Channel Myanmar

Aaron Kwok

Rob N Roll ( 2024 ) 5.9
Rob N Roll ( 2024 ) ဟောင်ကောင်မင်းသားကြီး Aaron Kwokတစ်ယောက်သွားခေါကြီးနဲ့ အထာကျကျကြမ်းတဲ့ အက်ရှင်ဟာသကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Gordon Lam နဲ့ Richie Jenတို့လို ဝါရင့်မင်းသားကြီးတွေလဲ အတူတွဲသရုပ်ဆောင်ထားပါသေးတယ်။အဖြစ်မရှိတဲ့လူလတ်ပိုင်းတွေဖြစ်တဲ့အားဟွေးနဲ့အားစုံဟာ အရမ်းကြပ်တည်းနေတဲ့အချိန် အားဟွေးမျက်စိရှေ့မှာဖြစ်သွားတဲ့ ဓားပြမှုမှာ ဓားပြတွေပိုက်ဆံအများကြီးယူသွားတာကိုအားကျပြီး ဓားပြတိုက်ဖို့ကြံစည်ကြတယ်။အဲဒီအချိန်မှာ အားဟွေးအားကျတဲ့ဓားပြမှုရဲ့ ဓားပြကြီးကတော့ ပြေးရင်းလွှားရင်း ငွေအိတ်ကြီးပျောက်သွားတဲ့အတွက် ခေါင်းမီးတောက်အောင် လိုက်ရှာရင်း သူတို့နှစ်ယောက်နဲ့သွားဆုံပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် (၃)ယောက်သားဓားပြအတူပြန်တိုက်ဖို့ဖြစ်သွားခဲ့ကြတယ်။ သူတို့ရဲ့နောက်မှာကတော့ အမှုအကြီးကြီးကိုအရမ်းလိုက်ချင်နေတဲ့ ရဲမေတစ်ယောက်ရှိနေပြီး ဒီဓားပြတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ဖမ်းဆီးနိုင်ဖို့ကြိုးစားနေတယ်။တိုက်တိုက်ဆိုင်ဆိုင် လွဲချော်နေကြတဲ့ သူတို့တွေဟာ ဘယ်လိုဖြစ်လာကြမလဲ....... ဒီဇာတ်ကားမှာ မင်းသားကြီးတွေဖြစ်နေပေမယ့် ဇာတ်လမ်းကအရမ်းကြီးလေးပင်မနေပဲ ပေါ့ပေါ့ပါးပါးခံစားလို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Rob N Roll ( 2024 )

Silent Witness (2013) 7.0
Silent Witness (2013) တရုတ်ရုပ်ရှင်လည်း ကြည့်ချင်တယ် ဂျင်းမိမှာလည်း ကြောက်တဲ့CM ပရိသတ်ကြီးတို့ကို ဂျင်းမဟုတ်တဲ့ တကယ်ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါဦးမယ်။ Silent Witness လို့ခေါ်တဲ့ ဒီရုပ်ရှင်က ၂၀၁၃ ခုနှစ်က ထွက်ခဲ့တာပါ။အဓိကသရုပ်ဆောင်တွေအဖြစ် Aaron Kwok, Sun Honglei, Yu Nan နဲ့Ji Zihan တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ လင်းမုန့်မုန့်ဆိုတဲ့အသက် ၂၀ အရွယ် ကောင်မလေးက အောင်မြင်ကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင် လင်းထိုက်ရဲ့သမီးဖြစ်သူပါ။ လင်းထိုက်က ဇနီးဖြစ်သူ ဆုံးသွားပြီး ၆ နှစ်အကြာမှာနာမည်ကျော်အဆိုတော် ယန်းသန်းနဲ့ မေတ္တာမျှခဲ့ကြတယ်။ တစ်နေ့မှာ ယန်းသန်းက နာမည်ကြီးမင်းသားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို မီဒီယာတွေက ဖော်ထုတ်ခဲ့ပါတယ်။သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာပဲယန်းသန်းက ကားနဲ့တိုက်အသတ်ခံခဲ့ရပါတယ်။ သံသယတရားခံကတော့ လင်းမုန့်မုန့် ဖြစ်နေခဲ့တယ်။ဒီအမှုကို တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူကထုန်ထောက်လို့ခေါ်တဲ့ နာမည်ကြီး အစိုးရရှေ့နေပါ။ သူက လင်းထိုက်ကို အပြစ်ရှာဖို့ ၁၀ နှစ်ကျော် ကြိုးစားနေခဲ့တဲ့ရှေ့နေဆိုလည်း မမှားပါဘူး။ တစ်ဖက်မှာလည်း လင်းထိုက်က ဒီအမှုအတွက် တရုတ်ပြည်ရဲ့ ဈေးအကြီးဆုံးရှေ့နေဖြစ်သူ ကျိုးလိကို ငှားထားခဲ့ပါတယ်။နာမည်ကြီးရှေ့နေနှစ်ယောက် အမှုကို ...
movie

Silent Witness (2013)

2013
The White Storm 3: Heaven or Hell ( 2023 ) 6.3
The White Storm 3: Heaven or Hell ( 2023 ) The White Storm ရဲ့တတိယမြောက်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားမှာတော့ အရင်ဇာတ်ကားကမင်းသားကြီးဖြစ်တဲ့ Louis Kooတစ်ယောက်ပဲပြန်ပါလာပြီး မင်းသားကြီး Aaron Kwok နဲ့ Sean Lau တို့ထပ်ပါဝင်လာပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon  Encoded by LK
movie

The White Storm 3: Heaven or Hell ( 2023 )

Cyber Heist ( 2023 ) 6.3
Cyber Heist ( 2023 ) ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် - ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ...
movie

Cyber Heist ( 2023 )

Future Cops (1993) 5.9
Future Cops (1993) Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie

Future Cops (1993)

1993
Throw Down (2004) 6.8
Throw Down (2004) Throw Down (2004)Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ ...
movie

Throw Down (2004)

The Monkey King: The Legend Begins ( 2022 ) 6
The Monkey King: The Legend Begins ( 2022 ) The Monkey King ဇာတ်ကားတွေအများကြီးထွက်နေပြီဆိုပြီးရိုးနေပြီဆိုတဲ့ CM ပရိတ်သတ်တွေအတွက် ဒီရှည်လျားတဲ့ဇာတ်ဝတ္ထုကြီးရဲ့ မျောက်ဘုရင် ဘယ်လိုဖြစ်ပေါ်လာကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ The Monkey King: The Legend Beginsဆိုပြီး ယနေ့မှာတော့တင်ဆက်ပြသပေးလိုက်ပြီအားလုံးသိပြီသားအတိုင်း မျောက်ဘုရင် စွန်းဝူခုန်းက ကောင်းကင်ဘုံမှာပြဿနာရှာလို့ ရူလိုင်မြတ်စွာဘုရားက သူ့ကိုလက်ငါးချောင်းတောင်အောက်မှာအပြစ်ဒဏ်ပေးတဲ့အနေနဲ့ တရားကျင့်ကြံခိုင်းထားခဲ့ပါတယ်ဒီဇာတ်ကားလေးမှာ အားယိဆိုတဲ့ ကလေးမလေးတစ်ယောက် မျောက်ဘုရင် စွန်းဝူခုန်းကို ကောင်းကင်ဘုံ နတ်ပြည်ထံခေါ်သွားပေးဖို့ လိုက်ရှာပါတယ် ဒီလိုနဲ့ပဲ ဝူခုန်းနဲ့တွေ့ပြီးနောက်ပိုင်း သူ့မိဘတွေအသတ်ခံလိုက်ရကြောင်းကို ကောင်းကင်ဘုံမှာရှိတဲ့ နတ်အရာရှိတွေကိုတိုင်ကြားချင်လို့ ကောင်းကင်ဘုံကိုခေါ်သွားပေးပါလို့ အားယိကတောင်းဆိုပါတယ်ဝူခုန်းနောက် တကောက်ကောက်ရှုပ်တဲ့ကလေးမက ဝူခုန်းဒုက္ခတွေကြုံလာရင် သူအရင်ဆုံးထွက်ကာကွယ်ပေး ဝူခုန်းကိုပျော်ရွှင်အောင်ထား‌ပေးနဲ့ သူငယ်ချင်းတွေဖြစ်လာရော နောက်ဆုံးမှာ အားယိကို ကောင်းကင်ဘုံခေါ်သွားဖို့ ဝူခုန်းကတိပေးခဲ့လိုက်ပါတယ်ကံမကောင်းစွာနဲ့ ဝူခုန်းရဲ့ ရန်ဘက် နဂါးမင်းသားက ဝူခုန်းကိုလက်စားချေချင်တဲ့စိတ်နဲ့ အားယိကိုဖမ်းကာ လက်စားချေမှုတွေစတင်လှုပ်ရှားခဲ့ပါတယ် အားယိကိုသွားကယ်ရင်းဖြစ်လာမဲ့အကြောင်းအရာလေးတွေကိုတော့ ဆက်ပြီးပြောပြသွားမှာမဟုတ်တဲ့အတွက် :') ဇာတ်ကားလေးကိုပဲကြည့်ရှုလိုက်ရအောင် .. Quality : WEB-DL 1080p ,  480pFormat : mp4Genres : Action , Fantasy , DramaRuntime : 1h 20minSubtitle : Myanmar Subtitle ...
movie

The Monkey King: The Legend Begins ( 2022 )

The Detective (2007) 6.6
The Detective (2007) အခုတင်ဆက်ပေးမယ့်ကားလေးကတော့ The Detective (ခေါ်) <<C+侦探>> ဖြစ်ပါတယ် ။ဇာတ်လမ်းအကျဥ်းဒီထဲမှာတော့ တန်(မ်)လို့ခေါ်တဲ့ main cast စုံထောက်တစ်ဦးနဲ့ အစချီထားပါတယ် ငယ်ငယ်တည်းက မိဘတွေရဲ့ ထားခဲ့ခြင်းကို ခံရလို့ မိဘတွေကို လိုက်ရှာရင်း အလွတ်တမ်းစုံထောက်တစ်ယောက် ဖြစ်လာခဲ့တယ် ဇာတ်လမ်းထဲမှာ သူနဲ့သူငယ်ချင်း ဖြစ်သူ ရဲအရာရှိတစ်ဦးတို့ ရာဇဝတ်မှု လူသတ်မှုတွေကို ဖြေရှင်းသွားမှာပါသူမိဘတွေကို ရှာဖွေနေတဲ့ကြား လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်ပြီး လူ၄ယောက် ဆက်တိုက်သေဆုံးမှုတွေလည်း ဖြစ်လာခဲ့တဲ့နောက်...သူတို့တွေ တစ်ချိန်ထဲနီးပါးသေတာကရော တိုက်ဆိုင်မှုလား ဒါမှမဟုတ် ဆက်စပ်မှုတွေရှိနေတာလား ဘယ်လိုစုံစမ်းပြီးဘယ်လိုဖြေရှင်းလဲဆိုတာ ရုပ်ရှင်လေးကို ဆက်ကြည့်လိုက်ရအောင်ပါ ။File Size__(1.9GB) / (950MB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:49:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yunn Myat Noe Khaing Encoded by Naing Aung Latt
movie

The Detective (2007)

Monk Comes Down the Mountain (2015) 5.5
Monk Comes Down the Mountain (2015)  Monk Comes Down The Mountain (2015)ကဲဝူတန်သိုင်းပြီးတော့ ဒီတစ်ခါကွန်ဖူးကားပါနော်ဒီဇာတ်ကားလေးက တာအိုဘုန်းကြီးကျောင်းက ခဲ့အန်းရှက တောင်အောက်ဆင်းလာရာကနေစတဲ့ဇာတ်လမ်းလေးပါတာအိုဘုန်းကြီးကျောင်းက မြို့တွေနဲ့အဝေး တောင်ထိပ်မှာ ဆောက်ထားတာဖြစ်ပြီး ဘုန်းကြီးကျောင်းသားတွေကို ကွန်ဖူးသင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ထားတဲ့နေရာပေါ့နောက်ပိုင်း အစားအသောက်ပြသနာကြောင့် တိုက်ခိုက်ပြီး ဘယ်သူဆက်နေရမလဲဆုံးဖြတ်ကြရတယ် ဒီလိုနဲ့ အပြင်လောကကိုခုမှတွေ့ကြုံဖူးတဲ့ခဲ့အန်းရှက တောင်အောက်ဆင်းဆင်းချင်း အစားအသောက်ကိစ္စနဲ့ပက်သက်ပြီးဒုက္ခရောက်ပါတော့တယ်ကြက်သားဟင်းကိုလုယူဖို့ကြိုးစားရာကနေ သနားစိတ်ဖြစ်မိပြီးအိမ်ခေါ်သွားတဲ့ သမားတော်ဆွေ့ခဲ့အန်းရှကလည်း တကယ့်ဆရာအရင်းလိုသဘောထားပြီး ပြုစုလုပ်ကိုင်ပေးပေမဲ့ ကံကြမ္မာကြောင့်ဝေးကွာခဲ့ရပြန်ပါတယ်ဒီလိုနဲ့ သူဟာ အပြင်လောကမှာ ကြုံတွေရတဲ့ ပြသနာတွေ ဘယ်လိုရင်ဆိုင်မလဲသူ့ဆရာအတွက်ရော ဘယ်လိုလက်စားချေမလဲ ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူ့ကြပါ ။ခဲ့အန်းရှအဖြစ် Wang Bao Jiang သူဌေးကျားအဖြစ် Chang Chen ကျိုးချီရင်အဖြစ် Aaron kok ပန်ချင်းဝူအဖြစ် Yuen Wah သနားတေည်ဆွေ့အဖြစ် Fan Wei( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__720p IMDb Rating__5.5/10 Format__mp4 Duration__02:00:00 Type__Action , Adventure Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

Monk Comes Down the Mountain (2015)

Project Gutenberg ( 2018 ) 6.9
Project Gutenberg ( 2018 ) IMDb Rate 6.9 နဲ့အတူ နာမည်ကြီးမင်းသား ချောင်ယွမ်ဖတ်ကလည်းပါဝင်သရုပ်ဆောင်ထားပြီး ဂျင်းကားမဟုတ်တာတော့ 100 %ကျိန်းသေနေတာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့လွန်ခဲ့တဲ့  နှစ်တွေက ချစ်သူ ၂ယောက် …အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ်ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့်ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ်ကံကြမ္မာလှည့်ကွက်တွေကြောင့်၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ်ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြုပန်းချီပညာရှင်တစ်ယောက်….ရဲစခန်းကဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကိုကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ်ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေအစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ်ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီးစောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ် Quality : Bluray 1080p 5.1 CH ( HEVC )& Bluray 720p 5.1CHFormat : mkv for ( 1080p HEVC ) & mp4 for ( 720p )During : 2h 10 minSubtitle : Myanmar Subtitle ...
movie

Project Gutenberg ( 2018 )

2018
One Night Only (2016) 6.1
One Night Only (2016) IMDb (6.1) ရရှိထားတဲ့ Drama,Romance အမျိုးအစား ထိုင်ဝမ်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်း- လောင်းကစားသရဲ 'ကောင်းရဲ့' နဲ့အပျော်မယ်'မို့မို့' တို့ကြားက မထင်မှတ်ထားတဲ့တစ်ညတာတွေ့ဆုံမှု- ညတစ်ညအတွင်းမှာလူတစ်ယောက်ရဲ့ဘဝကအများကြီးပြောင်းလဲသွားနိုင်ပါတယ်- ညတစ်ညကတစ်ချို့လူတွေအတွက်ညတစ်ညသာဖြစ်ပေမဲ့ တချို့အတွက်တော့တစ်ဘဝစာလုံးဖြစ်နေတတ်ပါတယ်- လူတစ်ယောက်ရဲ့အပြင်ပန်းကိုပဲကြည့်ပြီး ပြောမကုန်နိုင်တဲ့ဘဝနောက်ကြောင်းကိုမသိနိုင်ပါဘူး- လောင်းကစားအရမ်းကြိုက်တဲ့ 'ကောင်းရဲ့' ဘဝဇာတ်ကြောင်းကရော ဘာဖြစ်မလဲ- အပျော်မယ်လေး 'မို့မို့' ရဲ့ဘဝဇာတ်ကြောင်းကရော ဘာဖြစ်မလဲ- လောင်းကစားအလွန်အကျွံလိုက်စားမိရာကနေ ဘဝကိုပါလောင်းကြေးထပ်မိတဲ့အခါ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ…- ဘဝသင်ခန်းစာနဲ့ ရသစုံပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ Ying Ying ဖြစ်ပါတယ်။)  File size…(900 MB) and (400 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying 
movie

One Night Only (2016)

2016
The Monkey King 3 (2018) 5.5
The Monkey King 3 (2018) The Monkey King 3 (2018)_____IMDb - 5.5/10  ဒီဇာတ်ကားမှာတော့ ဆရာ တော် ရှန်ကျန်းနဲ့ တပည့်ကျော် သုံးဦးဖြစ်တဲ့ ဝူခုံး၊ ပါကျဲနဲ့ ဝူဂျင်းတို့တွေ မိန်းမလှနိုင်ငံကို ရောက် သွားပြီး ကြုံဆုံရတာတွေကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ဆရာတော် ရှန်ကျန်းနဲ့ တပည့်ကျော်တွေဟာ ကျမ်းစာ အုပ်တွေ ယူဆောင်ဖို့ အနောက် ဘက်ကို ခရီးဆန့်ကြရင်း တစ် ရက်မှာတော့ စုလစ်မွမ်းချွန်တွေ နဲ့ ခမ်းနားတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနေရာက တော့ ငယ်ငယ်ချောချော ဘုရင်မ လေးအုပ်ချုပ်ရာ မိန်းမလှ တိုင်း ပြည်ပဲ ဖြစ်ပါတယ်။အဲဒီကို ရောက်သွားပြီးတဲ့ နောက်မှာတော့ ဆရာတော် ရှန် ကျန်းနဲ့ ဘုရင်မလေးတို့ကြားမှာ သံယောဇဉ်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဘုရင်မလေးရဲ့ အကြံပေး မိန်းကလေးကတော့ သူတို့နိုင်ငံ ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူတို့ဆီကို ...
movie

The Monkey King 3 (2018)

2018
Eternal Wave (2017) 6.4
Eternal Wave (2017) Eternal wave ဇာတ်ကားလေးကတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာထွက်ရှိထားတာဖြစ်ပြီး rating 15+ ရရှိထားတဲ့တော်လှန်ရေးကားလေးပါ၁၉၃၀ ခုနှစ်မှာဖက်ဆစ်ဂျပန်တွေရဲ့လက်အောက်ကိုကျရောက်ခဲ့တဲ့ ရှန်ဟိုင်းမြို့ရဲ့တော်လှန်တိုက်ခိုက်မှုတွေကိုပုံဖော်ထားတာပါမင်းသား Aaron Kwok , Zhang Han, မင်းသမီး Zhao Li Ying တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်လင်ရှန်းဟာ ဂျပန်လက်အောက်ရောက်သွားတဲ့ ရှန်ဟိုင်းမြို့ကိုသူလျိုတစ်ယောက်အနေနဲ့ဝင်ရောက်ခဲ့ပြီးသတင်းတွေကိုရှန်ဟိုင်းကနေထုတ်လွှင့်ပေးပါတယ်ဂျပန်တွေသတိမထားမိအောင် လန်ဖန်းဆိုတဲ့ကောင်မလေးနဲ့ လင်မယားအယောင်ဆောင်ကာ အထက်ကိုသတင်းများတောက်လျှောက်ပေးပို့နေပါတယ်သို့သော်လဲတစ်နေ့မှာတော့ ဂျပန်တွေသံသယဝင်တာခံရပြီးအဖမ်းခံခဲ့ရပါတယ်ဂျပန်တွေရဲ့နှိပ်စက်ပုံ၊ကိုယ့်အမျိုးကိုယ်တောင်ရက်စက်ကြမ်းကြုတ်သောသူတို့ရဲ့ဒဏ်ကိုခံရပုံတွေဒီကားထဲမှာအများကြီးတွေ့ရပါတယ်ဂျပန်လက်ထဲရောက်နေတဲ့လင်ရှန်းကို သူ့အယောင်ဆောင်ဇနီးဖြစ်သူက ဘယ်လိုကယ်ထုတ်တယ်နောက် ဂျပန်တွေလက်ထဲကနေအားလုံးအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား၊အမျိုးကိုသစ္စာဖောက်သူတွေရဲ့ဇာတ်သိမ်းကရောလှပါ့မလားဆိုတာ......... File Size : (950 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 40min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : WEB-DL.1080p.x264.AAC Translated by Yamin Thawdar Maung Encoded by Thanhtike ...
movie

Eternal Wave (2017)

2017
The Monkey King (2014) 4.9
The Monkey King (2014) The Monkey King (2014)_____IMDb - 4.9/10  2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး အထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ။ Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီး နဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံရှာပုံတော်ဖွင့်ပုံ . နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ။ နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့် ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီး လက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ်။ အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာ လက်ငါးချောင်းတောင်အောက်ကလွတ်ပြီး အနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ်။ ( Part 2 မှာ ကျမ်းစာပင့်ဆောင်ဖို့ စတင်မှာပါ။ )   (ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Ko Nyein Saeyar Aung ပဲဖြစ်ပါတယ်။)   (ဒီဇာတ်ကားကို ကျွန်တော်ကိုယ်တိုင်ဘာသာပြန်ထားခြင်းဖြစ်ရာ အမှားအယွင်းနှင့် လိုအပ်ချက်များရှိပါက... ကျွန်တော့်မှာသာတာဝန်ရှိကြောင်းကြိုတင်အသိပေးပါရစေခင်ဗျာ...)    File Size                          : 898 MB Quality       ...
movie

The Monkey King (2014)

2014
The Monkey King 2 (2016) 5.9
The Monkey King 2 (2016) Monkey King 2 (2016)IMDb - 5.9/10_____Rotten - 100%   IMDb rating 5.9/10 ရရှိထားပြီး Rotten tomatoes မှာ ၁၀၀% ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး ဝူချန့် ရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ဝတ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာဘဲဖြစ်ပါတယ်။အများကမျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတကားလဲဖြစ်သလို ရုံတင်ချိန်မှာတော့ Deadpool နဲ့ အပြိုင် ရုံတင်ပြသခဲ့သည့်အတွက် ဇာတ်ကားမှာ ထင်သလောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အရင် ထွက်ရှိပြီးသား ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ Visual Affect တွေ Animation တွေဟာ တော်တော်ကြီး ကြည့်ကောင်းလာတာကိုတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မျောက်မင်း ဝူခုန်းကားတွေရဲ့ ထုံးစံအတိုင်းဘဲ ကျမ်းစာသွားသယ်တဲ့နေရာကနေစတင်ထားပြီး ထုံးစံအတိုင်းဘဲ ဝူခုန်းကို ဆရာတော်က ကယ်တင်ပေးတဲ့အခန်းကနေဘဲစတင်ထားပါတယ်။ အရိုးဖြူမိစ္ဆာ တို့အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး အနောက်ဖက်က မိုးကြိုးကျောင်းဆောင်မှာ ကျမ်းစာတွေကို သယ်ယူနိုင်မနိုင်ကိုတော့ ဆက်လက် ဒေါင်းယူကြည့်ရှူကြပါဗျာ။ထိုသို့အလွန်ကောင်းသောဇာတ်ကားကို Channel Myanmar ...
movie

The Monkey King 2 (2016)

2016