Exit print mode Print Data A+ A- Undo all

Skiptrace(2016)

Skiptrace(2016)

Synopsis:

skiptrace-movie-per

Skiptrace-Movie-Poster

 

2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။

ဂျက်ကီဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မည်သူမှန်းမသိတဲ့ မြေအောက်လျို့ဝှက် ဒုစရိုက်ခေါင်းဆောင်တစ်ဦးကို ဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ အမည်ဝှက်ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ်သမား ) လို့ပဲ သိထားကြပါတယ်။ အဲဒီလို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း အသတ်ခံခဲ့ရပြီး သူငယ်ချင်းရဲ့ သမီးလေး ဆမန်သာ ကို ဆက်စောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် ဆမန်သာဟာ တုန်ညိုရှိလို့ သံသယရှိသူပိုင်တဲ့ ကာစီနိုရုံမှာ သူလျိုဝင်လုပ်ရင်း အန္တရာယ်နဲ့ကြုံလာသလို၊ အမေရိကန်လူမျိုး ဖဲသမားလူလိမ် ကော်နာဝက်စ်ကလည်း အဲဒီကာစီနိုဝိုင်းမှာ လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်ပြီး အရေးကြီးတဲ့ တယ်လီဖုန်းနဲ့ အတူ ထွက်ပြေးလာခဲ့ပါတယ်။

အဓိက ဇာတ်လမ်းကတော့ ဘန်နီ(ဂျက်ကီချန်း) ဟာ ဖဲသမားလူလိမ် ကော်နာဝက်စ် ကို မကာအိုကနေ ဟောင်ကောင်ကို အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက်ကြုံရတာတွေကို ဟာသတွေ ရယ်စရာတွေ နဲ့ တရုတ်ရိုးရာပွဲတော်အလှတွေ ရောပြီး လှလှပပပြသထားတာပါပဲ။ ဂျက်ကီချန်းရဲ့ လှုပ်ရှားမှုတွေ ကြည့်ရင်း ပြုံးပျော်ဖို့ တဖန်အချိန်ကျလာပြန်ပြီဆိုတော့ အားပေးကြပါဦး။ (Subtitle အတွက် ကို SKL ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်)

(အညွန်းရေးပေးသူကတော့ Little Neo ဖြစ်ပြီး ဘာသာပြန်သူကတော့ SKL ဖြစ်ပါတယ်)

————————————————————————-

2016 ထြက္ ဂ်က္ကီခ်န္း ကားအသစ္တင္ေပးလိုက္ပါတယ္။ ဇာတ္လမ္းကေတာ့ Shanghai Noon/Knights ကားေတြနဲ႕ အနည္းငယ္ေတာ့ ဆင္တူပါတယ္။

ဂ်က္ကီဟာ ရဲအရာရိွတစ္ဦးျဖစ္ျပီး မည္သူမွန္းမသိတဲ့ ေျမေအာက္လ်ိဳ႕၀ွက္ ဒုစရုိက္ေခါင္းေဆာင္တစ္ဦးကို ေဖာ္ထုတ္ဖို႕ၾကိဳးစားေနခဲ့ပါတယ္။ ဒုစရိုက္ဂုိဏ္းေခါင္းေဆာင္ရဲ႕ အမည္၀ွက္ကိုေတာ့ တံုညိဳရွီ ( ကြ်ဲရိုင္းသတ္သမား ) လို႕ပဲ သိထားၾကပါတယ္။ အဲဒီလို ေဖာ္ထုတ္ဖို႕ ၾကိဳးစားရင္း သူ႕ရဲ႕ အခင္ဆံုး သူငယ္ခ်င္း အသတ္ခံခဲ့ရျပီး သူငယ္ခ်င္းရဲ႕ သမီးေလး ဆမန္သာ ကို ဆက္ေစာင့္ေရွာက္ခဲ့ပါတယ္။ ဒါေပမယ့္ ဆမန္သာဟာ တုန္ညိဳရိွလို႕ သံသယရိွသူပိုင္တဲ့ ကာစီနိုရံုမွာ သူလ်ိဳ၀င္လုပ္ရင္း အႏၱရာယ္နဲ႕ၾကံဳလာသလို၊ အေမရိကန္လူမ်ိဳး ဖဲသမားလူလိမ္ ေကာ္နာ၀က္စ္ကလည္း အဲဒီကာစီနို၀ိုင္းမွာ လူသတ္မႈတစ္ခုကို မ်က္ျမင္သက္ေသျဖစ္ျပီး အေရးၾကီးတဲ့ တယ္လီဖုန္းနဲ႕ အတူ ထြက္ေျပးလာခဲ့ပါတယ္။

အဓိက ဇာတ္လမ္းကေတာ့ ဘန္နီ(ဂ်က္ကီခ်န္း) ဟာ ဖဲသမားလူလိမ္ ေကာ္နာ၀က္စ္ ကို မကာအိုကေန ေဟာင္ေကာင္ကို အခက္အခဲေတြ ၾကားထဲက ေခၚလာဖို႕ ၾကိဳးစားရင္း လမ္းတစ္ေလ်ွာက္ၾကံဳရတာေတြကို ဟာသေတြ ရယ္စရာေတြ နဲ႕ တရုတ္ရိုးရာပြဲေတာ္အလွေတြ ေရာျပီး လွလွပပျပသထားတာပါပဲ။ ဂ်က္ကီခ်န္းရဲ႕ လႈပ္ရွားမႈေတြ ၾကည့္ရင္း ျပံဳးေပ်ာ္ဖို႕ တဖန္အခ်ိန္က်လာျပန္ျပီဆိုေတာ့ အားေပးၾကပါဦး။ (Subtitle အတြက္ ကို SKL ကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုက္ပါတယ္)

(အညြန္းေရးေပးသူကေတာ့ Little Neo ျဖစ္ျပီး ဘာသာျပန္သူကေတာ့ SKL ျဖစ္ပါတယ္)

File Size : 926MB
Quality : Bluray 720p
Running Time : 1hr 47 minute
Format : Mp4
Genre : Action, Comedy
Encoder : Thanhtike Zaw

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Skiptrace
Director
Renny Harlin
Stars
Bingbing Fan, Eric Tsang, Jackie Chan, Johnny Knoxville
Release Date
02 Sep 2016
Rated
PG-13
Runtime
107 min
Awards
N/A
Country
China, Hong Kong, USA
ID IMDb.com
tt2238032
IMDB Rating
6.5
IMDB votes
723