Exit print mode Print Data A+ A- Undo all

Sheep Without a Shepherd (2019)

Sheep Without a Shepherd (2019)Sheep Without a Shepherd (2019)

Synopsis:

Sheep without a Shepherd (2019)

Sheep without a shepherd ရုပ်ရှင်ခေါင်းစဉ်က ထူးထူးဆန်းဆန်းပါလားပေါ့။
တရုတ်ကားတို့ထုံးစံအတိုင်း အင်္ဂလိပ်နာမည်ကိုကြုံသလိုပေးမိတယ်ထင်တာ။
ဒါပေမဲ့လည်း Drshym ကို remake ပြန်ရိုက်ထားတာဆိုတော့ ဘယ်လိုမျိုးလဲသိချင်ခဲ့မိပါတယ်။
ရုပ်ရှင်ကိုအစအဆုံးကြည့်ပြီးသွားတော့ ဘာလို့အဲ့ဒီလိုပေးဖြစ်ခဲ့လဲဆိုတာ ခံစားမိသွားခဲ့ပါတယ်။
ပိုထူးခြားတာက remake လို့မထင်ရလောက်အောင်ကို တကယ်ကောင်းတဲ့ကားလေးတစ်ကားလို့ ထင်မိပါတယ်။

ဒီကားလေးထဲမှာ သိုးနဲ့ပတ်သက်တဲ့စကားလေးနှစ်ခွန်းပါပါတယ်။
ပထမတစ်ခွန်းက မျက်စိမှုန်တဲ့သိုးလေးတွေက အကောင်ကြီးတွေစားတာကိုခံရတယ်တဲ့။
ဒုတိယတစ်ခွန်းက သိုးလေးတွေက စားစရာသာပေးထားရင် သူတို့သိုးမွှေးတွေကိုရိတ်ပစ်လည်း ဂရုမစိုက်ပါဘူးတဲ့။
အန္တရာယ်ကိုကြိုမမြင်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် သိုးလေးတွေကဖြူစင်သလို သနားဖို့လည်းကောင်းပါတယ်။
ပြီးတော့ သူတို့ကိုစောင့်ရှောက်ပေးဖို့ သိုးထိန်းကောင်းတစ်ယောက်လည်း လိုအပ်ပါတယ်။

လီဝေကျယ်ဆိုတဲ့ ရုပ်ရှင်ရူးအင်တာနက်ပိုင်ရှင်ဆီမှာ ဖိန်ဖိန်ဆိုတဲ့ သမီးလေးရှိပါတယ်။
ဆယ်ကျော်သက်အရွယ်မိန်းကလေးတို့ထုံးစံအတိုင်း အိမ်မှာအဖေနဲ့သိပ်မတည့်ကြပါဘူး။
သူတို့မိသားစုကို ၁၈၀ ဒီဂရီပြောင်းလဲသွားအောင် လုပ်လိုက်တာကတော့ ဖိန်ဖိန်ရဲ့နွေရာသီစခန်းလေးပဲဖြစ်ပါတယ်။

အရွယ်နုနယ်တဲ့သိုးငယ်လေး ဖိန်ဖိန်လေးကတော့ သိုးထိန်းမရှိတဲ့အချိန်
နွေရာသီစခန်းမှာ လူငယ်သဘာဝအတိုင်း မှားခဲ့မိရာကနေ
ချန်ပန်းတစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်သွားတဲ့အထိ ပြဿနာတွေကြီးမားသွားခဲ့ပါတယ်။
ဖိန်ဖိန်ကို ကျူးလွန်စော်ကားတဲ့သူက တစ်ခြားသူမဟုတ်ဘဲ ရဲမှူးကြီးရဲ့သားဖြစ်နေတော့
သာမာန်ပြည်သူတစ်ယောက်နဲ့ အာဏာပိုင်ရဲအရာရှိတို့ကြား လွန်ဆွဲမှု၊ ဉာဏ်ကစားမှုတွေကို
စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။

Genre….. Crime, Drama, Thriller
Quality…. 1080p | 720p | 480p
File size… 1.64MB | 954MB | 518MB
Format… mp4
Duration…. 1h 52mim
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. JoJoVa
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Wu sha
Release Date
5 Decemberr 2019
Runtime
1h 52min
Awards
5 Wins & 38 Nominations
Popularity
9.087
Status
Released
ID IMDb.com
tt11210032
IMDB Rating
6.8
IMDB votes
1.5K
ID Themoviedb.org
652783
TMDb Rating
7.788
TMDb votes
52