Channel Myanmar

Satan’s Slave (1980)

Satan's Slave    

R 96 min DramaHorror

5.7
IMDB: 5.7/10 171 votes

, , , , , , , , ,

N/A

Indonesia

199056

Report error

 

 

ကျနော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ အင်ဒိုနီးရှား စုန်းကားနဲ့

မိတ်ဆက်ပေးပါရစေ….

ခုတလော Hot ဖြစ်နေတဲ့ Pengabdi Setan ဆိုတဲ့ ရုပ်ရှင်ရဲ့

မူရင်းကားလေးဖြစ်ပြီးတော့

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က ရုပ်ရှင်ဖြစ်ပါတယ်

စီးပွားရေးလုပ်ငန်းရှင် မိုနာတို မှာ တွမ်မီ ဆိုတဲ့ သားတစ်ယောက်နဲ့

ရီတာ ဆိုတဲ့ သမီး တစ်ယောက်ရှိပြီး အမျိုးသမီးဖြစ်သူကတော့

မကြာခင်ကပဲ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်…

ကွယ်လွန်သွားတဲ့သူတွေ အတွက် ထုံးစံအတိုင်း

အစ္စလာမ်ဘာသာအရ ထုံးတမ်းအစဉ်လာတိုင်း

ကောင်းမှုကုသိုလ်များ လုပ်ပေးခဲ့ပေမယ့်

တစ်ရက်သော ညမှာတော့ မိခင်ဖြစ်သူရဲ့ ၀ိဥာဉ်ဟာ

သားဖြစ်သူ တွမ်မီ ကို လာနိုးခဲ့ပြီး နိမိတ်ပြခဲ့ပါတယ်…

နောက်ပိုင်း တွမ်မီ တင် မကပဲ သမီးဖြစ်သူ ရီတာ ကိုပါ

ထိတ်လန့်ချောက်ခြားအောင် ပြုလုပ်လာခဲ့သော ကြောင့်

ရီတာ ရဲ့ သူငယ်ချင်းဖြစ်သူ ဟာမန် ကတော့ သေဆုံးပြီး

လူတွေဟာ ရက် ၄၀ လောက် အိမ်တွင်းမှာ ကျင်လည်နေတက်ကြောင်း

သတိပေးပြီး မကောင်းဆိုးဝါး ထုတ်တဲ့ ဆရာပင့်သင့်ကြောင်း

အကြံပေးခဲ့ပါတယ်…

ဒါပေမယ့် အဲ့ဒီလိုအကြံပေးတဲ့သူတွေ အားလုံး အသေဆိုးနဲ့

တစ်မျိုးမဟုတ် တစ်ဟုတ် တရားခံ မပေါ်ပဲ သေကုန်ကြပြီး

အစပျောက်ကုန်ပါတယ်…

တစ်နေ့မှာတော့ မိခင်မရှိတဲ့ အိမ်ဟာ ဗရမ်းဗတာ မဖြစ်စေရန်

ဖခင် ဖြစ်သူက သားသမီးတွေ အတွက် အိမ်အကူခေါ်ခဲ့ပါတယ်

အိမ်အကူ အမျိုးသမီး ဖြစ်သူ ဒါမီနက် ဟာ ညသန်းခေါက်ကြီး

သူတို့ အိမ်ကိုရောက်ရှိလာပြီး သူမ ရောက်ရှိလာတဲ့

နေ့ထဲက စလို့ အိမ်တွင်းမှာ အိပ်မက်ဆိုးများ ဖြင့် ပို၍

အခြေအနေ ဆိုးလာခဲ့သော အခါမှာတော့….

 

Qty – DVD-Rip

Duration – 1hr 36min

Gern- Drama / Thrill / Horror

Reviewed – Thit San Khant

Translator – Mie Mie

Encoder – Kyaw Ye Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Satan’s Slave (1980)


No downloads available

Genres



Related movies