Channel Myanmar

Bernard Hill

The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
Gothika(2003) 5,8
Gothika(2003) Gothika (2003)ဒီတစ်ခေါက် CM ပရိတ်သတ်တွေကို ၂၀၀၃တုန်းက ထွက်ရှိထားတဲ့Gothika ဆိုတဲ့ သည်းထိပ်ရင်ဖိုသဘာ၀လွန်ရုပ်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်R Rated လဲရထားပြီး ဆု၆ခုထိရထားတဲ့ Horrorကားတကားမလို့ အတော်လေးကောင်းတဲ့ထဲပါပါတယ် Castပိုင်းမှာဆိုရင်လဲ Robert Downey Jrလိုသရုပ်ဆောင်ကောင်းတစ်ယောက်ပါ ပါဝင်ထားတာမလို့ ရုပ်ရှင်ကားကောင်းတခုဆိုတာညွှန်းလိုပါတယ်.....ဇာတ်လမ်းအကျဉ်းလေးကတော့Miranda ဆိုတဲ့ စိတ်ရောဂါအထူးကုဆရာ၀န်တစ်ယောက်ဟာ မိုးရွာတဲ့ညတစ်ညမှာအိမ်ပြန်ရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကိုတိုက်မိမလိုဖြစ်ရာကနေရှောင်ရင်း ယာဉ်တိုက်မှုဖြစ်သွားခဲ့ရပါတယ်။နောက်တစ်နေ့ သူပြန်နိုးလာတဲ့အချိန်မှာတော့ သူအလုပ်လုပ်ရာအကျဉ်းထောင်ရဲ့အကျဉ်းခန်းကို ရောက်နေပြီးယောက်ျားဖြစ်သူက ရက်ရက်စက်စက်အသတ်ခံခဲ့ရကြောင်းနဲ့ သူကသံသယရှိသူဖြစ်နေကြောင်းကိုသိလိုက်ရတော့Miranda တစ်ယောက်တုန်လှုပ်သွားခဲ့ရပြန်ပါတယ်။သူမြင်နေတဲ့မိန်းကလေးကလည်းသေပြီးသားသူဖြစ်နေတဲ့အပြင် ယောက်ျားဖြစ်သူကိုမသတ်ကြောင်း အဲမိန်းကလေးကိုမြင်မြင်နေရကြောင်းပြောတော့လည်း ဘယ်သူကမှသူ့ကိုမယုံကြဘဲစိတ်ရောဂါသည်ကြီးလို့ထင်ကုန်ကြတဲ့အချိန်မှာ Miranda တစ်ယောက် မရူးကြောင်းဘယ်လိုသက်သေပြမလဲထောင်ထဲရောက်နေရတဲ့ပြဿနာကို တစ်ယောက်တည်းဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားမို့ ကြည့်ရှုအားပေးကြပါဦး File size…2GB / 900MB Quality…1080p BluRay AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena
movie

Gothika(2003)

2003
Titanic (1997) 7.8
Titanic (1997) Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations.  ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie

Titanic (1997)

1997
4K HEVC