A delightful dramatic comedy, a buddy picture, and, for good measure, a heist film. Curmudgeonly old Frank lives by himself. His routine involves daily visits to his local library, where he has a twinkle in his eye for the librarian. His grown children are concerned about their father’s well-being and buy him a caretaker robot. Initially resistant to the idea, Frank soon appreciates the benefits of robotic support – like nutritious meals and a clean house – and eventually begins to treat his robot like a true companion. With his robot’s assistance, Frank’s passion for his old, unlawful profession is reignited, for better or worse.
Rating 7.1 အထိရထားတဲ့
စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပါ။
မဝေးတော့တဲ့အနာဂတ်မှာ လူသားတွေရဲ့ တီထွင်ဖန်တီးမှုကြောင့် စက်ရုပ်တွေကို
ကူဖော်လောင်ဖက်အနေနဲ့ ထားနိုင်တဲ့အနေအထား ရောက်လို့လာခဲ့ပါပြီ။
“ဖရန့်က်” ဆိုတဲ့အဘိုးအိုတစ်ယောက်ဟာ အိမ်ထောင်ကွဲနေပြီး သားနဲ့သမီးရှိပေမယ့်
တစ်ယောက်တည်း နေနေရတဲ့ အထီးကျန်အဘိုးအိုတစ်ယောက်ပါ။
အသက်အရွယ်ကြောင့် မကြာခဏသတိမေ့တတ်ပြီး
တခါတလေ ကိုယ်ဘာလုပ်ခဲ့မှန်းကိုလည်း မသိတော့ပါဘူး။
ဒါကြောင့် သူ့သားက မကြာခဏ လာမကြည့်နိုင်တဲ့အတွက် သူ့ကျန်းမာရေးအတွက်
အဆင့်မြင့်စက်ရုပ်တစ်ရုပ်ကို ၀ယ်လာပေးပါတယ် ။
ပရိုဂရမ်တွေ အဆင့်မြှင့်ထားတော့ လူတစ်ယောက်လိုပဲ သန့်ရှင်းရေး ချက်ပြုတ်ပြီးတော့
ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် တစ်နေ့တာအချိန်ဇယားတွေဆွဲပြီး
သေချာဂရုစိုက်ပေးတတ်တဲ့ စက်ရုပ်ပါ။
“ဖရန့်က်” ကတော့ စက်ရုပ်ရှိနေတာကို လုံးဝသဘောမကျပါဘူး။
စက်ရုပ်ရောက်လာတဲ့အချိန်ကစပြီး အိပ်ကောင်းခြင်းလည်းမအိပ်ရ
စားချင်တာလည်းမစားရ နဲ့ စက်ရုပ် ရေးဆွဲပေးထားတဲ့
တစ်နေ့တာအချိန်တိုင်း လှုပ်ရှားလည်ပတ်နေရပါတယ်။
“ဖရန့်က်” ရဲ့ မကောင်းတဲ့ဥာဉ်ဆိုးကတော့ သူဟာ သူခိုးကြီး ငတက်ပြားလို
စောရ နက္ခနဲ့ယှဉ်ပြီး မွေးခဲ့သလား တောင်အောက်မေ့ရပါတယ်။
အဲဒါကတော့ ခိုးတတ်တာပါပဲ။
အရင်ကလည်း ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက် သော့တွေကို ကျွမ်းကျင်စွာဖွင့်နိုင်တယ်။
အခုဝယ်လာပေးတဲ့စက်ရုပ်မှာ ခိုးတယ်ဆိုတာကို ဘာကိုဆိုလိုမှန်း အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သိပေမယ့်
လူသားတစ်ယောက် မဟုတ်တော့ ခွဲခြားဝေဖန်နိုင်စွမ်းမရှိပါဘူး။
သူ့အတွက်တော့ “ဖရန့်က်” ရဲ့ ကျန်းမာရေးညီညွတ်မယ်ဆို အားလုံးလုပ်ပေးမယ့်စက်ရုပ်ပါ။
ဒီလိုနဲ့ “ဖရန့်က်” တစ်ယောက် စက်ရုပ်ကို သော့ဖွင့်နည်းတွေ သင်ပေးပြီးတဲ့အခါမှာတော့…………
ဇာတ်လမ်းကအဲဒီက စတော့တာပါပဲ။
ဘယ်လိုတွေများ ဆက်ဖြစ်ကြမယ်ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။
စက်ရုပ်နဲ့အဘိုးအိုက တစ်ကားလုံးကို အချိန်ဘယ်လိုကုန်သွားမှန်း မသိအောင်ကို ဆွဲခေါ်သွားပါလိမ့်မယ်။
လူတိုင်းလူတိုင်းက တစ်နေ့တော့ အသက်အရွယ်ကြီးရင့်ပြီး အိုမင်းလာကြမှာပါပဲ။
ဒီကားလေးကြည့်ရင်းနဲ့ နောက်ဆုံးအရွယ်မှာ ဘာကအလိုအပ်ဆုံးလဲဆိုတာကို သိလာမှာပါ။
အကယ်၍ကိုယ်သာ အဘိုးကြီးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ကော….
ကိုယ့်ဘ၀ရဲ့ နောက်ဆုံးအရွယ် ကို ဘယ်လိုဖြတ်သန်း ကြမလဲ
ဘယ်လိုရင်ဆိုင်ရမလဲ ဘာတွေများ ပြင်ဆင်ထားကြပြီးပြီလဲ……
Robot And Frank တွင်ရှု့စားလိုက်ရအောင်ဗျာ….
Quality…..BluRay 720p
Duration…..01:29:00
Format…Mp4
File Size…(638 MB , 234 MB)
Translator…..Little Twinlay
Encoder…..Moe Myint Lwin
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။