Channel Myanmar

Albert Finney

A Good Year (2006) 7.0
A Good Year (2006) A Good Year (2006)IMDb Rating (6.9)ဒါရိုက်တာကြီး Ridley Scott ရဲ့  ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိအလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်းငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့.....။အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။ File size…(2.3 GB) / (1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:31 Subtitle….Myanmar Subtitle ...
movie

A Good Year (2006)

The Bourne Ultimatum (2007) 8.0
The Bourne Ultimatum (2007) The Bourne Ultimatum (2007)IMDb Rating (8.2) / Rotten Tomatoes (92%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Ultimatum (2007)

4K HEVC
The Bourne Legacy (2012) 6.6
The Bourne Legacy (2012) The Bourne Legacy (2012)IMDb Rating (6.6) / Rotten Tomatoes (56%)++++++++++++ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း..The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က ...
movie

The Bourne Legacy (2012)

4K HEVC
Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
movie

Big Fish (2003)

2003
Murder on the Orient Express (1974) 7.3
Murder on the Orient Express (1974) Murder on the Orient Express (1974) IMDb - 7.3/10_____Rotten - 90% Won 1 Oscar. Another 8 wins & 16 nominations    ကဲ အခုတစ်ခါတော့ သိပ်မကြာခင်မှာ ရုံတင်တော့မှာဖြစ်တဲ့ Murder On Orient Express ကားကြီးကို အကြိုခံစားဖို့ မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ် ကဲ အထွေ အထူး သိမ်မညွှန်းနေတော့ပါဘူး Johnny Depp ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၇ ကားကို မကြည့်ခင်မှာ ဒီကားလေးကို ကြည့်လိုက်ကြရအောင် ဇာတ်ကားလေးကတော့ IMDb မှာ ၇ ကျော်ရထားပြီး ၁၉၇၄ ခုနှစ်ကထွက်ရှိခဲ့တာပါ ပြီးတော့ သာမာန်ကြည့်နေကြ အချစ်လွမ်းကားတွေထက် စုံထောက်ကို ကြည့်ရတာ ဝါသနာပါတယ် ဆိုရင်တော့ လက်မလွတ်သင့်တဲ့ကားလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ မထင်မှတ်ထားပဲ ရထားပေါ်မှာ စုမိတဲ့လူတစ်စု လူသတ်မှုတွေဖြစ်တော့ လူသတ်တရားခံက ဘယ်သူဆိုတာကို စုံစမ်းဖော်ထုတ်တာကို ရိုက်ကူးပြထားတာပါ ကဲ ဇာတ်လမ်းကို ...
movie

Murder on the Orient Express (1974)

1974