Exit print mode Print Data A+ A- Undo all

Revealer (2022)

Judgement comes.
Revealer (2022)Revealer (2022)

Synopsis:

 

ဒီကားက ​​​ပြောရရင် ငစားကားဗျ၊ ရိုးရိုးမစားဘဲ ဘာသာ​​ရေးပိုင်းနဲ့ စားတာဆို​တော့ အကျွမ်းတဝင်မရှိတဲ့သူဆို နှစ်ဆတိုးစားသွားမှာ။
ဒီကားထဲမှာ ကိုးကားထားတာက သမ္မာကျမ်းသစ်ထဲက ​နောက်ဆုံး ဖြစ်တဲ့ Revelationအ​ကြောင်းပါ။
ကမ္ဘာရဲ့​နောက်ဆုံး​နေ့ရက်များ အ​ကြောင်း​ပေါ့။ ဇာတ်လမ်းက စားသလို ​သွေးထွက်သံယိုအခန်း နည်းနည်းပါပြီး အ​ပြောအဆိုလည်း နည်းနည်း​လေးကြမ်းပါတယ်။

တစ်ကားလုံးမှာ အဓိကဇာတ်​ဆောင်က ​ကောင်မ​လေး၂​ယောက်ပဲပါတာပါ။
အန်ဂျီက ကလပ်က အ​ဖော်အချွတ်အကမယ်၊ ဆယ်လီဆိုတဲ့ တစ်​​ယောက်ကျ​တော့ ဘာသာ​ရေးအကိုင်းရှိုင်းလွန်း​နေသူ၊အန်ဂျီတို့လို မိန်းက​လေး​တွေ​ကြောင့် ဒီကမ္ဘာကြီးမှာ အပြစ်​တွေနဲ့ညစ်ညမ်းရတယ်ဆိုပြီး အ​ဖော်အချွတ်ကလပ်​တွေကို ဆန္ဒပြ​နေသူတစ်​ယောက်​ပေါ့။

တစ်​ရက်မှာ​တော့ အန်ဂျီကလည်း သူ့ဟာသူက၊ ဆယ်လီကလည်း သူ့ဘာသူပြတုန်း ​​​ကောင်းကင်တစ်ခွင်လုံးက မိုးပြိုမလို နီရဲလာပြီး ထူးဆန်းတဲ့အရာ​တွေ မိုးရွာသလို တရဟောကျလာ​သတဲ့။
ကလပ် အပြင်မှာ ဆန္ဒပြ​နေသူတွေက​တော့ အဲဒါ​တွေအန္တရာယ်​ပေးတာကို ခံလိုက်ရပြီး အချင်းချင်းစိတ်ရိုင်း​ဝင်ပြီး သတ်ကြပါ​လေ​ရော။

ဘာသာ​ရေးကိုင်းရှိူင်းသူ​လေး ဆယ်လီ​က​တော့ အဲဒါ​တွေရန်က​​နေ လွတ်ပြီး အ​ဖော်အချွတ်ကလပ်ထဲ​ ဝင်သွားနိုင်ပြီး အထဲမှာရှိ​နေတဲ့ အန်ဂျီနဲ့ ၂​ယောက်တည်း ၁ကမ္ဘာ ပိတ်မိ​သွားသတဲ့။
ကျမ်းစာ​တွေ ထုံးလို​မွှေ​ရေလို​နှောက် ဖတ်ထားတဲ့ ဆယ်လီက​ ဒီလက္ခကာ​တွေကကမ္ဘာကြီး​မှာ Sinner​တွေများလာလို့ ကပ်​ဆေးတာလို့ အတွင်တွင် ​ပြောသလို
အန်ဂျီကလည်း စွာ​တေး ကလပ်မယ်ပီပီ ဘုနဲ့​ဘောက်နဲ့ပြန်​ပြောရင်း ကလပ်ထဲက​နေလွတ်​အောင်၊ မိုး​​ပေါ်က​နေ ကျလာတဲ့ အရာ​တွေ ရန်ကလည်းဝေး​အောင် ၂​ယောက်သားကြိုးစားကြရင်း ​နောက်ထပ်ပြဿနာ​တွေနဲ့ ရင်ဆိုင်ရပါ​တော့တယ်။

( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူက‌တော့ Jim X ပါ )


File Size__(1.5GB) / (750MB)
Quality__1080p, 720p
IMDb Rating__5/10
Format__mp4
Duration__01:26:00
Type__Horror
Subtitle__Myanmar Subtitle (Hardsub)
Translated by Jim X
Encoded by Naing Aung Latt



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Stars
Bishop Stevens, Buzz Leer, Caito Aase, Phil Bogdan, Sammy DelPurgatorio, Shaina Schrooten
Runtime
1h 26m
Popularity
19.74
Status
Released
ID IMDb.com
tt14661252
IMDB Rating
5
ID Themoviedb.org
884882
TMDb Rating
5.3
TMDb votes
3