Channel Myanmar

Anthony Sadler

The 15:17 to Paris 5.0
The 15:17 to Paris အက်ရှင်ကားတွေ အချစ်ကားတွေကို ရိုးအီနေပြီဆိုသူတွေအတွက် အရသာအသစ်ပေးစွမ်းနိုင်မယ့်The 15.17 to Paris ဆိုတဲ့ ကိုယ်ရေးအတ္ထုပတ္တိအမျိုးအစားဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၁၅ တုန်းကဖြစ်ပွားခဲ့တဲ့ ISIS  ရထားအကြမ်းဖက်မှုကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ အဆိုပါအကြမ်းဖက်မှုမှာ အသက်နဲ့ရင်းပြီးကယ်တင်ခဲ့တဲ့အမေရိကန်လူမျိုးသူငယ်ချင်သုံးဦးဖြစ်တဲ့ စပန်ဆာစတုန်း၊ အဲလက်စကာလာတို့စ် နဲ့ အန်တိုနီဆက်ဒ်လာ တို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒါရိုက်တာဟာလည်းတစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အော်စကာလေးဆုရမင်းသားကြီး Clint Eastwood ပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို ဇာတ်လိုက်သုံးယောက်ရဲ့ငယ်ဘဝကနေ စတင်ပြီး ရိုက်ကူးပြသထားတာဖြစ်တဲ့အတွက်ကြည့်ရှုသူတွေအနေနဲ့ အတန်ငယ် ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး ဆက်သာကြည့်ကြပါ။ကြည့်ရင်းနဲ့ဇာတ်လမ်းဟာတဖြည်းဖြည်းနဲ့အရှိန်တက်လာပြီး ဇာတ်လမ်းအဆုံးထိ ပါအောင်ဆွဲခေါ်သွားပါလိမ့်မယ်။ဒါ့အပြင် ဇာတ်လိုက်သုံးဦးရဲ့ ဥရောပခရီးစဉ်အစဖြစ်တဲ့ဗင်းနစ်မြို့ရဲ့ရှုပျော်ဖွယ်ရာကောင်းတဲ့အလှနဲ့ အမ်စတာဒမ်မြို့ရဲ့အရိုင်းဆန်တဲ့ အလှတွေကိုပါခပ်ပါးပါးလေးပြသွားတဲ့အတွက် ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Qty - 720p Web DLDuration - 1hr 54minGern - History/ ActionTranslator - Myo Thant KyawReview - ...
movie

The 15:17 to Paris

2018