Channel Myanmar

Savita Damodar Paranjpe (2018)

Savita Damodar Paranjpe    

N/A 108 min DramaHorrorThriller

8.2
IMDB: 8.2/10 38 votes

, , ,

N/A

India

66115

Report error

Bagan 999
spree

စိတ်ဆိုတဲ့ အရာဟာ သိပ်ကိုဆန်းကျယ်တယ်

အထူးသဖြင့် တမလွန်ကူးပြောင်းနေတဲ့ စပ်ကြားအချိန်တွေမှာပေါ့

ရုတ်တရက် ကား တိုက်သေသွားလို့

မကျွတ်လွတ်နိုင်တဲ့ နာနာဘာဝတွေ အကြောင်းကြားဖူးမှာပါ

စွဲလမ်းမှုလေးတစ်ခုကြောင့် ဘယ်ဘုံဘဝမှ

မကူးနိုင်ပဲ အဲ့စွဲလမ်းမှုလေးနောက်တကောက်ကောက် လိုက်နေရတဲ့

သူတို့ဘဝကသေချာစဉ်းစား ကြည့်ရင်ကြောက်ဖို့ကောင်းပေမယ့်လို့

သနားစရာပါ ကဲ ဇာတ်လမ်းလေးကတော့ ရှာရတ်ဆိုတဲ့

စာရေးဆရာတစ်ယောက်မှာ သူသိပ်ချစ်တဲ့

ဇနီးသည်လေးရှိတယ်ပေါ့ အဲ့ဇနီးသည်နဲ့

သူညအိပ်ပြီဆိုတိုင်းတစ်ခုမ ဟုတ်တစ်ခုကဖြစ်တော့တာပဲ

အဆိုးဆုံး ကတော့ သူ့မိန်းမဗိုက်တွေထထအောင့် တတ်တာပဲ

ဆေးတွေလဲစုံ သမားတော်တွေ လဲ စုံပြီးကြံရာမရတော့တဲ့

ရှာရတ်ကြီး တစ်ယောက် သူ့အမျိုးထဲက

အရွှတ်ခ်ဆိုတဲ့ သူငယ်ကိုသွားသတိရမိလေရဲ့

အရွှတ်ခ်ကဗေဒင်နက္ခတ်လက္ခဏာဗေဒတွေကို

အတိုင်းတာတစ်ခုထိလိုက်စားဖူးထားတာကိုး

အရွှတ်ခ်နဲ့သူ့မရီးဖြစ်သူ ပေးတွေ့ပြီးနောက် ပိုင်

မြုပ်ကွယ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်

ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကိုယ့်ဘာသာပဲ download လုပ်ပြီး

ကြည့်ရှုခံစားကြည့်ကြပါ ဒီဇာတ်ကားလေးဟာ thriller ဆိုတာထက် drama ဘက်ကို

ပိုအလေးပေးသွားမယ့်ကားပါ ကုလားကားဆိုတဲ့အတိုင်း

သီချင်းတွေကတော့ပြောစရာမရှိဘူး plot ကလဲ twist ဖြစ်မလိုလိုနဲ့ နဲနဲပေါ့တယ်မြင် မိတယ်

ဒါကတော့ personal view ပါသရဲကားဆိုတာထက်

drama ဘက်ကိုပိုဇောင်းပေးထားလို့ ထူးထူးခြားခြားခြောက်လှန့်တာတွေတွေ့ရမှာမဟုတ်ပါဘူး

ဇာတ်လမ်းကရှည်ပေမယ့် ပျင်းဖို့တော့မကောင်းဘူး

တစ်ကားလုံးစိတ်ဝင်တစားနဲ့ကြည့်သွားရမယ်

တကယ်လဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ending ပိုင်းမှာတော့

သရဲကားတိုင်းနဲ့မတူတဲ့ ending ပါ

သူ့ဟာနဲ့သူတော့ အတော်လေးအဆင်ပြေ တဲ့ကားပါ

ဒါ့ကြောင့် လဲ IMDb မယ် rating 7.8 ရထားတာပေါ့

နောက်ပိုင်းသရဲကား တွေမှာ အခုလို

ကွဲထွက်တာလေးတွေပိုပို တွေ့လာရပါတယ်

မတူညီတဲ့ရသနှစ်ခုကို တပြိုင်တည်းခံစားချင်သူတွေအတွက်

သေးထွက်အောင်ကြောက်စရာမကောင်း တဲ့

သရဲကားကောင်းကောင်းကြည့်ချင်တဲ့

သူတွေအတွက်တော့ လက်မလွှတ်သင့် တဲ့ကားပါ

 

ဒီရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီး

အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်

Savita Damodar Paranjpe (2018)
Bagan 999


No downloads available

Genres

Related movies