Channel Myanmar

Alexa PenaVega

Taking a Shot at Love (2021) 7.4
Taking a Shot at Love (2021) အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ January 2 ရက်နေ့မှပူပူနွေးနွေးထွက်ရှိထားတဲ့ Taking a Shot at Love ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဒီလိုလေးနဲ့အစပြုထားပါတယ်ရေခဲပြင်ဟော်ကီကစားသမားဖြစ်တဲ့ ရိုင်ယန်ကုဖ့်ပါဟာ ရေခဲပြင်ဟော်ကီမှာတော့ နာမည်ကြီးတဲ့အကျော်အမော်ကစားသမားတစ်ဦးပါရိုင်ယန်လိုအားကစားသမားတစ်ဦးအတွက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ တွေးတောင်မတွေးဝံ့တဲ့ အိပ်မက်ဆိုးတစ်ရပ်ပဲဖြစ်ပါတယ်ဒါပေမယ့်ကံကြမ္မာဟာ ရိုင်ယန်အပေါ်မျက်နှာသာမပေးခဲ့ပါဘူး တစ်နေ့ ရိုင်ယန်တစ်ယောက် ဟော်ကီကစားရင်း ခြေချင်းဝတ်ကိုထိခိုက်မိခဲ့ရာမှ သူအနှစ်သက်ဆုံးဟော်ကီကစားနည်းကိုလက်လွှတ်ရမလို ဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ခြေချင်းဝတ်ဒဏ်ရာရတဲ့ရိုင်ယန်တစ်ယောက် သူရဲ့ညီဝမ်းကွဲဖြစ်တဲ့တယ်ရီနဲ့ဆက်စပ်မိပြီး အေဗွန်မြို့မှ ဘဲလေးဆရာမဂျန်နာထံမှာ ခြေချင်းဝတ်ဒဏ်ရာကုသရန် အကြောင်းဖန်လာပါတော့တယ်ဂျန်နာဆိုသူမှာလည်း ရိုင်ယန်ကုဖ့်ပါလိုမျိုး ခြေချင်းဝတ်ဒဏ်ရာကြောင့် သူမရဲ့ပရော်ဖက်ရှင်နယ်ဘဲလေးကချေသည်ဘဝကို လက်လွှတ်ခဲ့ရသူပါဒါပေမယ့်သူမဟာ သူမတတ်ကျွမ်းတဲ့ဘဲလေးအကကိုသုံးပြီး ခြေချင်းဝတ်ဒဏ်ရာကို ပျောက်ကင်းအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်ကုထုံးတွေအများကြီးရှိတဲ့အထဲမှာ ဘဲလေးအကကုထုံးကိုသုံးပြီး ကုသပေးတာဆို​တော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီလိုနဲ့ဂျန်နာတစ်ယောက် ဘဲလေးကုထုံးကိုသုံးပြီး ရိုင်ယန်ကိုဘယ်လိုတွေကုသပေးမလဲ.....နှစ်ဦးကြားမှာလည်း ဘယ်လိုသံယောဇဥ်ကြိုးလေးတွေ ရစ်နှောင်သွားမလဲဆိုတာတွေကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ရှင်ရိုင်ယန်အနေနဲ့ မင်းသား Luke Macfarlaneကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချော Alexa Penavega က ဂျန်နာအဖြစ် ပါဝင်အားဖြည့်သရုပ်​ဆောင်ထားပါတယ်Rating အနေနဲ့ကလည်း 7.4/10ရရှိထားတော့ အားလုံးသဘောတွေ့မယ့် romantic movie လေးဖြစ်မယ်လို့ မျှော်လင့်မိပါတယ်အညွှန်းနှင့်ဘာသာပြန်ဆိုသူ ...
movie

Taking a Shot at Love (2021)

2021
Wicked Blood (2014) 5.4
Wicked Blood (2014) Wicked Blood (2014) ဟာ IMDb Rating 5.4 ရရှိထားပြီးသရုပ်ဆောင် Abigail Bresln , Sean Bean , James Purefoy တို့ပါဝင်သရုပ်ဆောင်ထားသော Action , Crime , Dramaဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Hannah နဲ့ Amber Baker တို့နှစ်ယောက်ဟာ အကြမ်းဖက်မှောင်ခိုမူးရစ်ဆေးဝါးနဲ့ မကောင်းမှု့မှန်သမျှလုပ်တဲ့တောင်ပိုင်းမြေအောက် မကောင်းမှု့ဒုစရိုက်ကမ္ဘာမှာပိတ်မိနေကြပါတယ်။သူတို့နှစ်ယောက် ထိုကဲ့သို့ ကြမ်းကြုတ်လှတဲ့ ရာဇ၀တ်ဂိုဏ်းရဲ့ခေါင်းဆောင်Uncle Frank ရဲ့လက်အောက်မှာ နေထိုင်ရတဲ့အခါမှာဆိုရင်ဘယ်လိုတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကတော့ဇာတ်ကားထဲမှာကြည့်ရှု့လိုက်ကြပါခင်ဗျာ။(အညွှန်းရေးသားတာကတော့ Win Kyaw Thuဖြစ်ပါတယ်) File size__( 800 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__5.4/10 Format__mp4 Duration__01:31:50 Type__Action , Crime , Drama Subtitle__Myanmar Subtitle (Hardsub) Translated by NAL Encoded by Naing Aung Latt 
movie

Wicked Blood (2014)

2014
Spy Kids (2001) 5.5
Spy Kids (2001) Spy Kids ဇာတ်ကားကတော့2001 ခုနှစ်မှာ Director:Robert Rodriguezရိုက်ကူးထားတဲ့ Action,Adventure,Comedyဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားလေးအကြောင်းကတော့ လူတိုင်းနီးပါးသိမယ်ထင်ပါတယ်။ကျွန်တော်တို့ငယ်ငယ်တုန်းကကြည်ပြီးကြိုက်ခဲ့ရတဲ့ဇာတ်ကားလေးပါပဲ။အခုထိဆို ၄ကားထွက်ရှိပြီးသွားပါပြီ။ဇာတ်လမ်းကတော့ နိုင်ငံတစ်ခုစီက စပိုင်ကောင်လေးနဲ့စပိုင်ကောင်မလေးနှစ်ယောက်ဟာအကြောင်းအမျိုးကြောင့် ချစ်မိသွားခဲ့ကြပြီး ကလေး၂ယောက် ရခဲ့ပါတယ်။သူတို့ဟာ ကလေးတွေမသိအောင်လျို့ဝှက်အေးဂျင့်လုပ်ကြပါတယ်။ဒါပေမယ့် တစ်နေ့မှာ သူတို့အဖွဲ့ထဲက အေးဂျင့်တစ်ယောက်ပျောက်ဆုံးသွားတဲ့အကြောင်းအရင်းနဲ့ပတ်သတ်ပြီးသူတို့နှစ်ယောက်တာဝန်ယူပြီး ရှာဖွေဖို့အမိန့်ကျလာပါတယ်။အဲ့ချိန်မှာ သူတို့အဖွဲ့ထဲက သစ္စဖောက်ကြောင့်သူတို့နှစ်ယောက်အဖမ်းခံခဲ့ရပါတယ်။အဲ့အချိန်မှာတော့ သူတို့ရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့၁၂နှစ်အရွယ်Carmen နဲ့ ၉နှစ်အရွယ်Juni တို့နှစ်ယောက်သူတို့မိဘတွေကို ကယ်ဖို့ ဘယ်လိုတွေကြိုးစားကြမလဲဘယ်လိုတွေ အလွဲလွဲအချော်ချော်ဖြစ်တယ်ဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ရှု့စားကြပါတော့...။ File size…(900 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Translated by Eden Zaw Htoo Encoded by Naing Aung Latt
movie

Spy Kids (2001)

2001
Spy Kids 2: The Island of Lost Dreams (2002) 5.1
Spy Kids 2: The Island of Lost Dreams (2002) Spy Kids 2 ဇာတ်ကားကတော့ 2002ကရိုက်ကူးခဲ့တဲ့American spy adventure comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့Alexa vega,Daryl Sabara,Antonio Banderas တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒီကားထဲမှာဆိုရင်တော့ ပထမကားထဲကCarmen နဲ့ Juniတိို့ကို Agentတွေ အဖြစ်နဲ့တွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကို အငယ်ဆုံးစပိုင်အဖြစ်အသိအမှတ်ပြုကြပေမယ့်အတော်ဆုံးစပိုင်အဖြစ်တော့ အသိအမှတ်မပြုကြပါ။ဒါကြောင့်ပထမဇာတ်ကားမှာ သူတို့ကိုကယ်ခဲ့တဲ့Gary နဲ့ Gerti Gigglesတို့နဲ့တွေ့ပြီး စမ်းသပ်လေ့ကျင့်ကြပါတယ်။အဲ့အချိန်မှာတော့ juni ဟာ မအောင်မြင်တာကြောင့်Agent အဖြစ်မှအဖြုတ်ခံလိုက်ရပါတယ်။ဒါပေမယ့်နောက်နေ့မနက်မှာတော့ Carmen ဟာDatabase ကို hackပြီး Juni ကို Agentအဖြစ်ပြန်ထားခဲ့ပါတယ်။အဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်ကားလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ File size…(950 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Translated by Eden Zaw Htoo Encoded by Naing Aung Latt
movie

Spy Kids 2: The Island of Lost Dreams (2002)

2002
Spy Kids 3-D: Game Over (2003) 4.2
Spy Kids 3-D: Game Over (2003) Spy kids 3 ဇာတ်ကားကတော့အရှေ့က Spy kids 1,2 ကြည့်ပြီးသူတွေအဖို့ရှည်ရှည်ဝေးဝေး ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ကောင်းမှန်းသိကြမယ်လို့ထင်ပါတယ်။ဒါပေမယ့် ဇာတ်လေးလည်းနည်းနည်းသိအောင်အကျဉ်းချုပ်ပြောပြပါဦးမယ်။ဒီနံပါတ်၃ကားမှာဆိုရင်တော့ Juniဟာအကြောင်းအမျိုးမျိုးကြောင့် Spy အလုပ်ကနေ အနားယူခဲ့ပြီးလစာနည်းပေမယ့် စိတ်အေးချမ်းတဲ့ဘဝရနိုင်တဲ့သီးသန့်စုံထောက်အလုပ်ကို ပြောင်းလုပ်ခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ OSS အဖွဲ့ရဲ့ခေါင်းဆောင်ဆီကနေအထင်မှတ်တဲ့သတင်းတစ်ခုကြားခဲ့ရပါတယ်။ဒါကတော့ သူ့အမ Carmenဟာ OSSရဲ့ mission အမှားတစ်ခုကြောင့်ပျောက်နေတယ်ဆိုတဲ့သတင်းပါပဲ။အဲ့နောက်မှာတော့ juniဟာ OSSကိုပြန်လာပြီးသူ့အမကို ရှာဖွေဖို့ပြုလုပ်ပါတော့တယ်။အဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာဇာတ်ကားလေးထဲမှာ ဆက်လက်စီးမျောကြပါတော့....။ File size…(850 MB) and (350 MB) Quality…BR-Rip 1080p Format…mp4 Duration….01:22:37 Subtitle….Myanmar Subtitle (Hardsub) Translated by May Thazin Phoo Encoded by Naing Aung Latt
movie

Spy Kids 3-D: Game Over (2003)

2003