (2022) =================== IMDb Rating - 6.7/10လူတိုင်းမှာ လျှို့ဝှက်ချက်တစ်ခုစီတော့ရှိစမြဲပါပဲ။ မိသားစုဝင်တွေ၊ ချစ်ရတဲ့သူတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုတောင် ထုတ်မပြောဖြစ်တဲ့ လျှို့ဝှက်ချက်တွေထဲကမှ အနက်နဲဆုံးအလျှို့ဝှက်ဆုံးအရာတွေပေါ့။ ဒီဇာတ်ကားထဲမှာတော့ အဲလိုလျှို့ဝှက်ချက် မျိုးတွေထဲကမှ လိင်ပိုင်းဆိုင်ရာလျှို့ဝှက်ချက်တွေကို တူဝရီးနှစ်ယောက်တိုင်ပင်ပြောဆို ကြတဲ့ပုံစံနဲ့ ကြည့်ရှုရမှာပါ။ ပါဝင်တဲ့အသုံးအနှုန်းနဲ့ ပြကွက်တချို့ကြောင့် ကလေးသူငယ် တွေ၊ မိသားစုတွေနဲ့ အတူကြည့်လို့ရမဲ့ကားမျိုးမဟုတ်ကြောင်း ကြိုတင်အသိပေးအပ် ပါတယ်။ဇာတ်ညွှန်းကတော့ဒီလိုပါ။ နစ်ခ်က Pansexual မော်ဒယ်ဟောင်းတစ်ယောက်။ လက်ရှိ မှာတော့ အပြာကာတွန်းရေးဆရာအဖြစ် အသက်မွေးတယ်။ သူ့ရဲ့အဒေါ်ပရီယာ(ဦးလေး အရင်းရဲ့မိန်းမ)က စာရေးဆရာမ။ တစ်နေ့ကျ သူ့စာမူကြမ်းအတွက် အိမ်ကိုဖိတ်ပြီး နစ်ခ်ရဲ့ Pansexuality နဲ့ အလုပ်အကိုင်အကြောင်း၊ ဘဝအကြောင်းတွေ အင်တာဗျူးတယ်။ တစ်ကားလုံး လူနှစ်ယောက်တည်းစကားပြောသွားတာဆိုပေမဲ့ လူတွေရဲ့တကယ့်အမှောင် ဘက်ခြမ်း၊ လိင်စိတ်တိမ်းညွတ်မှုတွေ၊ လူ့အသိုင်းအဝိုင်းမှာ ရှက်စရာလို့သတ်မှတ်ပြီး တော် ရုံတန်နဲ့ ပါးစပ်ကနေတောင် ထုတ်ပြောလေ့မရှိကြတဲ့ လျှို့ဝှက်ချက်တွေ၊ ကလေးဘဝတုန်းက ရင်းနှီးသူတွေဆီကနေ ကိုယ်တိုင်တောင်မသိဘဲ Abuseလုပ်ခံရတာတွေကို ပါးပါးနပ်နပ်ချပြ သွားတာမျိုးပါ။ ကြည့်ရှုခံစားကြည့်လိုက်ကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.6 GB) / ...
movie

I’ll Show You Mine (2022)

2022
Mondays: See You ‘This’ Week! (2023) 6.7
Mondays: See You ‘This’ Week! (2023) Mondays [2022] (IMDb 6.7/10)ယိုရှီကာဝါ တစ်ယောက် ခါတိုင်းလိုပဲ ညဉ့်နက်တဲ့အထိ အချိန်ပိုဆင်းခဲ့ရလို့ ရုံးမှာပဲ ပြန်နိုးထလာရပါတယ်... ရှေ့ရက်များနည်းတူ အလုပ်တွေလုပ် ပုံမှန်အတိုင်း ဖြတ်သန်းနေချိန်မှာ သူ့ရဲ့ ဂျူနီယာဖြစ်သူ အန်ဒိုနဲ့ ဆယ်ကိုဆန်က သူ့ကို သူတို့အားလုံး အချိန်စက်ဝိုင်းထဲ ပိတ်မိနေကြောင်း ပြောပြလာပါတော့တယ်... ဂျပန်က လူတွေဟာ အလုပ်မှ အလုပ်၊ အလုပ်ပြီးရင် အလုပ်ပဲ လုပ်နေတာကြောင့် အခုလိုမျိုး ခံစားရတာဟာ မထူးဆန်းကြောင်း တုံ့ပြန်ခဲ့ပေမယ့် ဂျူနီယာနှစ်ယောက်ဟာ ဖြစ်လာမယ့် ကိစ္စမှန်သမျှကို ကြိုသိနေကြတာမို့ ယိုရှီကာဝါလည်း လက်မခံချင်ဘဲ လက်ခံလိုက်ရပါတော့တယ်... ဒီ အချိန်စက်ဝိုင်းထဲက ရုန်းထွက်နိုင်ဖို့ အဖြေရှာကြတဲ့အခါ သူတို့ဌာနမှူးရဲ့ ကျောက်လက်ပတ်ကြောင့်လို့ သူတို့ သိရှိသွားကြပြီး ဒီလက်ကောက်ကို ပိုင်ရှင်ဖြစ်သူကိုယ်တိုင် ဖျက်ဆီးဖို့ လိုတာမို့ အရေးကြီးတဲ့ အထက်ကလူတွေ တစ်ဦးချင်းဆီကို တစ်ဆင့်ချင်းစီ အချိန်စက်ဝန်းထဲ ပိတ်မိနေကြောင်း ပြောပြနိုင်ဖို့ ကြိုးစားရပါတော့တယ်...ဇာတ်လမ်းက အချိန်စက်ဝန်းထဲ ပိတ်မိနေတာကို ရုန်းထွက်နိုင်ဖို့ ကြိုးစားကြတဲ့အကြောင်း ရိုက်ပြထားတာမို့ တစ်ကျော့ပြီး တစ်ကျော့ပြန်လည်နေတဲ့ အဖြစ်ကို ...
movie

Mondays: See You ‘This’ Week! (2023)

2022
Ladki: Enter the Girl Dragon (2022) 5
Ladki: Enter the Girl Dragon (2022) Ladki: Enter The Girl Dragon (2022)"အိန္ဒိယဂျက်မ"ဟောင်ကောင်ဂျက်မတွေ ကိုရီးယားဂျက်မတွေ တအားကိုရိုးလွန်းနေပြီဆိုတော့ တမူထူးတဲ့အိန္ဒိယဂျက်မကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Bollywood ကားဆိုပေမဲ့ ချခါနီးမှာ သီချင်းနဲ့ထမကဘဲ အပီအပြင်တကယ်ဖိုက်တာမလို့ female badass ကာရိုက်တာတွေကြိုက်သူတွေအတွက် must tryပါ။ငယ်စဉ်က အစ်မဖြစ်သူမုဒိမ်းကျင့်ခံရတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့တဲ့ပူဂျာတစ်‌ယောက် အစ်မဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ချိန်မှာတော့ အကြီးအကျယ်စိတ်ဒဏ်ရာရခဲ့ရတာပေါ့။ စိတ်ရောကိုယ်ပါပြိုလဲနေတဲ့ပူဂျာကို ပြန်လည်ရပ်တည်နိုင်စေတာကတော့ ဘရုစ်လီနဲ့ သူ့ရဲ့အတွေးအမြင်‌ သူ့ရဲ့ဂျီကွမ်ဒိုကိုယ်ခံပညာပါပဲ။ဒီလိုနဲ့ ရုပ်ရှင်ကနေ ဂျီကွမ်ဒိုပညာကို သင်ယူနေတဲ့ပူဂျာတစ်‌ယောက် ဒီပညာကို ကိုယ်တိုင်လက်ထပ်သင်ကြားပေးနေတဲ့နဂါးကိုယ်ခံပညာသင်တန်းကျောင်းရဲ့သတင်းကိုကြားပြီး မြို့တက်လာချိန်မှာတော့ မိန်းကလေးတွေကို ပါးစပ်သရမ်းတတ်တဲ့လူမိုက်တစ်သိုက်နဲ့တွေ့ပါတော့တယ်။ ဒီလူမိုက်တွေကိုဝင်ဟန့်တဲ့သူကတော့ နီးလ်‌ဆိုတဲ့ကိုလူအေးကြီးပေါ့။ဒါပေမဲ့ လူအေးကြီးပီပီ လူမိုက်နဲ့ပြိုင်မဖိုက်နိုင်တော့ ပူဂျာကပဲကယ်တင်ပေးလိုက်ရပြီး ရင်းနှီးသွားကြတဲ့သူတို့နှစ်‌ယောက်ကြားကပတ်သက်မှုနဲ့ ဂျီကွမ်ဒိုပညာရှင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြား ပူဂျာတစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရပြီး သူ့ရဲ့အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie

Ladki: Enter the Girl Dragon (2022)

2022
Mariam (2022)
Mariam (2022) Mariam 2022 ( ငွေ )ငွေသာလျှင်ဘုရားတစ်ဆူလိုဖြစ်နေတဲ့ခေတ် မျက်နှာကြီးရာဟင်းဖတ်ပါဆိုသလို ငွေမရှိရင်စာမေးပွဲတောင်ဖြေလို့မရတော့တဲ့ ကိုဗစ်ကာလကြီးတစ်ခုမှာပေါ့ အိမ်ငှားခကို၄လစာအကြွေးတင်နေပြီးတော့ဖုန်းရှိမှကလေးတွေက အွန်လိုင်းစာမေးပွဲဖြေလို့ရမယ်ဆိုလို့ အိမ်ငှားခကအရေးကြီးလား ဖုန်းကအရေးကြီးလားဆိုတာခေါင်းချင်းဆိုင်ဆွေးနွေးရတဲ့မိဘ၂ပါး အဆင်မပြေလွန်းလို့ အငှားကိုယ်ဝန်ဆောင်အလုပ်ပါလုပ်ခဲ့ရပြီး ဗိုက်တစ်လုံးနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်းသန့်ရှင်းရေးလုပ်ရတဲ့မာရီရမ့်ဘဝကပျော်စရာတော့မကောင်းခဲ့ဒီကြားထဲကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ မွေးခါနီးနောက်ဆုံးအပတ်မှာမှ အငှားကိုယ်ဝန်ဆောင်ခိုင်းတဲ့လူက အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားလေတော့ ..လောကဓံတရားရဲ့ ရက်စက်လွန်းလှတဲ့ရိုက်ချက်တွေကြား သူတို့ဘယ်လိုတွေရုန်းကန်ကြမလဲ သားသမီးအတွက်ဆိုအရာရာဖြည့်ဆည်းပေးချင်တဲ့မိဘတွေရဲ့စိတ်ဆန္ဒတွေကို ရှုစားလိုက်ကြပါဦး( အညွှန်းကိုတော့ Yunni မှ ရေးသားပေးထားပြီးတော့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.4GB / 623MB Quality…1080p WEB DL /720p Format…mp4 Duration….1h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Mariam (2022)

2022
Fifi (2022) 6.7
Fifi (2022) Fifi (2022) ========= IMDb Rating - 6.7/10ပြင်သစ်ကားတွေထုံးစံအတိုင်း ခပ်မျောမျောလေး ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖီဖီဟာ ကလေးတွေတရုန်းရုန်းနဲ့ အမြဲဆူညံပြီး ပြဿနာတွေများနေတဲ့ မိသားစုတစ်စုမှာ နေရသူလေးပါ။ တစ်နေ့တော့ ချမ်းသာတဲ့ သူငယ်ချင်းမတစ်ယောက်ရဲ့အိမ်ကို လူတွေမရှိချိန် ခိုး၀င်ပြီး သူတစ်ယောက်တည်း စိတ်အေးလက်အေးနေလို့ရမယ့်နေရာအဖြစ် စိတ် ထွက်ပေါက်ရှာခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့သူငယ်ချင်းမရဲ့အစ်ကိုကလည်း နွေရာသီအားလပ်ရက် အိမ်ပြန်ရောက်လာပါတယ်။ ဒီလိုနဲ့အိမ်ထဲမှာ သူတို့ နှစ်ဦး မထင်မှတ်ဘဲ ဆုံမိကြတဲ့အခါ။ပြင်သစ်အရှေ့ပိုင်း နန်စီဆိုတဲ့မြို့လေးက နွေရာသီကာလကို နောက်ခံထားတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ ဖူးသစ်စအချစ်ဇာတ်လမ်း ရိုးရိုးလေးပါပဲ။ ဒီဇာတ်လမ်းရိုးရိုးလေးကပဲ ကြည့်ကောင်းနေပြန်တာမို့ လူငယ် အချစ်ဇာတ်လမ်းတွေကြိုက်တတ်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.9 GB) / (796 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......C'mon Encoder..........SWM
movie

Fifi (2022)

2022
I Need You Baby (2022) 5
I Need You Baby (2022) I Need You Baby [2022] ( IMDb 5/10 )ဘီနိုနဲ့ ကတ်သီတို့ လက်ထပ်ပေါင်းသင်းခဲ့ကြတာဟာ ၅နှစ်တာသက်တမ်းထဲ ဝင်ရောက်လာခဲ့ပါပြီ... သူတို့ချင်းနားလည်မှုတွေနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြပေမယ့် ကတ်သရဲ့မိဘတွေကတော့ တောင်းဆိုမှုတစ်ခုကို သူတို့လင်မယား ညားကတည်းက ပြင်းပြင်းထန်ထန် တောင်းဆိုလာခဲ့ကြတာပါ... အဲ့ဒါကတော့ သူတို့ မြေးချီရရေးပဲဖြစ်ပါတယ်...၅နှစ်အတွင်း ဗိုက်ကြီးသံလုံးဝမကြားမိသေးတာကြောင့် ကတ်သီ့မိဘတွေက ဩစတြေးလျကနေ အင်ဒိုနီးရှားထိ ပြန်လာပြီး ကတ်သီကလေးမမွေးမချင်း တစ်အိမ်ထဲအတူ နေကြမယ်လို့ ရာဇသံပေးလာပါတော့တယ်... ဒီလိုနဲ့ မိဘစကားကို မကျော်လွှားနိုင်တဲ့ ကတ်သီဟာ နှစ်ပေါင်းများစွာ ကြာရှည်လာပြီဖြစ်တဲ့ ပြဿနာကို ဖြေရှင်းမှကို ရတော့မယ့်အရေး စိုက်လာပါတော့တယ်... ကတ်သီတို့ လင်မယား ဟန်ဆောင်ဗိုက်ကြီးဖို့ ဆုံးဖြတ်လိုက်ကြပြီး ကလေးတစ်ယောက်မွေးစားဖို့လည်း စီစဉ်ထားပါတယ်... အရာရာဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာပေမယ့် ရပ်ကွက်ထဲမှာ သူတို့လင်မယားနဲ့ ရုပ်ချင်းဆင်တဲ့ လသားအရွယ်ကလေးတစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ကြရာကနေ ဒီကလေးကို မဖို့ ကတ်သီတို့ လင်မယားတိုင်ပင်ကြပါတော့တယ်... တရားဥပဒေနဲ့ မလျော်ညီသော်ငြား ကတ်သီတို့ဟာ ကလေးထိန်းဂျူဝီကို အကြပ်ကိုင်ပြီး ကလေးကို ငှားရမ်းပါတော့တယ်... ဒီအဖြစ်ကို ကလေးမိဘတွေ သိသွားမှာလား... ကတ်သီ့မိဘတွေကရော ကတ်သီတို့ဖုံးကွယ်ထားတာကို မသိရှိဘဲ ...
movie

I Need You Baby (2022)

2022
Susie Searches (2022) 6.1
Susie Searches (2022) Susie Searches (2022)~ IMDb - 6.1/10, Rotten Tomatoes - 51% ~ခုမိတ်ဆက်ပေးချင်တဲ့ ကားကတော့ လျှို့ဝှက်ဆန်းကြယ် မြှုပ်ကွက်လေးတွေပါတဲ့ စုံထောက်ဆန်ဆန် Thriller ကားဖြစ်ပါတယ်။ငယ်စဉ်တည်းက စုံထောက်၀တ္ထုတွေ သူ့အမေက ဖတ်ပြရင် အမြဲ တရားခံကို ကြိုသိနေတတ်တဲ့... ဆူဇီကြီးလာတော့ Social ပြသာနာရှိနေပြီး အပေါင်းအသင်းမရှိဘဲ "Susie Searches" ဆိုတဲ့ Podcast မှာ မဖြေရှင်းနိုင်တဲ့ ရာဇ၀တ်မှုတွေ ဖြေရှင်းတာကို တင်ပြီး အချိန်ပိုင်း ကောလိပ်တက်နေတဲ့သူ။ သူ့ရဲ့ Podcast အင်တာနက်မှာ လူသိများသွားတဲ့ အခွင့်အလမ်းပေါ်လာတာကတော့ ဆူဇီတို့ကျောင်းက ဆယ်လီ သူဌေးသား ဂျက်စီပျောက်သွားတာကနေ စပါတယ်။ ဂျက်စီက ကိုယ်ပိုင် YouTube Channel ထောင်ထားပြီး တရားထိုင်တဲ့ ဗီဒီယိုတွေတင်တဲ့ နာမည်ကျော်ကောင်လေးပါ။ဂျက်စီပျောက်သွားတာကြာနေပြီး ဘာမှသတင်းမထူးတဲ့အခါ ဆူဇီက သူ့နည်းသူ့ဟန်နဲ့ စုံစမ်းပြီး ...
movie

Susie Searches (2022)

2022
Satanic Hispanics (2022) 5.7
Satanic Hispanics (2022) Satanic Hispanics (2022)~ IMDb - 5.7/10, Rotten Tomatoes - 91% ~"Satanic Hispanics" ဆိုတဲ့နာမည်မှာ Hispanics ဆိုတာက စပိန်ဘာသာစကားကို အခြေခံထားတဲ့ လူမျိုးတွေကိုပြောတာပါ။ ဥပမာ ကျူးဘား၊ မက္ကဆီကန် လူမျိုးတွေပေါ့။ ဒီဇာတ်ကားရဲ့ခေါင်းစဉ်ကတော့ စေတန်နှင့်ပတ်သက်သော စပိန်များ လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။~ ဇာတ်လမ်းအညွှန်း ~စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ "သွားလေသူ" လို့ သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ ...
movie

Satanic Hispanics (2022)

2022
Thunder (2022) 6.4
Thunder (2022) Thunder (2022)~ IMDb - 6.5/10, Rotten Tomatoes - 100% ~2022 မှာ ထွက်ရှိထားပြီး Awards ​တွေလည်း အများကြီးရထားတဲ့ Thunder ဆိုတဲ့ Swiss ဒရာမာကား​လေးကို တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိသားစုအ​ခြေအ​နေကို ​ဖြေရှင်းဖို့ မယ်သီလရှင်​ကျောင်းမှာနေနေရင်း နှစ်အ​တော်ကြာ မိသားစုနဲ့ကွာ​ဝေး​နေတဲ့ အယ်လီဇဘတ်တစ်​ယောက် ရုတ်တရက် အမ ​သေဆုံးမှု​ကြောင့် အိမ်ကိုပြန်လာခဲ့ရပါတယ်။ ရွာကိုပြန်​ရောက်​တော့ ငယ်သူငယ်ချင်း ၃​ယောက်နဲ့ ပြန်လည်​​ပေါင်းစည်းမိပြီး သူ့အမရဲ့ ထူးဆန်းတဲ့ ​သေဆုံးမှု​​နောက်ကိုလိုက်ရင်း သူမရဲ့ ဆန္ဒ​တွေ ခံယူချက်​တွေအ​ပေါ်ထားတဲ့ စိတ်ကလည်း ​ပြောင်းလဲသွားခဲ့ပါတယ်။ ရွာရဲ့ဓ​လေ့ရိုးရာစည်းကမ်း​တွေကလည်း မွန်းကြပ်စရာ​ကောင်းတာ​ကြောင့် အယ်လီဇဘတ်တစ်​ယောက် တစ်ကိုယ်‌တော်စွန့်စားပုံ​​လေးကို ရိုက်ပြထားတဲ့ ဒရာမာကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 720MB Quality - 1080p, 720p IMDb Rating ...
movie

Thunder (2022)

2022
Sita Ramam (2022) 8.2
Sita Ramam (2022) Action, Drama, Mystery IMDB 8.2/ 14kဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့ အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ်အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ်အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ်ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ်ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ်အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ...
movie

Sita Ramam (2022)

2022
4K HEVC
Nikamma (2022)
Nikamma (2022) Nikamma (2022) (မရီးဇိုးလေး အာဗ်နီ)ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဖိုက်တင်ခန်းလေးတွေပါမယ့် ဟာသဒရာမာကားလေးတစ်ကားပဲ ဖြစ်ပါတယ် "တစ်ခုခုကို ကြားမိ မြင်မိပြီးတာနဲ့ ဘယ်တော့မှမေ့မသွားမဲ့မှတ်ဉာဏ်မျိုးပိုင်ဆိုင်ထားတဲ့ အာဒီ.. မိဘတွေဆုံးသွားပြီးနောက်ပိုင်း အဖေလိုတစ်မျိုး အမေလိုတစ်မျိုး စောင့်ရှောက်ပေးခဲ့တဲ့အပြင် သူငယ်ချင်းပေါင်းပေါင်းခဲ့တဲ့ အစ်ကိုကြီးရာမာန် အရမ်းချစ်ကြတဲ့ အာဒီတို့ ညီအစ်ကိုကြားထဲကို ဝင်ရောက်လာသူ အာဒီရဲ့မရီး အာဗ်နီ။ အရမ်းလည်း လှသလို ရဲတစ်ယောက်ဖြစ်လို့ စည်းကမ်းလည်း ကြီးတဲ့အတွက် အာဒီကတော့ မရီးဖြစ်သူကို "ကမ္ဘာမှာ အလှဆုံးနတ်ဆိုး" လို့‌‌တောင် သတ်မှတ်ထားသူ။သူတို့ ညီအစ်ကို နှစ်ယောက်ဘဝထဲကို မရီးဖြစ်သူ ဝင်လာပြီးနောက်ပိုင်း အာဒီတစ်ယောက် ဦးလေးရဲ့ အိမ်ကို ပြောင်းပြီး နေခဲ့ပါတော့တယ်။ ဒီလိုနဲ့တစ်နေ့ အာဒီရော မရီးရဲမေဖြစ်သူကပါ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂန်းစတားတစ်ယောက်ကိုမှ ၂ယောက်စလုံးသွားပတ်သက်မိပြီး အစ်ကိုဖြစ်သူပါ အသက်အန္တရာယ်ကြုံလာရတဲ့အခါမှာတော့....သူ့စွမ်းရည်တွေကို ဘယ်လိုအသုံးချသွားမလဲ နောက်ပိုင်းမှာရော ဘယ်လိုတွေ ကြုံတွေ့ကြရဦးမလဲ ........ ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဖိုက်တင်ခန်းတွေနဲ့အတူတူ ရယ်စရာဟာသလေးတွေ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Nikamma (2022)

2022
Ardh (2022) 7.6
Ardh (2022) Ardh (2022)IMDb- 7.6/10 ဟာသမင်းသားကြီး Rajpal Yadav ရဲ့ အတည်တစ်ကွက်အောက်မှာ မျက်ရည်ဝေလိုက်ကြပါဦးချစ်ခြင်းမေတ္တာ ဘဝသရုပ်ဖော်တွေနဲ့ ရင်ထဲထိရတဲ့ ဇာတ်လမ်းရှာနေသူ‌တွေ အကြိုက်တွေ့မဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် အိမ်မက်ဆိုတဲ့အရာက တချို့အတွက်လှေကားတစ်ထစ်ချင်းလျှောက်လှမ်းသွားရင်း ပိုင်ဆိုင်လာရပေမဲ့ တချို့အတွက်တော့ ဘဝတွေအသက်တွေရင်းခဲ့တာတောင် ရမသွားရှာတဲ့လူတွေအပုံကြီးပဲမလား အလှမ်းကွာတဲ့ အိမ်မက်နဲ့ လက်တွေ့ဘဝကို အမိအရဆွဲညှိပြီး ဘဝကိုဆက်ရှင်သန်နိုင်သူတွေနဲ့ကြုံတွေ့လာခဲ့ရင်တော့ ‌ကောင်းကောင်းကြီးအတုယူသင့်တဲ့သူတွေလို့ပြောရင်လည်း မှားမယ်မထင်ဘူးသရုပ်ဆောင်ရရင်ကိုပျော်နေတဲ့ မင်းသားရူးရှီဗာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ရှီဗာ သူဘယ်လောက်ထူးချွန် ၊ ကြိုးစားနေပါစေ အခွင့်အရေးက သူ့ဆီရောက်မလာခဲ့ဘူး တစ်ဖက်မှာလည်း မိသားစုစားဝတ်နေရေးဆိုတဲ့အရာကရှိနေသေးတယ် အိမ်မက်နောက်ကိုပဲ ရူးရူးမူးမူးဆက်လိုက်ရမလား မိသားစုတာဝန်ပဲကျေပွန်အောင်လုပ်ရတော့မလား ဗျများနေချိန် ရှီဗာချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခု...နဂိုတည်းက ခက်ခဲကြမ်းတမ်းပြီးသားသူ့ဘဝမှာ အများအမြင်နဲ့ ဆန်ကျင်ထူးခြားနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်တိုက်ခိုက်ရတဲ့အရာတွေကို တကယ့်လက်တွေ့မှာလည်းသရုပ်ဆောင်ပီပြင်လှတဲ့ မင်းသားကြီးရဲ့ သရုပ်ဆောင်မှုတွေအောက် စီးမျောခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie

Ardh (2022)

2022
My Boyfriend in Orange (2022) 6.3
My Boyfriend in Orange (2022) My Boyfriend in Orange (2022)L.DK တို့၊ P to JK တို့၊ Heroine Disqualified လိုမျိုး အထက်တန်းကျောင်းရဲ့ ရင်ခုန်သံဇာတ်လမ်းလှလှလေး နောက်ထပ်တစ်ပုဒ်ကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ မီးသတ်သမားတွေရဲ့အကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဒီလိုဇာတ်လမ်းမျိုးကြည့်ချင်တယ်ဆိုရင်လည်း အကြိုက်တွေ့မှာပါ။ Support Role မှာဆိုရင်လည်း ယာကူဇာကြီး Yuuta Furukawa ကလည်း ချစ်စရာကောင်းတဲ့ဇာတ်ရုပ်လေးနဲ့ ပါဝင်ထားပါသေးတယ်။~ ဇာတ်လမ်းအကျဉ်း ~မိုအဲလို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက သူ့အဖေဆုံးပါးသွားပြီးတဲ့နောက်မှာ မြို့ငယ်လေးတစ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ မိုအဲက သူ့အမေနဲ့ မောင်လေးတို့နဲ့အတူ နေထိုင်တာဖြစ်ပြီးတော့ စိတ်ဒဏ်ရာလေးတွေကြောင့် သူငယ်ချင်းအသစ်ဖွဲ့ဖို့ကိုလည်း ခက်ခဲနေသူပါ။ သရုပ်ပြပွဲလုပ်တဲ့နေ့မှာတော့ ကျောင်းခေါင်မိုးပေါ်မှာရပ်နေခဲ့တဲ့ သူ့ပုံစံက သတ်သေတော့မဲ့သူနဲ့ တူတာကြောင့် မီးသတ်သမားဖြစ်တဲ့ ခရောဆုကဲက လာကယ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာ ကျောင်းသူလေး မိုအဲအတွက်တော့ ရှက်စရာကောင်းပေမဲ့ စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်ပါတယ်။ နောက်နေ့မှာလည်း အိမ်မီးရှို့ဖို့ကြိုးစားတဲ့သူတစ်ယောက်ကို ...
movie

My Boyfriend in Orange (2022)

2022
A Christmas Story (2022) 6.2
A Christmas Story (2022) A Christmas Story (2022)ခရစ္စမတ်ဇာတ်လမ်းလေးလို့ အမည်ရတဲ့ Family type ချက်ဇ်စကားပြော ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိသားစု၀င်တွေကြားက နားလည်မှု‌တွေ မိတ်ဆွေ သမီးရည်းစား ဇနီးမောင်နှံတွေရဲ့ ဆက်ဆံရေးတွေကို ပေါ့ပေါ့ပါးပါး အစုံအလင် ခံစားရမှာပါ။ မိသားစုကားဆိုတဲ့အတိုင်း ဇာတ်ကောင်များများနဲ့ သူတို့ရဲ့ ခရစ္စမတ်နေ့မှာ ကြုံရတဲ့ အဖြစ်အပျက်လေးတွေကို စုစည်းတင်ဆက်ထားတာပါ။မိန်းမထိန်းချုပ်တာခံနေရတဲ့ ထရန်းဒရိုင်ဘာရယ်... သူ့ကို ထရန်းပေါ်မှာ ရန်စတဲ့ လူရယ်... အင်တာဗျူးမှာ ၀န်ကြီးကို ဝေဖန်လေကန်နေတာကို မတော်တဆလွှင့်မိသွားလို့ ပြသာနာတက်နေတဲ့ Deputy ရယ်... သူ့ချစ်သူပဲရစ်က ပြန်လာမှာကိုမျှော်နေတဲ့ Deputy အမေအဘွားကြီးရယ်... သူတို့သားသမီးတွေကလည်း ကိုယ်စီ ဇာတ်လမ်းလေးတွေနဲ့... ဒီလူတွေက ဘယ်လိုရေစက်တွေနဲ့ ဆက်ပြီး ပတ်သက်မိမှာလဲ... နောက်ထပ် ဘယ်ဇာတ်ကောင်တွေရော ဆက်နွယ်နေမှာလဲ... သူတို့တွေအားလုံး ခရစ္စမတ်ကို ဘယ်လိုဖြတ်သန်းကြလဲဆိုတာ... ရသမျိုးစုံနဲ့ ရှုစားနိုင်ပါပြီ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK ...
movie

A Christmas Story (2022)

2022
Butcher’s Crossing (2022) 5.9
Butcher’s Crossing (2022) Butcher's Crossing (2022) =================== IMDb Rating -5.9/10Western ကန်းထရီးစတိုင်နာမည်ကြီး ဖြစ်ရပ်မှန်၀တ္ထုကို ကိုးကားပြီး ရိုက်ထားတဲ့ 1900 အစောပိုင်းက အမေရိကန် - အင်ဒီးယန်း ကျွဲမုဆိုး တွေအကြောင်းပါ။ မင်းသားကလည်း ဂန္တ၀င် Nicols Cage ဆိုတော့ သေချာပေါက်ကြည့်သင့်ပါတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ 1900 အစောပိုင်းမှာ အမေရိကန် ကျေး လက်နယ်တွေမှာ ကျွဲအရေခွံရောင်းတဲ့ဈေးကွက်အတော်လေးခေတ် စားခဲ့တယ်။ အမေရိကန်ကျွဲဆိုတာ မြန်မာမှာဆိုရင်တော့ အမွှေးထူ (bison) ပြောင်ကြီးတွေပေါ့၊ ဒီကျွဲတွေက ရတဲ့ အရိုး ၊ အသား ၊ အရေခွံ တွေအားလုံးဟာ တစ်ခုမှ ပစ်စရာမရှိအောင် အသုံး၀င်လွန်းတယ်။ အဲထဲ မှာမှ အရေခွံကတော့ ဈေးအရဆုံးပေါ့။ဟားဗက်ကျောင်းထွက် ဝီလီယံဂာ သူ့ဘ၀ရဲ့ဝါသနာပါရာကိုရှာဖွေဖို့ဆို ပြီး ခရီးထွက်ခဲ့ရာကနေ ကော်လိုရာဒိုရဲ့တောင်တန်းတွေအောက်က စိန့် လူး၀စ်ဆိုတဲ့ ရွာဘေးကိုရောက်လာပါတယ်။ တစ်ရွာလုံးက ကျွဲမုဆိုးတွေ အခြေချရာနေရာဖြစ်ပြီး သူကလည်း အမဲလိုက်အဖွဲ့ထဲ ပါချင်သွားပါ တယ်။ ဒါပေမယ့် သူ့လိုဖြူဖက်ဖြူရော်ကောင်လေးကို ဘယ်မုဆိုးမှ အလုပ်သင်အဖြစ် လက်မခံပါဘူး။ မစ်လာ(Nicols Cage)ခေါ် ဝါရင့် မုဆိုးကြီးက သူနဲ့ ...
movie

Butcher’s Crossing (2022)

2022
Moon Garden (2022) 6.2
Moon Garden (2022) Moon Garden (2022)~ IMDb - 6.2/10, Rotten Tomatoes - 86% ~ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ ဆုတွေအများကြီးရထားပြီး ၅နှစ်အရွယ်ကလေးမလေးရဲ့ အံ့ဩစရာ သရုပ်ဆောင်ကောင်းပုံကို ချီးကျူးရမယ့် Fantasy ကားကောင်းဖြစ်ပါတယ်။အမ်မာဆိုတဲ့ ကလေးမလေး ကိုမာဖြစ်နေတုန်း အိပ်မက်ဆိုးလိုနေရာထဲမှာ အပြန်လမ်းရှာဖွေတဲ့ခရီးစဉ်အနေနဲ့ ပုံဖော်ထားတာပါ။အမ်မာရဲ့ဖခင်က အမြဲအလုပ်များနေပြီး မိခင်နဲ့ဖခင် တစ်ချိန်လုံးအချေအတင်ဖြစ်တာကို ကြုံတွေ့နေရသူလေး အမ်မာဟာ တစ်ညတော့ သူ့အဖေနဲ့အမေ အကြီးအကျယ်ရန်ဖြစ်စကားများတာကို တွေ့သွားပြီး လှေကားပေါ်က ပြေးဆင်းရာကနေ ချော်ကျပြီး ကိုမာ၀င်သွားပါတယ်။ ကိုမာ၀င်နေတုန်း Wonderland လို ထူးထူးဆန်းဆန်းနေရာမှာ ကြောက်စရာသတ္တဝါတွေလိုမျိုးတွေ့ရပြီး ရေဒီယိုကလာတဲ့သူ့အမေရဲ့ အသံကနေတစ်ဆင့် အိမ်အပြန်လမ်းကို ရှာဖွေရပါတော့တယ်။မိဘတွေမသင့်မြတ်တဲ့ကြား နေရတဲ့ကလေးရဲ့ စိတ်ဒဏ်ရာတွေ ကြောက်ရွံ့မှုတွေကို အမ်မာရဲ့စိတ်ကူးပုံဖော်မှုအတိုင်း စီးမျောခံစားရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 790MB Quality ...
movie

Moon Garden (2022)

2022
The End of Sex (2022) 5.1
The End of Sex (2022) The End of Sex [2022]( IMDb 5.1/10, RT 61%)ဂျော့ရှ်နဲ့ အမ်မာတို့ဟာ ဆယ်ကျော်သက်ကတည်းက မေတ္တာရှိခဲ့ကြသူတွေပါ... တက္ကသိုလ်ပြီးကတည်းက လက်ထပ်ခဲ့ကြတဲ့ သူတို့လင်မယားရဲ့ အိမ်ထောင်သက်ဟာ ဆယ်စုနှစ်တွေချီနေပါပြီ... ဒီလိုကြာညောင်းလာတဲ့နောက်မှာတော့ အိမ်ထောင်သည်တွေ ကြုံနေကြဖြစ်တဲ့ လိင်ကိစ္စ ခမ်းခြောက်ခြင်းဟာလည်း သူတို့ကြားက ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်... သူတို့သမီးလေးတွေ တောတွင်းစခန်းချခရီးထွက်တဲ့ ရက်သတ္တပတ်မှာ အပီအပြင်ချစ်ကြည်နူးဖို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံတွေ့ရချိန်မှာတော့ နှစ်ဦးသားလုံး စိတ်တွေကုန်ခမ်းနေခဲ့ကြပါတယ်... အိမ်နီးနားချင်း လင်မယား ဒီအမှုကိစ္စကြောင့်ပဲ ပြတ်စဲကြတာကို မျက်မြင်တွေ့လာရတဲ့အခါ သူတို့လည်း ဒိလိုမဖြစ်ဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်... အစက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့ကြပေမယ့် အလွဲလွဲအချော်ချော်ပဲ ဆက်တိုက်ဖြစ်ခဲ့ကြရတဲ့အပြင် သူတို့နှစ်ဦးစလုံးမှာလည်း တခြားသူတွေနဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီဖြစ်လာရပါတော့တယ်.... ဒီလိုအဖြစ်တွေကို ကြုံတွေ့သိမြင်လာရတဲ့အခါ သူတို့အိမ်ထောင်ရေးကရော ဘယ်လိုဆက်ဖြစ်သွားမှာလဲ... သူတို့ဖြေရှင်းချင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြရဲ့လား ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | ...
movie

The End of Sex (2022)

2022
The Aviary (2022)
The Aviary (2022) The Aviary [2022]ကန္တာရရဲ့အလယ်မှာ အေဗာရီဆိုတဲ့အရပ်မှာ စိတ်ကျန်းမာရေးကုထုံးနဲ့ လူတွေကို ကုသပေးနေတဲ့ ဂေဟာတစ်ခုရှိပါတယ်... ဆက်သ်ဆိုတဲ့ လူဟာ ဒီနေရာကို ဦးဆောင်နေသူပေါ့... တစ်နေ့မှာတော့ သူတို့ဂေဟာက နံပါတ် ၂ဖြစ်တဲ့ ဂျီလီယန်ဟာ သူ့သူငယ်ချင်း ဘလဲရ်နဲ့အတူ ဒီဂေဟာကနေ ထွက်ပြေးလာခဲ့ပါတယ်... ဂေဟာထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သွေးထွက်သံယိုမှုတွေပါ ပါဝင်လာတာကြောင့် အသက်အန္တာရာယ် မကျရောက်လိုတဲ့ ဂျီလီယန်ဟာ ဆက်သ်လက်က လွတ်အောင် ထွက်ပြေးလာခဲ့တာပါ... ဂျီလီယန်ဟာ လွတ်မြောက်ရုံထွက်ပြေးလာပေမယ့် အတူလိုက်ပါလာတဲ့ ဘလဲရက်ကတော့ ဆက်သ်ရဲ့ လက်တော့ပ်ကိုပါ အပါယူလာခဲ့ပါတယ်... အရေးကြီးသက်သေခံမှတ်တမ်းတွေပါတဲ့ ဒီလက်တော့ပ်နဲ့သာဆို ဆက်သ်ကို တစ်သက်တစ်ကျွန်းထောင်ကျသွားအောင် လုပ်ပစ်နိုင်တာမို့ ဂျီလီယန်ရဲ့ ခရီးဟာ သူ့လွတ်မြောက်ရေးတင်မဟုတ်ပဲ အေဗာရီက လူတွေအားလုံး လွတ်မြောက်ရေးပါ ဖြစ်လာပါတော့တယ်... ဒီလွတ်မြောက်ရေးခရီးမှာတော့ သူတို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက အကြီးအမားဆုံးအရာကတော့ ဆက်သ်ပါပဲ... ဆက်သ်ဟာ သူတို့ စိတ်တွေကို ထိုးနှောက်ဖျက်ဆီးထားပြီးပါပြီ... ပုံမှန်မဟုတ်တဲ့ သူတို့စိတ်အခြေအနေ.... နောက်ကတကောက်ကောက်လိုက်နေတဲ့ ဆက်သ်.... ဒါတွေအားလုံးကနေ သူတို့ လွတ်မြောက်ပြီး လိုရာပန်းတိုင်ကို ရောက်သွားနိုင်ကြမလား... ရှုစားကြရမှာပဲ ဖြစ်ပါတယ်အညွှန်း ...
movie

The Aviary (2022)

2022