Exit print mode Print Data A+ A- Undo all

Rescuing Christmas (2023)

A holiday rebel without a claus.
Rescuing Christmas (2023)Rescuing Christmas (2023)

Synopsis:

Rescuing Christmas (2023)
====================
IMDb Rating – 6.4/10

ခရစ္စမတ်ဆိုတာ ယုံတမ်းပုံပြင်တွေ၊ ပဉ္စလက်ဆန်ဆန် မှော်ဆန်ဆန်
အဖြစ်တွေနဲ့မကင်းတာမို ဒီကားကလည်း ယုတ္တိတန်တာမတန်တာထက်
မိသားစုအတူ ပျော်ပျော်ပါးပါး ကြည့်လိုရမဲ့ စိတ်ကူးယဉ်ဆန်ဆန်ခရစ္စမတ်
နောက်ခံ အချစ်-ဟာသ-ဒရမ်မာ ရုပ်ရှင်ဇာတ်မြူးလေးဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့…
အယ်ရင်ဟာ အရင်နှစ်ခရစ္စမတ်တုန်းက အသည်းကွဲခဲ့တာကြောင့် ခရစ္စမတ်
ကိုစိတ်နာပြီး ရှောင်ပြေးချင်တဲ့ ဓာတ်ပုံဆရာမလေးပေါ့။ ဒါပေမဲ့ သူ့မှာ ချစ်စ
ရာမိသားစုလေးနဲ့ တူ/တူမလေးတွေရှိပါတယ်။ ခရစ္စမတ်ကို ဘယ်လိုစိတ်နာ
ပါစေ၊ မိသားစုနဲ့အတူ ခရစ္စမတ်ကိစ္စတွေ ၀င်ပါနေရတာပါပဲ။ တစ်နေ့တော့
ထူးဆန်းစွာပဲ ရေဒီယိုပရိုဂရမ်တစ်ခုကနေ သူ့ကို ခရစ္စမတ်ဆု ၃ ဆု တောင်း
နိုင်မယ့် ကံထူးရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကတော့ ခရစ္စမတ်ကို
စိတ်နာနေသူပီပီ ဆုတောင်းကို စိတ်မ၀င်စားသလို ယုံလည်းမယုံခဲ့ပါဘူး။

အယ်ရင်မသိတာက အဲဒီဆုတောင်းတွေဟာ သာမန်မဟုတ်ဘဲ ပဥ္စလက်ဆန်
နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ သူ့စိတ်ဆိုးဆိုးနဲ့တောင်းလိုက်တဲ့ဆု
ကြောင့် ခရစ္စမတ်ဆိုတာကြီး ပျော်ကွယ်သွားပါတယ်။ အဲဒီလို ခရစ္စမတ်ဆိုတာ
မရှိတဲ့ဘ၀ကြီးကျတော့လည်း အယ်ရင်တစ်ယောက်မနေတတ်ပြန်ပါဘူး။
အဲဒါကြောင့် သူ့မိသားစုနဲ့ တူ/တူမလေး‌တွေအပါအ၀င် လူတွေအားလုံးချစ်တဲ့
ပျော်စရာခရစ္စမတ်ပွဲတော်ကြီးကို ပြန်အသက်သွင်းဖို့ကြိုးစားပါတော့တယ်။

အယ်ရင်ရဲ့ဆုတောင်းရုတ်သိမ်းပြီး ခရစ္စမတ်ပွဲတော်နေ့က ပြန်ပေါ်လာပါ့မလား၊
ခရစ္စမတ်ပြန်လာအောင် အယ်ရယ်ဘယ်လိုတွေကြိုးစားမလဲဆိုတာ ပျော်စရာ
ရယ်စရာ ချစ်စရာ ကြည်နူးစရာတွေအဖြစ် ကြည့်ရှုကြရမှာမို ခရစ္စမတ်ရာသီ
အမီ ခရစ္စမတ်ရသလေးကိုအပီအပြင်ခံစားလိုက်ရအောင်နော်။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
C’mon ဖြစ်ပါတယ်)

File Size……….(1.94 GB) / (647 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 24Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Comedy, Drama, Romance
Translator…….C’mon
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Emily Moss Wilson
Popularity
8.884
Status
Released
ID IMDb.com
tt27491217
IMDB Rating
6.4
IMDB votes
1246
ID Themoviedb.org
1180656
TMDb Rating
7.75
TMDb votes
4