Exit print mode Print Data A+ A- Undo all

Se7en (1995) Seven

Seven deadly sins. Seven ways to die.
Se7en (1995) SevenSe7en (1995) Seven

Synopsis:

“The world is a fine place and worth fighting for.”

Ernest Hemingway

CM ပရိသတ်ကြီးရေ။ ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလားခင်ဗျာ။ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်။ အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ။

IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995) ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။
ဇာတ်လမ်းကဒီလိုပါ…..
ဝီလီယမ် ဆမ်မာဆတ်( Morgan Freeman)ဟာ ရာဇဝတ်မှုတွေထူပြောတဲ့မြို့လေးတစ်မြို့က အမှုလိုက်အရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့လုပ်သက်တစ်လျှောက်လုံးမှာ တွေ့ကြုံခဲ့ရတဲ့ ရာဇဝတ်မှုတွေကြောင့် မြို့ကိုရော သူ့ရဲ့အလုပ်ကိုပါစိတ်ကုန်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူအနားယူဖို့ တစ်ပါတ်အလိုမှာ သူ့နေရာကို ဆက်လက်တာဝန်လွှဲပြောင်းယူရမယ့် ဒေးဗစ်မီလ် (Brad Pitt)ဆိုတဲ့ အမှုလိုက်အရာရှိအသစ်တစ်ယောက် ရောက်လာခဲ့ပါတယ်။ မီလ် ကတော့ ဆမ်မာဆတ်နဲ့ ကွဲပြားစွာပဲ တာဝန်ထမ်းဆောင်ဖို့ အလွန်
တက်ကြွနေပြီး ဒီမြို့ကလေးအတွက်
ကောင်းမွန်တဲ့ အပြောင်းအလဲကို
ဖော်ဆောင်ပေးချင်နေတဲ့သူပါ။ မီလ်ဟာ လူငယ်လည်းဖြစ်တဲ့ အလျောက် စိတ်မြန်လက်မြန်ရှိပြီး ခေါင်းမာတဲ့သူတစ်ယာက်လည်
ဖြစ်ပါတယ်။ မီလ်မှာ့ သူ့ကိုအရမ်းချစ်ပြီး နားလည်မှုလည်းရှိတဲ့ ချစ်စရာကောင်းတဲ့ ထရေစီ (Gwyneth Patrow)ဆိုတဲ့ ဇနီးတစ်ယောက်ရှိပါတယ်။ ထရေစီဟာ သူ့ခင်ပွန်းနဲ့ အတူတွဲပြီး အလုပ်လုပ်ရမယ့် ဆမ်မာဆတ်ကို ညစာဖိတ်ကျွေးရင်း သူတို့တွေ ရင်းနှီးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဆမ်မာဆတ်နဲ့မီလ်ဟာ အတူတွဲပြီး အလွန်ရက်စက်ပြီး ထူးဆန်းတဲ့လူသတ်မှုတစ်ခုကို စုံစမ်းဖို့ဖြစ်လာပါတယ်။ အဲဒီအမှုကို စုံစမ်းထောက်လှမ်းရင်းနဲ့ ဆမ်မာဆတ်နဲ့ မီလ်တို့နှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဆက်လက်ကြုံတွေ့ပြီး ဘယ်လိုဖြစ်ပျက်ကြမယ်ဆိုတာကိုတော့……ဇာတ်ကားကိုသာ ဆက်လက်ကြည့်ရှုခံစားလှည့်ကြပါလို့ပြောပါရစေ။ ဒီဇာတ်ကားကို MMDB ရဲ့ Page မှာလည်းရေးသားဖော်ပြထားပါတယ်။ ဇာတ်လမ်းအညွှန်းကို ဒီလောက်နဲ့အားမရရင်တော့ အဲဒီမှာ သွားရောက်ဖတ်ရှုခံစားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီပို့စ်မှာလည်း မကြည့်ရသေးသူများအနေနဲ့ ပို့စ်ကိုအရင် မဖတ်ကြဘဲ ဇာတ်ကားကို အရင်ကြည့်ရှုကြသင့်ကြောင်း တိုက်တွန်းပြောကြားထားပါတယ်။ ဒီဇာတ်လမ်းကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာ David Fincher ရဲ့ကြိုးစားရိုက်ကူးပုံဖော်ထားခဲ့မှု၊ သူ့ရဲ့တင်ပြပုံတွေနဲ့ ပါတ်သတ်ပြီး သုံးသပ်တင်ပြထားတဲ့ MMDB ရဲ့ Preview တစ်စိတ်တစ်ပိုင်းကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်ခင်ဗျာ။

မေတ္တာဖြင့်

Kaung Thant Sin
—————-//
—————-
“Long is the way and hard, that out of Hell leads up to light.”

John Milton (Paradise Lost)
… … … … … … … … … … … …
… … … … … … … … … … … …

Seven (သို့) Se7en ဟာ Aliens 3 ဇာတ်ကားနဲ့ ပွဲဦးထွက်ဒါရိုက်တာဘ၀ မလှပခဲ့တဲ့ David Fincher, ဒုတိယမြောက် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားပါ။ Brad Pitt, Morgan Freeman, Gwyneth Patrow တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ 1995 ခုနှစ်ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်တွေထဲ အပါအဝင် ဖြစ်သလို၊ Thriller အမျိုးအစားထဲ ဂန္တဝင်အဆင့်သတ်မှတ်ခံခဲ့ရပြီး၊ David Fincher ကိုပါ သူ့မျိုးဆက်ရဲ့ အရည်အချင်းအရှိဆုံး ဒါရိုက်တာတွေထဲ တစ်ယောက်အဖြစ် ထင်ရှားစေခဲ့တဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းကို Somerset နဲ့ Mills တို့ စတွေ့တဲ့အခန်းနဲ့ စဖွင့်ထားပေမယ့်၊ Se7en ကို သမာရိုးကျ ဇာတ်ကားမဟုတ်မှန်း သိသာသွားစေတာကတော့ အဲဒီဇာတ်ဝင်ခန်းနောက်မှာလာတဲ့ အဖွင့်စာတန်းထိုးတဲ့ အခန်းပါပဲ။ ဒိုင်ယာရီလို စာအုပ်တစ်အုပ်ထဲ ရေးမှတ်နေတဲ့ လက်တစ်စုံ၊ သတင်းစာဖြတ်ပိုင်းတွေနဲ့ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ လူတစ်ချို့ရဲ့ ဓါတ်ပုံတွေကို အဲဒီလက်တွေက ကိုင်တွယ်နေတာကို ကြည့်နေရင်းနဲ့၊ အဲဒီအခန်းရဲ့ နောက်ခံတီးလုံးကို နားထောင်နေရင်းနဲ့ပဲ ဒီဇာတ်ကားမှာ မြင်ရမယ့် ရက်စက်မှူတွေ၊ မျှော်လင့်ချက်မဲ့မှူတွေရဲ့ အရသာကို မသိစိတ်က ခပ်ရေးရေး ခံစားမိနေပြီ။

ဇာတ်ဝင်ခန်းတိုင်းလိုလိုမှာ၊ ကောင်းကင်က ညို့မှိူင်းနေသလို၊ မိုးကလဲ တဖျောက်ဖျောက် အမြဲကျနေတတ်ပြီး၊ အဆောက်အဦးတွေ၊ အခန်းတွေထဲကို ရိုက်ပြထားတဲ့အချိန်မှာလဲ အဲဒီထိုင်းမှိူင်းတဲ့ ခံစားချက်က လုံးဝပျောက်မသွားတာကလဲ အခုဆိုရင် Fight Club, Panic Room, Zodiac, The Girl With The Dragon Tattoo ပြီးတော့ ခုနောက်ဆုံး Gone Girl တို့လို ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ Fincher ရဲ့ အမှတ်သညာတစ်ခုလို ဖြစ်နေပါပြီ။

ပရိသတ်ဟာ ဒီသွေးပျက်စရာလူသတ်မှူတွေကို ဖြစ်ပွားပြီးမှသာ မြင်ခွင့်ရခဲ့သလို၊ တရားခံကိုယ်တိုင်ကလဲ ဇာတ်သိမ်းခါနီးမှသာ ထွက်ပေါ်လာခဲ့ပေမယ့်၊ အဲဒါကပဲ ဒီဇာတ်ကားရဲ့ ဗီလိန်ဖြစ်တဲ့ John Doe ကို ကြည့်နေတဲ့သူစိတ်ထဲ ဖျောက်မရအောင် ဖြစ်သွားစေခဲ့ပါတယ်။ ဒါကလဲ မထူးဆန်းပါဘူး။ လူတွေဟာ အကောင်အထည်လိုက် ခြေ ာက်နေတဲ့ သရဲတစ္တေထက်၊ အိပ်ယာဝင်ပုံပြင်တွေဖတ်ပြီး၊ ကိုယ့်မသိစိတ်က ကိုယ်တိုင်ပုံဖော်တဲ့ မိစ္တာတွေကိုသာ ပိုပြီး ထိတ်လန့်တတ်တာ သဘာဝပဲ မဟုတ်လား။

Howard Shore ရဲ့ နောက်ခံဂီတအပိုင်း၊ Cinematography ကို ကိုင်တဲ့ Darius Khondji နဲ့ Editing ပိုင်းတာဝန်ယူတဲ့ Richard Francis-Bruce တို့နဲ့ ဒါရိုက်တာ David Fincher ရဲ့ ရိုက်ကူးမှူအပိုင်းဟာ Se7en က တစ်ဆင့် သူတို့ထုတ်ပြချင်တဲ့ လောကတစ်ခုကို လုံးဝဟာကွက်မရှိပဲ အပြည့်စုံဆုံး ဖန်တီးနိုင်ခဲ့ပေမယ့်၊ Masterpiece ဆိုတဲ့ တကယ့် ဂန္တဝင်လက်ရာတွေမှာ ဖန်တီးသူရဲ့ အရည်အချင်းက 90%ဆိုရင်၊ ကျန်တဲ့ ၁၀ရာနှူန်းက ကံတရားဖေးမမှူပါပဲ။

ဥပမာပြောရရင်၊ ဇာတ်လမ်းအစအဆုံး နေရောင်ခြည်စစ်စစ်ကို လုံးဝမပြခဲ့လို့ Se7en ရဲ့ စိတ်ချောက်ချားစရာ theme ဟာ တစ်လျှောက်လုံး ဇာတ်ကားတစ်လျှောက်လုံး စိတ်ထဲနစ်ဝင်နေခဲ့ပေမယ့်၊ တစ်ကားလုံးမှာ ချောက်ချားစရာ အကောင်းဆုံးဆိုတဲ့ ဇာတ်သိမ်းခန်းကတော့ လင်းလင်းချင်းချင်းနေရာမှာ ဖြစ်ပွားခဲ့ပြီး၊ အဲဒီအချက်ကပဲ ဒီဇာတ်သိမ်းခန်းရဲ့ သွေးပျက်စရာခံစားချက်ကို နှစ်ဆတိုးစေခဲ့ပါတယ်။ ဒါပေမယ့်၊ ဒီအဖြစ်အပျက်ဟာ David Fincher ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပဲ၊ ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးတဲ့အချိန်မှာ မိုးရေဖြန်းတဲ့စက်တွေ သုံးလို့မရခဲ့လို့သာ ဒီအတိုင်းရိုက်ကူးခဲ့ရတာပါ။

ယှဉ်ပြီးပြောရရင်၊ Avatar လို ဇာတ်ကားမျိုးကို ကြည့်ပြီးရင် စိတ်ထဲမှာ ကျန်ခဲ့တာက ဒီလိုဇာတ်ကားမျိုးရအောင် သူတို့ ဘယ်လိုများ ဖန်တီးခဲ့ပါလိမ့်ဆိုတဲ့ အံ့သြချီးမွမ်းစိတ်ပဲ ဖြစ်ဖို့များပါတယ်။ ဒါပေမယ့်၊ Se7en ဇာတ်လမ်းဆုံးလို့ စာတန်းထိုးတဲ့အချိန်မှာ ရုပ်ရှင်တစ်ကားထက် လက်တွေ့လောကက ခြောက်ခြားစရာ အဖြစ်အပျက်တစ်ခုကို ကိုယ်တွေ့ကြုံလိုက်ရသလို ခံစားချက်နဲ့ စိတ်ထဲမှာ အတွေးတစ်စုံတစ်ရာကတော့ ကျန်ခဲ့မှာပါ။

ကျွန်တော်ဟာ၊ ကျွမ်းကျင်လို့မဟုတ်။ ဝါသနာပါလို့ ကိုယ့်စိတ်ထဲပေါ်တာကို ချရေးနေတဲ့ အပျော်တမ်းသမားတစ်ယောက်ဆိုတာ အထူးပြောစရာမလိုဘူးဆိုပေမယ့်၊ သေချာအာမခံနိုင်တာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့၊ ဝေဖန်သူတစ်ယောက်မဟုတ်ပဲ၊ ဇာတ်လမ်းထဲစိတ်နှစ်ပြီး ကြည့်တတ်တဲ့ ရုပ်ရှင်ပရိသတ်တစ်ယောက်အတွက်၊ Se7en ဟာ ပေးဆပ်ရတဲ့အချိန်နဲ့ ထိုက်တန်တဲ့ ကျေနပ်မှူကို ရရှိစေမယ့် ဇာတ်ကားဖြစ်တယ်ဆိုတာပါပဲ။
Credit- MMDB

#Se7en

File size…(5.4 GB)/ (1.9 GB)/(1 GB)
Quality….BluRay 4K HEVC/1080p HEVC/720p
Format…mkv/mp4
Duration….02:06:49
Subtitle….Myanmar Subtitle(Hardsub)
Encoder….Ka Naung
Translated by Kaung Thant Sin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $33 000 000,00
Revenue
USD $327 311 859,00
Popularity
45.392
Status
Released
ID IMDb.com
tt0114369
IMDB Rating
8.6
ID Themoviedb.org
807
TMDb Rating
8.368
TMDb votes
19392