Channel Myanmar

Report error

နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးမှာ ပတ်ဝန်းကျင်နေရာတိုင်းလိုလို
စက်ပစ္စည်းတွေနဲ့ အစားထိုးလို့လာခဲ့ပါတယ် ။ လျိုကျားချီလို့ ခေါ်တဲ့
အမျိုးသားဟာ မိသားစုတွေကိုလဲ အချိန်မပေးပဲ သူ့ရဲ့ စက်ပစ္စည်းတွေနဲ့ပဲ
အချိန်တွေကုန်ဆုံးလို့နေခဲ့ပါတယ် ။ တစ်နေ့မှာတော့ ဇနီးဖြစ်သူဟာ
ရောဂါနဲ့ ရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ် ။

ဇနီးသည်ဆုံးပါးသွားပြီးတဲ့နောက်မှာလဲ ကျန်ရစ်တဲ့ သမီးငယ်လေးတွေကို
ကလေးထိန်းနဲ့ ထားကာ သူကတော့ မိသားစုကို အချိန်မပေးပဲ
အလုပ်တွေနဲ့ ဗျာများနေတုန်းပါပဲ ။ ဒီလို ကြပ်တည်းနေတဲ့အချိန်မှာ
သူတို့ ကုမ္ပဏီကနေပြီးတော့ လူသားလို တစ်ထပ်ထဲ ပြုမူနိုင်တဲ့
လူသားစက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ပါတယ် ။

စက်ရုပ်ကို ဒီဇိုင်းရေးဆွဲသူ လျိုကျားချီဟာ သေဆုံးသွားတဲ့
ဇနီးသည်နဲ့ ဆင်တူ စက်ရုပ်တီထွင်ပြီး အိမ်မှာ သမီးလေးတွေကို စေ
ာင့်ရှောက်ဖို့ ထားခဲ့တဲ့အခါမှာတော့…? အသက် ၁၇ နှစ်အရွယ်
သမီးအကြီးဖြစ်သူဟာ ဒီစက်ရုပ်ကို လုံးဝလက်မခံနိုင်ပေမဲ့
ဘာမှမသိနားမလည်တဲ့ ၅ နှစ်အရွယ် ညီမလေးကြောင့် လက်ခံခဲ့ပါတော့တယ် ။ ဒီတော့ …-

❏ မိသားစုကို အချိန်မပေးနိုင်တဲ့ ဖခင် နဲ့ သမီးလေး ၂ယောက်
ဘယ်လိုရှေ့ဆက်ကြမလဲ ကြားထဲမှာ ဘယ်လိုရင်ဆိုင်မှူတွေနဲ့
ကြုံတွေ့ရမလဲ? ဆိုတာ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

[Reviewed By Chit Mya Mya Hmwe]

Quality : WEB-DL 1080p , 480p
Format : mp4
Genres : Science-Fiction , Drama
Runtime : 1h 48 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

S-Girl ( 2022 )


No downloads available

Genres



Related movies