Exit print mode Print Data A+ A- Undo all

Sisters on the Run (2023)

Sisters on the Run (2023)Sisters on the Run (2023)

Synopsis:

Sisters on the Run (2023)
==================

ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ား
ရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက်
လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddy
အိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddy
က သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့
ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။
Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေး
ဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့
လူကြီးလူကောင်းပုံစံ နေတာပေါ့။

ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မ
Maddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့
Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်း
ဆောင်ဖြစ်နေ​တဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲ
တမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့
Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။
Selma သူ့ယောကျ်ားကိုသတ်ပြီး ထွက်ပြေးခဲ့မှန်းအဖြစ်မှန်ကို မသိသေး
တာတောင် သူ့ညီမ အကူအညီလိုနေမယ်မှန်းသိလို့ နောက်ပိုင်းမှာ Maddy
က Selmaကို သူ့အိမ်မှာ ခဏနေခွင့်ပေးလိုက်တယ်။

အဲအချိန်မှာပဲ Selma နောက် လိုက်နေတဲ့ ရဲဆိုးတွေ အိမ်ကိုဖောက်ပြီး
လာသောင်းကျန်းတော့ Selmaရော ဘာမှမသိတဲ့ Maddyပါ အတူထွက်
ပြေးခဲ့ရတယ်။ အဲလိုနဲ့ Selmaနဲ့ Maddyကို ဝရန်းထုတ်ခံရပြီး သတင်းတွေမှာ
သူတို့မျက်နှာတွေအကုန် ပြန့်သွားတာပေါ့။ ဒီတော့ သူတို့ညီအစ်မ ဒုက္ခ
အကြီးအကျယ် ဘယ်လိုတွေရောက်လဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်ကြည့်
လိုက်ပါဦးနော်…။ Selmaနဲ့ Maddyရဲ့ ဘဝအခက်အခဲတွေ၊ အဓိကကတော့
ညီအစ်မနှစ်ယောက်က အချင်းချင်းမတည့်ပေမဲ့ အကူအညီလိုတဲ့အခါမှာတော့
တစ်ယောက်ဘေးတစ်ယောက်ရှိပေးကြတဲ့ ညီအစ်မချစ်ခြင်းတွေကို ပုံပေါ်
အောင် ရိုက်ကူးထားတဲ့ Crime, Thriller ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ်။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Thwal Htoo Zin ဖြစ်ပါတယ်)

File Size……….(1.4 GB) / (469 MB) / (294 MB)
Quality…………WEB-RIP 1080p / 720p / 480p
Duration………1Hr 28Mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Crime, Thriller
Translator…….Thwal Htoo Zin
Encoder……….SWM

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Mitchell Altieri
Popularity
59.054
Status
Released
ID IMDb.com
tt19890024
IMDB Rating
5.7
IMDB votes
1059
ID Themoviedb.org
1084605
TMDb Rating
7.167
TMDb votes
6