Channel Myanmar

Alice Hirose

Hell’s Garden (2021) 6.4
Hell’s Garden (2021) Hell's Garden (2021)ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ ...ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ ...ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား?(ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။)File Size          : 3.7GB, 1.1GB, 542MB Quality        ...
movie

Hell’s Garden (2021)

2022
The Travelling Cat Chronicles (2018) 6.8
The Travelling Cat Chronicles (2018) The Travelling Cat Chronicles (2018)"ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့"တဲ့။ ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။ ဆတိုးရုက သိပ်ကို ကြံကြံဖန်ဖန်တွေးတတ်တာပဲနော်။ပြီးတော့ ကျွန်တော့်ကို သိပ်ချစ်ရှာပြီး ကျွန်တော့်အတွက်ဆို ငိုပါငိုကြွေးတဲ့ လူသားပေါ့။ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။ စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ ခါတိုင်းလို ကြောင်အစည်းအဝေးပွဲ သွားရမယ့်ညမှာ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်ဗျ။ ဒါကတော့ လမ်းဖြတ်ကူးနေတုန်း ကားတိုက်ခံလိုက်ရတာပါ။ အမှားလေး တစ်ချက်​ကအသက်ကို နှုတ်ယူသွားနိုင်တဲ့ လေလွင့်ကြောင်တွေရဲ့ဘဝပေါ့ဗျာ။ ကျွန်တော်တစ်ကောင်တည်း လမ်းမကြီးထက်မှာ ကူရာကယ်ရာမဲ့ ဝေဒနာခံစားနေရပြီး သိပ်နာကျင်လွန်းလို့ ...
movie

The Travelling Cat Chronicles (2018)

2018