Channel Myanmar

Aubrey Plaza

Scott Pilgrim vs. the World (2010) 7.5
Scott Pilgrim vs. the World (2010) Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie

Scott Pilgrim vs. the World (2010)

2010
4K HEVC
Emily the Criminal (2022) 7.1
Emily the Criminal (2022) Emily the Criminal (2022)ဒီရုပ်ရှင်ကတော့ Crime Thriller အမျိုးအစားပါ။ Imdb 7.1 အထိ ရရှိထားပြီး လူကြိုက်များတဲ့ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ John Patton Ford တဲ့။ အရင်က ရုပ်ရှင်ကြီးကြီးမားမား မရိုက်ဖူးပေမဲ့ သူ့ရဲ့ပွဲဦးထွက် ဒီရုပ်ရှင်က ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စရာဖြစ်လာပါတယ်။ သရုပ်ဆောင်တွေကလည်း A list မင်းသားမင်းသမီးတွေမဟုတ်ပေမဲ့ အတော်လေးပီပြင်ပြီး ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရထားပါပြီ။ ဒီရုပ်ရှင်ကို ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကူးထားတာပါပဲ။ဇာတ်လမ်းကတော့ ဒုစရိုက်လောကထဲက မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ ရာဇဝတ်မှုကားတွေမှာဆို နှစ်မျိးရှိတတ်တယ်။ ဆရာ့ဆရာကြီးတွေအကြောင်းပြတဲ့ဇာတ်လမ်းမျိုးနဲ့ Breaking Bad လို လုပ်မိလုပ်ရာလုပ်ရင်းနဲ့ ဆရာကြီးဖြစ်လာတဲ့ဇာတ်လမ်းမျိုးပေါ့။သူကတော့ Breaking Bad လိုပါပဲ။ ကျောင်းစားရိတ်ချေးငွေ ၇၀၀၀၀ ကို မဆပ်နိုင်တော့ ငွေရလွယ်တဲ့ အလုပ်တွေရှာရင်းနဲ့ ခရက်ဒစ်ကတ်လိမ်လည်တဲ့ လူမိုက်လောကထဲကိုရောက်သွားပါတယ်။ အဲဒီမှာမှ တဖြည်းဖြည်းကျင်လည်ရင်း ကျွမ်းလာသလို အခက်အခဲတွေ ...
movie

Emily the Criminal (2022)

2022
Best Sellers (2021) 6.1
Best Sellers (2021) Best Sellers (2021)==============IMDb Rating - 6.1/10ဖခင်ဖြစ်သူဆီကနေ စတန်းဘရစ်ပုံနှိပ်တိုက်ကိုအမွေရခဲ့ပေမဲ့ သူ့လက်ထက်ထုတ်ဝေတဲ့စာအုပ်တွေကလူတွေရဲ့ဝေဖန်မှုကိုခံရပြီး ပုံနှိပ်တိုက်ပါအခြေအနေယိုယွင်းလာခဲ့ပါတယ်။ အဲ့ဒီယိုယွင်းလာတဲ့ပုံနှိပ်ကိုကယ်ဖို့ လူစီတစ်ယောက်နောက်ဆုံးအကြံကိုထုတ်ရတော့တာပေါ့။ပုံနှိပ်တိုက်ပိုင် စာရေးဆရာကြီးကို ရရှိရေးပေါ့။ဒီလိုနဲ့ဟဲရစ်ရှောကို သူတို့စဉ်းစားမိခဲ့ကြတယ်။ ဟဲရစ်ရှောဆိုတာ “Atomic Autumn” ဆိုတဲ့စာအုပ်ကိုရေးခဲ့တဲ့စာရေးဆရာကြီး သူကအဲ့တစ်အုပ်ပဲရေးခဲ့ဖူးပေမဲ့ အဲ့တစ်အုပ်ကလည်းအဲ့အချိန်ကရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်။ဒါပေမဲ့ အဲ့နောက်ပိုင်းစာမရေးတော့သလို လူတွေမြင်ကွင်းကပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း(၅၀)ကြာသွားပြီဖြစ်တဲ့အပြင်…. သူ့အကြောင်းဇာတ်လမ်းတွေကလည်း ကောင်းတာမရှိတဲ့ အရက်သမား..လူတွေကိုမုန်းလို့တစ်ယောက်တည်းနေနေတဲ့လူ…စကားပြောရင်ရင့်သီးတဲ့လူ…သူစိတ်ထဲရှိသလိုနေထိုင်တဲ့သူ့ကို လူစီစတန်းဘရစ်တစ်ယောက် ဘယ်လိုစည်းရုံးမှာလဲ။သူတို့နှစ်ယောက်ရဲ့စာအုပ်အရောင်းမြှင့်တင်ရေးခရီးလေးကရော ဖြောင့်ဖြူးမှာရဲ့လား….လူစီတစ်ယောက် သူ့ပုံနှိပ်တိုက်ကိုကယ်တင်နိုင်မှာလား စတာတွေကို စိတ်ဝင်တစားကြည့်ရှူရမှာပါ။ဇာတ်လမ်းလေးက ဟဲရစ်ရှောရဲ့အဆဲလေးတွေနဲ့ရယ်ရသလို ဒရမ်မာလေးပါ နှောထားတော့ ရယ်လိုက်ငိုလိုက်ခံစားလိုက်နဲ့ဖြစ်သွားစေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, ...
movie

Best Sellers (2021)

2021
Child’s Play (2019) 6.2
Child’s Play (2019) (Unicode) ကျွန်တော်တို့ ငယ်ငယ်တုန်းက အိပ်မက်ဆိုးမက်လောက်အောင် ကြောက်ရတဲ့ ရုပ်ရှင်စာရင်းထဲမှာ ချက်ကီဟာ အမြဲပါပါတယ်။ဒီတစ်ခါ ချက်ကီကတော့ ခေတ်မီတယ်လို့ ပြောရမှာပါပဲ။ချက်ကီအရုပ်ကို ကက်စ်လန် ကုမ္ပဏီက အိမ်တွင်း လျှပ်စစ်ပစ္စည်းတွေနဲ့ ချိတ်ဆက်ပြီး အိမ်ကိစ္စတွေ ကူညီဖို့ရယ် ကလေးတွေကို အဖော်ပြုပေးဖို့ရယ် တီထွင်လိုက်တာပါ။ပြီးတော့ ချက်ကီအရုပ်တွေက အလိုအလျောက် ကိုယ်တိုင်သင်ယူနိုင်စွမ်းရှိအောင် တီထွင်ထားတာမို့ ရိုင်းစိုင်းတဲ့စကားလုံးတွေ အပြုအမှုတွေကို အတုမခိုးအောင် ပရိုဂရမ်နဲ့ ပိတ်ပ်ငထားပါတယ်။ချက်ကီတစ်ကောင်ကတော့ အဲဒီ အကြမ်းပတမ်းပရိုဂရမ်တွေကို ပိတ်ဆို့မခံရဘဲ မိသားစု တစ်စုလက်ထဲကို ရောက်သွားချိန်မှာ အိပ်မက်ဆိုး အသစ်တွေ ဖြစ်လာပါတော့တယ်။အရင်လကပဲ ရုံတင်သွားတဲ့ ရုပ်ရှင်အသစ်ပါပဲ။ဟော်ရာကြိုက်သူတွေ ကြည့်နိုင်ပါပြီ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်……File Size :(750 MB) and (360 MB) Quality : WEB-DL 720p Running ...
movie

Child’s Play (2019)

2019
Ingrid Goes West (2017) 6.9
Ingrid Goes West (2017) Ingrid Goes West(2017) ဇာတ်ကားလေးကတော့Social Media တွေမှာဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကို ဟာသနှောပြီး ရိုက်ပြထားတာပါ။လေ့လာချက်တွေအရ Social Media တွေကြောင့် လူတွေက မနာလိုစိတ်တွေ စိတ်ဖိစီးမှုတွေ စိတ်ကျရောဂါတွေ ပိုခံစားလာရပါတယ်တဲ့။သင်ကိုယ်တိုင်ရော အဲ့လိုတွေခံစားနေရရင်တော့ ဒီကားလေးကိုကြည့်ကြည့်ပါ။လက်တွေ့ဘဝနဲ့ ကွာဟမှုတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေ စွဲလမ်းမှုတွေ ကို ဒီကားထဲမှာကောင်းကောင်းကြီး ပြသထားနိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အင်ဂရစ်ဆိုတဲ့ကောင်မလေးက အမေသေသွားပြီးနောက်ပိုင်း အင်စတာဂရမ်ကိုသာအဖော်ပြုနေခဲ့ရတာပါ။ကြာလာတော့ အပေါင်းအသင်းမရှိပဲ အကုန်လုံးနဲ့ကင်းကွာသွားချိန်မှာ အမေ့အမွေ ဒေါ်လာ ၆သောင်းကျော်ကို ရလိုက်ပါတော့တယ်။အဲ့အချိန်မှာ ဘဝအသစ်ကိုစတင်တော့မယ်ဆိုပြီး LA ကိုထွက်လာပါတော့တယ်။အင်စတာဂရမ်ထဲက နာမည်ကြီးcele တွေလို စိတ်တိုင်းကျနေထိုင်ခွင့်သူ့မှာရှိလာတဲ့အခါ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့စိတ်ဝင်စားစရာပါ။ကြည့်ပြီး တစ်ခုခုတော့မှတ်သားစရာရသွားမှာပါ။Rating တွေအနေနဲ့ကတော့ Imdb 6.9/10 Rotten Tomatoes 86ရရှိထားတာမို့ကားကောင်းလေးပါလို့ပဲ ညွှန်းလိုက်ပါတော့တယ်  (ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ)  File Size : (750 MB) and (340 MB) Quality : Blu-Ray 720p Running Time ...
movie

Ingrid Goes West (2017)

2017
Dirty Grandpa (2016) 5.9
Dirty Grandpa (2016) Dirty Grandpa (2016)_______IMDb - 5.9/10  IMDb Rating (5.9/10) ထိရရှိထားတဲ့ Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ မြေးတွေထက် ခေတ်ရှေ့ပြေး လန်းနေတဲ့ အဘိုးက ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတဲ့မြေးတော်မောင်ကို ဘဝဆိုတာ ရိုးစင်းခြင်းထက်ပိုမိုကြောင်း လက်တွေ့ပြတဲ့ ဟာသဆန်ဆန်ဇာတ်ကားပါ။ ဘဝမှာ အမှားတွေရှိမယ်...အမှန်တွေရှိမယ်...ဒါတွေကိုလိုက်ဖက်ညီစွာခံစားဖို့ လွတ်လပ်တဲ့ နှလုံးသားတစ်စုံလိုအပ်ကြောင်း ချပြထားပါတယ်။ အလန်းဇယားဘိုးတော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Robert De Niro ကို The Intern ဇာတ်ကားမှာလဲ အတော်သဘောကျမိသလို ဒီဇာတ်ကားမှာလဲ နှစ်ခြိုက်မိပါတယ်။ Comedy ဇာတ်ကားကြိုက်သူများလက်မလွတ်သင့်တဲ့ဇာတ်ကားပါ။   File size...(854MB)  Quality...WEB-Rip 720p  Format...mp4 Duration....01:41:51 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန် 
movie

Dirty Grandpa (2016)