Channel Myanmar

Alex Zahara

2012 (2009) 5.8
2012 (2009)  လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်‌ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အ‌မှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie

2012 (2009)

Brain on Fire (2016) 6.6
Brain on Fire (2016) A look at a young woman's rapid descent into insanity. ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကော ဒါမျိုးလေးဖြစ်ဖူးလား “ပိတ်လှောင်ခံခဲ့ရဖူးလား…….ကိုယ့်ခန္ဓာကိုယ်ထဲမှာကိုယ်လမ်းပျောက်နေဖူးလား……………… ကိုယ့်စိတ်ထဲမှာကိုယ် ပျောက်ဆုံးနေဖူးလား……..အချိန်တွေထဲမှာပျောက်ဆုံးဖူးလား………………… ထွက်မြောက်ခွင့်လေးရဖို့  လွတ်မြောက်ဖို့ကို…..အရမ်းကို ရုန်းကန်ကြိုးစားနေရတယ်……………….. လွတ်လမ်းမမြင်တော့အခြေအနေ……ကိုယ်ကိုတိုင် ဘာမှမတတ်နိုင်တော့အခြေအနေမျိုး…….” ဆူဇန်နာကေ့ခ်ျလန်ဆိုတာ မိန်းမချောလေး နယူးယောက်ပို့စ် သတင်းစာတိုက်က ဂျာနယ်နစ်လေးတစ်ယောက်  ကိုယ့်ဘ၀ကို စိတ်ကြိုက်တည်ဆောက်နေရင်း တက်သစ်စ အညွန့်တလူလူနဲ့ ပျော်ရွင်နေတဲ့မိန်းမပျိုလေးတစ်ယောက်ပါ။ ဒီလိုနဲ့ မမျှော်လင့်ဘဲ သူ့ဘ၀မှာ ခုနကပြောထားတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ -အများ ပတ်ဝန်းကျင်ကလည်း စိတ်ဝေဒနာရှင်လို့ မြင်လာတယ် -ဆရာဝန်အများစုကလည်း စိတ်ရောဂါအမျိုးမျိုးကို တစ်ယောက်တစ်မျိုးစီ ရောဂါနာမည်တပ်ပြီးတော့ စိတ္တဇဆေးရုံသာပို့စေချင်ပေမယ့် တကယ်တော့ သူကစိတ်ဝေဒနာရှင်တစ်ယောက် မဟုတ်ခဲ့ဘူး။ ဒီလိုအခြေအနေကို ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာကို ကြည့်ကြည့်လိုက်ကြပါ။ PS..ဒါက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးမှာ။ “ဆှူဇန်နာ့ကေ့ခ်ျလန်” ဆိုတဲ့ ဂျာနယ်လစ်စာရေးဆရာမလေးဟာ နယူးယောက်ပို့စ်မှာ အမှန်တကယ် အလုပ်လုပ်နေရင်း ကြုံတွေ့လာရတဲ့ အဖြစ်အပျက်ပါ။ သူ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို ကိုယ်ကိုတိုင် Personal information အပြည့်အစုံနဲ့ကို Brain on Fire ...
movie

Brain on Fire (2016)

2016