Seven Pounds(2008)
Seven names. Seven strangers. One secret.Synopsis:
Seven Pounds(2008)
IMDb……7.6
လူတစ်ယောက်ဟာ 911ကို အရေးပေါ်ဖုန်းခေါ်ဆိုရင်း သူ့ဆီကို လူနာတင်ကားလွှတ်ဖို့ပြောနေတယ်…သူ့မှာမျက်ရည်တွေလည်းရွှဲလို့.
. တစ်ဆက်ထဲသူပြောတဲ့စကားတွေက လူတစ်ယောက်အခန်းထဲမှာ သေကြောင်းကြံစည်မှုလုပ်နေလို့ လူနာတင်ယာဉ်ချက်ချင်းလွှတ်ပေးဖို့ရယ် လိပ်စာရယ်ပေါ့…
တစ်ဘက်က မေးတယ် သေကြောင်းကြံတာဘယ်သူလဲတဲ့ …အဲ့ဒီမှာ ဖုန်းဆက်တဲ့သူက ဖြေတယ်.. ကျွန်တော်ကိုယ်တိုင်ပါပဲတဲ့….
အဲ့ဒီအခန်းပြီးတော့ ဖုန်းဆက်တဲ့သူဟာ လက်ဆွဲအိတ်တစ်လုံး ကားတစ်စီးနဲ့ လူတစ်ချို့ဆီကိုသွားတယ်..အလုပ်နဲ့ပတ်သက်တာပြောတယ်.
.ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာ ကြေကွဲဝမ်းနည်းမှုတွေ နောင်တတွေပြည့်နှက်နေတယ်.
..တစ်ခါတစ်ရံ ဖုန်းဆက်ပြီး တခြားသူကို အကြောင်းမဲ့ဆဲဆိုတယ်..အချိန်တော်တော်များများမှာတော့ တခြားသူတွေရဲ့လိုအပ်ချက်ကိုလိုက်ရှာပြီးဖြည့်ဆည်းပေးနေတယ်.
..ကြည့်ရတာ သူလုပ်ချင်တာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ကောင်းတာဖြစ်မလား ဆိုးတာဖြစ်မလား ဝေခွဲရခက်နေတဲ့ပုံပဲ…
ဒီဇာတ်ကားက ပြောရရင် ဇာတ်ကားအလည်လောက်ထိ Will Smith ဘာလုပ်ချင်တာလဲ …သူဘာဖြစ်နေတာလဲ လိုက်ဖမ်းနေရတယ်..
.နောက်ပြီးတော့ သူ့ရဲ့သရုပ်ဆောင်မှု…ဒီကားဟာ သူတစ်ယောက်ထဲသရုပ်ဆောင်နေသလားတောင်ထင်နေရတယ်…
တခြားနာမည်ကြီးသရုပ်ဆောင်တွေပါပေမယ့် သူ့ရဲ့လွမ်းမိုးမှုကြောင့် မြှုတ်နေသလိုဖြစ်နေတယ်.
..ဒါကြောင့်လည်းသူဟာ အကောင်းဆုံးမင်းသားဆုရခဲ့တဲ့အပြင် BET Award for Best Actor ဆုကိုပါထပ်မံရရှိခဲ့ပါတယ်..
..သူဟာသေကြောင်းဘာကြောင့်ကြံရတာလဲ…ပြီးတော့လူတွေကိုဘာလို့လိုက်တွေ့ပြီးကူညီပေးနေရတာလဲ ဆိုတာကို ခံစားကြည့်လိုက်ပါဦး…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်…
File Size : (850 MB) and (349 MB)
Quality : Blu-Ray 720p
Format…mp4
Duration…02:03:00
Genre : Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lyric Lynn Khant
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။