Channel Myanmar

Adriana Ugarte

Mirage(2018) 7.6
Mirage(2018) Mirage(2018) IMDb....7.8 ၁၉၈၉ ခုနှစ်.... နီကိုဆိုတဲ့ကောင်လေးက ဂစ်တာတီးသီချင်းဆိုဝါသနာတဲ့ကောင်လေး... နီကိုဟာ ဂစ်တာတီးသီချင်းဆိုတဲ့အချိန် ဗွီဒီယိုမှတ်တမ်းလေးတွေတင်ထားလေ့ရှိတယ်.... တစ်နေ့သူဂစ်တာတီးနေတုန်း အိမ်နီးနားချင်း မိသားစုဆီကနေ ဆူညံသံတွေကြားလွန်းတော့ ကလေးပီပီ စူးစမ်းချင်စိတ်ကြောင့်  သွားကြည့်မိတယ်...သွားကြည့်မိတာ နီကိုအတွက် တကယ့်မဟာအမှားပါပဲ..သူအိမ်ထဲကိုရောက်တဲ့ ယောက်င်္ကျားဖြစ်သူမှ သူ့မိန်းမကို ဓားနဲ့ထိုးသတ်တာကိုတွေ့လိုက်ရပါတယ်.. နီကိုတစ်ယောက် ကြောက်လန့်တကြားအိမ်အပြင်ထွက်ပြေးတဲ့အချိန် ကံဆိုးစွာပဲ ကားတိုက်ခံရပြီးဆုံးပါးသွားတယ်... သူ့ရဲ့ အခန်းလေးထဲမှာတော့ ဗီဒီယိုကင်မရာလေးတစ်လုံး TVတစ်လုံးနဲ့ သီချင်းမှတ်တမ်းတိပ်ခွေပေါင်းများစွာကျန်ခဲ့လေရဲ့..... ဒီTV ၊ကင်မရာ နဲ့ တိပ်ခွေတွေကပဲဒီဇာတ်ကားရဲ့အလှည့်အပြောင်းလို့ဆိုရမယ်... နောက်နှစ်ပေါင်း (၂၅)နှစ်ကြာတော့ နီကိုအသက်ရှိစဉ်ကနေခဲ့တဲ့အိမ်ကို မိသားစုတစ်စုပြောင်းလာတယ်.. အဲ့ဒီမိသားစုဟာ ဒီတိပ်ခွေနဲ့ တီဗွီ ကင်မရာတို့ကိုတွေ့ရှိပြီးနောက်မှာတော့.... တကယ့်ကပ်ဆိုးကြီးကျရောက်သလိုဖြစ်သွားတယ်... ဒီကားက စပိန်ဇာတ်ကားဖြစ်ပြီး အလှည့်အပြောင်း များလွန်းတဲ့ဇာတ်ကားလို့တောင်ဆိုရမယ်ထင်တယ်.. ဇာတ်လမ်းကိုနိဒါန်းလေးပျိုးနေတဲ့ မိနစ်(၂၅)မိနစ်လောက်အထိသာ သာမန်လို့ထင်ရပေမယ့် အဲ့ဒီနောက်ပိုင်းတော့ ကြည့်ရှုတဲ့သူဟာ "ဟာ" ခနဲတောင်ရေရွတ်မိမယ်ထင်တယ်...Tempo ကျသွားတာမရှိသလောက်ပဲ...  မထင်မှတ်ထားတဲ့ဇာတ်အိမ်တွေ plot twist တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်...sci-fi thriller အပြင် Drama လေးတွေပါ ရောနှောထားတယ်... ဇာတ်လမ်းက အတော်ဆွဲဆောင်မှုရှိတဲ့ကားမို့ စပွိုင်လာရှောင်ပြီးဒီလောက်ပဲပြောပါရစေ... ဒီကားက ခင်ဗျားတို့ထင်ထားတာထက်ပိုကောင်းနေလိမ့်မယ်..... စကားမစပ် ပရော်ဖက်ဆာလို့ ကျွန်တော်တို့ သိခဲ့တဲ့ ဘဏ်ဓားပြကြီးပါဝင်ထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ...
movie

Mirage(2018)

2018
Tad the Lost Explorer and the Secret of King Midas (2017) 6.3
Tad the Lost Explorer and the Secret of King Midas (2017) (ဒီကားလေးကတော့ ၂၀၁၂ က ထွက်ရှိထားခဲ့တဲ့ Tad, The Lost Explorer ကားလေးရဲ့ အဆက်ဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင် တက်ဒ် ဆိုတဲ့ စူးစမ်းရှာဖွေတာကို ဝါသနာပါတဲ့လူတစ်ယောက်မှာ နာမည်ကြီးရှေးဟောင်းသုတေသနပညာရှင်အသိတစ်ယောက်ရှိပါတယ်...သူ့နာမည်က ဆာရာ တဲ့...ပြောရရင် တက်ဒ် က သူ့ကို ကြိတ် crush နေတာပါ...တစ်နေ့မှာ ဆာရာ ဟာ ထူးဆန်းတဲ့ဒဏ္ဍာရီလာပစ္စည်းတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားပါတယ်...အဲ့ဒီပစ္စည်းဟာ အံ့သြစရာအစွမ်းတွေပိုင်ဆိုင်ပြီး အမှန်တကယ်ရှိကြောင်း သိလိုက်ရပါတယ်...ဒီအချိန် သူ့လိုပဲ အဲ့ဒီပစ္စည်းအကြောင်းသိထားသူတစ်ယောက်က ဆာရာ့ဆီက မှတ်တမ်းတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားလာတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှူပေးကြပါဦး...ပထမကားကို မကြည့်ဖူးတဲ့ တစ်ချို့ ပရိတ်သတ်တွေအနေနဲ့လည်း ဇာတ်လမ်းထိခိုက်မှုမရှိပဲ အဆင်ပြေပြေကြည့်နိုင်မှာပါ...အန်နီမေးရှင်းကောင်းမွန်ပြီး ကြည့်ရတာပျော်စရာကောင်းပါတယ်...ကျွန်တော်ဆို ဇာတ်လမ်းထဲက သီချင်းလေးတစ်ပုဒ်ကို သဘောကျမိရဲ့... ပရိသတ်ကြီးလည်း ခံစားကြည့်ရှုရင်း သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...အားပေးကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုရဲကျော်ထက်ပါ) File Size : (700 MB)  Quality : Blu-Ray 720p Running ...
movie

Tad the Lost Explorer and the Secret of King Midas (2017)

2017