Exit print mode Print Data A+ A- Undo all

Sanju (2018)

One man... many lives
Sanju (2018)Sanju (2018)

Synopsis:

ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ
ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ
ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါ

ကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ
ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ
ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး

AK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ ထောင်နန်းစံရတော့ပါမယ်

အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီဒိုက်(ဇ်)ကို
သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ်

ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ …
တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ …

နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်

ဒါရိုက်တာကလည်း 3 Idiots, PK နဲ့ Munna Bhai ရုပ်ရှင်ကားကြီးတွေကို ရိုက်ကူးထားတဲ့ Rajkumar Hirani ဖြစ်နေတာကြောင့် ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပါပြီ။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo & Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)

++++++++++++++++++++

Sanju ရုပ်ရှင်ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ Aung Zin Phyo ရဲ့ Review ကိုလဲ မိတ်ဆက်ပေးခဲ့ပါရစေ။

Sanju (2018)

“ငါ့သားက ပြန်မလာနိုင်ရအောင်
ကုန်ဆုံးသွားတဲ့အချိန်တွေမှမဟုတ်တာ
တစ်နေ့မှာ ဆန်ဂျေးဒတ်ပြန်လာလိမ့်မယ်”
ဆူနေးလ်ဒတ်
အပြောင်းအလဲများစွာနဲ့ မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ဘဝဇာတ်ကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်!
သူ့အကြောင်းကို စာအုပ်ရေးပြီးထုတ်ဖို့လာပြတော့ အလွဲပေါင်းများစွာပါနေတာမို့ ရေးတဲ့ကောင်ကိုပညာပေးပြီး စာအုပ်တွေကိုလည်း မီးရှို့ပစ်လိုက်တယ်…
တစိတ်ကို တစ်အိတ်လုပ်ပြောတဲ့ အရပ်စကားတွေရယ် ၊ နည်းနည်းဆိုများများဖွချင်တဲ့ မီဒီယာသမားတွေရယ်ကြောင့် ပရိသတ်တွေ ပြည်သူတွေက သူ့အပေါ် အထင်အမြင်လွဲကြတယ်… အဲ့ဒီအမြင်လေးတွေမှားနေတဲ့အကြောင်းကို သူ ပြောပြချင်တယ်…သိပ်မကြာခင်မှာဘဲ သူဟာ AK 56 လက်ဝယ် ကိုင်ဆောင်ထားမှုနဲ့ ထောင်ကျရတော့မှာလေ..
ဒီတော့ ထောင်ထဲမဝင်ခင် သူ့ဘဝအကြောင်းကိုစာအုပ်ရေးဖို့ နာမည်ကြီးစာရေးဆရာမတစ်ယောက်ကို ကမ်းလှမ်းတယ်…ပြောရရင် အကူအညီတောင်းတယ်ပေါ့
ဒါဟာ Sanjuရဲ့ ဇာတ်လမ်းအဖွင့်ပဲ…
ရုပ်ရှင်စရိုက်တော့ တချို့အိုက်တင်တွေ သူ မလုပ်တတ်ဘူး… ဒီတော့ အဖေဖြစ်သူ ဆူနေးလ်ဒတ်က ရိုက်ကွင်းမှာ သူကိုယ်တိုင်သရုပ်ဆောင်ပြတယ်… သရုပ်ဆောင်တဲ့အချိန်မှာ ဘယ်လိုစိတ် ထားရမလဲဆိုတာမျိုးပေါ့… ဖအေဖြစ်သူက အိုက်တင်သင်ပေးနေတဲ့အချိန်မှာ ဆရာသမားက ဆေးလိပ်ခိုးသောက်တယ်… ဆူနေးလ်ဒတ်သိသွားတော့ တစ်ခွန်းပဲပြောတယ်… `မင်း ဆေးလိပ်ကို ရပ်မလား… ငါ့ ရိုက်ကွင်းကိုရပ်ရမလား´တဲ့… ဆူနေးလ်ဒတ်က ဆန်ဂျေးဒတ်ကို သိပ်ကိုအောင်မြင်တဲ့လူတစ်ယောက်ဖြစ်စေချင်ခဲ့တယ်…
နောက်တော့ ဘိန်းဖြန့်တဲ့သူငယ်ချင်းနဲ့ပေါင်းမိပြီး သူပါ ဘိန်းသမားဖြစ်ခဲ့တယ်… ဆန်ဂျေးဒတ်က ပြောတယ်…
ပထမ – အဖေ့ကိုစိတ်ဆိုးလို့ ငါ ဆေးသုံးတယ်
ဒုတိယ – အမေ့ကျန်းမာရေးကြောင့် ငါ ဆေးသုံးတယ်
တတိယ – ငါ ဆေးသမားဖြစ်သွားလို့ ဆေးသုံးတယ် တဲ့…
ဆန်ဂျေးဒတ်ဟာ တကယ့်ကို ဘိန်းစားလုံးလုံးဖြစ်ခဲ့တယ်…
သူ လုပ်ချင်ရာကိုပဲ လုပ်ခဲ့တဲ့အချိန်တွေများတယ်… တစ်နေ့တော့ မမျှော်လင့်ဘဲ သူသိလိုက်ရတာက သူ့အမေမှာ ကင်ဆာရောဂါဖြစ်နေပြီဆိုတာပဲ… သားဖြစ်သိမှာစိုးလို့ ရောဂါမရှိဟန်ဆောင်ပြီး သားရှေ့မှာ တက်တက်ကြွကြွနေပြနေရှာတဲ့ အမေတစ်ယောက်ကိုကြည့်ပြီး ကျွန်တော့်မှာ မျက်ရည်ဝဲမိသေးတယ်…
ငါ့သားရဲ့ဇာတ်ကားရုံတင်ရင် Press Showနေ့မှာ သားအဖနှစ်ယောက်ကြားမှာ အမေ ထိုင်ပြီးကြည့်မယ်တဲ့… ဒါပေမဲ့ ကံဆိုးချင်တော့ ဆန်ဂျေးဒတ်ရဲ့ဇာတ်ကား ရုံတင်ဖို့ (၃) ရက်အလိုမှာ အမေဖြစ်သူဆုံးပါးသွားခဲ့တယ်…
၁၉၉၃လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်တော့ အဲ့ဒီကိစ္စမှာ ဆန်ဂျေးဒတ်ပါ ပါဝင်နေတယ်ဆိုပြီး အဖမ်းခံခဲ့ရတယ်… ဒီနေရာမှာ အရေးပါလာတာက အဖေတစ်ယောက်ရဲ့ အခန်းကဏ္ဍပဲ… ဆူနေးလ်ဒတ်ဟာ အချိန်များစွာ ကြုံလာသမျှဒုက္ခတွေကို သူတစ်ယောက်တည်းရင်ဆိုင်ခဲ့တယ်… မိန်းမဖြစ်သူဆေးရုံတက်ရတုန်းကလည်း တစ်ဖက်က ရောဂါသည်မိန်းမ တစ်ဖက်က ဘိန်းစွဲနေတဲ့ သား…
ဆူနေးလ်ဒတ်ဟာ ဖခင်ကောင်း ယောကျာ်းကောင်းတစ်ယောက်ဖြစ်ခဲ့တယ်… သားဖြစ်သူ ထောင်ထဲရောက်တော့ အာမခံရဖို့ ဝန်ကြီးတွေကိုအောက်ကျို့ခဲ့ရတာတွေလည်း ရင်နင့်စရာ…
ဆန်ဂျေးဒတ်ထောင်ကျနေတဲ့အချိန်….
ပူအိုက်နေတဲ့ညတစ်ညမှာ ဆူနေးလ်ဒတ်တစ်ယောက် ပန်ကာမဖွင့်ဘဲအိပ်တော့ ဆန်ဂျေးဒတ်ရဲ့သူငယ်ချင်းက ဒီလောက်ပူနေတာကို ဘာလို့ပန်ကာဖွင့်မအိပ်တာလဲလို့မေးတယ်… ` ငါ့သားက အခုချိန် အပူထဲမှာအိပ်နေရတာ… ငါလည်း အပူထဲမှာပဲအိပ်မယ်´ လို့ ဆူနေးလ်ဒတ်က ပြန်ဖြေတယ်.. သားဖြစ်သူ ထောင်ထဲမှာနေရတဲ့အတိုင်း အပြင်မှာလိုက်နေတဲ့ အဖေတစ်ယောက်ကိုမြင်ရတာဟာလည်း ရင်ထဲ ထိရှလွန်းတယ်…
ရက်ပေါင်း(၄၀၀)ကျော်လောက်ကြာတော့ ဆန်ဂျေးဒတ်ထောင်က ထွက်လာတယ်…ထောင်ကထွက်တဲ့အချိန် သူ့နာမည်ရှေ့မှာ အကြမ်းဖက်သမားဆိုတဲ့နာမည်တစ်လုံးပိုပါလာတယ်… အကြမ်းဖက်သမား ဆန်ဂျေးဒတ်ဆိုပါတော့… အဲ့ဒီအချိန် သူ့ ဘေးမှာရှိနေတာဆိုလို့ သူ့အဖေနဲ့ သူ့အမေဆေးရုံတက်တုန်းက အမှတ်မထင်ခင်ခဲ့ရတဲ့ သူငယ်ချင်းကမ်လေ့ချ်တို့ နှစ်ယောက်တည်းရယ်…
ဆန်ဂျေးဒတ်ဟာ အပေါင်းအသင်းကြောင့် လမ်းမှားရောက်ခဲ့သလို အပေါင်းအသင်းကြောင့်ဘဲ လမ်းမှန်ကိုပြန်ရောက်ဖို့အထောက်အပံ့တွေဖြစ်ခဲ့တယ်… သူငယ်ချင်းဆိုတာ မင်းအောင်မြင်နေရင် လက်ခုပ်တီးမယ်… မင်း ကျရှုံးတဲ့အခါ အားပေးနှစ်သိမ့်တယ်…ငယ်ငယ်လေးတည်းက လည်ပင်းဖက်ပေါင်းလာမှ သူငယ်ချင်းကောင်းမဟုတ်ဘူး… ဘယ်အချိန်ရောက်မှပဲတွေ့တွေ့ မင်းရဲ့အကျိုးအတွက်ဆို အမုန်းခံပြီးပြောရဲတဲ့သူဟာ သူငယ်ချင်းကောင်းပဲ…မင်းဒုက္ခရောက်တဲ့အခါ သူငယ်ချင်းကောင်းတွေကပဲ မင်း အနားမှာရှိနေကြလိမ့်မယ်…
ရန်ဘီးကပူးရဲ့ဇာတ်ကားတွေ တော်တော်များများကြည့်ဖူးခဲ့တယ်…
ဒီ Sanju ကို အကြွေဆုံးပဲ…
ဆန်ဂျေးဒတ်ဇာတ်ကောင်ကိုလုပ်ရဲတာ ရန်ဘီးကပူးကို ချီးကျူးမိတယ်….
ဆေးစွဲနေတဲ့ ငပိန်ရုပ်…
ဆေးပြတ်သွားတဲ့အချိန် လေ့ကျင့်ခန်းတွေပြန်လုပ်ပြီး 6 packsကြီးနဲ့ ဂေါ်နေသောရုပ်
အသက်ကြီးလာပြန်တော့လည်း ဆံပင်တွေ မုတ်ဆိတ်တွေဖြူပြီး တကယ့်ဘိုးတော်ရုပ်…
ရုပ်သာမက weight အတက်အကျကို အမှန်အကန်လုပ်ပြသွားတာကြီးက ရန်ဘီးကပူးကို မလေးစားပဲမနေနိုင်… တစ်ကားလုံးလိုလို ရန်ဘီးကပူးဆိုတာပျောက်ပြီး ဆန်ဂျေးဒတ်ကြီးကို ကြည့်နေရသလိုပဲ…ဆန်ဂျေးဒတ်ကြီးများ သူ့အထုပ္ပတ္တိကို သူကိုယ်တိုင်ဝင်ရိုက်နေသလားတောင် ထင်မိတဲ့အထိ..
ရန်ဘီးကို ချက်ချင်းတောင် အော်စကာပေးပစ်လိုက်ချင်စိတ်ပေါက်တယ်…
ဆန်ဂျေးဒတ်အကြောင်းပြောရင် သူ့အဖေကိုချန်ထားလို့မရဘူးလို့ ပြောရမယ်…
ဆူနေးလ်ဒတ်နေရာမှာသရုပ်ဆောင်တဲ့ Oh My Godမင်းသားကြီး Paresh Ravalရဲ့ အိုက်တင်တွေက ပြောပြတာထက်ကို အဆပေါင်းများစွာကောင်းလွန်းတယ်…သူ့ကြောင့် မျက်ရည်ဝဲကြမှာမြင်ယောင်သေးတယ်…
ဆန်ဂျေးဒတ်ရဲ့ အခင်ဆုံးသူငယ်ချင်း ကမ်လေ့ချ်နေရာမှာသရုပ်ဆောင်တဲ့ Vicky Kaushal ကလည်း အရင်ကြည့်ဖူးတဲ့ ၂ ကားထက် ဒီကားမှာ အံဝင်လွန်းတာကလည်း ဒီကားကိုအရှိန်တက်စေခဲ့တယ်… ဒီဘဲ အတော်မိုက်တာပဲလို့ မှတ်ချက်ပေးမိပြန်တယ်…
3 idiots, PK စတဲ့ အလန်းစားတွေကိုချပြထားတဲ့ ဒါရိုက်တာ Raj Kumar Hiraniရဲ့ နောက်ထပ်လက်ရာကောင်းတစ်ခု… သူနဲ့တွေ့တဲ့မင်းသားတိုင်း ကိုယ်တုံးလုံးချွတ်ရတာကလည်း ရယ်စရာတိုက်ဆိုင်မှုလို့ဆိုရမယ်… ဒါကြောင့်လည်း နောက်ထပ် ဘယ်နာမည်ကြီးမင်းသားကို ကိုယ်တုံးလုံးဖြစ်စေချင်လဲလို့ ဆရာသမားက အရွှန်းဖောက်ထားလိုက်သေးရဲ့…
ဇာတ်ကားတစ်ကားကောင်းတဲ့အခါ ဇာတ်ညွှန်းကိုမေ့ထားလို့မရပါ… အထူးသဖြင့် လူတစ်ယောက်ရဲ့အထ္ထုပ္ပတ္တိကို ပြန်ရိုက်တဲ့အခါ ပျင်းစရာကြီးမဖြစ်ဖို့အရေးကြီးပါတယ်… ဒီကားကတော့ ပျင်းစရာမကောင်းရုံသာမက ရယ်ရငိုရနဲ့ ရသစုံစုံလင်လင်နဲ့ကောင်းလွန်းတာမို့ ဇာတ်ညွှန်းပိုင်းကိုလည်း ချီးကျူးမိပါတယ်…
နောက်ဆုံးစကားလက်စသတ်ရရင်
Sanju ရုပ်ရှင်ဟာ အမေတစ်ယောက်ရဲ့ သားအပေါ်ထားတဲ့မေတ္တာ
အဖေနဲ့သားရဲ့ကြားက ချစ်ခြင်းမေတ္တာတရား နဲ့ နားလည်မှု… စစ်မှန်တဲ့သူငယ်ချင်းတွေကြားက သံယောဇဉ် စတဲ့ (၅၂၈) မေတ္တာတရားတွေ ထုံမွှမ်းနေတဲ့ရုပ်ရှင်တစ်ကားလို့ ဆိုချင်ပါတယ်… ဆောင်ရန်ရှောင်ရန်သာမက ယူစရာလေးတွေလည်း ဒီကားလေးမှာတွေ့ရပါလိမ့်မယ်…
Sanjuဟာ ကြည့်မိသူတိုင်းရင်ကို ထိရှစေမဲ့ဇာတ်ကား
ကိုယ့်အနေနဲ့ နောက်တစ်ခေါက်ပြန်ကြည့်ချင်ရုံသာမက မဖျက်ဘဲသိမ်းထားမဲ့ဇာတ်ကား…
အိန္ဒိယကားကြိုက်တဲ့သူတိုင်း ၁၀၀% သဘောကျမဲ့ဇာတ်ကား…
(သီချင်းတွေလည်း အတော်မိုက်တယ်)
ကြည့်ဖြစ်အောင် ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ…
.
#Sanju (2018)

File size…(10.5 GB)/(3.5 GB)/(1.8 MB)
Quality….BluRay 4K HEVC/1080p/720p
Format…mkv/mp4
Duration….02:40:30
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by Zaw Htoo & Nyi Koe



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Sanju
Director
Rajkumar Hirani
Stars
Anushka Sharma, Boman Irani, Dia Mirza, Jim Sarbh, Karishma Tanna, Manisha Koirala, Paresh Rawal, Ranbir Kapoor, Sonam Kapoor, Vicky Kaushal
Release Date
29 Jun 2018
Rated
N/A
Runtime
155 min
Awards
N/A
Country
India
Budget
USD $21 918 618,00
Revenue
USD $67 414 985,00
Popularity
8.877
Status
Released
ID IMDb.com
tt6452574
IMDB Rating
8.4
IMDB votes
28,621
ID Themoviedb.org
496328
TMDb Rating
7.211
TMDb votes
171