Channel Myanmar

Arunoday Singh

Viceroy’s House (2017) 6.7
Viceroy’s House (2017) Viceroy's House Partition (2017)ဒီရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံကို ဗြိတိသျှအင်ပါယာအုပ်ချုပ်မှုလက်အောက်ကနေ လွတ်မြောက်ခွင့်ပေးခဲ့တဲ့အချိန် အိန္ဒိယနဲ့ပါကစ္စတန် ၂နိုင်ငံခွဲခြားလိုက်တဲ့ချိန်ကို အခြေခံရိုက်ကူးထားပြီးတော့ ၂၀၁၇ ခုနှစ်မှာ လွတ်လပ်ရေးနေ့ နှစ်၇၀ပြည့်အထိမ်းအမှတ်အနေနဲ့ အင်္ဂလန်နိုင်ငံမှာတောင် ရုံတင်ပြသခဲ့ရတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်အိန္ဒိယ ပါကစ္စတန် ခွဲထုတ်လိုက်ခြင်းက လူ့သမိုင်းမှာ အကြီးမားဆုံးပြောင်းရွှေ့မှုဖြစ်ပေါ်ခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပြီး လူပေါင်း ၁၄သန်းလောက် အိမ်ခြေယာမဲ့ စစ်ပြေးဒုက္ခသည်ဖြစ်စေခဲ့တဲ့အပြင် ဟိန္ဒူ မူဆလင် ဆီခ် လူမျိူး တစ်သန်းလောက်ကို သေဆုံးခဲ့တဲ့ အဖြစ်အပျက်လည်းဖြစ်ပါတယ်ဒီရုပ်ရှင်ကတော့ အဆိုပါ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူရဲ့ မြေးကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူးဇာတ်လမ်းလေးကတော့ မြန်မာပြည်ဘုရင်ခံချုပ်မောင့်ဘက်တန်က မြန်မာပြည်ကို လွတ်လပ်ရေးပေးပြီး မကြာခင် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့အတွက် အိန္ဒိယကိုစေလွှတ်ခံခဲ့ရပါတယ် အိန္ဒိယလူမျိုးတွေအကုန်တောင်းတနေတဲ့ လွတ်လပ်ရေးက လက်တစ်ကမ်းအလိုမှာရှိနေချိန် မူဆလင် ဆီခ်နဲ့ ဟိန္ဒူဘာသာဝင်တွေကြား ရန်ပွဲတွေကြီးမားလျက်ရှိနေတုန်းပါပဲ လူမျိုးအချင်းချင်း သွေးခွဲပြီး အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှလူမျိုးတွေ လွတ်လပ်ရေးပေးရတော့မဲ့အချိန် ဒီလူတွေကိုစည်းလုံးလုံးနဲ့ဖြစ်စေချင်တဲ့အခါ သူတို့လုပ်ခဲ့တဲ့ပြဿနာကို သူတို့ပြန်ရှင်းရပါတော့တယ်...ဒီလိုနဲအိန္ဒိယ ပါကစ္စတန် ဘယ်လိုကြောင့် ကွဲသွားရတာလဲ အဲဒီလိုမျိုး နယ်မြေကွဲသွားရခြင်းအကြောင်းအရင်းအစစ်အမှန်ကရော ဘာကြောင့်လဲ ဒီနိုင်ငံရေးအရှုပ်အထွေးကြားထဲမှာပဲ ဘာသာမတူတဲ့ ကောင်လေးနဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်းပါဝင်လို့နေပါသေးတယ် ....ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာ​ကြောင့် အားလုံး ကြည့်ရှုရကျိုးနပ်စေမှာ အမှန်ပါပဲ File size…2.6GB ...
movie

Viceroy’s House (2017)

Blackmail (2018) 7.2
Blackmail (2018) ဒီကားကတော့အိန္ဒိယကားတွေကိုစောင့်မျှော်နေသူများအတွက် Comedy/Drama ဇာတ်ကားသစ်လေးဖြစ်ပါတယ်။Rating လည်း7.2 အထိရရှိထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ရုံးလုပ်ငန်းမှာလုပ်ကိုင်ရင်း အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက်မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ လင်ယောကျာ်းတစ်ယောက်၊အိမ်ထောင်ရေးမသာယာလင်ယောကျာ်းတစ်ယောက်၊သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီးကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်ကို ဦးတည်ရိုက်ကူးထားတာပါ။အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက် ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။ဒီတော့ ဇာတ်ကားနာမည်အတိုင်းဒေးဗ်တစ်ယောက်လက်စားပြန်ချေဖို့ကြိုးစားပါတော့တယ်။ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။ဇာတ်လိုက်မင်းသားရဲ့ထုံပေပေမျက်နှာပေးဟာလည်း ဇာတ်ရုပ်နဲ့အရမ်းပလဲနံသင့်ပါတယ်။အားလပ်ချိန် ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Dev တစ်ယောက် ဘယ်လိုအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (999 MB) Quality : WEBRip 720p Running Time : 2hr 18min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.Web.Rip.x264.AC3.DTOne-Exclusive Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Blackmail (2018)

2018
Mr. X (2015) 3.8
Mr. X (2015)  Action ကားလန်းလန်းလေးတွေကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် အက်ရှင်ကားကောင်းလေးတစ်ကားမိတ်ဆက်ပေးလိုက်ပါတယ်။ Mr X (2015) ဆိုတဲ့ ကုလားကားလေးပါ။ဒီကားလေးရဲ့ အကျဉ်းချုပ်ကတော့ ကိုယ်ပျောက်စွမ်းအင်ကို အမှတ်မထင်ပိုင်ဆိုင်သွားတဲ့လူတစ်ယောက်။သူဟာ သူ့အပေါ်မှာ မတရားစော်ကားခဲ့သူတွေ၊ရဲတွေအရေးမယူနိုင်ခဲ့တဲ့၊ အရေးမယူခဲ့တဲ့ ရာဇဝတ်သားတွေကိုလိုက်လံအပြစ်ပေးတဲ့ တရားမျှတတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။အချစ်နဲ့လက်စားချေမှုရောပြွမ်းနေတဲ့ ဒီကားလေးက ကြာမြင့်ချိန်၁၃၃မိနစ်အတွင်းတော်တော်လေးကြည့်ကောင်းတဲ့ ကားလေးလို့ပဲဆိုရမှာပါ။ကုလားကားပရိသတ်တွေကြည့်ရှုခံစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။  Qty - 720p Bluray Duration - 2hr 13min Gern - Action Review - Aye Mon Kyaw Encoder - Kyaw Ye Aung    
movie

Mr. X (2015)

2015
Mohenjo Daro (2016) 6.4
Mohenjo Daro (2016) - ဒီနေ့ မှာတော့ အိန္ဒိယစွန့်စားခန်း အချစ်ဇာတ်လမ်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ဘီစီ ၂၀၁၆ ကာလမြင်ကွင်းနဲ့ အစပြုထားပြီး ဆာမန်းနဲ့ ဟိုဂျိုတို့သူငယ်ချင်းနှစ်ယောက်ဟာ အမ်ရီဆိုတဲ့ ရှေးဟောင်းရွာလေးမှာ နေထိုင်သူတွေပါ။ တစ်ရက်မှာတော့ လှေနဲ့ မြစ်ကျောင်းတစ်လျှောက်သွား လာကြရင်း မိကျောင်းသုံးကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ဆာမန်းက အကြီးဆုံးမိကျောင်းကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ အကြောင်းအရာဟာ ဆာမန်းကို ယနေ့အထိ ခြောက်လှန့်နေပြီး မိုဟန်ဂျိုဒါရိုမြို့က ဦးချိုတစ်ခုတည်းပါတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုလည်း မကြာခဏအိပ်မက်မက်ခဲ့ပါတယ်။တစ်ရက်မှာတော့ ဆာမန်းဟာ ဦးလေးဖြစ်သူ တားနေတဲ့ကြားကနေပဲ မိုဟန်ဂျိုဒါရိုကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမြို့ဟာ ကြမ်းတမ်းရက်စက်တဲ့အပြင် ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့အကြောင်း သူ့ဦးလေးက သတိပေးခဲ့ပြီး သေရေးရှင်ရေးကြုံတဲ့အခါမှာ သုံးဖို့အတွက် အဆောင် ပစ္စည်းတစ်ခုပေးခဲ့ပါတယ်။မိုဟန်ဂျိုဒါရိုမြို့ကို အာဏာရှင်မာဟမ်နဲ့ သူ့သားဖြစ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မွန်းဂျာတို့က အုပ်ချုပ်နေတာပါ။ ဆာမန်းဟာ မိုဟန်ဂျိုဒါရိုက ဩဇာရှိဘုန်း တော်ကြီးရဲ့ ...
movie

Mohenjo Daro (2016)

2016