Channel Myanmar

Report error

ပထမဆုံးပြောရမယ်ဆိုရင် ဒီကားဟာကျွန်တော်တို့မြန်မာပရိတ်သတ်တွေနဲ

ရင်းနှီးပြီးသားဖြစ်တဲ့

မင်းသား Ryu Seung နဲ့ မင်းသား Jang Dong Gun (ဒါရိုက်တာရင်)

တို့ကပါဝင်ထားပြီး ထူးချွန်ဆုတွေရရှိထားတဲနာမည်ကျော်ကိုရီးယားဒါရိုက်တာက

ဖန်တီးရိုက်ကူးထားပါတယ်….

ဒီကားကို အမေရိကန်ပြည်ထောင်စု Los Angeles , Buena Park,

Jersey နဲ့ Vancouver တို့မှာပြသခဲ့ပါတယ်…

ချွဲဟွန်းဆူဆိုတဲ့သူဟာ မြူခိုးထူထပ်တဲ့တစ်ညမှာ

ဆဲယောင်းရွာမှာရှိတဲ့ သူ့မိသားစုနဲ့အတူတူနေဖို့အတွက်ဝယ်ထားတဲ့အိမ်လေးကို

သွားကြည့်မယ်ဆိုပြီးတော့ အရက်မူးမူးနဲ့ထွက်လာခဲ့ပါတယ်…

ဆဲယောင်းရွာအရောက်မှာတော့ ဟွန်းဆူဟာ အသက်၁၂နှစ်အရွယ်ကောင်မလေးတစ်ယောက်ကို

မတော်တဆ ကားနဲ့တိုက်မိသွားပြီး အလောင်းကိုတော့ ဆဲယောင်းရွာရှိ

လူသားစားတယ်လို့ နာမည်ကြီးနေတဲ့ ရေကန်ထဲကို ကြောက်လန့်လန့်ဖြင့် ပစ်ချခဲ့ပါတယ်…

သေဆုံးသွားတဲ့ကောင်မလေးရဲ့အဖေကလဲ ဆဲယောင်းရွာမှာ အမျက်ဒေါသအလွန်ကြီးပြီး

အလွန်ဆိုးသွမ်းလှတဲ့ သူဌေး ဝူယောင်းဂျယ်ဖြစ်နေပါတယ်…

ဝူယောင်းဂျယ်ဟာ သူ့ရဲ့မတရားသေဆုံးသွားရတဲ့သမီးလေးအတွက်

ယူကြုံးမရဖြစ်ကာ ချွဲဟွန်းဆူနဲ့ သူ့မိသားစုကို ကလဲ့စားချေမယ်ဆိုပြီးဒေါသထွက်နေခဲ့ပါတယ်…

အဲဒီနောက်မှာတော့လူသတ်သမားကို သူ့ဘာသာရှာဖွေခဲ့ပြီး

လက်တုံ့ပြန်ကလဲ့စားချေဖို့အတွက်

အစီစဉ်တွေရေးဆွဲခဲ့ပါတယ်…

ဒီကားဟာ စာရေးဆရာ Jeong You Jeoung ရဲ့ရောင်းအားအကောင်းဆုံးဝတ္တုဖြစ်တဲ့

Seven Years of Darkness ကိုအခြေခံထားတဲ့ လူသားတို့ကြားမှာရှိနေတဲ့

မကောင်းဆိုးဝါးလူသားကိုဖော်ထုတ်နိုင်ဖို့အတွက်ရိုက်ကူးခဲ့ပါတယ်…

ဒါရိုက်တာ ချိုချန်မင်းရဲ့ရိုက်ချက်တွေကနေ

ရှုပ်ထွေးတဲ့ဇာတ်ကောင်တွေရဲ့စိတ်ခံစားချက်တွေကို နစ်မျောသွားနိုင်မှာပါ…

ဒါရိုက်တာချိုဟာ သူချပြခဲ့တဲ့ Late Blossom နဲ့

Masquerade ရုပ်ရှင်ကားတွေမှာလို ဇာတ်ကြောင်းကိုပြောပြတဲ့ပုံစံကြောင့်

လူသိများပါတယ်…

ဒီကားကိုတောင်ကိုရီးယားနိုင်ငံမှာ မတ်လ ၂၈ ရက် ၂၀၁၈ ခုနှစ်ကရုံတင်ခဲ့ပြီးတော့

CJ Entertainment ကနေဖြန့်ချီထားပါတယ်….

File Size : (800 MB) and (303 MB)
Quality : 720p HDRip
Running Time : 2hr 03min
Format : Mp4
Genre : Action, Drama , Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p HDRip
Translated by Pone Thone
Encoded by Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Seven Years of Night (2017)


No downloads available

Genres



Related movies