Channel Myanmar

Anand Tiwari

Ae Watan Mere Watan (2024) 7.5
Ae Watan Mere Watan (2024) Ae Watan Mere Watan (2024)( Do or Die)IMDb 7.3/10ဒီကားက 1942 ခုနှစ် ဒုတိ‌ယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှနယ်ချဲ့တွေ အိန္ဒိယကိုသိမ်းပိုက်လိုက်တဲ့အချိန် မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ အိန္ဒိယလွတ်လပ်ရေးအတွက် မဆုတ်မနစ် အနစ်နာခံကြိုးစားပုံတွေကို ပုံဖော်ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။"ကြီးမားတဲ့အောင်မြင်မှုက သေးသေးလေးကနေပဲ စတင်တယ်"တစ်ခုကိုလိုချင်ရင် တစ်ခုပေးဆပ်တတ်ရတာမို့ လွတ်လပ်ရေးလိုချင်လို့ အသက်ပေးခဲ့ရသူတွေဒုနဲ့ဒေးဖြစ်နေတဲ့ အင်္ဂလိပ်တွေအုပ်စိုးနေတဲ့ ဗြိတိသျှအင်ပါယာတစ်ခေတ်မှာပေါ့။ အူရှာက အိန္ဒိယဘက်တော်သားဖြစ်ပြီး တစ်အိမ်တည်းနေတဲ့ သူ့အဖေကတော့ အင်္ဂလိပ်ဘက်တော်သားပါ။တရားသူကြီးလည်းဖြစ် အင်္ဂလိပ်တွေက ကားအကောင်းစားကြီးလည်း ချီးမြှင့်ထားတော့ တစ်ဖက်စွန်းရောက်ဖြစ်ပြီး အိန္ဒိယသားတွေရဲ့ လှုပ်ရှားသူတွေဆို ရွံမုန်းနေသူတစ်ယောက်ပေါ့။သတင်းမှန်ပြန်ကြားဖို့နဲ့ ပြည်သူတွေ စိတ်အားထက်သန်လာပြီး တိုင်းပြည်ကို ဖိနှိပ်နေတဲ့ အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ဖို့ အူရှာတို့အဖွဲ့ ကွန်ကရက်ရေဒီယိုဆိုတဲ့ ရေဒီယိုအသံလှိုင်းတစ်ခု ထုတ်လွှင့်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုအခက်အခဲတွေကြားက ဉာဏ်အရမ်းပြေးတဲ့ အူရှာလေးတစ်ယောက် အိန္ဒိယလွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံကြိုးပမ်းပုံတွေ အိန္ဒိယနိုင်ငံသားတွေရဲ့ အနစ်နာခံပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ ပဲဖြစ်ပါတယ်) File ...
movie

Ae Watan Mere Watan (2024)

2024
Go Goa Gone (2013) 6.6
Go Goa Gone (2013) Go Goa Gone (2013) Action, Adventure, Comedy IMDb 6.6/10 (14K)အခုတစ်ခါတင်ဆက်ပေးမယ်ကားလေးကတော့ မင်းသားကြီးဆေ့ဖ်အလီခန်းနဲ့ Lootcase 2020 မင်းသားကူနားတို့ သမီးယောက်ဖနှစ်ဦးရဲ့ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ အိန္ဒိယရူပီ ၁၉.၄သန်း (ကန်ဒေါ်လာ ၂.၄သန်း) အထိအမြတ်ရခဲ့တဲ့ ၂၀၁၃ခုနှစ်က ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဟာဒစ် လဗ် ဘန်နီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်..ဟာဒစ်နဲ့လဗ်က အတိုင်အဖောက်ညီတဲ့ ဆိုးဖေါ်ဆိုးဖက်တွေဖြစ်ပြီး ဘန်နီကတော့ အမြဲဒုက္ခခံပေးနေရရှာတဲ့ ရိုးသားကြိုးစားတဲ့ကောင်လေးပေါ့။တစ်ရက်တော့ သူတို့သုံးယောက်ဟာ လောကဓံရဲ့ရိုက်ခတ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ ရုရှားမာဖီးယားဦးဆောင်ပြီးကျင်းပပေးတဲ့ ပါတီပွဲတစ်ခုမှာ အပီကဲဖို့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။သူတို့တွေ အပီကဲပြီး နောက်တစ်နေ့မှာတော့ လူတွေဟာ မူးယစ်ဆေးတစ်မျိုးသုံးစွဲမှုကြောင့် အသိစိတ်မရှိကြတော့ဘဲ အချင်းချင်းကိုက်ဖြတ်စားသောက်လာခဲ့ပါတော့တယ်။အလွဲလွဲအချော်အချော်နဲ့ ဒီသူငယ်ချင်းသုံးယောက်ဟာ ဒီမရဏကျွန်းပေါ်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဟာသလေးနှောပြီးကြည့်ရဦးမှာမို့ ရှုစားတော်မူကြပါဦးနော်။ File size…2.58GB / 1.14GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Go Goa Gone (2013)

2013
Chhapaak (2020) 4.8
Chhapaak (2020) (Unicode)"ဤဇာတ်ကားနှင့်ပက်သက်၍ ခံစားမိသမျှ. . ."လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်(စိတ်ရိုင်းကိုယ်စီ) ရှိကြတယ်။ဘာကြောင့်များ လူတစ်ယောက်ဟာ ဒီလိုလုပ်ရပ်မျိုး လုပ်မိတဲ့အထိ ကိုယ့်စိတ်ရိုင်းကို ကိုယ်တိုင်အရှုံးပေး​ပြီး ဆင်ခြင်တုံတရားဆိုတဲ့ ချည်တိုင်ကနေ လွှတ်ပေးလိုက်ရတာလဲ?မနေ့က ဒီဇာတ်ကားကို ကြည့်မိတော့ ဇာတ်ကားရဲ့အစအလယ်အဆုံးမှာ ကျွန်တော်တွေးနေမိတာက "လူ့စိတ်ထဲက အမှောင်ဘက်ခြမ်း(Darkside)"အကြောင်းပါပဲ။တစ်ချို့လူတွေရဲ့လုပ်ရပ်တွေကို ကိုယ်တိုင်က နားမလည်နိုင်ပေမယ့် ကိုယ့်စိတ်ထဲမှာလည်း သူများနဲ့မတူတဲ့ စိတ်ရိုင်းတစ်မျိုးတော့ ရှိနေမှာ သေချာတယ်။ (ကိုယ်တိုင်လည်း သိတဲ့သူ သိကြမှာပါ)ဒီဇာတ်ကားအကြောင်း ပြောပါဆိုရင်တော့ လည်ပတ်အောင် ပြောပြနိုင်ဖို့က ခဲယဥ်းမယ်ထင်တယ်။ဇာတ်လမ်းက အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် သူ့ဘဝကို ဘယ်လိုပြန်လည်တည်​ဆောက်ယူသလဲသူ့လိုမျိုး နောက်ထပ်အတိုက်ခိုက်ခံရနိုင်တဲ့ မိန်းကလေးတွေအတွက် တရားရုံးအဆင့်ဆင့်ကို တက်ပြီး "အက်ဆစ်ရောင်းချမှုကို တားမြစ်ပိတ်ပင်"ဖို့ အယူခံဝင် ၊ အဆိုပြုလွှာတင်ကာ. . .နောက်ဆုံး ဥပဒေပြစ်ဒါဏ်တစ်ခုအနေနဲ့ ပေါ်ထွန်းလာစေဖို့အထိ ကြိုးစားပုံကို ...
movie

Chhapaak (2020)

2020
Udaan(2010) 8.2
Udaan(2010) Udaan(2010)IMDb....8.2တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်...ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တစ်အားချစ်မှန်းသိရင်ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်....မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်...အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ....ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလိုအရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့  ပြုစုပျိုးထောင်ပုံသွင်းကြတယ်...တစ်ချို့သောကလေးတွေအတွက် အဆင်ပြေပေမယ့် ၀ါသနာနဲ့နှလုံးသားရဲ့မြတ်နိုးရာလမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်....နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမယ့် အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်....ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ.....အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး(၄၆)ကားစာရင်းထဲပါခဲ့သလို၊အကောင်းဆုံးရုပ်ရှင်ဆု၊အကောင်းဆုံးဇာတ်လမ်းဆု၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့အခြေားဆုပေါင်းများစွာရရှိထားပါတယ်....ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး....ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်းခင်ဗျားဟာဒီကားကြည့်ပြီးသတိထားမိသွားလိမ့်မယ်..အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာUdaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Lyric Lynn Khant ဖြစ်ပါတယ်.....File Size…(900MB) and (400MB) Quality…BluRay 720p Format…mp4 Duration…02:14:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant
movie

Udaan(2010)

2010
Detective Byomkesh Bakshy (2015) 7.6
Detective Byomkesh Bakshy (2015) IMDb rating 7.7/10 ရရှိထားပြီး မူရင်းဝတ္ထုဖြစ်တဲ့ ဘင်္ဂါလီ စုံထောက်ကြီး ဘရိုမိုက်ဘတ်ရှေး ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်  ၁၉၄၀ လောက်ကို အခြေခံထားပြီး အင်္ဂလိပ် အစုတ် ဂျပန်အ၀င်ကာလ မှာဖြစ်ပျက်ခဲ့တဲ့ မှုခင်းတွေကို ဘင်္ဂါလီစုံထောက်ကြီးက ဖြေရှင်းပုံတွေကို စိတ်ဝင်စားဖွယ် ပုံဖော်ရိုက်ကူးထားတာပါ ဇာတ်ကားထဲမှာဆို တခန်းနဲ့တစ်ခန်းကိုစိတ်ဝင်စားဖွယ်ရာ အချိတ်ဆက်မိမိရိုက်ကူးပြထားတာကိုတွေ့ရပါတယ် ဒုတိယ် ကမ္ဘာစစ် အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေ ကို စုံထောက်ကြီး ဘတ်ရှေးက ဘယ်လိုများ ဖြေရှင်းမလဲ ဘယ်လိုများစပ်ဆက်မိပြီး ဘာတွေကိုဆက်လတ်ဖော်ထုပ်မလဲ ပြစ်မှုကျူးလွန်သူတွေကို ရင်ဆိုင်တွေ့တဲ့အခါ ဘယ်လိုများ ရင်ဆိုင်တိုက်ခိုက်မလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစားကြပါအုံးဗျာ(ဒါကတော့ ဘင်္ဂါလီ ဆားပုလင်း နှင်းမောင် လို့ထင်တာပါဘဲ )File size...(900MB)   Quality...BR-Rip 720p Format...mp4 Duration....01:44:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay
movie
