Channel Myanmar

Seven Samurai (1954)

Shichinin no samurai    

3h 27min ActionAdventureDrama

8.6
IMDB: 8.6/10 303,969 votes

, , , , , ,

, , , , , , , , ,

Nominated for 2 Oscars. Another 5 wins & 6 nominations

Japan

624448

Report error

Seven Samurai (1954)

IMDb – 8.6/10_______R0tten – 100%

 

၁၉၅၄ ခုနှစ်က ထွက်ခဲ့တဲ့ ဂျပန်ကားတစ်ကားကို တင်ပေးထားပါတယ်။

ဒီရုပ်ရှင်ကတော့ ဂျပန်ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးကားတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။

နှောင်းခေတ်ရုပ်ရှင်တွေဟာလည်း ဒီရုပ်ရှင်ကနေ ပညာတွေအများကြီးယူကြရတယ်လို့ ပြောကြတယ် (ဘာတွေလဲတော့ နားမလည်ပါဘူး)။

ဒီရုပ်ရှင်ရဲ့ဘတ်ဂျက်ကတော့ အဲဒီခေတ်အခါကဆို အတော်မာျးပါတယ်။

ရုပ်ရှင်ကားကြီးတွေကို $70000 လောက်နဲ့ ရိုက်နေကြချိန်မှာ ဒီရုပ်ရှင်ရဲ့ ဘက်ဂျက်ဟာ $ 500 000 ဖြစ်နေခဲ့ပါတယ်။

ပြီးတော့ ရုပ်ရှင်ရိုက်ကူးချိန်လည်း ကြာလွန်းတော့ ပရိုဂျူဆာတွေက ၂ ခါတိတိ ပိတ်ချခဲ့ပါတယ်။

ဒါရိုက်တာ အကီရာ ကူရိုဆာဝါကတော့ ပိတ်ချခံရတိုင်း ငြင်းခုံမနေဘဲ အသာလေး ငါးမျှားထွက်သွားလိုက်တာပါပဲ။

ပရိုဂျူဆာတွေ ပြန်လိုက်ခေါ်မယ်ဆိုတာ သိပြီးသားမို့ပါ။ ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေကလည်း အဲဒီခေတ်အခါကဆို All stars လို့ပဲ ပြောရပါလိမ့်မယ်။

သုံးနာရီကျော်ကြာတဲ့ ဒီအဖြူအမည်းရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးက နှစ်သက်လက်ခံတဲ့ ရုပ်ရှင်ကြီးတစ်ခုဖြစ်လာခဲံ့ပါတယ်။

ဒီရုပ်ရှင်ကို မှီးပြီး ရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင် Magnificent seven ဟာလည်း ကမ္ဘာကျော်ခဲ့ပြီး ၂၀၁၆ မှာ ထပ်မံရိုက်ကူးထားတာလည်း ရှိပါတယ်။

ဇာတ်လမ်းအကျဉ်း ကတော့ ရိုးရှင်းပါတယ်။

ရွာလေးတစ်ရွာထဲကို ဓားပြတွေ လေးဆယ်ကျော် အင်အားနဲ့ အမြဲလိုလိုလာလုယက်ကြပြီး မသေရုံတမယ် ရိက္ခာလေးတွေပဲ လယ်သမားတွေအတွက် ချန်ခဲ့ပြီး အကုန်ယူသွားကြလေ့ရှိပါတယ်။

တစ်ကြိမ်မှာတော့ မခံနိုင်တော့တဲ့ လယ်သမားတွေက ရှိသမျှလေးတွေစုပြီး သူတို့ကို ကာကွယ်ဖို့ ဆာမူရိုင်းတွေကို ရှာငှားပါတော့တယ်။

ထမင်းစားရရုံလေးနဲ့ အသက်စွန့်တိုက်ပေးမယ့် ဆာမူရိုင်းကို ရှာဖို့ဆိုတာ အိပ်မက်လိုပါပဲ။

ဒါပေမယ့် သူတို့အတွက်ကူညီမယ့် ဆာမူရိုင်း ၇ ယောက် ပေါ်လာခဲ့ပါပြီ။

ဒီ ၇ ယောက်ထဲက ရွာသားတွေကို စုစည်းပြီး ဓားပြအုပ်ကြီးကို ခုခံကြတဲ့အခါ…..

Tartee Poe ဘာသာပြန်ပေးထားပါတယ်။

၁၉၅၄ ခုႏွစ္က ထြက္ခဲ့တဲ့ ဂ်ပန္ကားတစ္ကားကို တင္ေပးထားပါတယ္။

ဒီရုပ္ရွင္ကေတာ့ ဂ်ပန္ရုပ္ရွင္သမိုင္းရဲ႕ အေကာင္းဆံုးကားေတြထဲက တစ္ခုလို႕ေျပာလို႕ရပါတယ္။

ေႏွာင္းေခတ္ရုပ္ရွင္ေတြဟာလည္း ဒီရုပ္ရွင္ကေန ပညာေတြအမ်ားၾကီးယူၾကရတယ္လို႕ ေျပာၾကတယ္ (ဘာေတြလဲေတာ့ နားမလည္ပါဘူး)။

ဒီရုပ္ရွင္ရဲ႕ဘတ္ဂ်က္ကေတာ့ အဲဒီေခတ္အခါကဆို အေတာ္မာ်းပါတယ္။

ရုပ္ရွင္ကားၾကီးေတြကို $70000 ေလာက္နဲ႕ ရုိက္ေနၾကခ်ိန္မွာ ဒီရုပ္ရွင္ရဲ႕ ဘက္ဂ်က္ဟာ $ 500 000 ျဖစ္ေနခဲ့ပါတယ္။

ျပီးေတာ့ ရုပ္ရွင္ရိုက္ကူးခ်ိန္လည္း ၾကာလြန္းေတာ့ ပရိုဂ်ဴဆာေတြက ၂ ခါတိတိ ပိတ္ခ်ခဲ့ပါတယ္။

ဒါရိုက္တာ အကီရာ ကူရိုဆာဝါကေတာ့ ပိတ္ခ်ခံရတုိင္း ျငင္းခံုမေနဘဲ အသာေလး ငါးမွ်ားထြက္သြားလိုက္တာပါပဲ။

ပရုိဂ်ဴဆာေတြ ျပန္လိုက္ေခၚမယ္ဆိုတာ သိျပီးသားမို႕ပါ။ ဒီရုပ္ရွင္ထဲက သရုပ္ေဆာင္ေတြကလည္း အဲဒီေခတ္အခါကဆို All stars လို႕ပဲ ေျပာရပါလိမ့္မယ္။

သံုးနာရီေက်ာ္ၾကာတဲ့ ဒီအျဖဴအမည္းရုပ္ရွင္ဟာ တစ္ကမာၻလံုးက ႏွစ္သက္လက္ခံတဲ့ ရုပ္ရွင္ၾကီးတစ္ခုျဖစ္လာခဲံ့ပါတယ္။

ဒီရုပ္ရွင္ကို မွီးျပီး ရိုက္ကူးထားတဲ့ ေကာင္းဘြိဳင္ရုပ္ရွင္ Magnificent seven ဟာလည္း ကမာၻေက်ာ္ခဲ့ျပီး ၂၀၁၆ မွာ ထပ္မံရိုက္ကူးထားတာလည္း ရိွပါတယ္။

ဇာတ္လမ္းအက်ဥ္း ကေတာ့ ရိုးရွင္းပါတယ္။

ရြာေလးတစ္ရြာထဲကို ဓားျပေတြ ေလးဆယ္ေက်ာ္ အင္အားနဲ႕ အျမဲလိုလိုလာလုယက္ၾကျပီး မေသရံုတမယ္ ရိကၡာေလးေတြပဲ လယ္သမားေတြအတြက္ ခ်န္ခဲ့ျပီး အကုန္ယူသြားၾကေလ့ရိွပါတယ္။

တစ္ၾကိမ္မွာေတာ့ မခံႏိုင္ေတာ့တဲ့ လယ္သမားေတြက ရိွသမွ်ေလးေတြစုျပီး သူတို႕ကို ကာကြယ္ဖို႕ ဆာမူရိုင္းေတြကို ရွာငွားပါေတာ့တယ္။

ထမင္းစားရရံုေလးနဲ႕ အသက္စြန္႕တိုက္ေပးမယ့္ ဆာမူရိုင္းကို ရွာဖို႕ဆိုတာ အိပ္မက္လိုပါပဲ။

ဒါေပမယ့္ သူတို႕အတြက္ကူညီမယ့္ ဆာမူရိုင္း ၇ ေယာက္ ေပၚလာခဲ့ပါျပီ။

ဒီ ၇ ေယာက္ထဲက ရြာသားေတြကို စုစည္းျပီး ဓားျပအုပ္ၾကီးကို ခုခံၾကတဲ့အခါ…..

Tartee Poe ဘာသာျပန္ေပးထားပါတယ္။

 

File Size – 1.45 GB
Translator – Tartee Poe
Encoder – Littleneo


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Seven Samurai (1954)
Seven Samurai (1954)


No downloads available

Genres



Related movies