Channel Myanmar

Singin’ in the Rain (1952)

Singin' in the Rain    

G 1h 43min ComedyMusicalRomance

8.3
IMDB: 8.3/10 210,712 votes

,

, , , , , , , , ,

Nominated for 2 Oscars. Another 5 wins & 7 nominations.

USA

213037

Report error

Singing in the Rain (1952)
IMDb (8.3) / Rotten Tomatoes (100%) / Metacritic (99%)

 

ဒီရုပ်ရှင်နာမည်ကို မကြားဖူးကြရင်တောင် Good Morning ပေါင်မုန့်ကြော်ငြာသီချင်းကိုတော့ အားလုံးကြားဖူးကြမှာပါ။ ဟုတ်ပါတယ်၊ အဲ့ဒီသီချင်းဟာ ဒီ Singing in the Rain ရုပ်ရှင်ကနေ ကော်ပီကူးထားတာပါ။ ၁၉၅၂ က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ၁၉၂၇ ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး အသံတိတ်ရုပ်ရှင်ကနေ အသံပါဝင်လာတဲ့ရုပ်ရှင်ခေတ်ကို ပြောင်းလဲသွားတဲ့ ဟောလိဝုဒ်ပတ်ဝန်းကျင်အကြောင်းကို အဓိက ရိုက်ကူးပြထားတဲ့ Musical ကားတစ်ကားဖြစ်ပါတယ်။

Singing in the Rain ရုပ်ရှင်မှာတော့ အောင်ခြေသိမ်းသဝကနေ နိုင်ငံကျော်မင်းသားကြီးဖြစ်လာတဲ့ ဒွန်လော့ခ်ဝုဒ်နဲ့ နာမည်ကျော်မင်းသမီးကြီး လီနာလာမွန့်၊ ဒွန်ရဲ့အခင်ဆုံးသူငယ်ချင်း ကော့စမိုအပြင် ဒွန်နဲ့လာမွန့်ကြားရောက်ရှိလာတဲ့ ကေသီတို့ ပါဝင်ပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင်ကြီးတွေက အသံတိတ်ရုပ်ရှင်ခေတ်တုန်းက စကားပြောချင်ရာပြောပြီး အက်တင်တွေကိုလဲ လိုတာထက်ပိုလုပ်ပြလို့ရပေမယ့် အသံပါတဲ့ရုပ်ရှင်ခေတ်ကို ပြောင်းလဲသွားတဲ့အခါမှာတော့ မိုက်ကရိုဖုန်းကို လှည့်ပြောရတဲ့အလုပ်၊ ပြောချင်ရာပြောလို့မရပဲ ဇာတ်ညွန်းအတိုင်းပြောရတဲ့အလုပ်တို့ ပိုလာပြီး မင်းသမီးကြီး လီနာလာမွန့်အခက်တွေ့ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ လီနာရဲ့ အသံက ပရိသတ်မထင်ထားလောက်အောင် ဆိုးရွားလို့ပါ။ ဒါ့အပြင် သရုပ်ဆောင်တတ်ရင် အနုပညာသမားဖြစ်ပြီလို့ ထင်ထားခဲ့တဲ့ ဒွန်ကလဲ ကေသီနဲ့တွေ့ပြီးမှ သူဟာ အနုပညာမြောက်အောင် ဘာမှမလုပ်နိုင်သေးပါလားဆိုတဲ့အသိဝင်သွားခဲ့ပါတယ်။ ဒီလိုမျိုးပြောင်းလဲမှုတွေနဲ့ နောက်ဆုံးမှာတော့ The Royal Rascal ဆိုတဲ့ အသံထွက်ရုပ်ရှင်ကြီးကို ရိုက်ကူးပြသကြတဲ့အခါ အဆင်ပြေချောမွေ့ရဲ့လား၊ မင်းသား မင်းသမီးတွေ အသံပြဿနာကိုရော ဘယ်လိုဖြေရှင်းကြသလဲ၊ ရုပ်ရှင်ကရော အောင်မြင်မှုရမှာသေချာရဲ့လား အစရှိတဲ့မေးခွန်းတွေရဲ့ အဖြေကိုသိချင်ရင်တော့ အခုပဲ ရုပ်ရှင်ကို download လုပ်ပြီးကြည့်ရှူလိုက်ကြပါ။

၁၉၅၂ က လက်ရာလို့မထင်ရလောက်အောင် ရိုက်ကူးတင်ဆက်ပုံတွေ၊ သီချင်းတွေ၊ ကကွက်တွေက လှပမြိုင်ဆိုင်လွန်းပြီး Make Me Laugh, Broadway Melody သီချင်းတွေဟာဆိုရင် ဘာပြောရမှန်းမသိတော့လောက်အောင် ပြောင်မြောက်ကောင်းမွန်လွန်းပါတယ်။ Musical ရုပ်ရှင်တွေရဲ့ ရှေ့ပြေးရုပ်ရှင်ကားကြီးတစ်ကားလို့တောင် ပြောလို့ရတဲ့ Singing in the Rain ဟာ Musical ရုပ်ရှင်တွေကို ချစ်မြတ်နိုးတဲ့ပရိသတ်တွေအတွက်တော့ လက်လွတ်မခံကြည့်ရှူသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲ ညွန်းလိုက်ပါရစေ။

(ရုပ်ရှင်အညွှန်းကို Arkar Phyo မှညွှန်းဆိုထားတာပါ။)

File size…(1 GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:43:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by မိုးသောက်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Singin’ in the Rain (1952)
Singin’ in the Rain (1952)
Singin’ in the Rain (1952)
Singin’ in the Rain (1952)
Singin’ in the Rain (1952)
Singin’ in the Rain (1952)
Singin’ in the Rain (1952)


No downloads available

Genres



Related movies