Rounders(1998)
IMDB…7.3,,,Rotten…65%
Rounders ( ကျားများ) ကျား ။ ။ ကံတိုက်ကစားတဲ့ ဖဲသမား မဟုတ်ပဲ ဖဲလိမ်ရိုက်သူ ဖဲနဲ့ အသက်မွေးသူများကို ကျားဟုခေါ်သည်။
Ref..မင်းသိင်္ခ ဆရာသခင်နဲ့ နှစ်ပေါင်းများစွာ ခင်ဗျား ဖဲကစားရတာ စိတ်ဝင်စားလား…။ ကျွန်တော်တော့ မကြာမကြာ ဖဲကစား ဖူးတယ်။
Texas Holdem Poker လို့ခေါ်တဲ့ ဆိုတဲ့ ဖဲကစား နည်းလည်း အပါအဝင်ပါပဲ။ ဒီ ကစားနည်းကို ကျွန်တော် ကံ နဲ့ ဆုံးဖြတ်ချက်
သက်သက်လို့ ထင်ခဲ့ဖူးပါတယ်… ဒီ ဇာတ်ကားကို မကြည့်မိခင် အထိပေါ့။ ဖဲလိမ်ရိုက်တယ်ဆိုတာထက်
လူ့စိတ်ကို ဖတ်တယ် ဆို ပိုမှန်မလားပဲ။ ဒီထဲမှာ Matt Damon ပြောခဲ့သလို ပြောခဲ့သလိုပါပဲ ဖဲချပ်တွေကို ကစားတာ မဟုတ်ပါဘူ
း လူတွေရဲ့ စိတ်ကို ကစားလိုက်တာပါ။ ဖဲတစ်ချပ်ဝေတိုင်းမှာ ဆုံးဖြတ်မှုတစ်ခု လုပ်ရတယ်။ ဆက်လိုက်မလား အရှုံးပေးလိုက်မလား
လောင်းကြေးမြှင့်မလား အစရှိသဖြင့်ပေါ့… ကိုယ့်ဖဲက တစ်ဖက်ဖဲထက် ကောင်းလျက်နဲ့ အရှုံးပေးမိတာလည်း ဖြစ်နိုင်လေရဲ့ ။
တစ်ဖက်ဖဲထက် မသာပဲ နိုင်သွားတာလည်း ဖြစ်နိုင်လေရဲ့… ဒီတော့ ခင်ဗျားပဲ ပြောကြည့်ပါ ဘာကို ကစားတာများလဲ…။
ဇာတ်လမ်းအကျဉ်းကတော့ ဖဲကစားတာကို မိန်းကလေးတစ်ယောက်အတွက် ရပ်ထားတဲ့ ရှေ့နေစာမေးပွဲ ဖြေရတော့မဲ့ ကျားတစ်ကောင်….
သူ့ သူငယ်ချင်း ထောင်က ထွက်တဲ့နေ့မှာ သူငယ်ချင်း အလိုကို လိုက်ပြီး ဖဲကစားမိရာက သူ့ သူငယ်ချင်း ရဲ့
ပြသ၁နာတွေမှာ မီးခိုးကြွက်လျှောက် ပါဝင်မိရာက သူ့ ဘဝ အစစ်အမှန် ဝါ ဖဲသမားဘဝထဲ ပြန်ရောက်သွားတဲ့ အကြောင်းပါ
တစ်ကားလုံး အချစ်ခန်းတစ်ခန်းမှ မပါပေမဲ့ အဆုံးသတ်အခန်းလေးမှာတော့ စကားလုံးတွေအများကြီးမပါပဲ
သံယောဇဉ်တွေရဲ့ အတိမ်အနက်ကို ရိုးရိုးရှင်းရှင်းလေး ခလုတ်တိုက်ပြ သွားလေရဲ့ ဘဝမှာ ရွေးချယ်မှုတွေ အမြဲ ရှိပါတယ်။
ဘယ်သူ့ကို ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော ကိုယ် ဘယ်သူလဲဆိုတာကို ကျွန်တော်တို့တတွေ ကျောခိုင်းပြီး
ရွေးချယ်လို့ မရပါဘူး ရခဲ့လည်း ခဏပါပဲ။ မရွေးချယ်ခဲ့ပေမဲ့လည်း အနက်ရှိုင်းဆုံး သိမ်းဆည်းထားတဲ့
ချစ်ခြင်းတရားတွေလည်း ရှိလေရဲ့ Matt Damon ဒီကားမှာ ရွေးသွားတဲ့ လမ်းကြောင်းကို ကျွန်တော်တို့ မှန်တယ်
မှားတယ် မဝေဖန်ပဲ စီးမျော ကြည့်ကြရအောင်… Matt Damon နဲ့ Edward Norton လို Legend တွေ ပါဝင်ထားတဲ့ ကားလည်း ဟုတ်ပါတယ်။
IMDB Rating 7.3 အထိရထားပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko WiRa Aung ပဲဖြစ်ပါတယ်…
File Size : (800 MB) and (314 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:01:00
Genre : Crime, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by WiRa Aung
Encoded by Phyo Pyae
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။