Channel Myanmar
Bhumi Pednekar
Bhakshak (2024) 7.3
Bhakshak (2024) Bhakshak (2024) "ဘာ့ခ်ရှာ့ခ်" IMDb - 7.4/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ မှုခင်းဒရာမာရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ မိဘမဲ့ဂေဟာတချို့မှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးလေးတွေအပေါ် အနိုင်ကျင့်စော်ကားမှုဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။Toilet: Ek Prem Katha(2017)မှာ အိမ်သာမရှိလို့ လင်တော်မောင်ကိုပစ်ထားခဲ့တဲ့ ဂျာယာနေရာကနေ သဘာ၀ကျကျသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဘူမီးပတ်နေခါ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ဗိုင်ရှာလီက သုံးနှစ်ကြာအောင် သတင်းချန်နယ်တစ်ခုကို တင်ဆက်နေပေမဲ့ ကြည့်ရှုသူမရှိဖြစ်နေပါတယ်။တစ်ရက် သတင်းပေးတစ်ယောက်ဆီက သိလိုက်ရတာ လူမှုရေးစစ်တမ်းအစီရင်ခံစာတစ်ခုမှာ ပြည်နယ်တစ်ခုက အမျိုးသမီးမိဘမဲ့ဂေဟာမှာနေထိုင်တဲ့ အမျိုးသမီးလေးတွေ မတော်မတရားပြုကျင့်ခံနေရတယ်ဆိုတာပါပဲ။ဒီကိစ္စကို အစိုးရကသိပေမဲ့ ရေငုံနှုတ်ပိတ်နေနေတာကြောင့် ဗိုင်ရှာလီတစ်ယောက် လိုက်စုံစမ်းရင်း ရာဇဝတ်မှုအကြီးကြီးကို အစဆွဲထုတ်မိပါတော့တယ်။ဒီမှာပဲ "ဘာ့ခ်ရှာ့ခ်"ဆိုတဲ့ ပရိုဂရမ်နဲ့အတူ ဒီရာဇဝတ်မှုကြီးကို ဖော်ထုတ်တင်ဆက်တဲ့နောက်မှာတော့ မိသားစုအသိုင်းအဝိုင်းအသက်အန္တရာယ်ထိပါ ခြိမ်းခြောက်ခံရ၊ ပါဝင်ပတ်သက်နေသူတွေကလည်း အကောင်ကြီးကြီးအမြှီးရှည်ရှည်တွေဆိုတော့ကာ ဗိုင်ရှာလီတစ်ယောက် အမှန်တရားကို ဘယ်လိုကြိုးစားဖော်ထုတ်သွားမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB  / 647MB  Quality…WEB ...
movie
Bhakshak (2024)
2024
Thank You For Coming (2023) 5.8
Thank You For Coming (2023) Thank You For Coming (2023) "အလိုမကျတဲ့ အပျိုကြီးမမ" IMDb-5.8/10အရှေးကူးမားရဲ့ Toilet ၊ Pati Patni Aur Wohတို့နဲ့ နာမည်ကြီးလာတာတဲ့ လုံးကြီးပေါက်လှ အကိတ်မင်းသမီးလေး ဘူမီး ပဒ်နေကရ်ရဲ့ လူကြီးဟာသ ဇာတ်လမ်းတစ်ပုဒ်...။နတ်သမီးပုံပြင်လေးတွေကို သဘောကျတဲ့မိန်းကလေးတွေထဲမှာ ကာနီကာကထိပ်ဆုံးက။ ကာနီကာတစ်ယောက်ဟာ မိခင်ဆရာဝန်ရဲ့အိမ်မှာပဲဖွင့်ထားတဲ့ဆေးခန်းကိုအမှီပြုပြီး ကလေးအရွယ်ထက်ပိုသာလွန်တဲ့ အသိတွေသိနေတာပေါ့ သိတဲ့အသိတွေကို မျိုသိပ်မထားနိုင်ဘဲ ကျောင်းကပွဲမှာ လူသိရှင်ကြားထုတ်ပြောမိရာက ကျောင်းရဲ့အကြဉ်ခံလေး ကာနီကာဖြစ်လာတော့တယ် ဒီအသိတွေက ဆယ်ကျော်သက်စူးစမ်းတတ်ချိန်ရောက်တဲ့အခါမှာတော့ လက်တည့်စမ်းပါတော့တယ်နှလုံးသားအလိုဆန္ဒ အချစ်စစ်နဲ့ ညာဘက်လူလိုချင်တာက တစ်ဖက် ၊ ငယ်ငယ်တည်းကရလာတဲ့အသိတွေနဲ့ သွေးသားဆန္ဒတောင့်တမှုတွေတစ်ဖက်နဲ့ ၁၆ နှစ်မှာ ရည်းစားထား ၁၈ နှစ်မှာ အတွေ့အကြုံအသစ်ကို အရယူပါတော့တယ် ။နှလုံးသားရောသွေးသားဆန္ဒပါ မပြည့်ဝတဲ့ ကာနီကာတစ်ယောက် ညာဘက်လူကိုရှာမတွေ့ဘဲ ရည်းစားများရင်းသာ အသက် ၃၂ နှစ်ပြည့်မွေးနေ့ရောက်လာခဲ့တယ် လက်တွဲဖော်အသီးသီးနဲ့ပျော်နေတဲ့ သူငယ်ချင်းတွေကြား ခပ်မိုက်မိုက်အလှနဲ့ကာနီကာတစ်ယောက် ညာဘက်လူကိုရှာတွေ့သွားနိုင်မလားဆိုတာ.... ပွင့်လင်းမြင်သာလွန်းတဲ့ ဒိုင်ယာလော့ခ်တွေပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ...
movie
Thank You For Coming (2023)
2023
Afwaah (2023) 5.2
Afwaah (2023) Afwaah (2023) ********************* IMDb-5.2/10Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ.....။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.78GB / 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~BpL~ThaikSan
movie
Afwaah (2023)
2023
Bheed ( 2023 ) 7.7
Bheed ( 2023 ) Bheed 2023 IMDb 7.7/10 Dramaမင်းသား Rajkummar Raoရဲ့ အသစ်ထွက်ရှိထားတဲ့ ရုံတင်ကားသစ်ပဲဖြစ်ပါတယ်။ 2020ခုနှစ်က တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာရောဂါကြောင့် အားလုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ထူးထူးခြားခြားအနေနဲ့ အဖြူအမဲဗားရှင်းအဖြစ် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုရိုနာရောဂါကြောင့် လူတွေရုတ်ရုတ်သဲသဲဖြစ်နေချိန် အိန္ဒိယပြည်မှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အကြပ်အတည်းကာလကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ ရောဂါတွေပျံ့နှံ့နေတဲ့ မြို့ကြီးပြကြီးနဲ့ဝေးရာ မွေးရပ်မြေကျေးလက်ဒေသကို ပြန်ရဖို့အရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ အစိုးရကတိုင်းပြည်အတွင်းမှာပဲ နယ်နိမိတ်တွေ သတ်မှတ်လိုက်ပြီး ပို့ဆောင်ဆက်သွယ်ရေးတွေကိုလည်း ပိတ်လိုက်တဲ့အတွက် အခြေခံလူတန်းစားတွေအဖို့ ကူရာကယ်ရာမရတဲ့အခြေအနေဖြစ်နေကြပါတယ်။ရဲတပ်ဖွဲ့ကလည်း အစိုးရက‌ အမိန့်ချမှတ်တဲ့အတိုင်း ဆောင်ရွက်ကြတာရမလို့ ရုန်းရင်းဆန်ခတ်တွေဖြစ်လာ‌ပါတော့တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အိမ်ပြန်ခရီး အထမြောက်ပါဦးမလား။ မွေးရပ်မြေကိုရော ပြန်ရောက်သွားကြမလား။ ဘာတွေနဲ့ရင်ဆိုင်ရဦးမလဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.4Gb / 680MB Quality…1080p NF  WEB DL  / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~ThaikSan~YH~Yunni~Cherry
movie
Bheed ( 2023 )
2023
Govinda Naam Mera (2022) 5.8
Govinda Naam Mera (2022) Govinda Naam Mera (2022) Comedy, Drama, Romance IMDb 6.2/10ခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ ပုရိသတွေအသည်းကိုလုယူသွားတဲ့ အိန္ဒိယနာမည်ကျော်မင်းသမီးချောလေး ကက်ထရီနားရဲ့ယောက်ျား မင်းသားဗစ်ကီရဲ့ကားသစ်လေးပဲဖြစ်ပါတယ်မင်းသမီးအနေနဲ့ကတော့ Kabir Singh ထဲက မင်းသမီးချောလေး ကီယာရာလေးနဲ့ မင်းသမီး ဘူမီကာပဒ်နေကာတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် မွန်ဘိုင်းမြို့ကြီးမှာ ဘဝတွေ ဒုက္ခရောက်နေရတဲ့အထဲ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂိုဗင်ဒါဆိုတဲ့ကောင်လေးရဲ့အကြောင်းပါသူဟာ မိန်းမဖြစ်သူနဲ့ ကွာရှင်းချင်နေပြီး ချစ်သူနဲ့နီးစပ်ချင်နေသူပါ သူ့ဘဝဟာ ဘယ်လောက်တောင် ပြဿနာတက်နေလဲဆိုရင် အိမ်ထောင်ကျပြီး မယားကြောက်ရတယ် မိခင်က ဖခင်ရဲ့မယားငယ်ဖြစ်လို့ အမွေဆိုင်အိမ်ဆုံးရှုံးရမှာကြောက်ရတယ်ဘဝက အခွင့်အရေးပေးလာပြန်တော့လည်း လူမိုက်တွေနဲတိုးပြန်လို့ အသက်​ဆုံးရှုံးရမှာ ကြောက်ရပြန်ပါတယ် တစ်ရက်တော့ လောကကြီးက သူ့ကိုမျက်နှာသာပေးခဲ့ပြီး သူချစ်ရသူနဲ့နီးစပ်ဖို့ အကြောင်းဖန်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီကံကောင်းခြင်းဆုလာဘ်ဟာ မိန်းမဖြစ်သူရဲ့သေခြင်းတရားနဲ့ ဆက်စပ်နေတဲ့အခါမှာတော့...။ ဂိုဗင်ဒါ ဘယ်လိုမထူးဇာတ်ခင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…2.28GB / 1.1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ BpL ...
movie
Govinda Naam Mera (2022)
2022
Raksha Bandhan (2022) 4.6
Raksha Bandhan (2022) Raksha Bandhan (2022) ====================ဒီဇာတ်ကားလေးကတော့ အရှေးကူမားရဲ့မေတ္တာစာဖွဲ့ကားလေးလို့ ပြောရမယ်..စွန့်လွှတ်အနစ်နာခံတဲ့ အစ်ကိုကြီး အဖရာ နေရာကနေ သရုပ်ဆောင်ထားတယ်..အိန္ဒိယနိုင်ငံအတွင်းမှာက သတို့သမီးဘက်က သတို့သားကို တင်တောင်းရတယ် သမီးမွေးထားတဲ့ မိဘတွေက တစ်သက်လုံးလျှာထွက်အောင်ရုန်းရတယ် သူတို့သမီးလေး ယောက္ခမအိမ်မှာ မျက်နှာမငယ်ရဖို့အတွက် တင်တောင်းငွေများများပေးပြီး မင်္ဂလာဆောင်ပေးတဲ့ ဓလေ့ဆိုပါတော့...ဒါတင်မကသေးဘူး တချို့သားရှင်တွေက ဘယ်လောက်ဆိုးလဲဆိုရင် တင်တောင်းငွေပေးပြီး ပေးစားလိုက်ပြီးတာတောင် ပွဲတော်အခါသမယတွေရောက်တိုင်း ဟိုဟာပေးပါဦး ဒီဟာပေးပါဦးနဲ့ ထပ်တောင်းကြသေးတယ် မပေးရင်တော့ ဒီသမီးမိန်းကလေးက စိတ်ချမ်းချမ်းသာသာနဲ့ မနေရ သိမ်ငယ်ရတာပေါ့ဒီအဖြစ်ဆိုးမျိုးတွေနဲ့ ဓလေ့ကြီး ရိုက်ခတ်အခံရဆုံးသူကတော့ ချန်ဒီချော့မြို့လေးအတွင်းမှာ နေထိုင်သူ လာလာကီဒါနသ်ဆိုသူပေါ့...မိဘတွေဆုံးပါးသွားကြပြီးနောက် ညီမလေးယောက်ဖြစ်သူကို ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရသူပေါ့...ညီမလေးတွေ အရွယ်ရောက်လာတော့ သူတုိ့လေးတွေကို မင်္ဂလာဆောင်ပေးရမယ့် ဝန်ထုပ်ကြီးက သူ့ခေါင်းပေါ်မှာ ပိနေသလို ချစ်ရသူလေးကလည်း သူ့ကိုလက်ထပ်ပေးဖို့ ဂျီကျလာတဲ့အခါ မိခင်မဆုံးခင်ကလည်း သူညီမလေးယောက်ကို မင်္ဂလာဆောင်ပေးပြီးမှ သူလက်ထပ်ပါ့မယ်လို့ ကတိပေးထားခဲ့လေတော့....မိခင်ကိုပေးထားတဲ့ ကတိကိုတည်နိုင်အောင်ကြိုးစားဖို့ပဲ အားသန်နေတဲ့ လာလာတစ်ယောက်...ကတိတည်နိုင်ပါ့မလား....သူ့အချစ်လမ်းခရီးဖြောင့်ဖြူးနိုင်ပါ့မလား...ရှေ့ဆက်ပြီးတော့ အရှေးကူမားရဲ့ထုံးစံအတိုင်းအလွဲလေးတွေနဲ့ ခွီရမယ့်အပြင် လောကဓံကရိုက်ခတ်လာတဲ့အခါ ဝမ်းနည်းစရာလေးတွေကြုံလာရမှာမို့ ဒီကားလေးဟာ ခွီလည်းခွီရ ငိုလည်းငိုရနဲ့ ပညာပေးရိုက်ကူးထားတဲ့ အရှေးကူမားရဲ့ မိသားစု ဒရာမာ ဟာသကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်... File size…4.1GB / 2.03GB / 1.04GB Quality…4k ...
movie
Raksha Bandhan (2022)
2022
4K HEVC
Badhaai Do (2022) 7.9
Badhaai Do (2022) Badhaai Do (2022) ================== ဒီတစ်ခါမှာတော့ IMDb 7.9 ထိရရှိထားပြီးတော့ ရုံဝင်ငွေ 28.03 ကုဋေထိရရှိထားတဲ့ဘောလိ၀ုဒ်ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှာဒူလ်ကလည်း ရဲအရာရှိတစ်ယောက်ဖြစ်သလို ဆူမန်ကလည်း ကာယဆရာမပါသူတိုနှစ်ယောက်လုံးရဲ့ တူညီတဲ့အချက်ကတော့ နှစ်ယောက်လုံးက အရွယ်ဟိုင်းနေပြီဖြစ်တဲ့လူပျိုသိုး အပျိုကြီးပဲဖြစ်ပါတယ် မိဘတွေက လက်ထပ်ပေးဖိုလုပ်နေတဲ့သူတွေကိုလည်းသဘောမကျ အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ရတဲ့အကြောင်းအရင်းရှိပါတယ် ဒါကတော့ရှာဒူလ်က ယောကျာ်းလေးချင်းသဘောကျသူဖြစ်ပြီးတော့ ဆူမန်က မိန်းကလေးချင်းသဘောကျတဲ့သူမိုလိုပါ ဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် သူတိုနှစ်ယောက်တွေ့ဆုံမိသွားတဲ့ချိန်မှာပဲမိဘတွေဆန္ဒလည်းပြည့်၀အောင် သူတိုလည်း အေးဆေးနေရအောင်ဆိုပြီး နှစ်ယောက်ဦးသဘောတူလက်ထပ်လိုက်ပါတော့တယ် အဲ့လိုနဲ့ပဲ မတူညီတဲ့စုံတွဲ ဆူမန်ရဲ့ကောင်မလေးက ဆူမန်ဘ၀ထဲပြန်ဝင်လာတဲ့ချိန်မှာပြဿနာတွေဖြစ်လာပါတော့တယ် သူတိုနှစ်ယောက်ရဲ့ဇာတ်လမ်းလေးကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲပုံမှန်ဇာတ်ကားတွေနဲ့မတူဘဲ မတူကွဲပြားတဲ့ဇာတ်အိမ်နဲ့ comedy/drama ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်........  File size…1.6GB / 2.1GB Quality…720p WEB DL Format…mp4 Duration….2h 27mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eliza & Poe & Shwe Pyae & Yunni  
movie
Badhaai Do (2022)
2022
[18+] Lust Stories (2018) 7.0
[18+] Lust Stories (2018) IMDb (6.4) / Rotten Tomatoes (100%)18+လို့ခေါင်းစဉ်တပ်ထားလို့ လိင်အသားပေးသီးသန့်ချည်းပါတယ် မထင်လိုက်ပါနဲ့ဒါပေမဲ့ ရုပ်ရှင်ရဲ့အလိုသဘောအရတော့ အသုံးအနှုန်းတွေ၊ တချို့ပြကွက်တွေကအရွယ်ရောက်ပြီးသားလူတွေနဲ့ပဲသင့်တော်မယ့် အနေအထားမို့လို့ပါဒီဇာတ်ကားကို Netflixကဖြန့်ချီပြီး အိန္ဒိယရဲ့နာမည်ကြီး ဒါရိုက်တာလေးဦးဖြစ်တဲ့Karan Johar Anurag Kasyap Zoya Akhtar Dibakar Banerjee တို့ကရိုက်ကူးထားတာပါ။ဇာတ်လမ်းတိုလေးခုနဲ့ဖွဲ့စည်းထားပြီး ဒိတ်ဒိတ်ကျဲသရုပ်ဆောင်များနဲ့ အကောင်းဆုံးပုံဖေါ်ထားတာပဲဖြစ်ပါတယ်Love & Sex, Sex & Lust ကို အမျိုးသမီးတွေဘက်မှ အကောင်းဆုံး ရိုက်ပြထားတာပါ။အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒ၊ ယောက်ျားတွေ သတိမထားမိတဲ့ သူတို့လိုအပ်ချက်တွေအမျိုးသမီးအချင်းချင်းတောင် မသိနိုင်တဲ့ တချို့တချို့ကိစ္စတွေကို ပညာသားပါပါနဲ့ အမိုက်ဆုံးဖြစ်အောင် ပြသ,သွားခဲ့တာပါ။ "အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒက ကလေးရရုံသက်သက်ပဲ မဟုတ်ပါဘူး "" ကိုယ်ချစ်တဲ့သူကို နစ်နာအောင်မလုပ်ကြဘူး မှန်တယ်လို့ပဲပြောရမှာပေါ့ရည်ရွယ်ရွယ်ချက်ရှိရှိနဲ့တော့မဟုတ်ဘူး ...
movie
[18+] Lust Stories (2018)
2018
Dolly Kitty and Those Shining Stars(2020) 6.0
Dolly Kitty and Those Shining Stars(2020) Dolly Kitty and Those Shining Stars(2020)India ကားကောင်းလေးလာပါပြီဗျား....အစ်မဝမ်းကွဲဖြစ်သူကိုညီမကပြောလိုက်တယ် "နင့်ယောက်ျားကင့ါကမတော်မရော်လုပ်ဖို့ကြိုးစားနေတယ်"... အဲ့မှာအစ်မဖြစ်သူက ဘာမှမအံ့သြတဲ့ပုံစံမျိုးနဲ့ ညီမဖြစ်သူကို နင်ကအရွယ်ရောက်လာလို့ ပေါက်ကရလျှောက်တွေးနေတာ ဘာညာဆိုပြီးပြန်ပြောလိုက်တယ်.. ပုံမှန်ဆိုရင် ဘယ်သူမဆိုအဲ့လိုပြောလာရင် သူတို့ယောက်ျားဖြစ်သူကို တစ်နည်းနည်းနဲ့တော့ ပြန်လည်ဆန်းစစ်မေးမြန်းကြမှာပါပဲ... .ခဲအိုရဲ့ရန်ကိုကြောက်ရတဲ့သူ့ခဗျာ အိမ်မှာမနေတော့ဘဲနဲ့ အဆောင်ငှားနေပြီး မအူမလည်နဲ့ အနီရောင်ချစ်နှင်းဆီApp ဝန်ဆောင်မှုမှာအလုပ်လုပ်ပါတော့တယ်....အဲ့အလုပ်ကပုရိသတွေရဲ့ ဖုန်းနဲ့ လိင်စိတ်ကိုဖျေဖျောက်တဲ့ ပုံစံမျိုးပေါ့.... အဆောင်လခတို့ အိမ်တို့ပြန်ပို့အတွက် ပိုက်ဆံကောင်းကောင်းရတော့ ကျိတ်မှိတ်သည်းခံပြီးလုပ်ကိုင်ခဲ့ရတယ်..အဲ့ဒီနောက်မှာတော့ .....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုခံစားကြည့်ကြပါ...ဒီဇာတ်လမ်းက အိမ်ထောင်ရေးပညာပေးကားဖြစ်သလို ငယ်ရွယ်တဲ့သူတွေရဲ့ လမ်းလွဲတွေအကြောင်းကိုလည်းပညာသားပါပါရိုက်ကူးပြထားတာပါ.. Netflix Original ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့အတိုင်း အကြမ်းကြီးမဟုတ်ပေမယ့်  လူကြီးမိဘတွေနဲ့တော့ကြည့်လို့အဆင်ပြေမှာမဟုတ်ဘူးဆိုတာပြောကြားရင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....File Size :(950 MB) and (371 MB) Quality : WEB-DL 720p Format…mp4 Duration…02:06:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Dolly Kitty and Those Shining Stars(2020)
Bhoot: Part One – The Haunted Ship (2020) 6.0
Bhoot: Part One – The Haunted Ship (2020) IMDb 6.1 / 10ဘောလီဝုဒ်ဖန်တွေအတွက် မင်းသား Vicky Kaushal ၏ ရုံတင်ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့Mystery, Horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ... မွန်ဘိုင်းမြို့ ဂျူဟူးကမ်းခြေကို သင်္ဘောပျက်ကြီးတစ်စီး လာသောင်တင်ခဲ့ပါတယ်အမှန်ကတော့ ဒီသင်္ဘောပျက်ကြီးကို တခြားနေရာတစ်ခုကိုရွေ့ဖို့ ဆွဲသွားတာပါဒါပေမဲ့ ဆွဲကြိုးပျက်သွားပြီး ဂျူဟူးကမ်းခြေကို ရောက်လာခဲ့တာပါသင်္ဘောပေါ်မှာလည်း ဘာလူသူမှမပါလာသလို ဒီသင်္ဘောကြီးကလည်း သရဲခြောက်ပါတယ်လို့ ကောလဟာလတွေထွက်နေပါတယ်ဒီသင်္ဘောကြီးကို သင်္ဘောဋ္ဌာနက စစ်ဆေးရေးအရာရှိ ပရိသ်ဗီးက စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာတော့ .....………..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. File Size : (900 MB) and (450 MB) Quality : AMZN WEB-DL 720p Running Time : 1hr 54min Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Source : ...
movie
Bhoot: Part One – The Haunted Ship (2020)
2020
Shubh Mangal Zyada Saavdhan (2020) 6.1
Shubh Mangal Zyada Saavdhan (2020) မင်းသားချောကြီး အရွက်ရှ်မန်းရဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ကားသစ်စစ်စစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။တစ်ကားနဲ့တစ်ကား မထပ်ရအောင် ကာရိုက်တာမျိုးစုံနဲ့ ရိုက်ပြီး အောင်မြင်မှုတွေ ယူတတ်တဲ့ မင်းသားချောဟာ ဒီတစ်ခါမှာ ဂေးဇာတ်ရုပ်နဲ့ မြင်ရမှာပါ။ဂေးဆိုလို့ မြင်နေကျ ခပ်နွဲ့နွဲ့ ဟာသခြောက် မဟုတ်ပါဘူး။ ဒေါသကြီးကြီး စီးပွားရေးခြောက်လည်း မဟုတ်ပါဘူး။သာမန်ယောကျ်ားတွေလိုပဲ နေပြီး ယောကျ်ားချင်းပဲ ကြိုက်တတ်တာပါ။(အခြောက်လို့ ခေါ်လားမခေါ်လားတော့ မသိဘူး၊ ဂေးဆိုတာကတော့ သေချာတယ်)ကာသစ်နဲ့ အာမန်ဆိုတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ ဒေလီမှာ အလုပ်အတူလုပ်ရင်း ချစ်ကြိုက်နေကြတာပေါ့။မိဘတွေ သိရင်တော့ ဘယ်လို နေမလဲ။ တစ်နေ့တော့ အာမန်ရဲ့ မိသားစုမှာ အစ်မတော်ရဲ့ မင်္ဂလာဆောင် ရှိလာတော့ အာမန်ကို မင်္ဂလာဆောင်လာခဲ့ဖို့ ခေါ်တယ်။အာမန်မသွားချင်ပေမဲ့ မိသားစုကို တောင့်တနေသူ ကာသစ်ကတော့ သွားချင်တာပေါ့။အာမန်ကို အတင်းတောင်းဆိုပြီး အာမန်ရဲ့ မိသားစုရှိရာ အလာဟာဘတ်ကို သူတို့ ချစ်သူနှစ်ဦး လိုက်သွားတဲ့အခါမှာတော့...သူတို့ချစ်ခြင်းကို မထောက်မခံတဲ့ မိသားစု ပတ်ဝန်းကျင်ကို သူတို့ ...
movie
Shubh Mangal Zyada Saavdhan (2020)
2020
Pati Patni Aur Woh (2019) 6.0
movie
Pati Patni Aur Woh (2019)
2019
Bala (2019) 7.6
Bala (2019) (Unicode)IMDb 7.6/10Rotten Tomatoes 82%Google Users 91%မေးခွန်းလေးတစ်ခုလောက်မေးချင်တယ်မိတ်ဆွေတို့ရဲ့အလှအပအတွက် ဆံပင်ဟာ ဘယ်လောက်ထိအရေးပါလဲ  ဖြေကြည့်ပါလား၊ စဉ်းရောစဉ်းစားကြည့်ဖူးလားဟုတ်ပါတယ် ကျွန်တော်တို့တွေရဲ့ အလှအပကဏ္ဌမှာဆံပင်ဟာ ကြီးကြီးမားမား နေရာတစ်ခုကပါဝင်နေတယ်ဆိုတာ မလွဲမသွေပါပဲဆံပင်အတွက် ဆေးဝါးပေါင်းစုံ၊ အလှကုန်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ ပြုစုယုယဂရုစိုက်နေသူတွေ တပုံကြီးပါကိုယ့်ဆံပင်ကို လူတိုင်းလိုလို တန်ဖိုးထားကြပါတယ်မိန်းကလေးမှမဟုတ်ဘူး ယောက်ျားလေးတွေထဲမှာတောင် ဆံပင်ကောင်းတဲ့လူဟာ ဂုဏ်ယူစရာတစ်ခုအဖြစ် ခံယူထားကြပါတယ်ဘဝင်မြင့်စရာဖြစ်နေပါတယ် ဟုတ်ပါတယ် အဲ့ဒိလို ဆံပင်ကြောင့် ဟီရိုးတစ်ယောက်ရှိပါတယ်ကျောင်းသားဘဝမှာ နိုင်ငံကျော်မင်းသားပေါင်းစုံဟန်ကို အတုအပပြုလုပ်နိုင်ပြီးတစ်ကျောင်းလုံးက မိန်းကလေးတိုင်း ကြွေရတဲ့ ဘာလားဆိုတဲ့ချာတိတ်တစ်ယောက်ရှိပါတယ်သူ့အတွက် ဘယ်လောက်ထိဘဝမြင့်စရာဖြစ်နေမလဲ မြင်ယောင်ကြည့်လိုက်ပါဒါပေမဲ့ အဲ့ဒိဘာလားဟာ အသက် ၂၄ နှစ်အရွယ်မှာတော့ ဆံပင်တွေကျွတ်ပြီး ထိပ်ပြောင်တစ်ယောက်ဖြစ်လို့သွားပါတယ်ကံကြမ္မာအလှည့်အပြောင်းသိပ်ဆိုးလွန်းပါတယ် ဟီးရိုးအဖြစ်ကနေ ဇီးရိုး ဆော်ကြည်ဘဲကနေ ဆော်ပစ်ဘဲအလုပ်မှာ ရာထူးကျ ဘာလုပ်လုပ် စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်ကာ ဆံပင်ပြန်ပေါက်ရေး ...
movie
Bala (2019)
2019
Saand Ki Aankh(2019) 8.6
Saand Ki Aankh(2019) Saand Ki Aankh(2019)IMDb...8.6ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံရဲ့ပထမဦးဆုံးနိုင်ငံတကာပြိုင်ပွဲမှာ ဆုရသွားတဲ့လူအကြောင်းရဲ့ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကောင်းပါ.. ဖြစ်ရပ်မှန်ဇာတ်ကြောင်းတွေဆို တစ်ဖွဲ့တစ်နွဲ့ နဲ့ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပြနိုင်တဲ့ အိန္ဒိယဇာတ်လမ်းကောင်းတွေနဲ့ ရင်းနှီးကြဖူးမှာပါ.. ဒီဇာတ်လမ်းမှာလဲ အဲ့ဒီပထမဆုံးဆုကိုရသွားတဲ့သူဟာရှေးရိုးဆန်တဲ့ ရွာကမိန်းကလေးဖြစ်ပြီး သူ့ရဲ့အဘွားတွေရဲ့စိတ်ဓါတ်ကြိုးစားအားထုတ်ပုံတွေကို အဓိကထားရိုက်ကူးထားတာပါ..ရွာတွေမှာမိန်းကလေးဆိုရင် အိမ်မှုကိစ္စလုပ် အချိန်တန်ယောက်ျားယူ..ပြီးရင်လင်ယောကျ်ားကိုပြုစုလုပ်ကျွေးရင်းနဲ့ပဲ မိန်းကလေးတွေဘဝဟာ ကုန်ဆုံးသွားရပါတယ်..ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဘွားဘွားနှစ်ဦးကတော့ သူတို့ရဲ့သမီးတွေကို သူတို့လိုမဖြစ်အောင် ဘယ်လိုအတိုက်အခံ အကြံအဖန်တွေလုပ်ပြီး ရုန်းထွက်ကြမလဲဆိုတာကိုတော့....ဒီ အိန္ဒိယ ဇာတ်ကားက ခင်ဗျားတို့ ထင်ထားတာထက်ကို ကောင်းပါတယ်..... ရှေးရိုးဆန်တဲ့အတွေးတွေ အယူအဆတွေကြောင့် အရည်အသွေးတွေ အရည် အချင်းတွေကို ချိုးနှိမ်ထားခံရသလိုဖြစ်နေတဲ့အနေအထားက အားလုံးကို အတိုက်အခံလုပ်ပြီး ကြိုးစားပြထားတာကို ဆွဲဆောင်မှုရှိအောင်ရိုက်ပြထားတာပါ..ပြသချိန် (၂) နာရီဆိုတာကို တောင် ခင်ဗျားတို့ မေ့လျော့သွားပါလိမ့်မယ်... IMDb...8.6 ရထားတာမို့ ထွေထွေထူးထူးတော့မညွှန်းတော့ပါဘူး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.....(zawgyi)ဒီဇာတ်လမ်းဟာ အိန္ဒိယနိုင်ငံရဲ့ပထမဦးဆုံးနိုင်ငံတကာပြိုင်ပွဲမှာ ဆုရသွားတဲ့လူအကြောင်းရဲ့ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကောင်းပါ.. ဖြစ်ရပ်မှန်ဇာတ်ကြောင်းတွေဆို တစ်ဖွဲ့တစ်နွဲ့ နဲ့ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးပြနိုင်တဲ့ အိန္ဒိယဇာတ်လမ်းကောင်းတွေနဲ့ ရင်းနှီးကြဖူးမှာပါ.. ဒီဇာတ်လမ်းမှာလဲ အဲ့ဒီပထမဆုံးဆုကိုရသွားတဲ့သူဟာရှေးရိုးဆန်တဲ့ ရွာကမိန်းကလေးဖြစ်ပြီး သူ့ရဲ့အဘွားတွေရဲ့စိတ်ဓါတ်ကြိုးစားအားထုတ်ပုံတွေကို အဓိကထားရိုက်ကူးထားတာပါ..ရွာတွေမှာမိန်းကလေးဆိုရင် အိမ်မှုကိစ္စလုပ် အချိန်တန်ယောက်ျားယူ..ပြီးရင်လင်ယောက်ျားကိုပြုစုလုပ်ကျွေးရင်းနဲ့ပဲ မိန်းကလေးတွေဘဝဟာ ကုန်ဆုံးသွားရပါတယ်..ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဘွားဘွားနှစ်ဦးကတော့ သူတို့ရဲ့သမီးတွေကို သူတို့လိုမဖြစ်အောင် ဘယ်လိုအတိုက်အခံ အကြံအဖန်တွေလုပ်ပြီး ရုန်းထွက်ကြမလဲဆိုတာကိုတော့....ဒီ အိန္ဒိယ ဇာတ်ကားက ခင်ဗျားတို့ ထင်ထားတာထက်ကို ကောင်းပါတယ်..... ရှေးရိုးဆန်တဲ့အတွေးတွေ အယူအဆတွေကြောင့် အရည်အသွေးတွေ အရည် အချင်းတွေကို ...
movie
Saand Ki Aankh(2019)
Sonchiriya(2019) 7.5
Sonchiriya(2019) Sonchiriya (2019) ****************************IMDb.....7.5,,,, Rotten.....70%"မြွေက ကြွက်ကိုမြိုတယ် လင်းတက မြွေကိုပြန်စားတယ် ဒါကို လောဘသဘာဝလို့ ဘုရားမိန့်ဆိုထားတယ်..."*******************************ဘောလီဝုဒ်ကားကောင်းတွေ မျှော်လင့်နေတဲ့ပရိသတ်တွေအတွက် ၂၀၁၉ ထွက်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယမှာ ဝင်ငွေပိုင်းအရ အောင်မြင်မှုမရခဲ့ပေမယ့် အနုပညာပိုင်းမှာတော့ မကျရှုံးဘူးလို့ ရဲရဲကြီးအာမခံနိုင်ပါတယ်ဘာကြောင့်လဲဆိုရင် IMDb 7.5/ 10 နဲ့ Rotten 70% အထိရရှိထားလို့ပါပဲ......ကျွန်တော်တို့ကြည့်နေမြင်နေကျ အိန္ဒိယကားတွေလို မာဆလာကားတွေလို သီချင်းတွေ၊ ကခုန်နေတာတွေမပါဘဲ သရုပ်ဆောင်တွေဆိုလည်း လုံးဝမိတ်ကပ်မပါ သဘာဝကျကျနဲ့ အကောင်းဆုံး ပုံဖေါ်ထားတဲ့ဇာတ်ကားတစ်ကားပါသရုပ်ဆောင်တွေဆိုလည်း သဘာဝမင်းသားကြီးဖြစ်တဲ့ Manoj Bajpai အပါအဝင် နာမည်ကြီးတွေဖြစ်တဲ့ Bhumi Pednekar Sushant Singh Rajput တို့ကပါ အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းကတော့ ဓားပြသူပုန်မာန်ဆင့်အဖွဲ့နဲ့ ရဲအရာရှိ ဂူဂျား ဘဲလ်ခန်ဒီယားတို့ ထိပ်တိုက်တွေ့ကြလေသောအခါ ...ဇာတ်ကိုအများကြီးမပြောထားတာ မထင်မှတ်ထားတဲ့ အလှည့်ပြောင်းတွေပါနေလို့ပါသူပုန်ဓားပြတွေရဲ့ဘဝ သူပုန်ဓားပြတွေကို နှိမ်နင်းနေတဲ့ ရဲအရာရှိရဲ့အခြေနေ လူတွေရဲ့ ကောက်ကြစ်ယုတ်မာမှုတွေကို ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ပါတော့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်..... File Size : (1 GB) Quality : WEB-DL 720p, Format…mp4 Duration…02:23:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Sonchiriya(2019)
2019
Shubh Mangal Saavdhan (2017) 7.2
Shubh Mangal Saavdhan (2017) ဒီဇာတ်ကားအကြောင်းမညွှန်းခင်၊ အရင်ဆုံး ဒီဇာတ်လမ်းထဲက မင်းသမီးဖြစ်တဲ့ Bhumi Pednekar အကြောင်း နည်းနည်းလောက် ပြောရအောင်Bhumi Pednekar ဟာဆိုရင် နှစ်ပေါင်းများစွာကြာအောင် Yash Raj Film မှာ လက်ထောက်ဒါရိုက်တာဝန် လုပ်ကိုင်ခဲ့ပြီးမှ ကုမ္ပဏီနဲ့ ရုပ်ရှင်သုံးကားကို မင်းသမီးအနေနဲ့ သရုပ်ဆောင်ဖို့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ပထမဆုံး ဇာတ်ကားဖြစ်တဲ့ Dum Laga Ke Haisha ဇာတ်ကားမှာ ပွဲဦးထွက် သရုပ်ဆောင်ခဲ့ပြီး ဒီဇာတ်ကားနဲ့ပဲ Filmfare Award for Best Female Debut ဆုရရှိခဲ့ပါတယ်။နောက်ပြီးတော့ အားလုံးသိကြတဲ့ မင်းသားကြီး အက်ရှေးကူမားနဲ့အတူ၊ Toilet: Ek Prem Katha ဇာတ်လမ်းမှာလည်း အကောင်းဆုံးနဲ့ ပရိတ်သတ်ရင်ဖက်ထဲမှာ နေရာယူနိုင်ခဲသလိုအခု ဇာတ်ကားဖြစ်တဲ့ Shubh Mangal Savdhan (2017) မှာလည်း အကောင်းဆုံး ကြိုးစားထားတော့ ပရိတ်သတ်ရင်ဖက်ထဲ ရောက်မယ်ဆိုတာ ...
movie
Shubh Mangal Saavdhan (2017)
2017
Toilet – Ek Prem Katha (2017) 7.6
Toilet – Ek Prem Katha (2017)   "Toilet"လို့ပြောလိုက်တာနဲ့ပရိသတ်ကြီးပိုပြီးစိတ်ဝင်စားလာသလိုနည်းနည်းလည်းကြောင်သွားမယ်ထင်တယ်ဗျမြန်မာလိုအဓိပ္ပာယ်ပြန်ရရင်တော့သန့်စင်ခန်း (သို့)ရေအိမ်ပေါ့ဗျာအရပ်အခေါ်တော့"အိမ်သာ"ပေါ့ဇာတ်ကားနာမည်ထက်ပိုအံ့သြဖို့ကောင်းတာက အိန္ဒိယနိုင်ငံမှာသန့်စင်ခန်းတစ်ခုကြောင့့်အစိုးရအထိဂယက်ရိုက်ခဲ့ရတယ်ဆိုတာပါပဲဇာတ်လမ်းအကျဉ်းကတော့ မန်ဂါဝန်ဆိုတဲ့ရွာတစ်ရှာမှာ ဓလေ့တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ မနက်အစောအာရုဏ်မတက်ခင် အမျိုးသမီးတွေစုပြီးလိုတာပါတီလို့ခေါ်တဲ့ရွာနဲ့ခပ်လှမ်းလှမ်းကိုရေအိမ်စုဝေးသွားကြတဲ့ဓလေ့ပါအမျိုးသားတွေကတော့ကြုံရာကျပန်းပေါ့ဗျာသူတို့ရဲ့အယူသည်းတဲ့ယဉ်ကျေးမှုရအိမ်တိုင်းမှာသန့်စင်ခန်းဆိုတာမရှိကြပါဘူးသန့်စင်ခန်းတွေကိုအိမ်ထဲမှာဆောက်ရင် နိမိတ်မရှိဘူး ညစ်ပတ်တယ် ရွံစရာကောင်းတယ်စသဖြင့်အယူအစွဲတွေနဲ့သမုတ်ထားကြတာပါရွာထဲက Akshay Kumar (Kesav)ကတော့စက်ဘီးရောင်းတဲ့သူပါတစ်နေ့စက်ဘီးမှာတာသွားပို့ရင်း Jaya လို့ခေါ်တဲ့BCAကျောင်းသူ(ကွန်ပြူတာကောလိပ်ကျောင်းသူ)လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်ဒီမိန်းကလေးနဲ့တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်အသက်ဝင်လာခဲ့ပါတယ်သူဘာလို့ အသက်၃၆နှစ်ထိမိန်းမမရတာလဲဆိုတာတော့စိတ်ဝင်စားစရာတစ်ပိုင်းပေါ့ဗျာဒီလိုနဲ့အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့သူ့ရဲ့အချစ်တွေကနှလုံးသားကနေတစ်ဆင့်ပါးစပ်ဖျားကတော်ကီတွေအဖြစ်ရောက်လာလို့နောက်ဆုံးကောင်မလေးနဲ့ညားသွားပါတယ်( တကယ်တော့ချစ်တတ်ဖို့ပဲလိုတာပါဗျာ.....ငိငိ )မင်္ဂလာဦးညမှာတင်အခက်တွေ့တာတစ်ခုက အစောကကျွန်တော်ပြောခဲ့တဲ့လိုတာပါတီပဲကောင်မလေးက ကီရှက်ဖ်နဲ့အိမ်မှာ သန့်စင်ခန်းမရှိတာမသိဘူးဗျလူကလည်းပညာတတ်/ အယူမသည်းတဲ့သူ /ဒီလိုအပြင်ထွက်ပြီးကိစ္စဝိစ္စရှင်းရတော့မယ်ဆိုတော့သူလည်း ပျားတုတ်တော့တာပဲဒီလိုနဲ့အချစ်တွေပြည့်ဝနေတဲ့သူတို့ရဲ့အိမ်ထောင်ရေးက သန့်စင်ခန်းဆိုတဲ့ဗီလိန်ကြောင့်အချိန်ကြာလာတော့လည်းမကျေနပ်စရာတွေဖြစ်လာတာပေါ့အရေးပေါ်အစီအစဉ်တွေနဲ့ ဖြေရှင်းခဲ့ပေမယ့်လည်းအဆင်မပြေခဲ့ပါဘူးနောက်ပိုင်း သူတို့လင်မယားကွဲရမယ့်အခြေအနေအထိဖြစ်သွားခဲ့ပါတယ်ဒီသန့်စင်ခန်းမရှိတာနဲ့ပတ်သတ်ပြီး လင်မယားကွဲရတယ်လို့ပြောရင်ဘယ်သူယုံမှာလဲဗျာသန့်စင်ခန်းမရှိတာများဆောက်လိုက်ပေါ့လို့ဖြေကြမှာပါဒီဇာတ်ကားလေးကြည့်လိုက်ရင်တော့ယုံသွားမှာအသေအချာပါပဲဒါပေမယ့်အဲ့ဒီသန့်စင်ခန်းလေးတစ်ခုဆောက်ရဖို့အရေးတစ်ဖက်ကလည်း မိန်းမ တဖက်ကလည်းရှေးရိုးစွဲနေတဲ့ရွာခံတွေနဲ့ကီရှက်ဖ်ရဲ့အဖေ ဒီကိစ္စတွေကြားမှာတိုင်ပတ်သွားတာက ကီရှက်ဖ်နဲ့ဂျာရာပေါ့သူတို့၂ယောက်ပေါင်းပြီးဒီလိုမှားယွင်းနဲ့အယူအဆရှေးရိုးအစဉ်အလာတွေကိုဘယ်လိုအတူရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့...................,ပညာပေးဇာတ်ကားဖြစ်သလို ဟာသ/ အချစ်/ အလွမ်းတွေပြည့်နှက်နေတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ(ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)File Size : (1.3 GB) Quality : Blu-Ray 720p Running Time : 2hr 35min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Toilet – Ek Prem Katha (2017)
2017