[+18] Sliver (1993)
Dark Side Production မှတင်ဆက်သည်…..
IMDb Rating…. 5.0/10
ရုံးပိတ်ရက်လည်းဖြစ်သည်က တစ်ကြောင်း ၊အေးမြတဲ့ဆောင်းရာသီဖြစ်သဖြင့် အပြင်ထွက်လျှင် အေးသောကြောင့် အခန်းအောင်းနေတတ်သည့် ကျွန်ုပ်တို့ ပုရိသအပေါင်းတို့အဖို့
လွန်စွာမှပျင်းရိညဉ်းငွေ့ဖွယ်နေ့ရက်များဖြစ်ပေသည်…
ထိုသို့သောအချိန်များကို စနစ်တကျကုန်ဆုံးဖို့ရာ ဇတ်လမ်းကောင်းလေးနဲ့ ဖြတ်သန်းသင့်သဖြင့် မည်သည့်ဇာတ်လမ်းအမျိုးအစားကိုရွေးချယ်ကြည့်ရှုရမည်ကိုသိသော်လည်း
အချက်အလက်များနှင့် ကိုက်ညီသည့် အနှီဇာတ်ကားကိုရွေးချယ်ဖို့အခက်ရှိနေကြမည်ဖြစ်သည်…ဇာတ်လမ်းလည်းကောင်းရမည်…မင်းသမီးကလည်း စပါးကြီးမြွေတစ်ကောင်လိုညှို့အားပျင်းသည့်မင်းသမီးမျိုး..
ရှောင်လွှဲရန်ခက်ခဲသည့် လောကဇာတ်ခုံမှာ ဖိုမကိစ္စရပ်များ ဒါတွေပြည့်စုံရမည်….
ဒီလိုအချက်များနှင့်ကိုက်ညီသည့်ဇာတ်ကားကို Dark Side မှာ ညွှန်းဆိုပေးရမည်ဆိုလျှင်တော့ .Sliver(1993) ကိုကြည့်ပါလို့ပဲ ပြောချင်သည်….
. Sliver ဆိုတာ U.S အသုံးအရတော့ အထပ်မြင့်တိုက်ခန်း အဆောက်အဦးပါ။ ဒီ ဇာတ်လမ်းက Silver တစ်ခုက အဖြစ်အပျက်တွေ အကြောင်းပါ။
ဒီအဆောက်အဦး လူသေမှု ၂ခုဖြစ်ခဲ့ပြီး ပိုင်ရှင်ကလည်း ဘယ်သူမှန်းမသိရပါဘူး။ Carleyလို့ခေါ်တဲ့ စာအုပ်အယ်ဒီတာမလေး အဲ့ဒီ အဆောက်အဦးကို ရောက်လာပြီးတဲ့နောက် လူသေမှုတွေလည်း ထပ်ဖြစ်ခဲ့ပါတယ်။
ဒီလူသတ်မှုတွေဟာ သူမနဲ့တိုက်ရိုက်ပတ်သက်လာတဲ့အချိန်မှာ၊အဆောက်အဦးပိုင်ရှင်ကလည်း သူမ လုံးဝမမျှော်လင့်ထားတဲ့ သူဖြစ်နေတဲ့အပြင်
လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေတဲ့ ဒီအဆောက်အဦးအကြောင်းသိလိုက်ရချိန်မှာတော့…
မင်းသမီးချော Shron stone အဓိကသရုပ်ဆောင်ထားတယ်…. တစ်ကြောင်းမျဉ်းအလှပေါင်းများစွာကိုကြည့်ရတာနဲ့တင် ဆောင်းညဟာ လှပနေပါလိမ့်မယ်…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူူကတော့ WiRa Aung ဖြစ်ပါတယ်…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်…