Channel Myanmar

Amanda Khan

Horizon Line (2021) 4.9
Horizon Line (2021) Horizon Line (2021)==================IMDb Rating - 4.9/10 မနေ့ကပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အက်ရှင် Thriller ဇာတ်ကားပါ။ဇာတ်လမ်းအရတော့ ဆာရာက လန်ဒန်သူ နှုတ်ဆက်ခွဲခွာရခြင်းတွေကိုမုန်းလို့ တစ်ခုခုဆိုရင်နှုတ်မဆက်ပဲ ရုတ်ချည်းထွက်ထွက်သွားတတ်တဲ့သူပေါ့။ ဂျက်ဆင်ကတော့ လူဖြူဖြစ်ပေမယ့်လန်ဒန်လိုမြို့ကြီးပြကြီးတွေရဲ့ မွန်းကြပ်မှုတွေကိုမခံနိုင်လို့ မော်ရီတေးနီးယားဆိုတဲ့ အာဖရိကကျွန်းလေးမှာ Diving School ဖွင့်ပြီး အခြေချနေတဲ့သူပေါ့။ သူတို့နှစ်ဦးချစ်သူတွေဖြစ်ခဲ့ကြပေမယ့်ဘဝတိုးတက်ရေးကိုဦးစားပေးတဲ့ဆာရာက ဂျက်ဆင်ကိုထားခဲ့ဖူးပါတယ်...မိတ်ဆွေတစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် ဆာရာက အဲဒီကျွန်းလေးကိုပြန်ရောက်လာပြီး ဂျက်ဆင်နဲ့အတူ လေယာဉ်တစ်စီးတည်းစီးဖို့ရာအကြောင်းဖန်လာပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ ပိုင်းလော့ဖြစ်သူကလေယာဥ◌်ပျံသန်းနေရင်း နှလုံးဖောက်ပြီးဆုံးပါးသွားတဲ့အခါမှာတော့ မောင်းသူမဲ့သွားတဲ့လေယာဥ◌်ဟာကျွန်းပေါ်ကိုထိုးကျခဲ့တာကနေစပြီး အဲဒီပေါ်မှာ အသက်ရှင်ကျန်ဖို့ ဘယ်လိုကြိုးစားရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။ ဒီလို Survival Movie တွေရဲ့ကျောရိုးက မထူးဆန်းပေမယ့် လူနှစ်ယောက်တည်းနဲ့တစ်ကားလုံးကို ဆွဲဆောင်မှုရှိရှိနဲ့  ကြည့်ရှုသူကို ပြသသွားနိုင်တာဟာ အတော်ကိုသေသပ်တယ်လို့ပြောလို့ရပါမယ်။ဒီဇာတ်ကားလေးကိုကြည့်ရှုပေးကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - ...
movie

Horizon Line (2021)

2020