Exit print mode Print Data A+ A- Undo all

Star Wars: Episode I – The Phantom Menace (1999)

Every generation has a legend. Every journey has a first step. Every saga has a beginning.
Star Wars: Episode I – The Phantom Menace (1999)Star Wars: Episode I – The Phantom Menace (1999)

Synopsis:

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။

ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။

စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။

1. Star Wars IV : A New Hope (1977)
2. Star Wars V : The Empire strikes back (1980)
3. Star Wars VI : Return of the Jedi (1983)
4. Star Wars I : Phantom Menace (1999)
5. Star Wars II : Attack of The Clones (2002)
6. Star Wars III : Revenge of The Sith (2005)
7. Star Wars VII: The Force Awakens (2015)
8. Rogue One : A Star Wars Story (2016)
9. Star Wars VIII : The Return of the Jedi (2017)
10. Solo : A Star Wars Story (2018)
11. Star Wars IX : The Rise of the Skywalker (2019)

တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။

1. Star Wars I : Phantom Menace (1999)
2. Star Wars II : Attack of The Clones (2002)
3. Star Wars III : Revenge of The Sith (2005)
4. Solo : A Star Wars Story (2018)
5. Rogue One : A Star Wars Story (2016)
6. Star Wars IV : A New Hope (1977)
7. Star Wars V : The Empire strikes back (1980)
8. Star Wars VI : Return of the Jedi (1983)
9. Star Wars VII: The Force Awakens (2015)
10. Star Wars VIII : The Return of the Jedi (2017)
11. Star Wars IX : The Rise of the Skywalker (2019)

( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။)

Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.org/category/special-package/star-wars/  မှာကြည့်ရှုနိုင်ပါတယ်။

4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

+++++++++++++++++++++++++++++

Star Wars: Episode I – The Phantom Menace (1999)

ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်တွေပေါင်းစည်းပြီး ဖွဲ့စည်းထားတဲ့
ရီပတ်ဘလစ်ကြီးမှာ နိုင်ငံရေးတွေ ရှုပ်ထွေးနေချိန် ကုန်သွယ်ရေးအဖွဲ့ကြီးက နဘူးဆိုတို့ ဂြိုလ်ငယ်လေးကို
ပိတ်ဆို့ပြီး သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအရေးကို ဖြေရှင်းဖို့ စကြာဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေ
Jedi သူရဲကောင်း ၂ ယောက်ကို စေလွှတ်ခံလိုက်ရပါတယ်။ Jedi ဆိုတာ စကြာဝဠာထဲမှာရှိတဲ့ Force လို့ ခေါ်တဲ့ စွမ်းအင်တစ်မျိုးကို အသုံးချနိုင်ပြီး အလင်းဓားတွေကိုင်ဆောင်တဲ့ သူရဲကောင်းအဖွဲ့ပါ။ ဒါပေမယ့် သူတို့ဖြေရှင်းရတဲ့ ပြသနာနောက်ကွယ်မှာ Force ကို မကောင်းတဲ့နည်း အမုန်းတရားကို အခြေပြုပြီးသုံးတဲ့
Anti-Jedi မျိုးတွေဖြစ်တဲ့ Sith တွေ ပါဝင်နေတာကို သိလိုက်တဲ့အခါ……..။

ဒီဇာတ်ကားမှာ အဓိကအချက်တွေကတော့ ကမ္ဘာ့နာမည်အကြီးဆုံး ဗီလိန်တွေထဲက
တစ်ယောက်ဖြစ်တဲ့ Darth Vader ရဲ့ မူလ အစကို တွေ့မြင်ရမှာ ဖြစ်ပြီး စတားဝါး Light Saber Fight
အလင်းဓားတိုက်ပွဲတွေထဲမှာ အကောင်းဆုံးပါလို့ ပြောကြတဲ့ အိုဘီဝန် နဲ့ ဒါ့သ်မောတို့ရဲ့ တိုက်ပွဲကိုလည်း
လက်လွှတ်မခံသင့်ပါဘူး။ ဟာသအနေနဲ့ပြောရရင် မင်းသားကြီး Liam Neeson ကို ရှားရှားပါးပါးသတ်နိုင်တဲ့ ဗီလိန် အဖြစ်လဲ တွေ့ရမှာပါ။ ကြည့်ပြီးသားလူတွေအတွက်တော့ ပိုနားလည်ပြီး
နောက်တစ်ခေါက်ခံစားမိရုံပဲဖြစ်ပြီး မကြည့်ဖူးသေးတဲ့သူတွေ ဒီဇာတ်လမ်းကို တွေ့ခဲ့ရင်တော့ ကံကောင်းစွာနဲ့ပဲ ဆက်တိုက်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွေထဲမှာ Jedi နဲ့ Sith တွေကို မူရင်းအတိုင်းသုံးပြီး Force ကို စွမ်းအင်လို့ပဲ ဘာသာပြန်ပေးလိုက်ပါတယ်။ May the force be with you ဆိုတဲ့ စကားစုကိုတော့
မြန်မာမှုပြုပြီး highlight လေးနဲ့ မပျက်စီးအောင်ထိန်းသိမ်းပေးလိုက်ပါတယ်ဗျာ။

File size…(8.5 GB)/(2.8 GB)/(1.2 GB)
Quality….BluRay  4K HEVC/1080p HEVC /720p
Format…mkv/mp4
Duration….02:11:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Little Neo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $115 000 000,00
Revenue
USD $924 317 558,00
Popularity
40.708
Status
Released
ID IMDb.com
tt0120915
IMDB Rating
6.5
ID Themoviedb.org
1893
TMDb Rating
6.541
TMDb votes
13945