Exit print mode Print Data A+ A- Undo all

Snowpiercer (2013)

AD 2031, the passengers in the train are the only survivors on Earth.
Snowpiercer (2013)Snowpiercer (2013)

Synopsis:

ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
၂၀၁၄ ခုနှစ်မှာ  CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။
ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။
နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်​ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။
ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်​တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။
ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။

File size…(1.7 GB) and (1.3 Gb)
Quality….web 1080p and 720p
Format…mp4
Duration….01:45:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translator… MTA



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Bong Joon-ho, Jakub Dvorak, Park Bo-eun
Stars
Alison Pill, Chris Evans, Ed Harris, Ewen Bremner, Go Ah-sung, Jamie Bell, John Hurt, Octavia Spencer, Song Kang-ho, Tilda Swinton
Budget
USD $39 200 000,00
Revenue
USD $86 758 912,00
Popularity
29.561
Status
Released
ID IMDb.com
tt1706620
IMDB Rating
7.1
ID Themoviedb.org
110415
TMDb Rating
6.8
TMDb votes
5978