Exit print mode Print Data A+ A- Undo all

Renfield(2023)

Sucks to be him.
Renfield(2023)Renfield(2023)

Synopsis:

Renfield(2023)

*************

ကဲ ပေါကားလောကကနေ ရုပ်ရှင်ရုံကြီးကားလောကထဲကို ပြန်ဝင်လာနိုင်တဲ့ နီကိုလက်ကေ့ရဲ့ ဒရက်ကူလာကားအသစ်လာပါပြီ။

နီကိုလက်ကေ့ဟာ တစ်ချိန်က ထိပ်တန်းသရုပ်ဆောင်ကြီးဖြစ်ခဲ့ပြီးမှ

အကြွေးတွေကြောင့် ကြုံရာကားတွေထိုးရိုက်ရတဲ့ဘဝကိုဆင်းသက်ခဲ့ရတဲ့သူပါ။

အခုတော့ သူ တစ်နှစ်ကို တစ်ကားနှုန်းနဲ့ ပိတ်ကားပြင်ပေါ်ကို ပြန်တက်လာနိုင်တာ တကယ်ဝမ်းသာစရာပါပဲ။

သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ပြန်အဖက်ဆယ်နိုင်ခဲ့ပါပြီ။

ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါ။ နီကိုလက်ကေ့က ဒရက်ကူလာအဖြစ် ပါဝင်ထားပြီး

သူ့ရဲ့ ရန်ဖီးဆိုတဲ့ နာမည်နဲ့ ဖမ်မီလိရာခေါ် အမှုထမ်းအဖြစ် မင်းသား နီကိုလက်ဟောက်က ပါဝင်ထားပါတယ်။

နီကိုလက်ကေ့ဟာအများအားဖြင့် ခေါင်းဆောင်မင်းသားနေရာမရတဲ့ရုပ်ရှင်တွေကို ငြင်းတတ်ပေမဲ့

ဒရက်ကူလာအဖြစ်သရုပ်ဆောင်ဖို့က သူ့အိပ်မက်တစ်ခုပဲမို့ ဒီရုပ်ရှင်ကို သဘောတူခဲ့ပါတယ်။

သူသရုပ်ဆောင်ဘဝအစမှာ အဖြစ်ချင်ဆုံး ဇာတ်ကောင်သုံးကောင်က Captain Nemo, Superman and Dracula တို့ပါပဲ။

ရန်ဖီးဆိုတဲ့နာမည်ကတော့ ဒရက်ကူလာဝတ္ထုထဲက ဒရက်ကူလာရဲ့ အမှုထမ်းနာမည်ကိုပဲ ပြန်သုံးထားတာပါ။

ဆေးပညာမှာလည်း ကိုယ့်ကိုယ်ကိုယ် သွေးစုတ်ကောင်လို့မြင်နေပြီး သွေးတွေသောက်သုံးချင်တဲ့

ရောဂါကို ရန်ဖီးရောဂါလို့ နာမည်ပေးကြပါတယ်။ မင်းသမီးကတော့ ရှန်းချီရဲ့ သူငယ်ချင်းအဖြစ်လူသိများကြတဲ့

မင်းသမီး အော်ကွာဖီနာပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ရေဘက်ကာ ကွင်စီဆိုတဲ့ ရဲမေအဖြစ် ပါဝင်ထားပါတယ်။ အဲဒီနာမည်ကလည်း ဒရက်ကူလာဝတ္ထုရဲ့ တစ်ဦးတည်းသော အမေရိကန်ဇာတ်ကောင် Quincey P Morris ကို အမှတ်တရထည့်သွားထားတာပါပဲ။

ဇာတ်လမ်းအကျဉ်း

ဒရက်ကူလာဟာ မုဆိုးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာအကြီးအကျယ်ရခဲ့တာကြောင့် စွမ်းအားပြန်ပြည့်ဖို့စောင့်ရင်

ခေတ်သစ်ကမ္ဘာကြီးထဲမှာ ပုန်းခိုနေရပါတယ်။ သူ့ရဲ့ အမှုထမ်း ရန်ဖီးကလည်း သူ့စားသုံးဖို

လူသားတွေရှာပေးနေပေမဲ့ အတတ်နိုင်ဆုံးမကောင်းတဲ့ကောင်တွေကိုလိုက်ရှာနေတဲ့ စိတ်ကောင်းရှိတဲ့လူတစ်ယောက်။

တစ်နေ့မှာတော့ လူဆိုးဂိုဏ်းက သတ်လုဆဲဆဲ ရဲမေတစ်ယောက်ကို ကယ်တင်ရင်းနဲ့

လူကောင်းလုပ်ချင်စိတ်တွေဝင်လာပြီး ဒရက်ကူလာကို စွန့်ခွာလာတဲ့အခါ…

ရဲတွေ လူဆိုးတွေနဲ့ ဒရက်ကူလာတို့ ဖမ်မီလီရာတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ပါဦး

 

File Size :(5.3GB)(1.9GB) &(818MB)
Quality : 4K,WEB-DL 1080P5.1Ch,720p
Format…mp4
Duration…01:33:00
Genre : Horror, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Mr.Anderson
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $86 200 000,00
Revenue
USD $22 000 000,00
Popularity
209.828
Status
Released
ID IMDb.com
tt11358390
IMDB Rating
6.7
IMDB votes
167000
ID Themoviedb.org
649609
TMDb Rating
7.207
TMDb votes
129