Channel Myanmar

2023

Rani Chithira Marthanda (2023) 8
Rani Chithira Marthanda (2023) Rani Chithira Marthanda (2023)IMDb 8/10 .....ဘဝဇာတ်ခုံ....CM ပရိသတ်ကြီးကို ထူးခြားကောင်းမွန်တဲ့ မလေယာလမ်းဘာသာစကားပြော အိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်တောင်ပိုင်း မဆလးယာလမ်းသရုပ်ဆောင်တွေပဲ ပါဝင်ထားပြီး နာမည်မကြီးဝိတ်မရှိပေမဲ့ သူ့နေရာနဲ့သူတော့ ဇာတ်ကြောင်းကိုကောင်း‌မွန်စွာ ပုံဖော်သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုမရှိဘူးပဲ‌ ပြောပါရစေအိန္ဒိယကားတွေကို အိုဗာအိုက်တင်တွေ မင်းသားအသားပေးဇာတ်ကောင်တွေကြောင့် ကြိုက်တဲ့သူရှိသလို တစ်ခါတလေစိတ်ကုန်မိတဲ့သူတွေလည်း ရှိမှာပါဒီကားလေးမှာ‌တော့ လှပတဲ့ရှုခင်းတွေရယ် ရိုးရှင်းတဲ့ဇာတ်ကောင်တွေရယ် သဘာဝကျတဲ့ဇာတ်အိမ်ရယ် သုံးခုကိုသုံးနာညီတြိဂံလို အချိုးကျကျပေါင်းစပ်ကာ ပရိသတ်ကြည့်နေကျ ဘောလီးဝုဒ်ကားတွေနဲ့ ရသတစ်မျိူး တမူထူးကာပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အဖေကိုအရမ်းကြောက်ရတဲ့ အန်ဆွန်ရယ် သူ့အဖေရယ် သူတို့ရဲ့ဆေးဆိုင်လေးရယ် နိစ္စဓူဝနေ့စဉ်ဘဝလေးမှာ အန်ဆွန်နဲ့ ကောင်မလေးတစ်ယောက် စတင်သိကျွမ်းသွားပြီးတဲ့နောက်တော့ .... ဘာဆက်ဖြစ်မလဲကတော့ သိသာရင်လဲ သိသာမှာပါဒါပေမဲ့တချို့ဇာတ်ကားတွေက ဘာဆက်ဖြစ်မလဲဆို‌တာထက် ဘယ်လိုဖြစ်သွားလဲရိုက်ပြတာကို ကြည့်နေရတာကလည်း ရသတစ်မျိုးပဲမို့ CM ပရိသတ်ကြီးကို ဘဝသရုပ်မှန်ပုံဖော်‌ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…1.75GB / 750MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Rani Chithira Marthanda (2023)

2023
Crimson Snout (2023)
Crimson Snout (2023) Crimson Snout 2023 (IMDb - 6.7/10)ခွေးသားစားဖူးတဲ့သူတွေရှိလား? စားဖူးတဲ့သူတွေရော မစားဖူးတဲ့သူတွေရော ဒီကားလေးကိုကြည့်ကြည့်ပါ ဟာသ မပါပဲ လုံးဝ serious ရိုက်ကူးထားတဲ့ ဗီယက်နမ်သရဲကားလေးဖြစ်ပါတယ် ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတော့ ဇာတ်အိမ်ကတော့ လုံးဝအခိုင်အမာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ တစ်မိသားစုလုံးခွေးသားအရမ်းကြိုက်တဲ့ သားသတ်ရုံပိုင်ရှင်လူကြီးတစ်ယောက် လမ်းမှာရေနစ်သေတာကနေစပြီး မိသားစုပြဿနာတွေ အကုသိုလ်တွေကြောင့် ဗုဒ္ဓဘာသာအယူအဆအတိုင်း ဝဋ်လည်မှုတွေစတင်လာတဲ့အချိန်မှာ တစ်ဦးတည်းသောသားဖြစ်သူကလဲ လက်ထပ်မယ့်မိန်းကလေးကိုခေါ်ပြီးပြန်ရောက်လာတယ် ခွေးသားက သူတို့နယ်မြို့လေးရဲ့ အထင်ကရစားသောက်ကုန်ဖြစ်နေပြီး လိုက်လာတဲ့ ကောင်မလေးလဲ ခွေးသားမစားတော့ အဆင်မပြေမှုတွေအများကြီးကြုံရတာပေါ့ သူတို့နှစ်ယောက် မိသားစုပြဿနာတွေ မကောင်းတဲ့နတ်ဆိုးတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ.... မျက်နှာကိုလက်နဲ့အုပ်ပြီး လက်ချောင်းတွေကြားထဲကချောင်းကြည့်ပေးကြပါဦး ဇာတ်လမ်းထဲမှာ ခွေးကြီးက မတ်တပ်ရပ်ပြီးပြုံးပြမှာမို့လို့ပါ...အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.7GB | 729MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thet Oo Encoder ..... Aaron
movie

Crimson Snout (2023)

2023
Miami Bici 2 (2023)
Miami Bici 2 (2023) Miami Bici 2 2023 အညွှန်းရိုမန်းနီးယန်း Dumb and Dumber လို့ဆိုရမဲ့နှစ်ယောက်တို့ရဲ့ ဒုတိယကားလေး လာပါပြီ။ ပထမကားတုန်းကတော့ Bila တစ်ယောက် ကောင်မလေးရသွားပြီး ဒုတိယကားမှာ ထားခဲ့ခံလိုက်ရပါတယ်။ အဆွေးသမားလေးဘီလာအနေနဲ့ အသားကင်ဆိုင်ဖွင့်စားနေချိန်မှာ သူတို့ဆိုင်ကို မုန့်လာစားတဲ့သူနှစ်ယောက်ဆီက LA ကိုလာဖို့ ဖိတ်ခေါ်ခံလိုက်ရပါတယ်။ နှလုံးအထူးကုဖြစ်အောင် လုပ်ပေးမယ်ဆိုပြီးခေါ်ခံလိုက်ရတော့ ပျော်နေချိန်မှာ သူ့ဘော်ဒါ Piciu က တစ်နေရာက ထွက်ပြေးလာချိန်နဲ့ ကြုံကြိုက်တော့ LA ကို နှစ်ယောက်သား လစ်လာကြတော့တယ်။ LA စထွက်ခါစမှာပဲ Bila ရဲ့ကားလေး ခိုးခံလိုက်‌ရတော့ နှစ်ယောက်သား ဘယ်လိုတွေ ခရီးဆက်မလဲ။ သူတို့ကိုခေါ်တဲ့သူတွေကရော လူကောင်းတွေဖြစ်မလား။ ဘယ်လိုအလန်းဇယားလေးတွေ ပါလာမလဲဆိုတာ ကြည့်ရှုကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.9GB | 1.1GB Format… mp4 Duration…. 1h 42min Subtitle…. Myanmar ...
movie

Miami Bici 2 (2023)

2023
Ai Khai Dek Wat Chedi (2023) 6.1
Ai Khai Dek Wat Chedi (2023) Ai Khai Dek Wat Chedi (2023)• တစ်ခါတုန်းက ဘုန်းဘုန်းတစ်ပါးက ၁၀ နှစ်အရွယ်ကောင်လေးကို စီချွန်ပြည် ဘန်ချာလုံရွာလေးက စွန့်ပစ်ဘုရားကျောင်းတစ်ခုကို စောင့်ရှောက်ဖို့အပ်ထားခဲ့တယ် ကောင်လေးကိုမှာထားခဲ့တဲ့စကားက “သီလသမာဓိရှိတဲ့သူ‌ရောက်မလာခင်ထိ စောင့်ရှောက်ရမယ်” တဲ့• အဲဒီလိုနဲ့ နှစ်ပေါင်း ၁၀၀ ကြာပြီးတဲ့နောက်မှာတော့ ကန်နဲ့ဖီအက်လို့ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက် အလောင်းကစားလုပ်ဖို့ ချာလုံရွာကို ရောက်လာခဲ့တယ် ရွာထဲရောက်တာနဲ့ ရွာကလူ‌ဆိုးနဲ့ပြဿနာတက်ပြီး ထွက်ပြေးရင်း စွန့်ပစ်ဘုရားကျောင်းမှာ ခိုင်လို့ခေါ်တဲ့ ထူးဆန်းတဲ့ကောင်လေးနဲ့တွေ့လိုက်ရတယ်• စွန့်ပစ်ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်အထင်နဲ့ စီချွန်ပြည်ရဲ့အာဏာရှိလူကလည်း ဘုရားကျောင်းက ရတနာတွေကို မရမကရှာဖို့ ကြိုးစားနေတဲ့အခါ..• ဘုရားကျောင်းကိုစောင့်ရှောက်နေရတဲ့ ၁၀ နှစ်အရွယ်ကောင်လေးကရော ဘယ်သူလဲ? • ကန်တို့‌ညီအစ်ကိုနှစ်ယောက်က‌ရော လူဆိုးတွေလက်က လွတ်ပါ့မလား? • ဘုရားကျောင်းမှာ ရှေးဟောင်းရတနာတွေရှိတယ်ဆိုတာကရော အမှန်ပဲလား? ဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Laris M ပဲ ဖြစ်ပါတယ်။Genre..... Adventure, Fantasy, Thriller Quality…. 1080p | 720p File size…  ...
movie

Ai Khai Dek Wat Chedi (2023)

2023
Freedom (2023) 7.7
Freedom (2023) Freedom (2023) IMDb 7.8/10ဒီဇာတ်ကားလေးကတော့ ၁၉၈၉ ခုနှစ်ရိုမေးနီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ တော်လှန်ရေးကြီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ Political/Thriller/Drama အမျိုးအစားဇာတ်ကားကြီးဖြစ်ပါတယ်တော်လှန်ရေးကြီးဖြစ်နေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ခေါင်းဆောင်ကို တပ်ကဖမ်းသွားပြီး အခြားလူတွေနဲ့အတူ ရေကူးကန်အလွတ်ကြီးထဲမှာ အကျဉ်းချထားလိုက်ပါတယ် သူ့အနေနဲ့ အပြင်မှာကျန်ခဲ့တဲ့မိန်းမနဲ့ကလေးဆီကိုပြန်ချင်တော့ လွတ်မြောက်ဖို့ကြိုးစားပုံကို တော်လှန်ရေးနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Drama, Histroy, Thriller, War Quality…. 1080p | 720p File size… 1.7GB | 904MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Freedom (2023)

2023
Rewind (2023) 7
Rewind (2023) Rewind (2023)ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီး သူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာ ဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။ ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း‌ နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့ စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကို ဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။ မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်း လော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီး ကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ ....... ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ ..... အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား.... ဆိုတာတွေကို ကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ...
movie

Rewind (2023)

2023
Blessed You (2023) 6
Blessed You (2023) Blessed You (2023) U/A 13+ Comedy/ Drama/Family IMDb 6.1/10အိမ်မှာ အပျို လူပျိုပေါက်တွေရှိတဲ့ မိဘတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားလောက်ညွှန်းပေးပါရစေ အာရှရဲ့ သာမန်မိသားစု တစ်ခုမှာ ကြုံနေကျဖြစ်ရပ်လေးတွေကို ဟာကွက်မရှိတစ်ခုချင်းပြသွားတာလေးတွေကိုမြင်တွေ့ရမှာပါ အစပိုင်းမှာ ပေါ့ပေါ့ပါးပါးလေး ဆွဲခေါ်သွားပြီး နောက်ပိုင်းရောက်လေလေ ပိုပြီးဆွဲဆောင်နိုင်လေလေပါပဲ ကြည့်ရှုသူရဲ့ခံစားချက်ကို ဆွဲတင်လိုက် ရိုက်ချလိုက် ပရိတ်သတ်ကပေါ့ပေါ့ပါးပါးကြိုတွေးထားတာလေးတွေကိုလဲ ပြောင်းပြန်လုပ်ပစ်လိုက်တာတွေက အားမလိုအားမရနဲ့ တကယ်ဆွဲဆောင်မှုရှိပါတယ် အင်ဒိုဇာတ်ကားလေးဖြစ်ပြီးတော့ အင်ဒိုမင်းသမီးချော Syifa Hadju လဲအမြင်ကပ်လောက်အောင်ချစ်ဖို့ကောင်းတယ်ဗျာ ဇာတ်လမ်းလေးကတော့ မယ်လ် ဆိုတဲ့ ကောင်မလေးနဲ့ ဆက်ရာဆိုတဲ့ ကောင်လေးနှစ်ယောက်က ဟိုးငယ်ငယ်လေးကတည်းသူငယ်ချင်းတွေ သူတို့အမေတွေကလဲ အချစ်ဆုံးသူငယ်ချင်းတွေ သူတို့ကို မိဘချင်းသဘောတူပြီးမြန်မြန်ယူစေချင်ကြတာ သူတို့ချင်းကလဲ ချစ်တယ်ဆိုတော့ ကဲ ဘာလိုသေးလဲလို့ တွေးလိုက်ရင်တော့မှားသွားမှာပါ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတွေ အတ္တတွေကို ပေါ့ပေါ့ပါးပါးလေးကနေ တကယ့် serious ဖြစ်အောင်ရိုက်ပြသွားမှာပါ သားသမီးတွေရဲ့ ခံစားချက် မိဘတွေရဲ့ ခံစားချက် နှစ်ခုကို ယှည်ပြီးကြည့်လိုက်ရင် ဘယ်ဘက်ကမှ မမှားတာကိုလဲ တွေ့ရမှာပါ ဘယ်ဘက်က အလျော့ပေးသွားမလဲဆိုတာကိုတော့... မိသားစုနဲ့အတူတူကြည့်ဖို့ တကယ်သင့်တော်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Blessed You (2023)

2023
Slow (2023) 7.4
Slow (2023) Slow (2023)မှတ်မိသလောက်ဆို တစ်ခါသား ပလေတိုက သူ့ဆရာသမားဆော့ခရိတ္တိကို "အချစ်ဆိုတာ ဘာလဲ ဆရာ"လို့ လာမေးတယ်။ ဆော့ခရိတ္တိက ပလေတိုကို တောထဲသွားပြီး မင်းအလှဆုံး ထင်တဲ့ ပန်းတစ်ပွင့်ခူးခဲ့ဆိုပြီး မှာလိုက်တယ်။ ပလေတိုက တောထဲသွားပြီး သူ့အလှဆုံးထင်တဲ့ ပန်းတစ်ပွင့်ကို သွားခူးလာတယ်။ ပြန်လာတော့ ပန်းက လမ်းမှာကြာတာကြောင့်ရော သူ့ဘာသာကိုက အပင်ကခူးပြီးရင် မခံတာကြောင့်ရော ညှိုးသွားတယ်။ ဒီတော့ ဆော့ခရိတ္တိက ပလေတိုကို နောက်တစ်ခေါက်ထပ်သွားခိုင်းတယ်။ ဒီတစ်ခါကျ ပလေတိုက တော်တော်နဲ့ပြန်ပေါ်မလာဘူး။ လနဲ့ချီလာတော့ ဆော့ခရိတ္တိက တောထဲလိုက်လာတယ်။ တောတွင်းတစ်နေရာမှာ ပလေတိုက တဲထိုးပြီးနေနေတာတွေ့ရတယ်။ သူ့အလှဆုံးလို့ထင်တဲ့ ပန်းပွင့်ရှိတဲ့အပင်နားမှာ တဲထိုးနေနေတာပေါ့။ အဲဒီမှာ ဆော့ခရိတ္တိက ပလေတိုကို အချစ်ဆိုတာ ဘာလဲ မင်းသိပြီကိုးလို့ ပြောသတဲ့။ "ပလေးတိုးနစ်အချစ်" ဆိုတာ ပိုင်ဆိုင်ရ ပေါင်းဆုံရမှမဟုတ်ဘဲ အချစ်ကိုအချစ်အတိုင်း ချစ်နေတဲ့အချစ်လို့ တာရာမင်းဝေ က သင်နဲ့နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်ထဲ ရေးဖူးတယ်။သူ့ဖွင့်ဆိုချက်ကတော့ ပလေတိုးနစ်အချစ်ဆိုတာ လိင်ဆန္ဒတွေ ရိုမန့်တစ်တွေ မရှိနေတဲ့အချစ်မျိုး ဒါမှမဟုတ် အဲဒီအရာတွေကို ဖိနှိပ်ထားပြီးနေတဲ့အချစ် သန့်စင်အောင်နေတဲ့ ...
movie

Slow (2023)

2023
{21+} Sorry But It is ok (FSDSS-624)
{21+} Sorry But It is ok (FSDSS-624) ဒီတစ်ခါ DS ပရိသတ်ကြီးနဲ့ မစိမ်းတဲ့မင်းသမီးတစ်ယောက်ကို တင်ဆက်ပေးချင်ပါတယ်...ရုပ်ရည် ကိုယ်လုံးကိုယ်ပေါက် အရာရာက ဆွဲဆောင်မှုရှိလွန်းပြီး အထားပေးချင်နေတဲ့ မျက်နှာပေးလေးနဲ့ မမကြီး Yuko Ono ပဲ ဖြစ်ပါတယ် ဒီမမကားကိုကြည့်ဖူးတဲ့သူတွေဆိုသိမှာပါမဆွတ်ခင်က ညွှတ်ချင်နေတဲ့ မျက်နှာပေးနဲ့ အထာလေးတွေပေးပြီး ကျန်တဲ့အချိန်ဆို မထုံတက်တေးချင်ယောင်ဆောင်ပေမဲ့ အိပ်ယာပေါ်မှာတော့ အရာရာတက်ကြွတဲ့ ပညာစုံတဲ့မမတစ်ယောက်ပါပဲဒီဇာတ်လမ်းလေးထဲမှာလဲ မမတစ်ယောက် လိုချင်တာကို ဘေးအိမ်ကကောင်လေးဆီကနေ မရမကစနိုက်ကြော်စားပုံကို အားပေးကြည့်ရှုရမှာပဲ ဖြစ်ပါတယ်Jav ဇာတ်လမ်းတွေဟာ စိတ်ကူးယဉ်ဖြစ်တဲ့အတွက် ရသခံစားဖို့ပဲ ကြည့်ရှုကြဖို့ ပြောကြားလိုပါတယ် File size…2.1GB / 1.1GB Quality...1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Andrew Mason
movie

{21+} Sorry But It is ok (FSDSS-624)

2023
Island of the Dolls (2023)
Island of the Dolls (2023) Island of the Dolls (2023)အရုပ်ကျွန်းဆိုတာကို ကြားဖူးကြမှာပါ မက်ဆီကိုနိုင်ငံမှာရှိတဲ့ အရုပ်တွေအများကြီးရှိတဲ့ ကျွန်းလေးတစ်ကျွန်းပါ။ကျွန်းပေါ်မှာ အရုပ်တွေအများကြီး ဒီတိုင်းချိတ်ဆွဲထားတာဆိုတော့ တွေးကြည့်ရင်တောင် ကြောက်ဖို့ကောင်းတဲ့နေရာပါ။ အဲ့လိုနေရာမှာ နောက်ခံဇာတ်လမ်းတွေကလဲ အများကြီးရှိပါတယ်။ လူပြောများတဲ့ဇာတ်လမ်းတွေ ကောလဟာလတွေ အများကြီးပါ။ ဒီလိုကြောက်ဖို့ကောင်းတဲ့ နေရာအကြောင်းကို ဦးတည်ပြီးရိုက်ထားတဲ့ HORROR ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၂၃ တုန်းကထွက်ရှိထားတဲ့ ဟော်ရာကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူငယ်တစ်စု အရုပ်ကျွန်းပေါ်ကို သွားဖို့ကြိုးစားပေမဲ့ ဒေသခံတွေကတော့ အရုပ်ကျွန်းပေါ်မသွားစေချင်ကြပါဘူး။ ဒါပေမဲ့ ကျွန်းပေါ်ကိုအတင်းမရရအောင် သွားမယ်ဆိုတော့ မပို့ချင်ပို့ချင်ပဲ ပို့ပေးလိုက်ရပါတယ်။ ဒါပေမဲ့ အဲ့ကျွန်းပေါ်ရောက်တော့ တစ်စုံတစ်ခုက နိုးထလာခဲ့ပြီဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ သူတို့တွေဘယ်လို အရာနဲ့ရင်ဆိုင်ရမယ်ဆိုတာ သူတို့ကြားထဲမှာရှိတဲ့ လူတွေက လျှို့ဝှက်ချက်ကိုယ်စီနဲ့ဆိုတာ ဇာတ်လမ်းအလှည့်ပြောင်းလေးတွေနဲ့ ကြည့်ရမဲ့ ဟော်ရာကားလေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 939MB | 415MB Format… mp4 Duration…. 1h 18min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... ...
movie

Island of the Dolls (2023)

2023
Rahel Makan Kora (2023) 7.9
Rahel Makan Kora (2023) Rahel Makan Kora (2024) "ချစ်ခြင်းတရားမှာ သက်သေတည်" IMDb - 8.1/10ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာ အိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲ တုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန် အမှန်တရားဘက်တော်သားကြီးပေါ့။မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီး စိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီး သဘောတူနေလေရဲ့။ ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်း အရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2GB / 902MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Rahel Makan Kora (2023)

2023
Unravel: A Swiss Side Love Story (2023) 5.2
Unravel: A Swiss Side Love Story (2023) Unravel : A Swiss Side Love Story (2023)ဘဝရဲ့ အခက်အခဲတွေများလာပြီး မွန်းကျပ်လာတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပေါက်တတ်ကြတယ်မလား၊ ဒီလို သတ်သေချင်တဲ့သူတွေကို သူတို့ရဲ့ဆန္ဒတွေပြီးမြောက်သွားစေဖို့ ကူညီပေးတဲ့ ဆေးရုံက ဆွဇ်ဇာလန်နိုင်ငံမှာ တည်ရှိပြီး ဒီလိုကူညီပေးတာဟာ သူတို့နိုင်ငံမှာတော့ တရားဝင်ပါတယ်။ လူစီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ မိသားစုပြဿနာလေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် ဆွဇ်ဇာလန်နိုင်ငံက အဲဒီဆေးရုံကို လာခဲ့ပြီး ဆွေးနွေးရာကနေ လူစီဟာ တကယ်ပဲ သတ်သေချင်ရဲ့လားဆိုတာကို ပြန်စဉ်းစားခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ ဆွဇ်ဇာလန်ကို လည်ပတ်ကြည့်ရင်း နိုအာဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ နိုအာကတော့ လူတိုင်းကို ကူညီပေးတတ်သူဖြစ်ပြီးတော့ လူစီနဲ့တွေ့တော့ လူစီ့အကြောင်းတွေသိပြီးတဲ့နောက်မှာ လူစီရဲ့ဘဝကို ပြန်ရနိုင်ဖို့ အတက်နိုင်ဆုံး အစွမ်းကုန်ကူညီပေးပါတော့တယ်။ နိုအာက ဘယ်လိုတွေ ကူညီပေးပြီးတော့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို အရိုအချိုလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Romance, Drama Quality…. 1080p | 720p File size… 1.5GB ...
movie

Unravel: A Swiss Side Love Story (2023)

2023
Safehouse (2023)
Safehouse (2023) Safehouse (2023)ကာလာဆိုတဲ့ အမျိုးသမီးလေးဟာ မက္ကဆီကိုက မက်ဆီကာလီမြို့မှာ အစ်ကိုဖြစ်သူနဲ့အတူ နေထိုင်ပြီး အလုပ်လုပ်ရင်း ဆရာဝန်ဖြစ်ဖို့ကြိုးစားနေပါတယ်။ မိသားစုထဲမှာ ပညာရေးထွန်းထွန်းပေါက်ပေါက်ဆိုလို့ သူတစ်ယောက်ပဲ ရှိတဲ့အတွက် အမေဖြစ်သူက အလုပ်ကြိုးစားပြီး ဆေးကျောင်းတက်ဖို့ ထောက်ပံ့ပေးနေတယ်။အစ်ကိုဖြစ်သူက မူးယစ်ဂိုဏ်းတွေကြားမှာ ဝင်ရှုပ်မိတာကြောင့် အိမ်ကို သေနတ်တွေနဲ့လာဝိုင်းတဲ့အချိန် မောင်နှမနှစ်ယောက်ထွက်ပြေးရင်း အစ်ကိုဖြစ်သူ အသတ်ခံလိုက်ရပါတယ်။ ဒီကနေ ကာလာတစ်ယောက် ထွက်ပြေးရင်း ကန္တာရထဲက ဥမင်တစ်ခုကိုတွေ့လို့ ဝင်ပုန်းရာမှာ ဥမင်အတိုင်း အဝေးကြီးထိ ဝင်လာခဲ့မိတော့ အမေရိကန်နယ်စပ်က အိမ်တစ်လုံးဆီကိုရောက်သွားရာကအစ စီအိုင်အေ၊ မူးယစ်ဂိုဏ်းကသတင်းပေးတွေနဲ့ မူးယစ်ဂိုဏ်းတွေကြားမှာ ပိတ်မိသွားတဲ့အခါမှာတော့ ...( aungmo3han အညွှန်းရေး ဘာသာပြန်ထားပါတယ်)Genre..... Action, Crime, Thriller Quality…. 1080p | 720p File size… 1.1GB | 594MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Safehouse (2023)

2023
Upendra Gadi Adda (2023) 7.8
Upendra Gadi Adda (2023) Upendra Gadi Adda (2023) "အောင်မြင်မှု"IMDb 7.8 ရထားတဲ့ တေလဂူး ဟာသ/ရိုမန့်/ဖိုက်တင်ဇာတ်ကြမ်း ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဟာဒယရွှင်ဆေး တိုက်ကျွေးမယ့်အပြင် အချစ်ဇာတ်လမ်းလေးကလည်း အဆစ်ပါသေးသပေါ့အူပန်ဒရာက ညဆို ဘော်ဒါတွေနဲ့ သဝေထိုး မနက်ဆိုနေဖင်ထိုးမှ ထတတ်တဲ့ အလုပ်မရှိ၊ အဖေအမေ မကြိုက်တဲ့ သားလေးတစ်ယောက်ပေါ့သူတို့ဆင်းရဲသားရပ်ကွက်မှာတော့ ဘော်ဒါတွေက ဝိုင်းမြှောက်ပင့်ကြလို့ ဟီးရိုးလိုဖြစ်နေတယ် ညီမဖြစ်သူကလည်း ဆိုရှယ်မီဒီယာ ဖော်လိုဝါတွေကြားမှာပဲ ဘဝကို နှစ်ထားပြီး အူပန်ဒရာတို့ တစ်သိုက်ကတော့ ပိုက်ဆံချေး၊ သူဌေးလိုဟန်ဆောင်ကာ သူဌေးသမီးတစ်ယောက်ကို ဝိုက်ဖို့ လုပ်တယ် ပိုက်ဆံ၊ ဂုဏ်အရှိန်အဝါကို ဖြတ်လမ်းနည်းကနေ လိုက်ရင်း ဘယ်လိုအရှုပ်အရှင်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့...အိန္ဒိယကားတွေထုံးစံအတိုင်း ရယ်လည်းရယ်ရ၊ ပညာပေးလည်း ခပ်ပါးပါးပုတ်ပြီး တင်ဆက်ထားကြောင်းပါခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.8GB / 1.3GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Upendra Gadi Adda (2023)

2023
Sherina’s Adventure 2 (2023) 7.2
Sherina’s Adventure 2 (2023) Sherina's Adventure 2 (2023)အင်ဒို musical ကားလေး Sherina's Adventure ရဲ့ အဆက် နံပါတ် ၂ လေး ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်။ နံပါတ် ၁ မှာ တွေ့ခဲ့ရတဲ့ကလေးတွေဖြစ်တဲ့ ရှယ်ရီနာ နဲ့ ဆဒမ်တို့လည်း ဒီကားထဲမှာ လူကြီးပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာပါ။ Main cast ကလည်း ဒီ cast တွေပဲဖြစ်တော့ ကြည့်ရတာ ဓာတုဗေဒမိနေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့က ကလေးဘဝကတည်းက ပြောမနာ ဆိုမနာသူငယ်ချင်းတွေဖြစ်ကြပြီး အထက်တန်းရောက်တော့ နှစ်ယောက်သား ကွဲသွားကြပါတယ်။ ဆယ်နှစ်လောက်အကြာမှာတော့ ရှယ်ရီနာက နာမည်ကြီးရုပ်ရှင်သံလွှင့်ဌာနရဲ့ အတော်ဆုံးသတင်းထောက်ဖြစ်နေပြီး အရေးကြီးသတင်းတွေပဲ လိုက်နေရပါတယ်။ တစ်နေ့တော့ သူ့အထက်လူကြီးက ကာလီမန်တန်တောထဲက မျောက်ဝံတွေလွှတ်ပေးတဲ့သတင်းကို လိုက်ခိုင်းတော့ စိတ်ဆိုးပါတော့တယ်။ အဲကို သူရောက်သွားတဲ့အချိန်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးက မန်နေဂျာက သူ့ရဲ့ငယ်သူငယ်ချင်း ဆဒမ်ဖြစ်နေသောအခါ… သူတို့တွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။ သူတို့တွေကွဲသွားတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ကာလီမန်တန်တောအုပ်ထဲမှာလည်း ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာ သီချင်းတွေ တစ်လှေကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုလိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ...
movie

Sherina’s Adventure 2 (2023)

2023
The Soul Reaper (2023) 6.2
The Soul Reaper (2023) The Soul Reaper (2023)IMDb - 6.2/10နာမည်ကြီးနေတဲ့ ဗီယက်နမ် Horror ကားလေးကို စီအမ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဓားပြလူနည်းစုအုပ်စုတစ်စုဟာ နေရာရွှေ့ပြောင်းရင်း တစ်နှစ်ပတ်လုံးနှင်းတွေကျနေတဲ့ တောင်ပေါ်လေးတစ်နေရာမှာ အခြေချနေထိုင်ခဲ့ပါတယ်။ အဲဒီရွာလေးမှာ ထူးဆန်းတာကတော့ ရွာလူကြီးမိသားစုကလွဲပြီး ကျန်ရွာသားတွေက တောင်အောက်ကို မဆင်းနိုင်ပါဘူး။ သူတို့ရွာရဲ့ ထူးခြားမှုနောက်တစ်ခုကတော့ မှောင်လာရင် နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ ထကြွတယ်လို့ သတ်မှတ်ထားပေမဲ့ ရွာရဲ့ပွဲတစ်ခုခုလုပ်စရာရှိရင် ညဘက်မှာပဲ ကြွက်မျက်နှာဖုံးတွေတတ်ပြီး လုပ်ကြတာပါပဲ။ ဒီလိုနဲ့ ရွာလူကြီးသမီးဖြစ်သူ ဖုန်ရဲ့ မင်္ဂလာပွဲကိုလည်း ရွာရဲ့အစဉ်အလာအတိုင်း ညဘက်မှာကျင်းပတာပေါ့။ အဲဒီမှာပဲ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ဖုန် ဟာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ပေမဲ့ ကျန်တဲ့သူတွေကတော့ မမြင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နေလာရင်း သူတိုရွာမှာ ထူးဆန်းစွာနဲ့ လူတွေ တစ်ယောက်က နှစ်ယောက် သေဆုံးလာခဲ့တဲ့နောက်မှာတော့ ရွာသားတွေဟာ ရွာမှာမနေရဲဘဲ တောင်အောက်ဆင်းဖို့ လမ်းရှာရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲ..... လူတွေကို သတ်နေတဲ့သူကရော ဘယ်သူဖြစ်မလဲ..... ဖုန်မြင်လိုက်တဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကရော ဘယ်သူများလဲ ..... ဆိုတာတွေကို ဂမ္ဘီရဆန်ဆန်နဲ့ ...
movie

The Soul Reaper (2023)

2023
Operation Valentine (2024) 5.5
Operation Valentine (2024) Operation Valentine (2024) ပရောဂျက်ဗာဂ်ျရာIMDb-5.5/10 Rotten tomatoes/71%ရီသိက်ရိုရှန်ရဲ့ ဖိုက်တာကားကြည့်ပြီး တိုက်လေယာဉ်ကားတွေ ထပ်ကြည့်ချင်သေးတဲ့ပရိသတ်ကြီးအတွက် တိုက်လေယာဉ်တွေနဲ့ကြမ်းပြမဲ့ နောက်တစ်ကားထွက်ရှိလာပါတယ်Varun Tej နဲ့ Miss World 2017 Manushi Chhillar တို့က အဓိကပါဝင်ထားပါတယ်အာဂျွန်ဒေ့ဗ်ဆိုတာ အရည်အချင်းရှိသလို ခေါင်းလည်းမာတဲ့ လေတပ်ဗိုလ်တစ်ယောက် အတိုင်းအတာ ခန့်မှန်းချက်တွေထက် သူ့ရဲ့လုပ်နိုင်စွမ်းကိုသာယုံကြည်ပြီး မစ်ရှင်တိုင်းကို စွန့်စွန့်စားစားလုပ်တတ်တဲ့သူ ။ သူဦးဆောင်ခဲ့တဲ့ ပရောဂျက်ဗာဂ်ျရာမှာ သူရဲ့စွန့်စားအရဲကိုးမှုတွေကြောင့် တွဲဖက်အရာရှိကျသွားပြီးတဲ့နောက် အဲဒီမစ်ရှင်ကိုရပ် သူကိုယ်တိုင်လည်းပျံသန်းခွင့်ရပ်နားခံလိုက်ရတယ်အာဟာနာက‌တော့ လေကြောင်းတိုက်ပွဲတွေမှာ အရာရှိတွေဘေးကင်းဖို့ မြေပြင်ကနေ ခန့်မှန်းချက်တွေ ရေဒါအတိုင်းအတာတွေ သတင်းပို့ညွှန်ကြားရသူ အာဂျွန်ဒေ့ဗ်ရဲ့ဇနီး ။ တစ်နေ့မှာ ရပ်ဆိုင်းထားတဲ့ ပရောဂျက်ဗာဂ်ျရာကို ပြန်စဖို့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ်အန္တာရယ်များလို့ရပ်ဆိုင်းထားတဲ့ ဗာဂ်ျရာပရောဂျက်ကို တစ်ခါရှုံးနိမ့်ဖူးတဲ့ ခေါင်းမာတဲ့အရာရှိအာဂျွန်က ဦးဆောင်တိုက်တဲ့ ဝေဟင်တိုက်ပွဲက ဘယ်လိုတွေဆက်ဖြစ်မလဲ အာဂျွန်နဲ့ ဆာဟာနာတို့ကရော တာဝန်ဝတ္တရားနဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကြား ဒီမစ်ရှင်ကို ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်း နှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.9GB  /  ...
movie

Operation Valentine (2024)

2023
Mayhem! (2023) 6.3
Mayhem! (2023) Mayhem 2023 အညွှန်းဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့ ၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။ ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ… သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။ ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။အညွန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Action, Crime, Drama Quality…. 1080p | 720p File size….. 1.8GB | 962MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Mayhem! (2023)

2023
The Color Purple (2023) 6.9
The Color Purple (2023) The Color Purple (2023)~ IMDb - 6.9/10, RT - 82%, Meta - 72% ~ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ...
movie

The Color Purple (2023)

2023
4K HEVC
The Boy and the Heron (2023) Cam Version 7.6
The Boy and the Heron (2023) Cam Version IMDb - 7.6/10 Rotten Tomatoes - 97%Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီးSpirited Awayဇာတ်ကားအပြီး ဒုတိယမြောက်Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီးဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ကောင်းကိုကောင်းစေရမယ်။လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင်ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl's moving castleရဲ့အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီးJapan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ အခုအထိလည်း နိုင်ငံတကာမှာပြသနေတဲ့အပြင်ကြည့်သူတွေအများအပြားရှိသေးတာမလို့ digital release(အကြည်)ဟာဇွန်လမှထွက်မယ်ဆိုတဲ့အထိကို ကြမ်းနေပါတယ်။ သတင်းတွေကလည်း စွတ်ကြီးနေတော့ ကျနော်ကိုယ်တိုင်လည်းဟုတ်ပါ့မလားဆိုပြီး ကြည့်ချင်နေခဲ့တာပါ။နောက်တော့ januaryလမှာပဲ ရုံခိုးရိုက်ထွက်လာပါတယ်။ဖွင့်ကြည့်တော့ တော်တော်ကိုရိုက်ထားတာအဆင်မပြေတာရော၊ဘိုစာတန်းမဟုတ်တာရောကြောင့် မကြည့်ဖြစ်ခဲ့ဘူးဗျ။ ပြီးခဲ့တဲ့တစ်လလောက်မှာတော့ ဘိုစာသီးသန့်ထွက်လာပါတယ်။ဒါပေမဲ့ ရုံခိုးရိုက်ပဲရှိသေးတာမလို့ ကြည့်သင့်မကြည့်သင့်လုပ်နေရာကနေ၂ပတ်ကြာသွားခဲ့တယ်လေ။ ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ ကြည့်လိုက်မယ်ကွာဆိုပြီးအစပိုင်းလေးဖွင့်ကြည့်ဖို့လုပ်ရာကနေ ရုံခိုးရိုက်ဆိုတာရော၊အသံဝါးတာရော အကုန်မေ့သွားပြီး ဇာတ်လမ်းကိုအဆုံးထိမျောပါသွားခဲ့တာဗျ။ဇာတ်လမ်းဆုံးတော့လည်း Studio Ghibliကတော့ လုပ်ချလိုက်ပြန်ပြီ။တကယ့်ဆရာကြီးပါကွာဆိုပြီးပဲတွေးမိနေတော့တယ်။ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရSpirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice ...
movie

The Boy and the Heron (2023) Cam Version

2023