Channel Myanmar

Alison Lohman

Gamer (2009) 5.7
Gamer (2009) Gamer (2009) ===================== အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို ကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။ အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုက science fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီး ကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။ File size…6.2GB/ 2.26GB / 1.12GB Quality…4k HEVC Bluray / 1080p BluRa Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jaka
movie

Gamer (2009)

2009
4K HEVC
Beowulf (2007) 6.2
Beowulf (2007) သူရဲကောင်းတို့ ခေတ်ကောင်းချိန်...Beowulf လို့ ခေါ်တဲ့ သူရဲကောင်းရဲ့ နာမည် ထွန်းထွန်းတောက်နေချိန်...တစ်ချိန်တည်းမှာပဲ ဘုရင် Hrothgar ရဲ့ တိုင်းပြည်မှာမိစ္ဆာဆိုး တစ်ကောင်မွှေလို့ တစ်တိုင်းပြည်လုံး အစည်းပြေ မီးသေနေတဲ့ အချိန်...ကြံရာမရတဲ့ အဆုံး ဘုရင်ခမျာ Beowulf ကို ရှေ့တော်တင်သွင်းပြီး မိစ္ဆာကို တိုက်ထုတ်ခိုင်းရတော့တယ်...အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ပြီးနောက် ဒီအောင်မြင်မှုဟာဒီ့ထက်ပိုကြီးမားတဲ့ အမျက်ဒေါသနဲ့ လက်စားချေမှုကြီးတစ်ခုဆီကို ဦးတည်သွားတော့တယ်...မိစ္ဆာရဲ့ မိခင်ပါပဲ... ဆွဲဆောင်မှုရှိလွန်းခြင်းရဲ့ နောက်ကွယ်မှတစ်ဆက်တည်းဆိုသလို ပျက်ဆီးခြင်းတရားတွေပါ ပါလာတဲ့ မကောင်းဆိုးဝါးမပေါ့...သူမဟာ Beowulf အတွက် အနိစ္စတရားလေလား...IMDB - 6.2/10, RT - 71% Back to the Future နဲ့ Forrest Gumps တို့ရဲ့ ဒါရိုက်တာဖြစ်ပြီးVisual ရိုက်ချက်တွေကို ကျွမ်းကျင်လွန်းတဲ့ Robert Zemeckis ရဲ့ လက်ရာဖြစ်ပါတယ်။ဒါရိုက်တာတင် နာမည်ကျော်မဟုတ်ပဲ ပါဝင်တဲ့ Cast ...
movie

Beowulf (2007)

2007
Big Fish (2003) 8.0
Big Fish (2003) IMDb Rating (8/10)Rotten Tomatoes (76%) Big Fish...“အမှန်တရားဆိုတာ သန့်ရှင်းတာ ရှားတယ် ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါ့အပြင် အများစုသော အမှန်တရားတွေဟာ မလှပပါဘူး…..။ အမှန်တရားဟာ ထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ ယောကျာ်းတစ်ယောက်.. သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီး တကယ့်အမှန်တရားဟာ..သူဟာ နောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ရောက်ခဲ့တယ်ဆိုရင်ရော… သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက် ဘာများ ထပ်ထူးခြားမလဲ။ မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့ အမှန်တရားတွေအစား.. သူ့ကလေးကို ပျိုးထောင်ဖို့ ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။သူတကယ် ကြုံခဲ့ရတဲ့ ဒုက္ခတွေအစား အမှန်တရားတချို့တဝက် သင်ခန်းစာ တချို့တဝက်နဲ့ တကယ့်အဖြစ်အပျက်တွေကို သူ့သားကို ပုံစံပြောင်း ပြောပြခဲ့ပါတယ်။ဖုံးထားတဲ့ အမှန်တရားကိုမှ မြင်ချင်တက်ကြတဲ့ လူ့ သဘာဝအတိုင်း သူ့သားက အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ…….။ သူဘာတွေသိရမလဲ ခံစားကြရမှာပါ။ဘယ်တော့မှ မဟောင်းသွားတဲ့ ဟာသတစ်ပုဒ်ကို ကြားဖူးကြလား.. ပြန်ကြားရတိုင်း ပထမတုန်းက ဘာလို့ရယ်ရသလဲ မေ့သွားပြီး အသစ်ပြန်ဖြစ်သွားတဲ့ ဟာသမျိုး..။ဒီလိုမျိူး ပုံပြင်တစ်ပုဒ်ကို အကြိမ်ရေထောင်ချီ ပြောခဲ့တဲ့ လူတစ်ယောက်ကို ဒီဇာတ်ကားမှာ ခင်ဗျားတို့ တွေ့ရမှာပါ။လူတစ်ယောက်ဟာ ဒဏ္ဍာရီတစ်ပုဒ်ကို အခါခါ အထပ်ထပ်ပြောရင်း သူကိုယ်တိုင် အဲ့ဒီ ဒဏ္ဍာရီ ဖြစ်လာတယ်။.. သူတို့ မရှိတော့ပေမဲ့ အဲ့ဒီ ဒဏ္ဍာရီတွေက ရှိတုန်းပါ.. ထာဝရ ရှင်သန်နိုင်ခဲ့တယ်…။သူ့အဖေမရှိတော့ပေမဲ့ သူ့ကလေးတွေကို သူ့အဖေရဲ့အကြောင်းပုံပြင်တွေကို ပြောနေတဲ့ အဖေတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ...
movie

Big Fish (2003)

2003
Drag Me to Hell (2009) 6.5
Drag Me to Hell (2009) Drag Me to Hell (2009) IMDb - 6.5/10________Rotten - 92%  ကျိန်စာတိုက်တယ် ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စ ကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ---အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီ က ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲက မကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်...ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ ---- ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ...သမိုင်းစခဲ့တယ်အခုလက်ရှိခေတ် မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက် ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ.... ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ ညကျကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့် ကားကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ..... ဒီဇာတ်ကားကို ညီလေး Moe Oo Mann မှဘာသာပြန်ပြီး မြန်မာကြီးမှ အညွှန်းရေးပေးထားပါတယ်က်ိန္စာတိုက္တယ္ ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စ ကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ---အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီ က ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲက မကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်...ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ ---- ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ...သမိုင်းစခဲ့တယ်အခုလက်ရှိခေတ် မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက် ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ.... ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ ညကျကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့် ကားကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ..... ဒီဇာတ်ကားကို ညီလေး Moe Oo Mann မှဘာသာပြန်ပြီး မြန်မာကြီးမှ အညွှန်းရေးပေးထားပါတယ်File Size     ...
movie

Drag Me to Hell (2009)

2009