Channel Myanmar

Ben Lewis

Scott Pilgrim vs. the World (2010) 7.5
Scott Pilgrim vs. the World (2010) Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie

Scott Pilgrim vs. the World (2010)

2010
4K HEVC
The High Note (2020) 6.4
The High Note (2020) The High Note (2020)~ IMDb - 6.4/10, Rotten Tomatoes - 71% ~မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ...
movie

The High Note (2020)

2020