Exit print mode Print Data A+ A- Undo all

Shubh Mangal Saavdhan (2017)

Shubh Mangal Saavdhan (2017)Shubh Mangal Saavdhan (2017)

Synopsis:

ဒီဇာတ်ကားအကြောင်းမညွှန်းခင်၊ အရင်ဆုံး ဒီဇာတ်လမ်းထဲက မင်းသမီးဖြစ်တဲ့
Bhumi Pednekar အကြောင်း နည်းနည်းလောက် ပြောရအောင်

Bhumi Pednekar ဟာဆိုရင် နှစ်ပေါင်းများစွာကြာအောင် Yash Raj Film မှာ လက်ထောက်ဒါရိုက်တာဝန် လုပ်ကိုင်ခဲ့ပြီးမှ ကုမ္ပဏီနဲ့ ရုပ်ရှင်သုံးကားကို မင်းသမီးအနေနဲ့ သရုပ်ဆောင်ဖို့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ဇာတ်ကားဖြစ်တဲ့ Dum Laga Ke Haisha ဇာတ်ကားမှာ ပွဲဦးထွက် သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားနဲ့ပဲ Filmfare Award for Best Female Debut ဆုရရှိခဲ့ပါတယ်။

နောက်ပြီးတော့ အားလုံးသိကြတဲ့ မင်းသားကြီး အက်ရှေးကူမားနဲ့အတူ၊
Toilet: Ek Prem Katha ဇာတ်လမ်းမှာလည်း အကောင်းဆုံးနဲ့ ပရိတ်သတ်ရင်ဖက်ထဲမှာ နေရာယူနိုင်ခဲသလို

အခု ဇာတ်ကားဖြစ်တဲ့ Shubh Mangal Savdhan (2017) မှာလည်း အကောင်းဆုံး ကြိုးစားထားတော့ ပရိတ်သတ်ရင်ဖက်ထဲ ရောက်မယ်ဆိုတာ အာမခံပါတယ်။

( ကိုယ်တွေကတော့ Bhumi Pednekar ပရိတ်သတ်ဖြစ်သွားပါပြီ ? )

======================================================

” အမေ – ဒီမယ် သမီး အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆိုတာ လျှို့ဝှက် ရတနာသိုက် တစ်ခုလိုပဲ၊ ပြီးတော့ အဲ့ဒီရတာနာကလည်း အုတ်ဂူတစ်ခုထဲမှာ အလုံပိတ်ထားတာ။
ဘယ်အချိန်မှာ အဲ့ဒီအုတ်ဂူပွင့်သွားလဲသိလား

သမီး – တစ်ယောက်ယောက်က ရွှေတံခါးကြီး ဖွင့်ပါဦးလို့ ပြောတဲ့အချိန်လား

အမေ – ဘယ်ကသာ၊ မင်္ဂလာဦးညမှပွင့်တာ သမီးရဲ့၊ ခိုးသားလေးဆယ်အတွက် မဟုတ်ဘူးနော် အလီဘာဘာ တစ်ယောက်တည်း အတွက်ပဲ ပွင့်တာ

သမီး – ဒါဆို တကယ်လို့ အလီဘာဘာက အုတ်ဂူဆီ မရောက်ခဲ့ရင်ရော

အမေ – ဟင် ရောက်ရမှာပေါ့၊ အလီဘာဘာက အုတ်ဂူဆီရောက်ဖို့ပဲ မွေးလာတာ “

မကြာခင် မင်္ဂလာဆောင်တော့မည့် သမီးဖြစ်သူရဲ့ ဒီစကားက စဉ်းစားစရာပါ
အလီဘာဘာက ဘာကြာင့် အုတ်ဂူကို မရောက်ရမှာလဲ
ခေတ်အခါခါက အလီဘာဘာတိုင်း အုတ်ဂူဆီရောက်လာနေကျပါ။

ဘာကြောင့် ဆူဟန်ဒရာက ဒီလိုပြောလိုက်တာလဲ့ သူမအတွက် မကြာခင်မှာ အလီဘာဘာ ဖြစ်လာမည့်သူကတော့ မူဒစ်ရှရ်မား

နှစ်ယောက် ဘယ်လို လက်ထပ်ဖြစ်ကြတာလည်းဆိုတော့ အွန်လိုင်းကနေ မင်္ဂလာကမ်းလှမ်းမှုတစ်ခုရောက်လာလို့တဲ့
ဆူဟန်ဒရာ ကြည့်လိုက်တော့ ဒီလူကို ငါသိပါတယ်
တစ်လလောက် ငါ့အနား တဝဲလည်လည် လုပ်နေပြီး စကားတောင် လာမပြောရဲတဲ့ ကိုယ်တော်ချောပဲ့

မူဒစ်ခမျှာ မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားနေပေမယ့် မပြောရဲမဆိုရဲ
နောက်ဆုံးကြံရာမရ အိမ်က အကြံပေးတဲ့အတိုင်း အွန်လိုင်းကနေ မင်္ဂလာကမ်းလှမ်းလိုက်တော့တယ့့်

———————————————————————————————

မိဘတွေက စီစဉ်ပေးရပေးမယ့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အပြန်အလှန်စိတ်ဝင်စားနေကြတော့
တစ်နေ့မှာတော့ ဆူဟင်ဒရာ မိဘတွေ အိမ်မှာမရှိတုန်း မူဒစ်နဲ့ ဆူဟင်ဒရာ
အနေနီးစပ်ဖို့ အကြောင်းဖန်လာပါတော့တယ့်

ဒါပေမဲ့ မူဒစ်ခမျှာ မျက်နှာငယ်နဲ့သာ အိမ်ပြန်သွားခဲ့ပါတော့တယ်။

———————————————————————————————

ဒါကြောင့် အမေဖြစ်သူက မင်္ဂလာဦးအတွေ့အကြုံတွေနဲ့အတူ၊ မိန်းကလေးတစ်ယောက် သိသင့်သိထိုက်တဲ့ အိမ်ထောင်ရေး အကြောင်းတွေ သင်ပေးနေတဲ့ အချိန်မှာ
သမီးဆီက ” အလီဘာဘာက အုတ်ဂူကို မရောက်ခဲ့ရင်ရော” ဆိုတဲ့ မေးခွန်းထွက်ပေါ်လာခဲ့တာပါ။

———————————————————————————————-

အလီဘာဘာ အုတ်ဂူဆီ ရောက်လာနိုင်မလား
ရောက်လာဖို့ ကြိုးစားပုံတွေကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး

#ဟာသ့ဒရာမာ့ဇာတ်ကားကောင်းလေးမို့ လက်အလွတ်မခံလိုက်ကြပါနဲ့

( ဒီကားကြည့်မိပြီး တစ်ခုတွေးမိတာ ဘာနည်းပညာ၊ ဘာအသုံးစရိတ် အကြီးမားမှမပါသလို၊ အစိုးရအကူအညီလည်း မပါပဲ အခုလို
အမှန်အကန်ဇာတ်ကားတွေ အိန္ဒိယမှာ ထွက်နေချိန်မှာ အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ချပြစရာ ဇာတ်ကားကောင်းကောင်း မရှိသေးတာ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်လို့ )

 

File Size : (900 MB) and (370 MB)
Quality : WEB-DL 720p
Running Time : 1hr 59min
Format : Mp4
Genre :Comedy, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080pWEB-DL x264 AAC MSubS-Hon3y
Translated by Zaw Htoo
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Shubh Mangal Saavdhan
Director
R. S. Prasanna
Stars
Ayushmann Khurrana, Bhumi Pednekar, Brijendra Kala
Release Date
1 September 2017
Rated
N/A
Runtime
119 min
Country
India
Popularity
2.825054
Status
Released
ID IMDb.com
tt6971752
IMDB Rating
7.2
IMDB votes
21,044
ID Themoviedb.org
471892
TMDb Rating
5.9
TMDb votes
8