Channel Myanmar

Andris Keiss

Loveless (2017) 7.7
Loveless (2017) IMDB Rating 7.7 နဲ့ Rotten Tomato 93% အထိရရှိထားတဲ့ ရုရှားအိမ်ထောင်ရေးဇာတ်ကားတစ်ကားပါ။Heavy Drama ဇာတ်ကားတစ်ကားဖြစ်လို့ ပေါ့ပေါ့ပါးပါးဇာတ်ကားတွေပဲကြည့်ချင်တဲ့သူများလက်ရှောင်သွားနိုင်ပါတယ်။ဒါပေမယ့် ဇာတ်လမ်းလေးဟာ အချစ်မပါတဲ့အိမ်ထောင်ရေးကိုဖော်ကျူးပြထားပြီး အိမ်ထောင်ရေးအဆင်မပြေခြင်းဟာ အခြားသူတွေကို အဓိကအားဖြင့်ကလေးတွေအပေါ်မှာထိခိုက်တတ်ကြောင်းကို ရှင်းရှင်းလင်းလင်းမြင်သာအောင်ပြပေးထားတဲ့အတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်းကိုတော့ ထောက်ခံပေးနိုင်ပါတယ်။ဇာတ်လမ်းကတော့ ယိုယွင်းစပြုနေတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြတဲ့ လင်မယားနှစ်ယောက်ဟာ ကိုယ်စီကိုယ်စီလက်တွဲဖော်အသစ်တွေရှိနေကြပြီးဖြစ်ပေမယ့် နှစ်ယောက်လုံးရဲ့ချစ်ခြင်းကိုမှမခံခဲ့ရတဲ့ ကလေးကိုတော့ ဘယ်သူကမှမလိုချင်ခဲ့ကြပါဘူး။အဲဒီကိစ္စနဲ့သူတို့အငြင်းပွားတဲ့အချိန်မှာ ၁၂နှစ်သားလေးဖြစ်တဲ့ Alexei ကကြားသွားခဲ့ပြီးတော့ အိမ်ကထွက်သွားခဲ့ပါတယ်။သူတို့တွေကလေးကိုပြန်ရှာတွေ့နိုင်မလား၊ပြန်ရှာမတွေ့ခင်ရောဘာတွေဖြစ်ကြမလဲပြန်ရှာတွေ့ခဲ့ရင်ရော ဘာတွေဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။အိမ်ဆိုတာကမနွေးထွေးပဲ နွေးထွေးတာထက်ပိုလွန်းရင် မလွှတ်မြောက်နိုင်တဲ့ ကမ္ဘာပေါ်ကငရဲပါပဲ...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (900 MB) and (380 MB) Quality : Blu-Ray 720p Running Time : 2hr 7min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DEPTH Translated ...
movie

Loveless (2017)

2017